သင်္ကြန်ပွဲကို ကမ္ဘာတလွှားက မြန်မာတွေ ကျင်းပကြ

၂၀၁၃ ခုနှစ်တုန်းက ကျင်းပခဲ့တဲ့ သင်္ကြန်ပွဲ (Credit: ABC) 
 မြန်မာနိုင်ငံမှာ ​သင်္ကြန် ​ကျင်းပနေကြသလို ​နိုင်ငံတကာမှာလည်း ​သင်္ကြန်ပွဲတော်ကို ​ကျင်းပနေကြပါတယ်။

နိုင်ငံတကာမှာ ​ရောက်ရှိနေတဲ့ ​မြန်မာတွေ သာမက၊ ​ထိုင်း၊ ​ကမ္ဘောဒီးယား၊ ​လာအို ​အစရှိတဲ့ ​နိုင်ငံသား တွေကလည်း ​ကျင်းပနေကြတာပါ။

ပြည်ပမှာ ​ကျင်းပတဲ့ ​သင်္ကြန်တွေကတော့ ​တစ်နေ့တာ ​ကျင်းပတဲ့ ​သင်္ကြန်တွေဖြစ်ပါတယ်။

နွေဦးရာသီ ​ဖြစ်တဲ့ ​အမေရိကန်လို ​နိုင်ငံမှာ ​ရေတွေနဲ့ ​ပိုပြီး ​စည်စည်ကားကား ​ကျင်းပနိုင်ပေမယ့် ​သြစတြေးလျနိုင်ငံမှာတော့ ​ဆောင်းဦးကာလမို့ ​ရေကစားလေ့မရှိပါဘူး။

သြစတြေးလျ ​နိုင်ငံ ​အတာသင်္ကြန်ပွဲမှာတော့ ​ရေစို့ရုံလေး ​ကစားကြပြီး ​အများအားဖြင့်တော့ ​ရိုးရာ ​အကတွေ၊ ​ရိုးရာ ​မှုန့်တွေကို ​စားပြီး ​ကျင်းပကြတာ ​များပါတယ်။

တချို့ ​မြို့တွေမှာတော့ ​သက်ကြီးပူဇော်ပွဲနဲ့ ​ပူးတွဲ ​ကျင်းပပြီး ​တချို့က ​ကန်တွေမှာ ​ငါးလွတ်ပေးတဲ့ ​အစီအစဉ်မျိုး ​ထည့်သွင်းကြလေ့ရှိပါတယ်။

ကွန်ဒုံး ​မရောင်းရ ​ဆိုတဲ့ ​စည်းကမ်းကို ​ပြည်ပသတင်းတွေ ​စိတ်ဝင်စားကြ

တဆက်တည်းမှာပဲ ​သင်္ကြန်ကာလအတွင်း ​ကွန်ဒုံးအစွပ်တွေ၊ ​ကိုယ်ဝန်တားဆေးတွေ၊ ​လိင်စွမ်းအားမြင့်တင်ပေးတဲ့ ​ဆေးတွေကို ​မရောင်းချရဘူးလို့ ​မြန်မာ ​အစိုးရက ​စည်းကမ်း ​ထုတ်ပြန်တဲ့အပေါ် ​နိုင်ငံခြား ​မီဒီယာမှာ ​ထူးခြားတဲ့ ​သတင်းတစ်ရပ်အဖြစ် ​ဖော်ပြထားပါတယ်။

မြန်မာတိုင်းမ်စ် ​သတင်းအရ ​ဆေးရောင်းတဲ့ ​လူတွေက ​ကွန်ဒုံးအစွပ်နဲ့ ​ကိုယ်ဝန်တားဆေးလို ​အရာတွေကို ​မရောင်းချပါဘူး ​ဆိုတဲ့ ​ကတိခံဝန်ချက်တွေကို ​လက်မှတ်ရေးထိုးခဲ့ရတယ်လို့ ​ဆိုပါတယ်။

အဲဒါကြောင့် ​တချို့ဆိုင်တွေက ​အဲဒီ ​ပစ္စည်းတွေကို ​မရောင်းချတော့သလို ​တချို့ကတော့ ​ဆိုင်ကို ​ပိတ်ချလိုက်တယ်လို့ ​ဆိုပါတယ်။

သင်္ကြန်ပွဲတော်ကိုလည်း ​ကျင်းပတဲ့ ​ထိုင်းနိုင်ငံမှာ ​ထရပ်ကားတွေ ​ရေတိုင်ဂီတွေ ​တင်ပြီ ​ရေမကစားဖို့ ​တားမြစ်ထားသလို ​လာအိုနိုင်ငံမှာလည်း ​ည ​၁၁ ​နာရီနောက်ပိုင်း ​အရက်ဆိုင်မဖွင့်ရလို့ ​သတ်မှတ်ထားတာတွေ ​ရှိပါတယ်။

ဒါပေမဲ့ ​မြန်မာ ​ဈေးဆိုင်တွေ ​ကွန်ဒုံးလို ​အရာမျိုး ​မရောင်းရလို့ ​တားမြစ်တဲ့အပေါ်မှာ ​အံ့အားသင့်နေကြတာပါ။

အဲဒီလို ​သတင်းကို ​ဖတ်တဲ့ ​နိုင်ငံခြားသားတွေကလည်း ​ဒီလုပ်ရပ်ဟာ ​စီစဉ်မှု ​မရှိပဲ ​ကိုယ်ဝန်ဆောင်ရမှုတွေ၊ ​လိင်ဆက်ဆံရာကနေ ​ဖြစ်တတ်တဲ့ ​ရောဂါကို ​ပိုမို ​ဖြစ်စေရုံပဲ ​ဖြစ်မယ်လို့ ​မှတ်ချက် ​ပေးကြပါတယ်။

ထိုင်းနိုင်ငံသားတွေကလည်း ​အဓိပ္ပာယ်မရှိတဲ့ ​ဥပဒေကို ​ထိုင်းအစိုးရကပဲ ​ချမှတ် ​တတ်တယ်လို့ ​ယူဆခဲ့ပေမယ့် ​မြန်မာအစိုးရ ​ဥပဒေက ​ပိုပြီးတောင် ​ထူးဆန်းတယ်ဆိုပြီး ​မှတ်ချက်ပေးနေကြပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
သင်္ကြန်ပွဲကို ကမ္ဘာတလွှားက မြန်မာတွေ ကျင်းပကြ  သင်္ကြန်ပွဲကို ကမ္ဘာတလွှားက မြန်မာတွေ ကျင်းပကြ Reviewed by သစ်ထူးလွင် on 08:39 Rating: 5
Powered by Blogger.