ချော်လဲစဉ် လျှပ်စစ်ဓါတ်ကြိုးအား ဆွဲမိရာမှ ဓါတ်ကြိုးပြတ်ပြီး အမျိုးသားတစ်ဦး ဓါတ်လိုက်သေဆုံး

 ရန်ကုန်၊ သြဂုတ် ၁

 ၃၁.၇.၂၀၁၄ ရက်နေ့ ၁၈၄၅ အချိန်တွင် အလုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ရန်ကုန်ဆေးရုံကြီးသို့ အမျိုးသားတစ်ဦး ဓါတ်လိုက်သေဆုံး ရောက်ရှိ နေကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ဧရာဝတီတိုင်း ဒေသကြီး၊ ကျိုက်လတ်မြို့နယ်နေ သန်းထိုက်၊ (၁၉)နှစ်ဖြစ်ကြောင်းသိရှိရပြီး ယာလက်မထိပ်တွင် အပူလောင်ဒဏ်ရာ ရရှိထားသည်ကို တွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၎င်းသည် အလုံမြို့နယ်၊ သစ်တောရပ်ကွက်၊ အပြည်ပြည် ဆိုင်ရာ ဆိပ်ခံတံတား ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ ကုမ္ပဏီတွင် လက်သမား လုပ်ကိုင်သူ ဖြစ်ကြောင်း၊ အခင်းဖြစ်ချိန်က ၎င်းသည် အလုပ်သိမ်း၍ ထမင်းစားရန် အတွက် အပြင်သို့ထွက်လာခဲ့ရာ အလုပ်သမားလိုင်းခန်းရှေ့၌ ချော်လဲကျစဉ် အနီးတွင်သွယ်တန်းထားသော လျှပ်စစ်ဓါတ်ကြိုးအားဆွဲမိရာမှ ဓါတ်ကြိုး
ပြတ်တောက်ပြီး ဓါတ်လိုက်ကာ ဒဏ်ရာများရရှိ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ အလုံမြို့မ ရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၁၀/၂၀၁၄)ဖြင့် အမှုဖွင့်ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice


ချော်လဲစဉ် လျှပ်စစ်ဓါတ်ကြိုးအား ဆွဲမိရာမှ ဓါတ်ကြိုးပြတ်ပြီး အမျိုးသားတစ်ဦး ဓါတ်လိုက်သေဆုံး  ချော်လဲစဉ် လျှပ်စစ်ဓါတ်ကြိုးအား ဆွဲမိရာမှ ဓါတ်ကြိုးပြတ်ပြီး အမျိုးသားတစ်ဦး ဓါတ်လိုက်သေဆုံး Reviewed by သစ်ထူးလွင် on 15:00 Rating: 5
Powered by Blogger.