ပဟေဠိအပေါင်းနှင့် ခေါင်းလောင်းတော်ကြီး ဓမ္မစေတီ(၂)

ကလျာဏီမွန်ကျောက်စာ စာ မျက်နှာ၇၇-၈ဝ တွင် ''သက္ကရာဇ် ၈၃၈ ခု၌ ရာဇာဓိပတိမင်းကြီး သည် ခေါင်းလောင်းတော်ကြီးကို ဆံတော်ဓာတ်တော်စေတီအား ပူဇော်အံ့သောငှာ သီတင်းကျွတ် လဆန်း ၈ရက် ကြာသပတေးနေ့ လှေဖောင်ထက်ဆောက်အပ်သော ရွှေရောင်တောက် ရွှန်းစုလစ်မွန်း ချွန်ရှိသော ပြာသာဒ်ထက် စီတော် မူလျက် သိကြားမင်း၏ဗိမာန်နှင့် တူသောဣန္ဒဂိမာနအမည်ရှိသော ရွှေလှေရွှေလောင်းအမှူးရှိသော လှေပေါင်းရံ၍ အစဉ်သဖြင့်သွား လေသော်တိဂုံ (ဒဂုန်)မြို့သို့ရောက် လေ၏။ ......။ ထို့နောက် သူ့ရှင်သည် သုံးရက်ပတ်လုံးကြီး စွာသော မင်္ဂလာသဘင်ပြုစေ၍ သီတင်းကျွတ်လပြည့်ကြာသပတေး နေ့၌ ဆံတော်ဓာတ်ခြေရင်းသို့ တက်၍ ခေါင်းလောင်းကြီးကို ပူ ဇော်တော်မူ၏''ဟူ၍ ဓမ္မစေတီ မင်းကြီးကိုယ်တိုင် ရွှေတိဂုံစေတီ တော်တွင် ခေါင်းလောင်းကြီးလှူခဲ့ ကြောင်း ကျောက်စာရေးထိုး မှတ် တမ်းတင်ခဲ့သည်။ ဤအထောက် အထားများကို ဆင်ခြင်ခြင်းအား ဖြင့်ဓမ္မစေတီ မင်းခေါင်းလောင်း တော်ကြီး အမှန်တကယ်ရှိခဲ့၊ မရှိခဲ့ ကို ဝေခွဲနိုင်လောက်သည်ဟုယူ ပါသည်။

ဓမ္မစေတီ မင်းခေါင်းလောင်း ကြီးတွင် ကြေးအချိန်တစ်သိန်းရှစ် သောင်းအမှန်ရှိခဲ့ပါသလား။ ဓမ္မ စေတီခေါင်းလောင်းတော်ကြီးမှာ နှစ်ပေါင်းများစွာက ကျော်စောခဲ့ သည့်အတိုင်း ကြေးစင်အချိန် တစ် သိန်းရှစ်သောင်း၊ ဇောက်တစ် ဆယ့်ခုနစ်တောင်၊ အဝငါးတောင် ရှိခဲ့ကြောင်း တညီတညွတ်တည်း ယုံကြည်ရန် ခက်ခဲခြင်းရှိလာခဲ့ပါ သည်။ကြေးစင်တစ်သိန်းရှစ်သောင်း ကိုလက်ခံသကဲ့သို့ တစ်သောင်း ရှစ်ထောင်ကို လက်ခံခြင်း အယူ အဆကွဲများလည်း ရှိပါသည်။ တစ်သောင်းရှစ်ထောင်ပင် မရှိနိုင် ဟုမှန်းဆသည်လည်း ရှိပါသည်။ သက်တမ်းအားဖြင့် နှစ်ပေါင်း ၅ဝဝ ကျော်ကြာမြင့်ခဲ့ပြီး နှစ်ပေါင်း ၄ဝဝ ကျော် ရေထဲတွင်နစ်မြုပ်နေသည် ဆိုသောဓမ္မစေတီမင်းခေါင်းလောင်း