တရားမဝင် အဆောက်အအုံများ ဆောက်လုပ်သော လိုင်စင်ရ ကန်ထရိုက်တာများကို လိုင်စင်ပိတ်သိမ်း အရေးယူ

ရန်ကုန် စက်တင်ဘာ ၈

ရန်ကုန်မြို့ရှိ တရားမဝင် အဆောက်အအုံ ဆောက်လုပ်ရာ တွင်ပါဝင်သော လိုင်စင်ရကန်ထ ရိုက်တာများကို စည်ပင်သာယာ ရေးကော်မတီမှ လိုင်စင်ပိတ်သိမ်း အရေးယူထားကြောင်း သိရသည်။
အဆိုပါ ကန်ထရိုက်တာများ တွင်သတ်မှတ်စည်းကမ်းနှင့်မကိုက် ညီသောကန်ထရိုက်တာများပါဝင် သကဲ့သို့ ခွင့်ပြုချက်မဲ့ဆောက်လုပ် သော ကန်ထရိုက်တာများ ပါဝင် ကြောင်း သိရသည်။

''စည်းကမ်းဖောက်ဖျက်တဲ့ ကန်ထရိုက်တာနဲ့ အင်ဂျင်နီယာ ပေါင်း ၁၈ဝ ကျော်ကို လိုင်စင် ပိတ်သိမ်းထားတယ်။ သတ်မှတ် ချက်နဲ့ မညီတဲ့ အဆောက်အအုံ တွေကိုလဲ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့က လိုက်လံစစ်ဆေးပြီး ပြန်လည်ဖြိုဖျက်တာတွေ ဆောင် ရွက်ခိုင်းပါတယ်'' ဟုစည်ပင် သာယာရေးကော်မတီမှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

စည်ပင်သာယာရေးကော် မတီသည် ၂ဝ၁၁ခုနှစ်မှ ၂ဝ၁၄ ခုနှစ် အတွင်းမမှန်မကန်ဆောက်လုပ် သော ကန်ထရိုက်တာကိုးဦးနှင့် လိုင်စင်ရအင်ဂျင်နီယာ ၉၄ ဦး စုစုပေါင်း ၁၈၅ ဦးကို အရေးယူ ထားပြီး စိစစ်လက်မှတ်ရေးထိုး သတိပေးခြင်းခံရသူ၊ အမည်ပျက် စားရင်းသွင်းခံရသူ ၁၅ ဦးနှင့် ရာသက်ပန်လိုင်စင်ပိတ်သိမ်းခံရ သူတစ်ဦးတို့ရှိကြောင်း သိရသည်။

''တရားမဝင်အဆောက်အအုံ ဆောက်လုပ်မှုတွေက လိုင်စင်မဲ့ ကန်ထရိုက်တာကြောင့် ဖြစ်တာ များတယ်။ အဓိက လိုင်စင်မဲ့ ကန်ထရိုက်တာတွေကို ထိန်းချုပ် နိုင်မယ်ဆိုရင် ပပျောက်နိုင်မယ်။ ဒါကြောင့် မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့အနေနဲ့ ကွင်းဆင်းစစ် ဆေးမှုတွေ အမြဲဆောင်ရွက်နေပါ တယ်'' ဟုအရှေ့ပိုင်းခရိုင် စည်ပင် သာယာရေးကော်မတီမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

ယင်းသို့ကန်ထရိုက်နှင့် အင် ဂျင်နီယာများကိုအရေးယူရုံသာမက မြေရှင်၂ဝဝဝကျော်တို့ကိုပါအရေး ယူထားကြောင်း သိရသည်။

ဝိုင်းဝိုင်း
The Union Daily
https://www.facebook.com/pages/The-Union-Daily/139677556201764


တရားမဝင် အဆောက်အအုံများ ဆောက်လုပ်သော လိုင်စင်ရ ကန်ထရိုက်တာများကို လိုင်စင်ပိတ်သိမ်း အရေးယူ တရားမဝင် အဆောက်အအုံများ ဆောက်လုပ်သော လိုင်စင်ရ ကန်ထရိုက်တာများကို လိုင်စင်ပိတ်သိမ်း အရေးယူ Reviewed by သစ်ထူးလွင် on 15:06 Rating: 5
Powered by Blogger.