သင်္ဃန်းကျွန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် မီးလောင်မှုအား အမှုဖွင့် အရေးယူ


ရန်ကုန်၊ ဒီဇင်ဘာ ၈

၈.၁၂.၂၀၁၄ရက်နေ့ ၁၁၃၀ အချိန်တွင် သင်္ဃန်းကျွန်းမြို့မ ရဲစခန်းမှ တပ်ဖွဲ့ ၀င်များသည် သင်္ဃန်း ကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်၊ (၅)လမ်းတွင်မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ပါသည်။

ထိုသို့သွားရောက် စစ်ဆေးခဲ့ရာ ၁၁၂၀ အချိန်တွင် အဆိုပါလမ်းရှိ ပျဉ်ထောင် နှစ်ထပ်နေအိမ်အား ငှားရမ်း နေထိုင်သူများ ဖြစ်ကြသည့် ဦးတင်ထူး၊ ဦးခင်မောင်ဌေးနှင့် ဦးသိန်းဆွေတို့ မှ မီးပေါ့ဆစွာသုံးစွဲမှုကြောင့် မီးစတင် လောင်ကျွမ်းခဲ့ရာ ကပ်လျက်ရှိ နေအိမ်အား မီးကူးစက်လောင်ကျွမ်း ခဲ့ကြောင်း၊ ပတ်ဝန်းကျင်နေ ပြည်သူများနှင့် မီးသတ်ယာဉ်များ ရောက်ရှိ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ သဖြင့် ၁၁၅၅ အချိန်တွင် မီးငြိမ်းသွားကြောင်း သိရှိရပါသည်။

ယင်းသို့ မီးပေါ့ဆစွာ သုံးစွဲသူ ဦးတင်ထူး၊ ဦးခင်မောင်ဌေးနှင့် ဦးသိန်းဆွေတို့ (၃)ဦးအား သင်္ဃန်းကျွန်းမြို့မရဲစခန်း(ပ)၅၃၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
သင်္ဃန်းကျွန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် မီးလောင်မှုအား အမှုဖွင့် အရေးယူ သင်္ဃန်းကျွန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် မီးလောင်မှုအား အမှုဖွင့် အရေးယူ Reviewed by သစ်ထူးလွင် on 20:25 Rating: 5
Powered by Blogger.