ခေတ်သစ်ရဲ့ သမိုင်းပုံပြင် အသွင် ယုံကြည်မှု မှိုင်း မပြိုစေချင်သည့် ဓမ္မစေတီ ခေါင်းလောင်း

သမိုင်းကြောင်းကို အမြဲတစေဂုဏ်ယူ တတ်သော မြန်မာတို့အတွက် သမိုင်းထဲတွင် ပျောက်ဆုံးခဲ့ရသော ဓမ္မစေတီခေါင်းလောင်းကြီးမှာ ခေတ်မီ နည်းပညာတွေနှင့် ဤခေတ်သစ်တွင် လည်း မျှော်လင့်ချက်မဲ့ ပျောက်ဆုံးနေရ ဦးမည်လား။ အဖြေကတော့ သိပ်မသေချာ သေးပါ။ ဓမ္မစေတီမင်း လက်ထက်တွင် သွန်းလုပ်ခဲ့သော အလေးချိန် ကြေးပိဿာ ပေါင်း ၁၈ဝဝဝဝရှိသော ဓမ္မစေတီ ခေါင်းလောင်း သည်သမိုင်းတွင် ငြိမ်သက် စွာရပ်တည်နေရာမှ တစ်ဖန်လူထုကို သတိရလှုပ်ခတ်စေခဲ့သည်က ပြန်လည် ဖော်ယူခြင်းလုပ်ငန်းဖြစ်သည်။

 ဖော်ယူရေး လုပ်ငန်းကို အကောင်အထည်ဖော်သူက ၁၉၉၇ ခုနှစ်တွင် ရှာဖွေဖော်ခဲ့ဖူးသူ ဦးစံလင်း ပြန်လည်တူးဖော်ခြင်းသည် သူ့ အတွက် မပြီးဆုံးသေးသောအိပ်မက်။ သမိုင်းအမွေအနှစ်ကို မြတ်နိုးသူ၊ယုံကြည် သူတို့က ငွေကြေးမြောက်မြားစွာပံ့ပိုးခဲ့ ကြသည်။ မြန်မာ့နည်း မြန်မာ့ဟန် ဘယ် လောက်ပင်ရိုးနေပါစေ၊ ခေတ်မမီပါစေ။ ယုံကြည်ချက်မြဲသော ပြည်သူတွေက မျှော်တလင့်လင့် စောင့်တစားစား။

ပေါ်တူဂီလူမျိုးငဇင်ကာသည် ဓမ္မ စေတီနှင့်ပတ်သက်၍ လူသိများသော ရာဇဝင်လူဆိုးတစ်ဦးဖြစ်သည်။ခေတ်ပျက် မှာ စစ်လက်နက်လုပ်ရေးအတွက် မြန်မာ့ မြေပေါ်မှကြေးများကို တနင့်တပိုးသယ် လိုသူ။ ကြေးပိဿာပေါင်းများစွာနှင့် ထိုခေါင်းလောင်းကိုလှေနှစ်စင်းဖြင့် သယ် ယူခဲ့ပုံသမိုင်းပန်းချီတစ်ခုကို ဓမ္မစေတီလို့ ကြားတိုင်းမြင်ယောင်သည်အထိ ယနေ့ ခေတ်လူသားတွေက ငဇင်ကာကို စွဲမြဲစွာ မှတ်မိနေကြသည်။

အသံမသာနိုင်သော ဓမ္မစေတီတွင် အငြင်းပွားစရာ ဝိရောဓိတွေများစွာ၊ သမိုင်းမှာမိကျောင်းနက္ခတ်ဖြင့်ယှဉ်မိ၍အသံ မထွက်လို့ ဆိုသူဆို၊ သွန်းလုပ်စဉ် အမှား ဟု ငြင်းသူငြင်းနှင့် နောက်ဆုံး လှေနှစ် စင်းဖြင့် သယ်ဆောင်နိုင်သော အလေး ချိန်ကို ယုံမှားသံသယမှ ဓမ္မစေတီခေါင်း လောင်း အမှန်တကယ်ရှိမရှိအထိ အငြင်း ပွားမှုသည်စတင်နှစ်မြုပ်ရာမှသည် ပစ္စုပ္ပန် ကာလနှစ်ပေါင်း၎ဝဝထိပင်။

