လျှပ်စစ်သေနတ်ထင်ပြီး ပစ်ခဲ့ပေမယ့် အစစ်ဖြစ်လို့ သေ

ရဲက မတော်တဆ ပစ်ခတ်လို့ သေဆုံးခဲ့ရတဲ့ ဗီဒီယိုကို ပြသထား (Credit: ABC) 
 အမေရိကန်နိုင်ငံ ​Oklahoma ​ပြည်နယ်က ​ရဲတစ်ယောက်ဟာ ​တရားခံ ​တစ်ယောက် ​ထွက်မပြေးနိုင် အောင် ​stun ​gun ​လို့ခေါ်တဲ့ ​လျှပ်စစ်ဓာတ်လိုက် စေတဲ့ ​သေနတ်နဲ့ ​ပစ်ခတ်ခဲ့တယ်လို့ ​ယူဆပေမယ့် ​သေနတ် ​စစ်နဲ့ ​ပစ်ခဲ့လို့ ​ပစ်ခတ်ခံရသူ ​သေဆုံးခဲ့ရပါတယ်။

အသက် ​၇၃ ​နှစ်အရွယ် ​Robert ​Bates ​ဆိုတဲ့ ​ရဲက ​အသက် ​၄၀ ​အရွယ် ​Eric ​Harris ​ဆိုသူကို ​ဧပြီလ ​၂ ​ရက်နေ့မှာ ​ပစ်သတ်လိုက်တာပါ။

ဗီဒီယိုမှာ ​ပြသချက်အရ ​Eric ​Harris ​ဆိုသူက ​သေနတ် ​ဝယ်မယ့် ​လူလို ​ဟန်ဆောင်နေတဲ့ ​ရဲတစ်ယောက်ကို ​ကျဉ်ဆံတွေ၊ ​ပစ္စတိုတွေ ​ရောင်းချဖို့ ​ကြိုးစားခဲ့ပါတယ်။

အဲဒီလို ​ရောင်းဝယ်ရေးလုပ်နေတုန်း ​တခြား ​ရဲတွေရောက်လာလို့ ​Eric ​Harris ​က ​ထွက်ပြေးခဲ့ပါတယ်။

ရဲတွေက ​လိုက်ရင်း ​ဖမ်းမိခဲ့ပေမယ့် ​Rabert ​Bates ​ဆိုတဲ့ရဲကလည်း ​ထပ်မံ ​ထွက်မပြေးနိုင်အောင် ​လျှပ်စစ်သေနတ်နဲ့ ​ပစ်ခတ်ခဲ့ပါတယ်။

ဒါပေမဲ့ ​လျှပ်စစ်သေနတ်ကို ​မထုတ်ပဲ ​သေနတ်စစ်ကို ​ထုတ်မိရာက ​Eric ​Harris ​သေဆုံးခဲ့ရပါတယ်။

သေနတ်နဲ့ ​ပစ်သတ်ခံရသူ ​Eric ​Harris ​ဟာ ​တရားမဝင် ​မူးယစ်ကုန်ကူးမှုတွေနဲ့လည်း ​စောင့်ကြည့်ခံရသူ ​ဖြစ်တယ်လို့ ​ဆိုပါတယ်။

အမေရိကန်နိုင်ငံက ​ရဲတွေ ​မလိုအပ်ပဲ ​ပြင်းထန်တဲ့ ​နည်းတွေနဲ့ ​လူကို ​ဖမ်းဆီး ​ပစ်သတ်တယ်လို့ ​ပြောဆိုချိန်မှာပဲ ​အခုလို ​ထပ်မံ ​ဖြစ်ပေါ်လာတာပါ။

အရင်တလော ​တုန်းကပဲ ​လူမည်းတွေကို ​လူဖြူ ​ရဲတွေက ​ပစ်သတ်ခဲ့တဲ့အတွက် ​အပြစ်ပေးခံရမှုတွေနဲ့ ​အလုပ်က ​နှုတ်ထွက်ရတဲ့ ​အဖြစ်တွေ ​ဖြစ်ပေါ်ခဲ့ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
လျှပ်စစ်သေနတ်ထင်ပြီး ပစ်ခဲ့ပေမယ့် အစစ်ဖြစ်လို့ သေ  လျှပ်စစ်သေနတ်ထင်ပြီး ပစ်ခဲ့ပေမယ့် အစစ်ဖြစ်လို့ သေ Reviewed by သစ်ထူးလွင် on 08:33 Rating: 5
Powered by Blogger.