မတ်တူးယာဉ်၏ ဝင်ရောက် တိုက်မိမှုကြောင့် ''မန္တလာမင်း''''ရွှေနန်းတော်'' နဲ့ Elite တို့ ထပ်ဆင့် တိုက်မှုဖြစ်


အရှိန်မထိန်းနိုင်သော မတ်တူးယာဉ်၏ ဝင်ရောက် တိုက်မိမှုကြောင့် ခရီးသည်တင်ယာဉ်(၂)စီး ထပ်ဆင့်တိုက်မိသည့်အပြင် မတ်တူးယာဉ်မှ လမ်းဘေးတွင် ရပ်ထားသော ခရီးသည်တင်ယာဉ်အား ဆက်လက်တိုက်မိ၍ (၃)ဦးဒဏ်ရာရ

နေပြည်တော်၊ ဒီဇင်ဘာ ၈

၂ဝ၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့ နံနက် ၁ နာရီခွဲအချိန် မန္တလေးတိုင်း ဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ရန်ကုန်- မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၄၃/ဝ-၁)ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ ပေပင်လေး အမြန်လမ်းရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် အမြန်လမ်း မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ မန္တလေး ဘက်မှ နေပြည်တော်ဘက်သို့ မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့၊ ဆုံကုန်းရပ်ကွက်နေ မျိုးမင်းဇော် (၃၆)နှစ် မောင်းနှင်လာသော 4C/xxxx မတ်တူးအပြာရောင်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ ရှေ့မှ မိတ္ထီလာမြို့၊ ရန်မျိုးအောင်ရပ်ကွက်နေ ဦးမြင့်ဌေး(၄၈)နှစ်မောင်းနှင်သည့် 2G/xxxx ''မန္တလာမင်း'' ခရီးသည်တင်မှန်လုံယာဉ်၏ နောက်ယာဘက်ခြမ်းအား ဝင်ရောက်တိုက်မိခဲ့သဖြင့် ''မန္တလာမင်း''ခရီးသည်တင် ယာဉ်မှ အများသုံးသန့်စင်ခန်းအနီး၊ လမ်းယာဘက်ဘေးတွင် ရပ်ထားသည့် 4D/xxxx ''ရွှေနန်းတော်'' ခရီးသည်တင်မှန်လုံယာဉ်အား ထပ်ဆင့်တိုက်မိခဲ့ပြီး 4C/xxxx မတ်တူးယာဉ်မှာ အများသုံးသန့်စင်ခန်း ရှေ့တွင်ရပ်ထားသည့် 4C/xxxx Elite ခရီးသည်တင်မှန်လုံယာဉ်၏နောက်ပိုင်းအား ထပ်မံတိုက်မိ ရပ်တန့်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့တိုက်မိမှုကြောင့် ခရီးသည်တင်ယာဉ်များပေါ်တွင်လိုက်ပါလာသူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိသော်လည်း 4C/xxxx မတ်တူးယာဉ်ပေါ်တွင်လိုက်ပါလာသူများအနက် ယာဉ်မောင်း မျိုးမင်းဇော် ပါ ကျား(၃)ဦးတွင် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် ညောင်ကုန်းတိုက်နယ်ဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး 4C/xxxx မတ်တူးယာဉ်၏ ရှေ့လေကာမှန်/ဘေးမှန်များကွဲ၊ ရှေ့ခေါင်းပိုင်းပိန်ချိုင့်၊ နောက်ပိုင်းတွန့်ကြေ၍ တန်ဘိုးငွေကျပ်သိန်း(၅ဝ)ခန့်၊ ''မန္တလာမင်း''ခရီးသည်တင်ယာဉ်၏ နောက်ယာ ဘက်ခြမ်း ပိန်ချိုင့်တွန့်ကြေ၍ တန်ဘိုးငွေကျပ်သိန်း(၁ဝဝ)ခန့်၊ ''ရွှေနန်းတော်''ခရီးသည်တင်ယာဉ်၏ ယာဘက်နောက်မီးကွဲ/ဆေးပွန်း၍ တန်ဘိုးငွေကျပ်သိန်း(၃ဝ)ခန့်နှင့် Elite ခရီးသည်တင်ယာဉ်၏ နောက်ဘန်ဘာပိန်ချိုင့်၍ တန်ဘိုးငွေကျပ်(၃)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ကာ မျိုးမင်းဇော်အား ပေပင်လေး အမြန်လမ်းရဲစခန်း ယာဉ်(ပ)၃၇/၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၃၃ရ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်း ရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
မတ်တူးယာဉ်၏ ဝင်ရောက် တိုက်မိမှုကြောင့် ''မန္တလာမင်း''''ရွှေနန်းတော်'' နဲ့ Elite တို့ ထပ်ဆင့် တိုက်မှုဖြစ် မတ်တူးယာဉ်၏ ဝင်ရောက် တိုက်မိမှုကြောင့် ''မန္တလာမင်း''''ရွှေနန်းတော်'' နဲ့ Elite တို့ ထပ်ဆင့် တိုက်မှုဖြစ် Reviewed by သစ်ထူးလွင် on 20:16 Rating: 5
Powered by Blogger.