သြဂုတ် ၁ဝရက်မှစတင်၍ ဦးစံလင်း သည် သမိုင်းအမွေအနှစ် ဓမ္မစေတီခေါင်း လောင်းကြီးဆယ်ယူရေးအိပ်မက်ကို ပြန် လည်စတင်အကောင်အထည်ဖော်ခဲ့သည်။ ရေအောက် ၂၇ပေ၊ မြေကြီးအောက် ၂၅ ပေဝယ် ရှာဖွေတွေ့ရှိထားသော ဓမ္မစေတီ ခေါင်းလောင်းကြီးနှင့်အတူ ပေါ်တူဂီ သဘောင်္ပျက်နှစ်စင်း၊အခြားခေါင်းလောင်း တစ်လုံး၊ ရွှေသားစစ်ဗုဒ္ဓရုပ်ပွားတော် နှစ်ဆူ၊ ကျောက်သံပတ္တမြားသေတ္တာ ၂၂ လုံးက မြစ်ဝမှာ ဒီနေ့အထိရှိနေကြောင်း၊ မကြာမီ ခေါင်းလောင်းကို ကုန်းပေါ် အရောက်တင်မည်ဆိုသည့်သတင်းမှစ၍ ပြည်သူတစ်တိုင်းလုံး၏သမိုင်းအမွေအနှစ် အပေါ်စိတ်ဝင်စားမှုကိုမျက်ဝါးထင်ထင် မြင်တွေ့ရသောအချိန်ဖြစ်သည်။

မြစ်ဝတွင်သောင်တူးစက်တစ်စင်းနှင့် ရေငုပ်ကျွမ်းကျင်လှပါသော ဆလုံအမျိုး သားများနှင့် ပုဇွန်တောင်ချောင်းဆုံမှာ လုပ်ငန်းဆောင်ရွက်လာစဉ်မှာ သတင်း ထုတ်ပြန်မှုပေါင်းများစွာကို ပြည်သူ က မနက်ခင်းတိုင်း ဆာလောင် စွာဖတ်ရှုခဲ့ကြသည်။အခြား နိုင်ငံရေး၊ စီးပွားရေး သတင်းအားလုံးသည် ဓမ္မစေတီ နစ်မြုပ်နေ သော ရေအောက် ထက် မြောက်မြားစွာ နက်စွာ နပ်မြုပ်နေ သကဲ့သို့ လူထုစိတ် ဝင်စားမှုအားနည်းခဲ့ သည်။

ခေတ်မီနည်းပညာများ၊ ရှာဖွေရေးပစ္စည်းများ အသုံး ပြုပြီး ရှာဖွေနိုင်မှသာ အမှန်တကယ် ခေါင်းလောင်းဟုတ်မဟုတ်၊ အခြားရေထဲ ရှိပစ္စည်းများ ဟုတ်မဟုတ် သိရှိနိုင်မှာဖြစ် ပြီး မြန်မာ့နည်းမြန်မာ့ဟန် တစ်ခုတည်း ဖြင့် ဆောင်ရွက်၍ရမှာမဟုတ်ကြောင်း ခေါင်းလောင်းကို ဆယ်ယူခဲ့ဖူးသူ စာရေးဆရာချစ်စံဝင်းနှင့် ရေကြောင်း ကျွမ်းကျင်ဆရာစည်သူဦးကျော်သိန်းလွင် တို့က သုံးသပ်ပြောဆိုခဲ့သည်။

