ခင်ပွန်းဖြစ်သူအား သေဆုံးအောင်ပြုလုပ်သူများအပေါ် အရေးယူပေးရန် ဇနီးဖြစ်သူမှတိုင်တန်း

 ရန်ကုန်၊ သြဂုတ် ၁

 ၃၁.၇.၂၀၁၄ ရက်နေ့ ၁၇၀၀ အချိန်တွင် လှိုင်သာယာမြို့နယ်၊ ကုလားကြီးစု ကျေးရွာနေ ဒေါ်အေးအေးစန်းမှ ၎င်းသည် အပြင်မှနေအိမ်သို့ ပြန်လာစဉ် နေအိမ်အနီး လမ်းမပေါ်၌ ခင်ပွန်းဖြစ်သူ လှိုင်မျိုးဝင်း၊ (၃၆)နှစ်နှင့် ငကြွက်(ခ) အေးမင်းလှိုင်၊ (၂၅)နှစ်၊ (ဘ)ဦးလှသန်း၊ လှိုင်သာယာမြို့နယ်နေသူတို့ စကားများ နေသည်ကို တွေ့ရှိရသဖြင့် နေအိမ်အတွင်းဝင်သွားခဲ့ကြောင်း၊ နေအိမ်
အတွင်းသို့ ရောက်ရှိစဉ် ခင်ပွန်းဖြစ်သူ လှိုင်မျိုးဝင်းမှာလည်း နေအိမ်သို့ ပြန်လာခဲ့ရာ နေအိမ်တံစက်မြိတ်အောက် သို့အရောက်တွင် ငကြွက်(ခ)အေးမင်းလှိုင်နှင့် အမျိုးသား(၂)ဦးတို့မှ လက်ထဲတွင် ဓါးရှည်များကိုယ်စီ ကိုင်ဆောင်လျက် လိုက်လာပြီး ခင်ပွန်းဖြစ်သူအား “မင်းက လူမိုက်လား”ဟုပြောဆိုကာ ၀ိုင်းဝန်း ခုတ်ကြသည့်အပြင် ၎င်းကိုလည်း “အော်ရင် ခုတ်သတ်ပစ်မည်”ဟုပြောဆိုခဲ့
သဖြင့် နေအိမ်အတွင်း တံခါးပိတ်နေခဲ့ရကြောင်း၊ ခဏအကြာတွင် ငကြွက်(ခ) အေးမင်းလှိုင်တို့ ထွက်သွားသည်ကို တွေ့ရှိရသဖြင့် ခင်ပွန်းဖြစ်သူအား သွားရောက်ကြည့်ရှုရာ ဦးခေါင်း၊ လည်ဂုတ်၊ ၀မ်းဗိုက်တို့၌ ပြတ်ရှဒဏ်ရာများ ရရှိထားသည်ကိုတွေ့ရှိရ၍ ပတ်ဝန်းကျင်အား အော်ဟစ်အကူအညီတောင်းခံခဲ့ပြီး လှိုင်သာယာဆေးရုံ သို့ ပို့အပ်စဉ် လမ်း၌ သေဆုံး သွားခဲ့ကြောင်းနှင့် ယင်းသို့ ခင်ပွန်းဖြစ်သူအား သေဆုံးအောင်ပြုလုပ်သူ ငကြွက်(ခ)အေးမင်းလှိုင်နှင့် အမျိုးသား(၂)ဦးကို အရေးယူပေးရန် တိုင်တန်းလာခဲ့ပါသည်။

တိုင်တန်းချက်အရ လှိုင်သာယာမြို့နယ်၊ သောင်ကြီးနယ်မြေ ရဲစခန်း(ပ) ၅၂၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့်အရေးယူကာ ဖမ်းဆီး ရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice


ခင်ပွန်းဖြစ်သူအား သေဆုံးအောင်ပြုလုပ်သူများအပေါ် အရေးယူပေးရန် ဇနီးဖြစ်သူမှတိုင်တန်း  ခင်ပွန်းဖြစ်သူအား သေဆုံးအောင်ပြုလုပ်သူများအပေါ် အရေးယူပေးရန် ဇနီးဖြစ်သူမှတိုင်တန်း Reviewed by သစ်ထူးလွင် on 14:58 Rating: 5
Powered by Blogger.