အပစ်ရပ်ငြိမ်းချမ်းရေး လုပ်ဆောင်ရင်း ကွယ်လွန်ခဲ့သည့် KNU ခေါင်းဆောင် ပဒိုဒေးဗစ်ထောအမည်ဖြင့် နော်ဝေပညာသင်ဆုပေးမည်


ရန်ကုန်၊ ဒီဇင်ဘာ ၎

ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင် သည့် ပြည်ထောင်စု ငြိမ်းချမ်းေ ရး ဖော်ဆောင်ရေး အဖွဲ့ တို့အကြား အပစ်အခတ်ရပ်စဲရေး နှင့် ငြိမ်းချမ်းရေး လုပ်ငန်းများ ဆောင် ရွက်ရင်း ကွယ်လွန် ခဲ့သည့် KNU ခေါင်းဆောင် ပဒိုဒေးဗစ်ထောအား ဂုဏ်ပြုသည့် အနေဖြင့် နော်ဝေအစိုး ရရန်ပုံငွေဖြင့် ““ဒေး ဗစ် ထော”” ပညာသင် ဆု ပေးအပ်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံသို့ အလည်အပတ် ရောက် ရှိနေ သည့် နော်ဝေဟာ ရယ်ဘုရင်က ဒီဇင်ဘာလ ၂ ရက်နေ့တွင် ရန်ကုန် တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ မိန့်ခွန်း ပြောကြားစဉ် ထည့်သွင်း ပြော ကြားသည်။

““ယုံကြည်မှု တည်ဆောက်ခြင်းနဲ့ ငြိမ်းချမ်းရေးရရှိရေးအတွက် ကြိုးစားခဲ့သူကရင်အမျိုးသား David Taw (ဒေးဗစ်ထော)ကို အစွဲပြုပြီး ဒေးဗစ်ထောပညာသင်ဆု ရန်ပုံငွေ တစ်ခုကိုမတည် ထားကြောင်းလည်း ယနေ့မိန့် ခွန်းနဲ့ တစ်ပါတည်း ကြေ ညာခဲ့ပါတယ်””ဟု နော်ဝေပဉ္စမ မြောက်ဟာရယ်ဘုရင်က မိန့်ခွန်း ပြောကြားစဉ် ထည့် သွင်းပြောကြားသည်။ ၁၉၄၈ ခုနှစ်တွင် ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ သစ်ဖြူ ချောင်းအရပ်တွင် မွေးဖွားခဲ့ သူ ပဒိုဒေးဗစ်ထောမှာ ၁၉၇၉ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU)သို့ ၀င်ရောက်ခဲ့ကာ KNN တရားရေးဌာန တာဝန်ခံအဖြစ် ဆောင်ရွက် ခဲ့သူ ဖြစ်သည်။…

ယင်းနောက် အပစ်အခတ်ရပ်စဲရေးအတွက် ကရင်ပြည်နယ် ဘားအံမြို့တွင် ၂၀၁၂ ခုနှစ် စက် တင်ဘာလ ၂၉ ရက်နေ့က ဆက်ဆံရေးရုံးဖွင့်လှစ်ကာ ငြိမ်းချမ်းရေး ကိစ္စများဆောင်ရွက်ရာတွင် KNU ကိုယ်စားလှယ် ဒုတိယ အဖွဲ့ခေါင်းဆောင်နှင့် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ ဆက်ဆံရေးရုံး ဖွင့်လှစ်ပြီးနောက် ရန်ကုန်မြို့ သို့ရောက်ရှိလာစဉ် ကျန်းမာရေး မကောင်းသည့်အတွက် SSC ဆေးရုံသို့ စက်တင်ဘာလ ၃၀ ရက်နေ့တွင် တက်ရောက်ကုသခဲ့သည်။

ယင်းနောက် အောက်တိုဘာလ ၁၂ရက်တွင် မင်္ဂလာစစ်ဆေးရုံ သို့ ပြောင်းလဲကုသမှု ခံယူနေစဉ် အတွင်း အောက်တိုဘာ ၁၄ ရက် ညပိုင်း၌ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်း များနှင့် ပတ်သက်၍ ၀န်ကြီးဦးအောင်မင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးဖော်ဆောင်ေ ရး ကော်မတီအဖွဲ့ နှင့် မတွေ့ဆုံခင် ထိုင်းနိုင်ငံ၊ ချင်းမိုင်အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ သတင်းဌာန (DVB)နှင့် တွေ့ဆုံေ မး မြန်းခန်းတွင် မိမိတို့အနေဖြင့် ပြည်သူတို့အကျိုးရှိမည့် ကိစ္စရပ်များကိုသာ ရည်ရွယ်လုပ်ဆောင်သွား မည်ဖြစ် ကြောင်း ပဒိုဒေးဗစ်ထောက ပြောဆိုခဲ့ဖူးသည်။