 ရှာဖွေမှု တွေရဲ့ရက်အနည်းငယ်အကြာ သြဂုတ် ၂၆ ရက် ည၁၂နာရီမှာ ခေါင်းလောင်း ကြီးကို ရေပေါ်ဆွဲတင်တော့မည်ဆိုသည့် သတင်းက အင်တာနက်လူမှုကွန်ရက်တွေ ကတစ်ဆင့်ပျံ့နှံ့ခဲ့ရင်း အဲဒီညက မြစ်ကမ်း ပြိုမတတ် လာရောက်ခဲ့ပေမယ့် ဆယ်ယူမှု ဟာတိတ်ဆိတ်ငြိမ်သက်ခဲ့သည်သာ။

ပညာရှင်အချို့က ဆက်လက်သုံးသပ် ရာမှာတော့ အလေးချိန်များလွန်းတဲ့ အတွက် သယ်ယူစဉ်မှာကတည်းက အစိတ်စိတ်ခွဲခြမ်းခံထားရပြီးဖြစ်သလို ခုလိုရေထဲမှာ နှစ်ပေါင်း ၄ဝဝ နစ်မြုပ်ပြီး ချိန်မှာတော့ ခေါင်းလောင်းကအကောင်း အတိုင်းပြန်လည်ရရှိနိုင်တော့မည် မဟုတ် ဘူးဆိုတာပါ။ တစ်ဖန် ရေစီးအရွေ့တွေ ကြောင့်၊ မြေဖြစ်ထွန်းမှုတွေကြောင့် နစ် မြုပ်သွားခဲ့တယ်ဆိုတဲ့ ဒီဆုံရပ်မှာရှိနိုင်ဖို့ မသေချာတော့ဘူးဆိုတာပါ။ ဒါပေမယ့် မမီခဲ့တဲ့သမိုင်း၊ မမြင်ရတဲ့ ရေအောက်ကို မှန်းဆရတာက ခေါင်းလောင်းရှိတယ်ဆို တဲ့ ယုံကြည်ချက်ကို ဖျက်ဖို့မစွမ်းသာ နိုင်သေးပါဘူး။

တိမ်တိုက်ပေါ်မှခေါင်းလောင်းသဏ္ဌာန် ပေါ်မှု၊ အမယ်အိုကိုနဂါးမှဝင်စားမှုတွေနဲ့ ဓမ္မစေတီဆယ်ယူရေးဟာ လူထုကို ဇာတ် ရှိန်မြှင့်ဆွဲဆောင်နိုင်ခဲ့ပြီး ဦးစံလင်းအဖွဲ့က ထုတ်ပြန်လိုက်သော ဓမ္မစေတီခေါင်း လောင်းကြီးကို တွေ့ရှိထားပြီဖြစ်ပြီး ရွှေရောင်နဂါးမင်းက ကြီးကျယ်ခမ်းနား စွာ ဆီမီးပူဇော်နေသည့်အတွက် သတင်း ထုတ်ပြန်မှုနောက်ကျရခြင်းဖြစ်ကြောင်း၊ မြန်မာနည်း မြန်မာ့ဟန်သည် လျှို့ဝှက် ချက်များစွာရှိနေခြင်းကြောင့် နှုတ်မှထုတ် ပြော၍မရကြောင်း၊ အရိယဝိဇ္ဇာအပေါင်း ကို ခွင့်ပြုချက်တောင်းခံပြီးမှ တွေ့ရှိ ကြောင်း အတိအလင်းကြေညာခြင်းဟု ထုတ်ပြန်ခဲ့သည်။

