NSA က ကမ္ဘာ့ဖုန်းကွန်ရက် ၏ ၇၀ ရာခိုင်နှုန်း ကို ကြားဖြတ် နားထောင်လျက်ရှိ

Edward Snowden
ဝါရှင်တန် ၊ ၉-၁၂-၂၀၁၄

အမေရိကန် လုံခြုံရေး အေဂျင်စီ သည် ကမ္ဘာ့ မိုဘိုင်းလ်ဖုန်း ကွန်ရက် များ၏ ၇ဝ ရာခိုင်နှုန်းကို ကြားဖြတ်ကာ လျှို့ဝှက် နားထောင် လျက်ရှိကြောင်း The Intercept ၏ အင်တာနက် သတင်းတစ်ရပ် တွင် ဖော်ပြ ထားကြောင်း သိရသည်။

The Intercept သတင်းပါ အချက်အလက် များမှာ NSA ကန်ထရိုက်တာ ဟောင်း Edward Snowden နှင့် ယခင်နှစ်က ဟောင်ကောင်မြို့တွင် တွေ့ဆုံချိန်၌ ပြောပြခဲ့သည့် သတင်း အချက်အလက် များကို အခြေခံ ထားသည်ဟု ဆိုသည်။ Edward Snowden ၏ ဖော်ပြချက် အရ အမေရိကန် လုံခြုံရေး အေဂျင်စီ NSA သည် Aurora gold ဟုခေါ်သည့် လျှို့ဝှက် ပရိုဂရမ် တစ်ခုကို အသုံးပြုကာ ကမ္ဘာ့ မိုဘိုင်းလ်ဖုန်း ကွန်ရက်များကို လျှို့ဝှက် နားထောင် ခဲ့သည်မှာ နှစ်ပေါင်းများစွာ ရှိနေပြီ ဖြစ်သည်။

NSA က အသုံးပြုသည့် လျှို့ဝှက်ပရိုဂရမ် Aurora gold မိုဘိုင်းလ် ကွန်ရက်များ၏ လုံခြုံရေးကို ထိုးဖောက်နိုင်ပြီး ၄င်းဖောက်ထွင်း နိုင်ခဲ့သော အချို့ ကွန်ရက်များကို အသုံးချ၍ ဖုန်းပြောသံ များကို နားထောင်ခြင်း၊ ပေးပို့သည့် စာတိုများကို ဖတ်ရှုခြင်းများကို လျှို့ဝှက် လုပ်ဆောင်သည်။ NSA တို့၏ Aurora gold ပရိုဂရမ်မှာ ယခင်နှစ်များ အတွင်း အီးမေးလ် အကောင့် ၁၂ဝဝ ခန့်ကို စောင့်ကြည့် နေပြီး ဖုန်းကွန်ရက် မြောက်မြားစွာမှ ပေးပို့သည့် အချက်အလက် များကို ကြားဖြတ် နားထောင် နေကြောင်း၊ အရှေ့ အလယ်ပိုင်းဒေသ၊ တရုတ်နိုင်ငံ၊ မြောက်အာဖရိက တို့မှ ဖုန်းကွန်ရက် များကို ကြားဖြတ် နားထောင်လေ့ ရှိသည်။

NSA ပြောရေးဆိုခွင့် ရှိသူ Vanee Vines ကမူ အမေရိကန် လုံခြုံရေး အေဂျင်စီမှာ တရားဥပဒေ ဘောင်ထဲတွင် လှုပ်ရှားပြီး သမ္မတ ညွှန်ကြားချက် အရ နေ့စဉ် အသုံးပြုနေသော ဆက်သွယ်ရေး နည်းစနစ် များကို စုံစမ်း ထောက်လှမ်း နေခဲ့သည်။ အမေရိကန် ပြည်ထောင်စုကို အန္တရာယ်ပြု နိုင်မည့် အကြမ်းဖက် သမားများ၊ လက်နက် ထုတ်လုပ်ဖြန့်ချိ သူများမှာ သာမန် လူများကဲ့သို့ ဆက်သွယ်ရေး နည်းစနစ် များကို အသုံးပြုကြ သဖြင့်
အမေရိကန် နှင့် မဟာမိတ်နိုင်ငံ များကို ခြိမ်းခြောက်သည့် အကြမ်းဖက် သမားများကို ရှာဖွေတွေ့ရှိ နိုင်ရန် NSA က ထောက်လှမ်း နေခြင်း ဖြစ်ကြောင်း Vanee Vines က ဆက်လက် ပြောပြခဲ့သည်။

Edward Snowden သည် ၂ဝ၁၃ ခုနှစ် ဇွန်လပိုင်းတွင် အမေရိကန် လုံခြုံရေး အေဂျင်စီ၏ ထောင်နှင့်ချီသော လျှို့ဝှက် စာရွက်စာတမ်း များကို ဝက်ဘ်ဆိုက် အမြောက်အမြား ပေါ်တွင် ဖြန့်ချိခဲ့သဖြင့် အမေရိကန် တရားရေးဌာန က Edward Snowden ကို ထောင်ဒဏ် အနှစ် ၃ဝ ချမှတ်လိုက်ပြီး လက်ရှိ အချိန်တွင် ရုရှားနိုင်ငံ၌ လွတ်ငြိမ်း ချမ်းသာခွင့် ခံယူပြီး နေထိုင်လျက် ရှိကြောင်း သိရသည်။

#PyiChitThar
http://www.pyichitthar.com/2014/12/nsa.html

NSA က ကမ္ဘာ့ဖုန်းကွန်ရက် ၏ ၇၀ ရာခိုင်နှုန်း ကို ကြားဖြတ် နားထောင်လျက်ရှိ NSA က ကမ္ဘာ့ဖုန်းကွန်ရက် ၏ ၇၀ ရာခိုင်နှုန်း ကို ကြားဖြတ် နားထောင်လျက်ရှိ Reviewed by သစ်ထူးလွင် on 15:44 Rating: 5
Powered by Blogger.