Orion စမ်းသပ်လွှတ်တယ်မယ့် ကိစ္စကို ရွှေ့ဆိုင်းထား

နာဆာရဲ့ Orion အာကာသယာဉ် (Credit: AFP) 
အမေရိကန် ​အာကာသ ​အေဂျင်စီ ​နာဆာက ​Orion ​လို့ခေါ်တဲ့ ​အာကာသ ​ယာဉ်ကို ​အင်္ဂါဂြိုလ်ဆီ ​စေလွှတ်နိုင်ဖို့ ​စမ်းသပ်လွှတ်တင်ဖို့ ​ကြိုးစားခဲ့ပေမယ့် ​အဲဒီ ​အစီအစဉ်ကို ​ရက်ရွှေ့ဆိုင်းလိုက်ရပါတယ်။

ဖလော်ရီဒါပြည်နယ် ​Cape ​Canaveral ​ဆိုတဲ့ ​ဒေသကနေ ​Orion ​အာကသ ​ယာဉ်ကို ​လွှတ်တင်ဖို့ ​အကြိမ်ကြိမ် ​ကြိုးစားခဲ့ပေမယ့် ​အောင်မြင်မှု ​မရရှိခဲ့ပါဘူး။

ပထမအကြိမ် ​လွှတ်တင်ဖို့ ​ကြိုးစားတုန်းက ​လှေတစ်စင်းက ​အနားကပ်လာတဲ့အတွက် ​အစီအစဉ်ပျက်သွားပြီး ​နောက်တစ်ကြိမ် ​လွှတ်တင်ဖို့ ​ကြိုးစားတဲ့အခါ ​လေတိုက်နှုန်း ​ပြင်းလွန်းတဲ့အတွက် ​ရပ်နားထားရပါတယ်။

တတိယအကြိမ်မှာ ​လွှတ်တင်ဖို့ ​ကြိုးစားပေမယ့် ​ရော့ခ်ကက်မှာ ​စက်ပိုင်းဆိုင်ရာ ​ပြဿနာဖြစ်လို့ ​ရပ်နားထားပါတယ်။

ဒီညကျရင် ​Orion ​ကို ​ထပ်မံ ​စမ်းသပ် ​လွှတ်တင်နိုင်ဖို့ ​နာဆာအဖွဲ့က ​ကြိုးစားဦးမယ်လို့ ​ဆိုပါတယ်။

လူမပါတဲ့ ​ယာဉ်ကို ​လွှတ်တင်ပြီး ​ကမ္ဘာနဲ့ ​ကီလိုမီတာ ​၅၈၀၀ ​ရောက်နိုင်မယ်လို့ ​ခန့်မှန်းထားပါတယ်။

အဲဒီနောက် ​လေးနာရီခွဲအကြာမှာ ​မြေပြင်ဘက်ကို ​ဆင်းလာပြီး ​ပစိဖိတ်သမုဒ္ဒရာထဲ ​ရောက်ရှိသွားမယ်လို့ ​မျှော်လင့်နေကြပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-12-05/1396263

Orion စမ်းသပ်လွှတ်တယ်မယ့် ကိစ္စကို ရွှေ့ဆိုင်းထား Orion စမ်းသပ်လွှတ်တယ်မယ့် ကိစ္စကို ရွှေ့ဆိုင်းထား Reviewed by သစ်ထူးလွင် on 08:52 Rating: 5
Powered by Blogger.