ကြီးနှင့် စပ်လျဉ်းသည့် အတိုင်း အတာတို့ကို ရှေးလူကြီးများအစဉ် အဆက် ကမ္ပည်းတင်ထားခဲ့သမျှ အားမျက်ကွယ်ပြု၍ ၂၁ ရာစု မျက်လုံးများဖြင့် မှန်းဆမြင်ကြည့် ခြင်းသည် မမျှတနိုင်ဟု စဉ်းစား ကြည့်ဖူးပါသည်။ ယခုအခါ ဓမ္မ စေတီမင်းခေါင်းလောင်းတော်ကြီး ကိုဆယ်ယူနေသည်ဖြစ်၍ အောင် မြင်ပါက ၄င်းပဟေဠိကို ဖြေရှင်း ပြီးသားဖြစ်ပါမည်။ မည်သို့ပင် ဖြစ်စေ ခေါင်းလောင်းကြီးအတိုင်း အတာနှင့်ပတ်သက်သည့် ရှေးက ဘိုးဘတို့ လုံ့လပြုခဲ့သည့် အမှတ် အသားများကို သိသာနိုင်ရန် ရည်ရွယ်တင်ပြပါမည်။

ဓမ္မစေတီမင်း ခေါင်းလောင်း တော်ကြီးနှင့်စပ်လျဉ်းသည့် မှတ် တမ်းအက္ခရာတို့ကို ရွှေလှံတောင် ကျောင်းဆရာတော် အရိယဝံသ အာဒိစ္စရံသီ စီရင်သည့် ရွှေတိဂုံ သမိုင်းတော်သစ်တွင် အတော်ပင် ပြည့်ပြည့်စုံစုံတွေ့နိုင်ကြပါသည်။ ထိုကျမ်းစာမျက်နှာ ၁ဝဝနှင့် ၁၅ဝ တို့တွင် ''ရွှေတိဂုံ ဆံတော်ဝင် စေတီတော်ရင်ပြင်၌ ရေစက်ချ၍ ကိုယ်လေးတော်ရွှေကို ရွှေမျက်ပါး ခတ်၍ ကြာနု၊ ကြာပျံ၊ ဖောင်းမ အောက် အကုန်မွမ်းမံ၍ ကြေးစင် အချိန် တစ်သိန်းရှစ်သောင်း၊ ဇောက် တစ်ဆယ့်ခုနစ်တောင်၊ အဝ ငါးတောင်ရှိ ခေါင်းလောင်း ကြီးတစ်လုံးနှင့် အချိန်ငါးရာရှိ ခေါင်းလောင်းငယ်တစ်လုံးကိုလဲ လှူတော်မူသည်''ဟု ဖော်ပြထား ပါသည်။ ဆရာမောင်ဆုရှင်၏ မြတ်ဘုရားရွှေတိဂုံ စာမျက်နှာ ၅ဝ တွင် ''ထို့ပြင်လည်း အလေး ချိန်ပိဿာ ၁၈ဝဝဝဝရှိသောကြေး ခေါင်းလောင်းကြီးကိုသွန်းလုပ်၍ စေတီတော်သို့ လှူတော်မူသည်။ ထိုခေါင်းလောင်းကြီးသည် အဝ ရှစ်တောင်၊ ဇောက် ၁၂ တောင်ရှိ လေသည်'' ဟုဖော်ပြထားသည်။

ကလျာဏီကျောက်စာတွင် ''ကောဇာနှစ် ၈၃၈ ခု သီတင်း ကျွတ်လပြည့်နေ့၌ ဓမ္မစေတီ မင်းကြီးသည် ကြေးချိန်သုံးထောင် ရှိခေါင်းလောင်းကြီးကို တိဂုံ ဆံတော်ရှင်အား လှူဒါန်း၏'' ဟု ဖော်ပြထားချက်ကို ကျိုက္ကစံ ဆံတော်ရှင်သမိုင်းသစ် စာမျက်နှာ ၃၃၄တွင် ရှင်းပြထားချက်မှာ စိတ် ဝင်စားဖွယ်ဖြစ်သည့်အပြင် ခေါင်း လောင်းကြီး၏ အလေးချိန်နှင့် ပတ်သက်သည့် အယူအဆသစ် တစ်ခုအဖြစ် ဖတ်မှတ်ရသည်။
