တာဝန်အရဆောင်ရွက်သည့် ပြည်သူ့ဝန်ထမ်းကို ရိုက်နှက်သူအား အရေးယူထား

နေပြည်တော်၊ သြဂုတ် ၃၁

၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်နေ့ ညနေ ၅ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ မိတ်္ထီလာမြို့၊ ဧရာဝတီဘဏ်တွင် ရဲတပ်သား လေးမြင့်သည် လုံခြုံရေးတာဝန်ဆောင်ရွက်နေစဉ် မိတ်္ထီလာမြို့၊ ဈေးအရှေ့ပြင်ရပ်နေ ဘီလူး(ခ)အောင်နိုင်ဦး(၃၈)နှစ် ရောက်ရှိလာကာ ဘဏ်ရှေ့တွင်ရပ်ထားသော ရဲတပ်သား လေးမြင့်၏ဆိုင်ကယ်အား ခြေထောက်ဖြင့်ကန်သဖြင့် မပြုလုပ်ရန်တားခဲ့သည်။

 ထိုသို့ တားစဉ် ဘီလူး(ခ)အောင်နိုင်ဦးမှ ဆဲဆိုပြီး အသင့်ယူဆောင်လာသည့် ၀ါးတုတ်ဖြင့်ရိုက်ပြီး တုတ်ကျိုးသွား၍ သံတုတ်နှင့်ထပ်မံလိုက်ထိုးသဖြင့် ရဲတပ်သား လေးမြင့်တွင် နဖူးထိပ်/ယာပုခုံးဖူးရောင်၊ ၀ဲလက်မောင်း ပွန်းခြစ်ဒဏ်ရာများ ရရှိခဲ့သည်။

 စစ်ဆေးချက်အရ သြဂုတ်လ ၂၉ ရက်နေ့က ဧရာဝတီဘဏ်အနီးတွင် မိတ်္ထီလာမြို့နယ်၊ သမုန်းကုန်းကျေးရွာနေ မင်းမင်းထက်(၂၉)နှစ်မောင်းနှင်လာသည့် ၃၂ယ/xxxxx ရှာရမ်း ၁၁၀ အနက်ရောင်ဆိုင်ကယ်နှင့် သာစည်မြို့နယ်၊ ရေပေါင်းစုံကျေးရွာနေ နေ၀င်းထွန်း(၂၇)နှစ် မောင်းနှင်လာသော ၆က/xxxx ကယ်ရီနာ အဖြူရောင်ယာဉ်တို့ မတော်တဆမှုဖြစ်ပွားခဲ့ရာ ရဲတပ်သား လေးမြင့်က ရဲစခန်းသို့ပို့အပ်ခဲ့ခြင်းအပေါ် နေ၀င်းထွန်း၏ အသိမိတ်ဆွေဖြစ်သူ ဘီလူး(ခ) အောင်နိုင်ဦးမှ မကျေနပ်သဖြင့် ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရ၍ ၎င်းအား မိတ်္ထီလာမြို့မရဲစခန်း (ပ)၅၀၀/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၉၄/၃၃၂/၅၀၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/pages/%E1%80%9B%E1%80%B2%E1%80%87%E1%80%AC%E1%80%94%E1%80%8A%E1%80%B9/463287083724096?fref=nf


တာဝန်အရဆောင်ရွက်သည့် ပြည်သူ့ဝန်ထမ်းကို ရိုက်နှက်သူအား အရေးယူထား တာဝန်အရဆောင်ရွက်သည့် ပြည်သူ့ဝန်ထမ်းကို ရိုက်နှက်သူအား အရေးယူထား Reviewed by သစ်ထူးလွင် on 19:38 Rating: 5
Powered by Blogger.