ကန်ထရိုက်တာ၊ အင်ဂျင်နီယာနှင့် တာဝန်ရှိသူ ၁၈၀ ခန့်ကို အရေးယူ

ရန်ကုန်မှာ ခွင့်ပြုချက်မရပဲ၊ တရားမ၀င် အဆောက်အဦတွေ ဆောက်လုပ်ခဲ့တဲ့ ကန်ထရိုက်တာ၊ အင်ဂျင်နီယာ နဲ့ ပတ်သက်သူ စုစုပေါင်း ၁၈၀ လောက်ကို အရေးယူခဲ့တယ်လို့ မြို့တော်စည်ပင် တာဝန်ရှိသူတဦးက ဒီဗွီဘီကို အတည်ပြုပြောဆိုပါတယ်။

အဲဒီအထဲမှာ ကန်ထရိုက်တာ ၉ ယောက်၊ လိုင်စင်ရ အင်ဂျင်နီယာ အယောက် ၁၀၀ နီးပါး နဲ့  ပါဝင်ပတ်သက်သူတွေကို ရာသက်ပန် လိုင်စင်ပိတ်သိမ်းတာ၊ နာမည်ပျက်စာရင်း သွင်းတာနဲ့ ၀န်ခံကတိ လက်မှတ်ရေးထိုးခိုင်းတာ စတဲ့ နည်းလမ်းတွေနဲ့ အရေးယူခဲ့တယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဟာ တရားမ၀င် ဆောက်ထားတဲ့ အဆောက်အဦ ၂ ထောင်နီးပါးကို တရားစွဲထားပြီး၊ ၆ လုံးကို လုံးဝ ဖြိုဖျက်ပစ်ဖို့ အမိန့်ချထားကာ၊ တလုံးရဲ့ ဖောင်ဒေးရှင်းကိုတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အပြီးပိုင် ဖျက်ဆီးလိုက်တယ်လို့ ဆိုပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/64554


ကန်ထရိုက်တာ၊ အင်ဂျင်နီယာနှင့် တာဝန်ရှိသူ ၁၈၀ ခန့်ကို အရေးယူ ကန်ထရိုက်တာ၊ အင်ဂျင်နီယာနှင့် တာဝန်ရှိသူ ၁၈၀ ခန့်ကို အရေးယူ Reviewed by သစ်ထူးလွင် on 14:57 Rating: 5
Powered by Blogger.