''ကြေးအချိန် သုံးထောင်ရှိ ခေါင်းလောင်းကြီးကိုတိဂုံဆံတော် ရှင်အားလှူဒါန်း၏''ဟု ကလျာဏီ ကျောက်စာဆို၏။ အချိန်သည် အဘယ်လောက်ရှိသနည်းဟူမူ ဓာရဏာနိပလံဒလ၊ တူလာပလ သတဍာထဟူသော အဘိဓာန် အဆိုအရ လေးဓာရဏ။ ဓာရဏ ဆယ်ခုသည် တမိုက်တူရကား အကျပ်လေးဆယ်တစ်ဖိုလ်၊ ဖိုလ် တစ်ရာသည် အချိန်မည်၏။ ထို ချိန်သုံးထောင်ရှိသည်ဟု ဆိုလို သည်။ ထိုချိန်သုံးထောင်သည် ပိဿာအားဖြင့်တစ်သိန်းနှစ်သောင်း ရှိ၏။'' ဟုဖော်ပြထားပါသည်။ ကျိုက္ကစံဆံတော်ရှင်သမိုင်းသစ် အလိုအရ ခေါင်းလောင်းတော်ကြီး ၏အလေးချိန်မှာပိဿာ ၁၂ဝဝဝဝ ဖြစ်ပါသည်။ ရွှေမော်ဓော ရာဇဝင် သမိုင်း စာမျက်နှာ ၁၂၃ တွင်မူ ''မိဖုရား ကိုယ်လေးရွှေချိန်ပြီး လျှင် တိဂုံဆံတော်ရှင်ဘုရားကို ရွှေသင်္ကန်းကပ်တော်မူသည်။ ကြေး အချိန်ပိဿာ ၁ဝဝဝဝဝ ကိုလည်း ခေါင်းလောင်းသွန်း၍ တင်ထား လှူဒါန်းတော်မူသည်''ဟု ဖော်ပြ ထားရာကျိုက္ကစံဆံတော်ရှင် သမိုင်း သစ်အလိုအရ ခေါင်းလောင်းတော် ကြီး၏အလေးချိန်မှာ ပိဿာတစ်သိန်း ဖြစ်ကြောင်း တွေ့ရပါသည်။

ဟံသာဝတီခေတ် မော်ကွန်း တင်စာတမ်းများ စာမျက်နှာ ၃၂၅၊ ၃၂၆ ၌ရှိသော ဟံသာဝတီ ခေတ် သာသနာရေးအခြေအနေ တွင်''ရွှေတိဂုံစေတီတော်အား ဓမ္မ စေတီမင်းလှူဒါန်းသည့် ကုသိုလ် တော်များအနက် ထူးခြားသည့် ကုသိုလ်တော်တစ်ခုမှာအစိန္ဒဆောက် အမည်ရှိသော ခေါင်းလောင်းကြီး ပင်ဖြစ်သည်။ ယင်းခေါင်းလောင်း ကြီးကို ဓမ္မစေတီမင်းသည် ခရစ် နှစ် ၁၄၇၆ခုနှစ်တွင် ရေစက်သွန်း ချလှူဒါန်းသည်ဟု မှတ်တမ်းများ အရသိရသည်။ ခေါင်းလောင်းကြီး မှာကြေးချိန် ၁၈ဝဝဝ (၂၉တန်ခန့်) စီး၍အဝခုနစ်တောင်၊ အမြင့် ၁၂ တောင်ရှိသည်''ဟု ဖော်ပြထား သည်။ အဆိုပါစာတမ်းအလိုအရ ခေါင်းလောင်းကြီး၏အလေးချိန် မှာပိဿာတစ်သောင်းရှစ်ထောင် ဖြစ်ကြောင်း ဖတ်မှတ်ရပါသည်။

