ခရစ်ယာန်ဘုရားကျောင်း မီးရှို့မှုဖြင့် ၆၉ ဦးကို အီဂျစ်တရားရုံး တသက်တကျွန်းချမှတ်


 ၂၀၁၃ ခုနှစ်က အီဂျစ်နိုင်ငံ မြို့တော် ကိုင်ရိုက ခရစ်ယာန်ဘုရားကျောင်းတကျောင်းကို မီးရှို့မှုနဲ့ စွပ်စွဲခံရသူ မွတ်စလင်ညီအကိုတော်များပါတီ ထောက်ခံသူ ၆၉ ဦးကို အီဂျစ်တရားရုံးက ဧပြီ ၂၉ ရက်နေ့က ထောင်ဒဏ်တသက်တကျွန်းချခဲ့ပါတယ်။

၂၀၁၃ ခုနှစ်က ရွေးကောက်ခံ သမ္မတ မိုဟာမက်မော်စီ အဖြုတ်ချခံရအပြီး ဆန္ဒပြပွဲတွေအတွင်း ကျေးရွာဘုရားကျောင်းတကျောင်းကို မီးတင်ရှို့ခဲ့ကြတယ်လို့ စွပ်စွဲခံကြရတာပါ။

ဒီမတိုင်ခင်ကလည်း မွတ်စလင်ညီအကိုတော်များပါတီအဖွဲ့ဝင်တွေနဲ့ ထောက်ခံသူ တွေကို အီဂျစ်တရားရုံးက အစုလိုက် သေဒဏ်တွေ ချမှတ်ခဲ့ပါသေးတယ်။

၂၀၁၄ ခုနှစ်က အာဏာရယူခဲ့တဲ့ အီဂျစ်စစ်ဦးစီးချုပ်ဟောင်း အယ်လ်စီစီက မွတ်စလင် ညီအကိုတော်များပါတီဟာ အီဂျစ်နိုင်ငံရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ အဖွဲ့အစည်းလို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။

ဧပြီ ၂၉ ရက်နေ့က အသက်မပြည့်သေးသူ ၂ ဦးကိုလည်း ထောင်ဒဏ် ၁၀ နှစ် အယူခံဝင်ခွင့်မရှိ ချမှတ်ခဲ့ပါတယ်။

ထောင်ချခံရသူတွေအားလုံး ဒဏ်ကြေးငွေ အမေရိကန်ဒေါ်လာ ၂၆၀၀ ကျော်လည်း ဆောင်ကြရမှာ ဖြစ်ပါတယ်။

တရားခံရှေ့နေတဦးက ဒီလူတွေဟာ ဘုရားကျောင်းမီးရှို့မှုနဲ့လည်း ဘာမှမဆိုင်၊ ဘာအထောက်အထားမှလည်း မရှိ ထောင်ဒဏ်တသက်ချခံရတာလို့ ပြောဆိုပါတယ်။

ပြစ်ဒဏ်တွေကို ချမှတ်ခဲ့တဲ့ တရားသူကြီး ရှီဟာတ(Shehata)ဟာ အီဂျစ်အတိုက်အခံတွေကို အစုလိုက်အပြုံလိုက် သေဒဏ်နဲ့ ထောင်ဒဏ်တွေကို ချမှတ်နေတဲ့ တရားသူကြီးလည်း ဖြစ်ပါတယ်။

 By ဒီဗွီဘီ
http://burmese.dvb.no
ခရစ်ယာန်ဘုရားကျောင်း မီးရှို့မှုဖြင့် ၆၉ ဦးကို အီဂျစ်တရားရုံး တသက်တကျွန်းချမှတ်  ခရစ်ယာန်ဘုရားကျောင်း မီးရှို့မှုဖြင့် ၆၉ ဦးကို အီဂျစ်တရားရုံး တသက်တကျွန်းချမှတ် Reviewed by သစ်ထူးလွင် on 10:30 Rating: 5
Powered by Blogger.