ခိုလှုံခွင့်တောင်းသူ သောင်းချီကို ယာယီခိုလှုံခွင့်ပြု

သြစတြေးလျ လွှတ်တော်  
သြစတြေးလျနိုင်ငံမှာ ​ခိုလှုံခွင့်တောင်းတဲ့ ​လူပေါင်း ​နှစ်သောင်းကျော်ကို ​အစိုးရက ​ယာယီနေထိုင်ခွင့် ​ပေးမယ့်ကိစ္စကို ​လွှတ်တော်အမတ်တွေက ​ထောက်ခံလိုက်ပြီ ​ဖြစ်ပါတယ်။

ခိုလှုံခွင့်တောင်းသူတွေကို ​ယာယီနေထိုင်ခွင့်ပေးမယ့် ​ဥပဒေ ​ပြဌာန်းနိုင်ဖို့အတွက် ​လွှတ်တော်အမတ်တွေဟာ ​ဒီမနက် ​အာရုံဦးအချိန်အထိ ​ညလုံးပေါက် ​ဆွေးနွေးပြီး ​ဆုံးဖြတ်ကြတာ ​ဖြစ်ပါတယ်။

အဲဒီဥပဒေက ​လှေတွေနဲ့ ​ရောက်လာတဲ့ ​ခိုလှုံခွင့်တောင်းလိုသူတွေကို ​သြစတြေးလျမှာ ​ယာယီနေထိုင်ခွင့်ပေးပြီး ​အလုပ်လုပ်ခွင့်ပါ ​ပေးမှာ ​ဖြစ်ပါတယ်။

ဒါ့အပြင် ​လူဝင်မှု ​ထိန်းသိမ်းရေးစခန်းက ​အသက် ​၁၈ ​နှစ်အောက် ​ကလေးတွေ ​အားလုံးကိုလည်း ​လွတ်ပေးမှာ ​ဖြစ်ပါတယ်။

တချို့ ​လွှတ်တော်အမတ်တွေကတော့ ​အစိုးရရဲ့ ​ပေါ်လစီကို ​မကြိုက်ပေမယ့် ​ကလေးတွေကို ​ထိန်းသိမ်းရေး ​စခန်းကနေ ​လွတ်ပေးမယ်ဆိုတဲ့ ​မက်လုံးကြောင့် ​အစိုးရ ​ပေါ်လစီကို ​ထောက်ခံလိုက်တာလို့ ​ပြောပါတယ်။

တချို့လွှတ်တော်အမတ်တွေကလည်း ​ခိုလှုံခွင့် ​တောင်းလိုသူတွေက ​သူတို့ဆီကို ​စာရေးဆက်သွယ်ပြီး ​လူဝင်မှု ​စခန်းမှာ ​ထိန်းသိမ်းခံထားရတာထက်စာရင် ​အပြင်ထွက် ​အလုပ်လုပ်ခွင့်ရတာက ​ပိုကောင်းတဲ့အတွက် ​အစိုးရရဲ့ ​အဆိုကို ​ထောက်ခံဖို့ ​တောင်းဆိုတာကို ​သနားလို့ ​ထောာက်ခံရခြင်း ​ဖြစ်တယ်လို့ ​ပြောဆိုကြပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-12-05/1396285

ခိုလှုံခွင့်တောင်းသူ သောင်းချီကို ယာယီခိုလှုံခွင့်ပြု ခိုလှုံခွင့်တောင်းသူ သောင်းချီကို ယာယီခိုလှုံခွင့်ပြု Reviewed by သစ်ထူးလွင် on 08:53 Rating: 5
Powered by Blogger.