ထိုထုတ်ပြန်ချက်နောက်ပိုင်းတွင်လူထု ၏ သမိုင်းအမွေအနှစ်အပေါ် စိတ်ဝင်စား မှုသည် ကောလာဟလအပေါ် ယုံကြည်မှု အသွင် ပြောင်းလဲသွားသယောင်ပင်။ခေါင်းလောင်းဆယ်ယူရေးထက် ရွှေ ရောင်နဂါးမင်းကို ပိုစိတ်ဝင်စားသွားကြ သည်။ နဂါးနှင့်ပတ်သက်ပြီး အိပ်မက် တွေမက်ကြသည်။ အမောက်ထောင် မာန်ပြင်းတယ်ဆိုတဲ့ နဂါး၊ မျက်စောင်းနဲ့ ပင် ပြာကျနိုင်သည်ဆိုတော့ နဂါးကို ရေတပ်က ဖမ်းမိထားသယောင်၊ ရှာဖွေ ရေးအဖွဲ့နဲ့ပဲ အဆက်အသွယ်ရှိသယောင်၊ မြစ်အတွင်းမှာသေဆုံးသယောင်ကောလာ ဟလတွေပျံ့နှံ့မှုက လူတိုင်းရဲ့ပါးစပ်ဖျား မှာ၊ ဖုန်းတွေထဲမှာ။
ရှင်းပြရခက်ခဲသောမြန်မာတို့၏ယုံကြည် ကိုးကွယ်မှုဆိုင်ရာကိစ္စရပ်တချို့နှင့်သတင်း အပေါ်ဝေဖန်ပိုင်းခြားမှုအားနည်းခြင်း၊ ယုံလွယ်ခြင်းတို့ကို ဓမ္မစေတီခေါင်း လောင်းဆယ်ယူရေးက ထောက်ပြနိုင်ခဲ့ သည်။

 နိုင်ငံရေးလှည့်ကွက်၊ လူမျိုးရေး လှည့်ကွက်တချို့က ထိုသို့ယုံကြည်မှုလွန် ကဲမှုများကြောင့် အထမြောက်တတ်သည် ကို သတိမမေ့စေချင်ပါ။
နည်းပညာပြည့်စုံတဲ့ကုမ္ပဏီတွေလက် ကမ်းခဲ့စဉ်က နှုတ်ဆိတ်နေခဲ့သလို အစိုးရ ဘက်က ဦးဆောင်မှုတစ်စုံတစ်ရာမပါ ဝင်ခဲ့ဘဲ ခုလို အခါတော်ပေးဆယ်ယူမှုကို ဒေသဆိုင်ရာအစိုးရအနေနဲ့ခွင့်ပြုထားတာ ကလည်း တွေးရတော့ခက်စေပါတယ်။
ရှာဖွေရေးအဖွဲ့တွေက တွေ့ရှိကြောင်း ကြေညာပြီး၁၃ရက်ကြာတဲ့အထိထူးခြားမှု တစ်စုံတစ်ရာမရှိသေးသလို သတင်း ထုတ်ပြန်မှုလည်းထပ်မံပြီးမရှိတော့ပေ။ သမိုင်းအမွေအနှစ်တစ်ခု နှစ်ပေါင်းများစွာ နစ်မြုပ်နေရာမှ ပြန်လည်ပိုင်ဆိုင်ခွင့်ရရှိ ခြင်းအတွက် ကြိုးစားမှု၊ မျှော်လင့်မှု များအကျိုးရှိလျှင်အကောင်းဆုံးဖြစ်သည်။ သို့သော် ထိုသမိုင်းကခေတ်သစ်မှာ ပုံပြင် တစ်ပုဒ်အဖြစ်တော့ အကျုံးမဝင်စေချင်။ ထို့အတူ လူထု၏စိတ်ဝင်စားမှုနှင့် ယုံ ကြည်မှုကိုလည်း လမ်းကြောင်းမှန်ပေါ် တွင်သာရှိစေချင်ပါသည်။

အေးချမ်းမိုး
The Union Daily
https://www.facebook.com/pages/The-Union-Daily/139677556201764



ခေတ်သစ်ရဲ့ သမိုင်းပုံပြင် အသွင် ယုံကြည်မှု မှိုင်း မပြိုစေချင်သည့် ဓမ္မစေတီ ခေါင်းလောင်း ခေတ်သစ်ရဲ့ သမိုင်းပုံပြင် အသွင် ယုံကြည်မှု မှိုင်း မပြိုစေချင်သည့် ဓမ္မစေတီ ခေါင်းလောင်း Reviewed by သစ်ထူးလွင် on 15:14 Rating: 5
Powered by Blogger.