ရေစကြိုမြို့နယ်မှာ အရက်အတူသောက်ရင်း စကားများ ရန်ဖြစ်ရာက လူသတ်မှုဖြစ်


နေပြည်တော်၊ ဒီဇင်ဘာ ၈

၂ဝ၁၄ ခုနှစ်၊ ဒီဇင်ဘာလ ရ ရက်နေ့ ညနေ ၅ နာရီ ၂ဝ မိနစ်အချိန် မကွေးတိုင်း ဒေသကြီး၊ ရေစကြိုမြို့နယ်၊ ကုန်းတလင်းကျေးရွာနေ ဦးကြည်ညွန့်(၅၄)နှစ်သည် နေအိမ်၌ရှိနေစဉ် တစ်ရွာတည်းနေ ဦးဌေးကြိုင် ရောက်ရှိလာပြီး ၎င်း၏နေအိမ်တွင် တစ်ရွာတည်းနေ ကျော်သူ(၂၅)နှစ်နှင့် ချောင်းဖျား ကျေးရွာနေ စိုးဦး(၃၇)နှစ်တို့ အရက်အတူသောက်ရင်း စကားများရန်ဖြစ်စဉ် ကျော်သူမှ စိုးဦးအား လက်သီးနှင့်ထိုး၊ လည်ပင်းအား ခြေထောက်နှင့်ကန်သဖြင့် စိုးဦး လဲကျနေကြောင်း ပြောပြသိရှိရသောကြောင့် သွားရောက်ကြည့်ရှုခဲ့သည်။

ထိုသို့ကြည့်ရှုရာ စိုးဦးအား ဝဲမျက်ခုံးနှင့်မေးစေ့တို့တွင် သွေးများထွက်လျက် လဲကျသတိလစ်နေသည်ကို တွေ့ရှိရသဖြင့် အရေးယူပေးရန် ဦးကြည်ညွန့်မှ တိုင်တန်းခဲ့သောကြောင့် ကျော်သူအား ပခန်းကြီးနယ်မြေရဲစခန်း(ပ)၁ဝ၇/၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၃၂၅ ဖြင့် အမှုဖွင့်အရေးယူ ခဲ့သည်။

ထိုသို့ အမှုဖွင့်အရေးယူထားစဉ် ရေစကြိုပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေသော စိုးဦးမှာ ယင်းနေ့ ည ၁ဝ နာရီ ၄၅ မိနစ်အချိန် သေဆုံးသွားခဲ့သောကြောင့် ပြစ်မှုပုဒ်မ ၃၂၅ မှ ၃ဝ၂ သို့ ပြောင်းလဲစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia?fref=nf
ရေစကြိုမြို့နယ်မှာ အရက်အတူသောက်ရင်း စကားများ ရန်ဖြစ်ရာက လူသတ်မှုဖြစ် ရေစကြိုမြို့နယ်မှာ အရက်အတူသောက်ရင်း စကားများ ရန်ဖြစ်ရာက လူသတ်မှုဖြစ် Reviewed by သစ်ထူးလွင် on 20:05 Rating: 5
Powered by Blogger.