မြစ်ခြေ ပဋိပက္ခ ပြန်တည်ငြိမ်

စက်တင်ဘာ ၂၀ ညသန်းခေါင်က ပခုက္ကူမြို့နယ်၊ မြစ်ခြေတိုက်နယ်မှာ အစ္စလာမ် ဘာသာဝင် မိသားစုတခုနဲ့ ဒေသခံတွေကြား ဖြစ်တဲ့ ပဋိပက္ခဟာ တနင်္ဂနွေနေ့မှာတော့ အခြေအနေ ပြန်တည်ငြိမ်နေပြီလို့ ဒေသခံတွေနဲ့ ရဲဋ္ဌာနဘက်က ပြောပါတယ်။

မြစ်ခြေဟာ ပခုက္ကူမြို့ အနောက်တောင်ဘက် မိုင် ၂၀ ကျော်လောက်ဝေးပါတယ်။ မြစ်ခြေက အစ္စလာမ် ဘာသာဝင် မိသားစုအိမ်မှာ အလုပ်လုပ်တဲ့ အသက် ၃၃ နှစ်အရွယ် အမျိုးသမီးတဦးကနေ သူရစရာရှိတဲ့ပိုက်ဆံတောင်းရာမှာ အလုပ်ရှင်ကနေ ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့တယ် ဆိုတာကြောင့် ပတ်ဝန်းကျင်မှာရှိတဲ့ လူတချို့က မခံနိုင်ဖြစ်ရာကနေ ပဋိပက္ခစဖြစ်ခဲ့တာပါ။

ညနက်ပိုင်းမှာတော့ ဗလီဝတ်ကျောင်းတခု၊ အိမ်တလုံးနဲ့ ဆိုင်းခန်းတခန်းဟာ တစ်စိတ်တစ်ပိုင်း အားဖြင့် ပျက်စီးသွားပါတယ်။

အစ္စလာမ်ဘာသာဝင် ကိုမိုးဝင်းကို ပုဒ်မ ၄ ခုနဲ့ အမှုဖွင့် ဖမ်းဆီးထားပြီး ဖျက်စီးသူတွေကိုလည်း ရဲက စုံစမ်းနေတယ်လို့ သိရပါတယ်။

တနင်္ဂနွေနေ့မှာတော့ အခင်းဖြစ်တဲ့နေရာကို မကွေးတိုင်းဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေ ကိုယ်တိုင်ရောက်နေပြီး တခြားနေရာတွေပါ ဒီလို မဖြစ်ရအောင် ကာကွယ်ဖို့ စီစဉ်ညွန်ကြားနေတယ်လို့ သိရပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese?fref=nf


မြစ်ခြေ ပဋိပက္ခ ပြန်တည်ငြိမ် မြစ်ခြေ ပဋိပက္ခ ပြန်တည်ငြိမ် Reviewed by သစ်ထူးလွင် on 02:54 Rating: 5
Powered by Blogger.