ပုဏ္ဏားကျွန်းမြို့နယ် စက်လှေ နစ်မြုပ် ၁၂ ဦးသေ၊ ၃ ဦး ပျောက်ဆုံး

စက်လှေဝမ်းရှိ ဆွေးမြေ့နေသော ပျဉ် ၂ ချပ်ပေါက်ကာ ရေ၀င်နစ်မြုပ်သဖြင့် ၁၂ ဦးသေ၊ ၃ ဦး ပျောက်ဆုံး

နေပြည်တော်၊ သြဂုတ် ၃၁

၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်နေ့ နံနက် ၁၁ နာရီ ၁၀ မိနစ်အချိန် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကာဒီကျေးရွာနေ မဲလုံး(ခ)ဂျေဘူရာမန်(၂၄)နှစ်မောင်းနှင်ပြီး ခရီးသည် ကျား ၁၉ ဦး၊ မ ၂၀ ဦး၊ စုစုပေါင်း(၃၉)ဦး လိုက်ပါလာသည့် စက်လှေသည် ကျောက်တော်မြို့နယ်၊ ခေါင်းတုတ် ကျေးရွာသို့ ဈေးဝယ်ရန် ထွက်ခွာလာစဉ် နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန် ကျွဲလမ်းချောင်းသို့အရောက် စက်လှေဝမ်းမှ ဆွေးမြေ့နေသောပျဉ် ၂ ချပ်ပေါက်ကာ ရေ၀င်နစ်မြုပ်ခဲ့သည်။

 ထိုသို့နစ်မြုပ်မှုကြောင့် စက်လှေပေါ်ပါ ခရီးသည် ၃၉ ဦးအနက် ပုဏ္ဏားကျွန်းမြို့နယ်၊ ကာဒီကျေးရွာနေ ဟာဇီအီစ္စလာမ်(၆)နှစ်ပါ ကျား ၅ ဦး၊ မ ၇ ဦး၊ စုစုပေါင်း(၁၂)ဦးတို့ ရေနစ်သေဆုံးသွားခဲ့ပြီး တစ်ရပ်တည်းနေ မမူဟာရိတ် (၇)နှစ်ပါ ကျား ၁ ဦး၊ မ ၂ ဦး၊ စုစုပေါင်း(၃)ဦးတို့မှာ ရေနစ်ပျောက်ဆုံးနေသဖြင့် လိုက်လံရှာဖွေ လျက်ရှိကြောင်းနှင့် မဲလုံး(ခ)ဂျေဘူရာမန်အား အပေါက်ဝနယ်မြေရဲစခန်း (ပ)၃၀/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၀/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/pages/%E1%80%9B%E1%80%B2%E1%80%87%E1%80%AC%E1%80%94%E1%80%8A%E1%80%B9/463287083724096?fref=nf


ပုဏ္ဏားကျွန်းမြို့နယ် စက်လှေ နစ်မြုပ် ၁၂ ဦးသေ၊ ၃ ဦး ပျောက်ဆုံး ပုဏ္ဏားကျွန်းမြို့နယ် စက်လှေ နစ်မြုပ် ၁၂ ဦးသေ၊ ၃ ဦး ပျောက်ဆုံး Reviewed by သစ်ထူးလွင် on 19:34 Rating: 5
Powered by Blogger.