အီရတ်က အစ္စလာမ်မစ် စစ်သွေးကြွ ခံတပ်ကို အမေရိကန် ဖြိုခွင်းခဲ့

 အီရတ်နိုင်ငံ ​Sinjar ​တောင်ပေါ်မှာရှိတဲ့ ​အစ္စလာမ်မစ် ​စစ်သွေးကြွတွေရဲ့ ​ခံတပ်ကို ​အမေရိကန်က ​ဝေဟင်တိုက်ခိုက်မှုကနေ ​ဖြိုခွင်းပစ်နိုင်ခဲ့ပြီလို့ ​အမေရိကန် ​သမ္မတ ​ဘာရက် ​အိုဘားမားက ​ပြောပါတယ်။

ဆူနီစစ်သွေးကြွတွေရဲ့ ​လက်ချက်ကြောင့် ​သောင်းနဲ့ချီတဲ့လူတွေ ​အီရတ်နိုင်ငံ ​မြို့တွေကနေ ​တောတောင်တွေထဲမှာ ​ထွက်ပြေး ​တိမ်းရှောင်နေကြရပြီး ​အစာရေစာ ​ငတ်မွတ်မှုတွေနဲ့ ​ရင်ဆိုင်နေရပါတယ်။

အခုလို ​စစ်သွေးကြွတွေရဲ့ ​ခံတပ်ကို ​ဖြိုခွင်း ​ပစ်လိုက်နိုင်တဲ့ ​အတွက် ​တောတောင်တွေမှာ ​ပိတ်မိနေတဲ့ ​အရပ်သားတွေ ​အနေနဲ့ ​တောင်အောက်ကို ​ဆင်းလာနိုင် ​မှာဖြစ်သလို ​ရဟတ်ယာဉ်ကနေ ​တဆင့် ​အစားအသောက်နဲ့ ​ရေတွေကို ​လိုက်လံ ​ပစ်ချပေးစရာ ​လိုတော့မှာ ​မဟုတ်ဘူးလို့ ​ဆိုပါတယ်။

ဒါပေမဲ့ ​ဝေဟင်တိုက်ခိုက်မှုတွေ ​ဆက်လက် ​လုပ်ဆောင် ​သွားမှာဖြစ်ပြီး ​အကြမ်းဖက် ​သမားတွေကို ​တိုက်ဖျက်နိုင်ဖို့အတွက် ​အီရတ်ပြည်သူတွေအနေနဲ့ ​ကလည်း ​စည်းလုံးညီညွတ်ကြဖို့ ​အိုဘားမားက ​ပြောဆိုလိုက်ပါတယ်။

အစ္စလာမ်မစ် ​စစ်သွေးကြွတွေရဲ့ ​ခံတပ်နေရာကို ​ဖြိုခွင်းနိုင်ခဲ့တဲ့အတွက် ​အခုဆိုရင် ​တောင်ပေါ်ဒေသ ​တွေမှာ ​အခြေအနေတွေ ​တိုးတက်လာနေပြီး ​လူသားခြင်းစာနာ ​ထောက်ထားတဲ့ ​အကူအညီတွေကို ​နိုင်ငံတကာ ​မဟာမိတ် ​တွေနဲ့ ​အတူ ​အမေရိကန်က ​ဆက်လက်လုပ်ဆောင်သွားမယ်လို့ ​အိုဘားမားက ​ပြောပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-08-15/1357100

ထွက်ပြေးနေကြတဲ့ ရာဇီဒီ လူမျိုး ဒုက္ခသည်တွေ (Credit: Reuters)

အီရတ်က အစ္စလာမ်မစ် စစ်သွေးကြွ ခံတပ်ကို အမေရိကန် ဖြိုခွင်းခဲ့  အီရတ်က အစ္စလာမ်မစ် စစ်သွေးကြွ ခံတပ်ကို အမေရိကန် ဖြိုခွင်းခဲ့ Reviewed by သစ်ထူးလွင် on 07:58 Rating: 5
Powered by Blogger.