““တစ်ခါမှ အပစ်အခတ်ရပ်စဲ ရေးမလုပ်ခဲ့တဲ့ KNU ကို သတိပေးတာတွေ စိုးရိမ်မှုရှိတာတွေတော့ ရှိပါတယ်။ ကျွန်တော်တို့လည်း သူတို့ရဲ့ အကြံပြုချက်တွေကို အရေးတယူ သဘောထားပြီးတော့ သူတို့ အကြံပေးချက် အတိုင်းပဲ ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်လို့ ပြောချင်ပါ တယ်။ နိုင်ငံတကာမှာ ရောက်နေတဲ့ ကရင် အမျိုး သားတွေပဲဖြစ်ဖြစ်၊ ပြည်တွင်း မှာရှိနေတဲ့ ကရင်အမျိုးသား တွေပဲဖြစ်ဖြစ်၊ ဒီပဋိပက္ခဖြစ်တဲ့ နယ်မြေမှာရှိတဲ့ ကရင် အမျိုးသားတွေပဲဖြစ်ဖြစ် သူတို့ရဲ့စိုးရိမ်မှုတွေကို ကျွန်တော်တို့ အလေးထားပါတယ်။သူတို့ရဲ့ကိစ္စက ကျွန်တော် တို့ရဲ့ ကိစ္စပါပဲ။

ကျွန်တော်တို့ အဖွဲ့အစည်းက ပြည်သူလူထု အတွက် ရပ်တည်တဲ့အဖွဲ့အ စည်း ဖြစ်တဲ့အတွက် ကြောင့် ပြည်သူလူထု အကျိုးမရှိတဲ့ အလုပ်ကိုတော့ ကျွန်တော်တို့ မလုပ်ပါဘူး။ ကျွန် တော်တို့အနေနဲ့ ပြည်သူ တွေအကျိုး ရှိမယ့်ဟာကိုပဲ ရည်ရွယ်ပြီး လုပ်ဆောင်သွားမယ်ဆိုတာကိုသတင်း စကားပါးချင်ပါတယ်”” ဟု ပဒိုဒေးဗစ်ထောက DVB နှင့် တွေ့ဆုံမေးမြန်းခန်း တွင် ထည့်သွင်းပြောကြားခဲ့ သည်။ ““အဲဒီ ရန်ပုံငွေကို ဒေးဗစ် ထော ပညာသင်ဆုလို့ အမည်ပေး ချင်ပါတယ်။ ဒေးဗစ်ထောဟာ ဒီတက္ကသိုလ်က ဘွဲ့ရခဲ့ပြီး ထင်ရှားကျော် ကြားတဲ့ ကျောင်းသား တစ်ဦး ဖြစ်တဲ့အပြင် ငြိမ်းချမ်းရေးရရှိရေးအတွက် ဆုံးဖြတ်ချက်ချပြီး မယိမ်းမယိုင် ကြိုး စားခဲ့သူ ဖြစ်ပါတယ်”” ဟုလည်း ဒေးဗစ်ထော ပညာသင်ဆုပေးရန် ကိစ္စနှင့်ပတ်သက်၍ နော်ဝေ ဟာရယ်ဘုရင် က ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောကြားသည်။

နော်ဝေနိုင်ငံ အစိုးရရန်ပုံငွေဖြင့် ထောက်ပံ့မည့် ဒေးဗစ်ထော (David Taw) ပညာသင်ဆုကို ငြိမ်းချမ်းရေး အတွက် အစဉ်တစိုက် ကြိုးပမ်းအားထုတ်ရန် ဆုံးဖြတ်ချက်ချထားသည့် မည်သည့်ကျောင်းသူ၊ ကျောင်းသား များမဆို လျှောက် ထားနိုင်မည်ဖြစ်သည်။ ထို့ပြင် ယင်းပညာသင်ဆုကို အသုံးပြု၍ သမိုင်းနှင့် လူမှုရေးဘာသာ ရပ်တွင် ထူးချွန်သည့်ကျောင်းသား ကျောင်း သူများအနေဖြင့် ၀ိဇ္ဇာနှင့် မဟာဝိဇ္ဇာတန်းများ တက်ရောက်သင် ကြားနိုင်မည် ဖြစ်ကြောင်း လည်း နော်ဝေ ဟာ ရယ်ဘုရင်က ၎င်းမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။

MH-0025

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald
အပစ်ရပ်ငြိမ်းချမ်းရေး လုပ်ဆောင်ရင်း ကွယ်လွန်ခဲ့သည့် KNU ခေါင်းဆောင် ပဒိုဒေးဗစ်ထောအမည်ဖြင့် နော်ဝေပညာသင်ဆုပေးမည် အပစ်ရပ်ငြိမ်းချမ်းရေး လုပ်ဆောင်ရင်း ကွယ်လွန်ခဲ့သည့် KNU ခေါင်းဆောင် ပဒိုဒေးဗစ်ထောအမည်ဖြင့် နော်ဝေပညာသင်ဆုပေးမည် Reviewed by သစ်ထူးလွင် on 08:50 Rating: 5
Powered by Blogger.