ပခုက္ကူမြို့နယ် မြစ်ခြေကျေးရွာတွင် အမျိုသမီးနှစ်ဦး စကားများ ရန်ဖြစ်ရာမှ ပတ်ဝန်ကျင်ရှိ လူအုပ်စုများပါ ပါဝင်လာပြီး နေအိမ်နှင့် ဈေးဆိုင်ခန်းအတွင်းရှိ ပစ္စည်းအချို့ ဖျက်ဆီးမှုများ ဖြစ်ပွား၊ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိ

ပခုက္ကူ စက်တင်ဘာ၂၁

ပခုက္ကူမြို့နယ် မြစ်ခြေ ကျေးရွာ၌ စက်တင်ဘာလ ၂၀ ရက် ညပိုင်းတွင် အမျိုးသမီးနှစ်ဦး စကားများ ရန်ဖြစ်ရာမှ ပတ်ဝန်ကျင်ရှိ လူအုပ်စုများပါ ပါဝင်လာပြီး နေအိမ်နှင့် ဈေးဆိုင်ခန်းအတွင်းရှိ ပစ္စည်းအချို့ ဖျက်ဆီးမှုများဖြစ်ပွားခဲ့ကြောင်း၊ နယ်မြေ တည်ငြိမ်အေးချမ်းရေးအတွက် တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။

စက်တင်ဘာ ၂၀ ရက် ည ၇ နာရီ မိနစ်၂၀ ခန့်တွင် မြစ်ခြေ ကျေးရွာ၌ အကြွေးတောင်းရာမှ အမျိုးသမီးနှစ်ဦး အပြန်အလှန် စကားများပြီး တစ်ဖက်မှ လင်ယောင်္ကျားဖြစ်သူကပါ ဝင်ရောက်ရိုက်နှက်ခဲ့၍ အမျိုးသမီးတစ်ဦးမှာ ဒဏ်ရာများရရှိခဲ့သဖြင့် ည ၈ နာရီခန့်တွင် မြစ်ခြေတိုက်နယ်ဆေးရုံသို့ သွားရောက် ကုသမှု ခံယူခဲ့ရကြောင်း သိရသည်။

ည ၉ နာရီခွဲခန့်တွင် ဒဏ်ရာရသူ အမျိုးသမီး၏ ဆွေမျိုးမောင်နှမများနှင့် ပတ်ဝန်းကျင်ကျေးရွာမှ ရွာသူရွာသားများ မြစ်ခြေကျေးရွာသို့စုရုံး ရောက်ရှိလာပြီး ဘာသာရေး အဆောက်အအုံတစ်ခုနှင့် ဈေးဆိုင်ခန်းအား ဖျက်ဆီးရန် ကြိုးစားခဲ့ကြသဖြင့် ပခုက္ကူခရိုင် ရဲတပ်ဖွဲ့မှူး၊ ပခုက္ကူမြို့မ ရဲတပ်ဖွဲ့ ရဲစခန်းမှူးနှင့် ကျေးရွာ အုပ်ချုပ်ရေး မှူးများ၊ ရပ်မိရပ်ဖများပူးပေါင်း၍ အဆိုပါ ကျေးရွာသို့ သွားရောက်ပြီး ကျေးရွာရပ်မိရပ်ဖ သံဃာတော်များ၊ ဘာသာရေးခေါင်းဆောင်များနှင့် ညှိနှိုင်းထိန်းသိမ်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တာဝန်ရှိသူများက မြို့မိမြိ့ဖများ၊ သံဃာတော်များ၊ ဘာသာရေးခေါင်းဆောင်များနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊ လုံခြုံရေးဆောင်ရွက်ထားခြင်းတို့ကြောင့် ယခုအခါ နယ်မြေအခြေအနေမှာ တည်ငြိမ်အေးချမ်းလျက်ရှိကြောင်း၊ အမျိုးသမီးအား ဒဏ်ရာရရှိအောင်ရိုက်နှက်ခဲ့သူ လင်မယားနှစ်ဦးကို မြစ်ခြေ ကျေးရွာ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar?fref=nf


ပခုက္ကူမြို့နယ် မြစ်ခြေကျေးရွာတွင် အမျိုသမီးနှစ်ဦး စကားများ ရန်ဖြစ်ရာမှ ပတ်ဝန်ကျင်ရှိ လူအုပ်စုများပါ ပါဝင်လာပြီး နေအိမ်နှင့် ဈေးဆိုင်ခန်းအတွင်းရှိ ပစ္စည်းအချို့ ဖျက်ဆီးမှုများ ဖြစ်ပွား၊ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိ ပခုက္ကူမြို့နယ် မြစ်ခြေကျေးရွာတွင် အမျိုသမီးနှစ်ဦး စကားများ ရန်ဖြစ်ရာမှ ပတ်ဝန်ကျင်ရှိ လူအုပ်စုများပါ ပါဝင်လာပြီး နေအိမ်နှင့် ဈေးဆိုင်ခန်းအတွင်းရှိ ပစ္စည်းအချို့ ဖျက်ဆီးမှုများ ဖြစ်ပွား၊ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိ Reviewed by သစ်ထူးလွင် on 02:53 Rating: 5
Powered by Blogger.