သန်လျင်ရာဇဝင် စာမျက်နှာ ၅၂ တွင် ''ဓမ္မစေတီကိုယ်အလေး နှင့်ရှင်မိဖုရားကိုယ်လေးကို ရွှေနိုင်း ချင်းခတ်ပြီးလျှင် ရွှေပုဇွန်ခွန်ခတ် ၍လွှမ်းတော်မူသည်။ ခေါင်းလောင်း ကြီးအဝ ရှစ်တောင်၊ ဇောက် ၁၂ တောင် ကြေးချိန်ပိဿာတစ်သိန်း ရှစ်သောင်းကိုလဲ သွန်းလုပ်၍ လှူ တော်မူပြန်သည်။''ဟု ဖော်ပြ ထားပြန်သည်။ အလားတူပင် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဦးလင်းရေးသားသော ရွှေတိဂုံ သမိုင်းတော် မူဟောင်းနှင့် မူသစ် ကျယ်စာမျက်နှာ ၁၆ဝ တွင် ''၆။ သက္ကရာဇ် ၈၃၄-ခုနှစ်တွင် သမက် တော်ဓမ္မစေတီမင်းပြု၏။ ရွှေတိဂုံ စေတီတော်ကို ရွှေချ၍အချိန်တစ် သိန်းရှစ်သောင်း၊ ဇောက်တစ်ဆယ့် ခုနစ်တောင်၊ အဝငါးတောင်ရှိ သောခေါင်းလောင်းကြီးတစ်လုံး၊ အချိန်ငါးရာရှိသော ခေါင်းလောင်း ငယ်တစ်လုံး လှူတော်မူ၏''ဟု အတိအကျ ရေးသွင်းမှတ်တမ်း တင်ခဲ့သည်။ ထိုကဲ့သို့ အံ့မခန်း ကြီးမားသော ခေါင်းလောင်းကြီး ကိုသွန်းလုပ်ရန်မည်ကဲ့သို့အစပျိုး ဖြစ်ခဲ့သည်ကို မြန်မာ့ဂုဏ်ရည် ရာဇဝင်ဖတ်စာ ဒုတိယပိုင်းစာ မျက်နှာ ၃၆၇၊၃၆၈ ဖော်ပြထား ချက်များ၌ အသေးစိတ်ဖတ်ခွင့် ရနိုင်သည်။
''တစ်ရံခါသော် ဓမ္မစေတီမင်း သည်အမြို့မြို့တွင် အိမ်ရှိစာရင်းကို ယူစေရာစာရင်းယူသော အမတ် လေးယောက်တို့သည် စာရင်းယူရုံ သာမဟုတ် ယုံမှတ်ကြေးလည်း ကောက်ရမည်ထင်၍ ကောက်ပြီး လျှင်ရသောကြေး တစ်သန်းရှစ် သိန်းကို မင်းကြီးအား ဆက်လေ သည်။ မင်းကြီးလည်းအိမ်ရှိကိုသာ သိလို၍ ခန့်ထားသည်။ ဆင်းရဲသူ ဆင်းရဲသားတို့ထံမှ ကြေးကို ကောက်ယူကောင်းမည်လောဟု အမတ်လေးယောက်ကို အပြစ်ပေး လျက် ကြေးများကိုပြန်ပေးစေဟု မိန့်တော်မူလေ၏။ ထိုအခါဆင်းရဲ သားတို့က ကျွန်တော်တို့ပြန်၍ မယူလိုပါပြီ၊ တော်သင့်ရာကောင်း မှုတစ်စုံတစ်ခု ပြုတော်မူပါဟု လျှောက်ကြ၏။ လျှောက်ကြသည့် အတိုင်း တိဂုံဆံတော်ရှင်တွင် ဆွဲ လှူရန် ခေါင်းလောင်းကြီးသွန်း စေဟု ဗညားအိန်အမတ်ကြီးကို