မေလလယ် မုတ်သုန်ဝင်မည်ဟု မိုးလေ၀သဌာနကြေညာ


 မေလလလယ်လောက်မှ မုတ်သုန်လေ၀င်ရောက်နိုင်မှာဖြစ်လို့ တောင်သူတွေ အနေနဲ့ သတိပြုထွန်ယက်စိုက်ပျိုးကြဖို့ မိုးလေ၀သဌာနက ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။

“မုတ်သုန်အ၀င်က နောက်ကျပါတယ်။ မြန်မာတောင်သူတွေက မြန်မာနှစ်ကိုယူပြီးတော့ တန်ခူးလပြီးရင် ထွန်ယက်စိုက်ပျိုးကြတယ်ဆိုတာမျိုးရှိတယ်။ မေလဆို စိုက်ပျိုးကြဖို့လုပ်တော့ အဲ့ဒီအချိန်မှာ မိုးကပြတ်သွားတော့ ပျိုးပင်တွေ သေကုန်တတ်ပါတယ်၊စိုက်ပျိုးသူ တောင်သူတွေအနေနဲ့ မိုးလေ၀သသတင်းကို ပုံမှန်နားထောင်ကြည့်ရှုကြတဲ့အပြင် ပြောင်းလဲနေတဲ့ ရာသီဥတုအခြေအနေတွေကိုလည်း သိနားလည်ပြီး လုပ်ဆောင်ကြဖို့ ပြောလိုပါတယ်။”

အခု လတ်တလော မိုးတိမ်တောင်နဲ့ လေအေးစီးကြောင်းကြောင့် မြန်မာပြည်အနှံ့ ရွာသွန်းနေတဲ့ မိုးနဲ့ မုတ်သုန်မိုးတို့ကြား ၄-၅ရက်လောက်ပဲ ပြတ်သွားဖို့ရှိပြီး အနောက်တောင်မုတ်သုန်လေဟာ မေလလယ်လောက် မြန်မာပြည်ထဲ ၀င်ရောက်ဖို့ရှိတယ်လို့ မိုးလေ၀သဌာနက ခန့်မှန်းထားပါတယ်။

ဒီနှစ်မိုးတွင်းမှာ အများအားဖြင့် ပုံမှန်အတိုင်း မိုးရွာသွန်းဖို့ရှိပြီး မေလအတွင်း ဘင်္ဂလားပယ်လယ်အော်မှာ လေဖိအားနဲရပ်ဝန်း ၂ ကြိမ်ဖြစ်ပေါ်နိုင်တဲ့အကြောင်း  တကြိမ်မှာ မုန်တိုင်းငယ်တခု ဖြစ်လာနိုင်တယ်လို့လည်း ဦးကျော်မိုးဦးက ပြောပါတယ်။

မိုးဇလဌာနက ဒီနေ့ထုတ်ပြန်လိုက်တဲ့ မိုးဦးကာလ မိုးလေ၀သခန့်မှန်းးချက်အရ စစ်ကိုင်းတိုင်း အောက်ပိုင်း၊ မန္တလေး၊မကွေးတိုင်း၊ရှမ်း၊ချင်း၊ ကယားနဲ့ ကရင်ပြည်နယ်တွေမှာ ရွာသွန်းမြဲ အောက်လျော့ကာ ကျန်ဒေသတွေမှာ ရွာသွန်းမြဲရွာနိုင်တယ်လို့ သိရပါတယ်။

မုတ်သုန်လေဟာ မေ ၁၅ ရက်က ၂၀ ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေကို စတင်ဝင်ရောက်မယ်၊ မေ (၂၁-၂၆) ရက်အတွင်း မြစ်ဝကျွန်းပေါ်၊ ၊မေ(၂၇-၃၁)ရက်အတွင်း အလယ်ပိုင်းဒေသတွေ၊ ဇွန် (၁-၇) ရက်အတွင်း နိုင်ငံမြောက်ပိုင်းဒေသတွေကို ဆက်လက်ဝင်ရောက်နိုင်တယ်လို့ မိုးလေ၀သဌာနက ခန့်မှန်းပါတယ်။

မုတ်သုန်လေ စတင်ဝင်ရောက်ချိန်မှာ ထစ်ချုန်းမိုးနဲ့ မိုးသက်လေပြင်းများ ကျရောက်နိုင်တယ်လို့လဲ  သတိပေး ထုတ်ပြန်ထားပါတယ်။

မနှစ်က မုတ်သုန်လေဟာ မြန်မာပြည်ထဲ မေလ ၁၆ ရက်မှာ စတင်ဝင်ရောက်ခဲ့ပြီး ဒီနှစ်လဲ အလားတူကာလမှာ မုတ်သုန်ဝင်ရောက်မှာ ဖြစ်ပါတယ်။

By ရွှေအောင် (ဒီဗွီဘီ)
http://burmese.dvb.no

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