ခန့်တော်မူ၏။ အမတ်ကြီးလည်း ဇောက်တစ်ဆယ့်နှစ်တောင် အဝ ခုနစ်တောင်ရှိ ခေါင်းလောင်းကြီး ကို သွန်း၏''ဟု အမှတ်အသားပြု ထားသည်မှာ ခေါင်းလောင်းကြီး နှင့်ပတ်သက်သည့် အထောက် အထားကောင်းဖြစ်ပါသည်။ ဓမ္မ စေတီမင်းသည် ကမ္ဘာစံချိန်တင် ကြေးအလေးချိန်ရှိသော ခေါင်း လောင်းကြီးကို သွန်းလုပ်နိုင်မှု အတွက် နှောင်းလူများယုံမှား သံသယဖြစ်နိုင်ခြေကို ရွှေမောဓော သမိုင်းကိုရေးသားသော စာသင် ဆရာ-မောင်ဘူဟူသည့် ပညာရှင် သည် ကြိုတင်စဉ်းစားမိဟန်ရှိ သည်။ ဓမ္မစေတီမင်းနန်းမတက် မီ ၂၅နှစ်က ဟံသာဝတီထီးနန်း ကိုဆက်ခံသော ဗညားပရူမင်း လက်ထက်က ဖြစ်ရပ်အချို့ကို ဖော်ပြရာတွင် ကြေးနှင့်ဆိုင်သော တရားစီရင်မှုကိုထည့်သွင်းရေးသွင်း မှတ်သားခဲ့သည်။ ဆရာမောင်ဘူ ရေးသားသည့် ရွှေမောဓောသမိုင်း စာမျက်နှာ ၁၁၄တွင် ''ကောက် ညှင်းပေါင်းရောင်းသော သူငယ်မ တစ်ယောက် မင်း၏ဝင်းတော် အပါးသို့ လှည့်ပတ်ရောင်းလေရာ နန်းတော်က လူပျိုတော်တစ် ယောက်ထွက်လာ၍ ကြေးသုံး ပိဿာအဖိုးတန် ပါလာသော ကောက်ညှင်းပေါင်းကို ကြေးတစ် ပိဿာပေး၍ အနိုင်အထက်အကုန် ယူလိုက်သည်နှင့် သူငယ်မလည်း ကိုးကွယ်ရာမရခြင်းကြောင့် သံ ကုန်ဟစ်၍ငိုရာ ဘုရင်မင်းမြတ် လည်း အမှတ်မဲ့ထွက်တော်မူခိုက် ဖြစ်၍ ရွှေနားတော်ကြားလေ လျှင်''ဟု ဖော်ပြပါရှိလေရာ ဓမ္မ စေတီမင်းလက်ထက်ကာလတွင် သူငယ်မတစ်ယောက် တစ်ရွက် တစ်နိုင်သယ်ယူနိုင်သော ကောက် ညှင်းပေါင်း၏တန်ဖိုးသည်ပင်ကြေး အချိန်သုံးပိဿာတန်သည်ဟုသိနိုင် ရာ ထိုစဉ်ကကြေးသတ္တု မည်မျှ ပေါများကြောင်းကို ခန့်မှန်းနိုင်ခွင့် ရပေသည်။

မောင်ချိုဝေ
The Union Daily
https://www.facebook.com/pages/The-Union-Daily/139677556201764


ပဟေဠိအပေါင်းနှင့် ခေါင်းလောင်းတော်ကြီး ဓမ္မစေတီ(၂) ပဟေဠိအပေါင်းနှင့် ခေါင်းလောင်းတော်ကြီး ဓမ္မစေတီ(၂) Reviewed by သစ်ထူးလွင် on 17:30 Rating: 5
Powered by Blogger.