ပဲခူးစစ်တောင်းတူးမြောင်းအတွင်း ပန်ကာကြိုးပြတ်သောစက်လှေ တံတားအားတိုက်မိပြီးနစ်မြုပ်

နေပြည်တော်၊ သြဂုတ် ၂၄

၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့ ညနေ ၃ နာရီ ၁၅ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ သနပ္ပင်မြို့နယ်၊ ဘူတာပိုင်းရပ်ကွက်ရှိ ပဲခူးစစ်တောင်းတူးမြောင်း၊ ကွင်းပဲ့ထောင်ဂိတ်မှ ကုလားချောင်းကြီး ကျေးရွာနေ မောင်မောင်ရွှေ(၃၅)နှစ်မောင်းနှင်ပြီး ခရီးသည် ကျား ၅ ဦး၊ မ ၁၃ ဦး၊ စုစုပေါင်း (၁၈)ဦးနှင့် ကုန်ပစ္စည်းများတင်ဆောင်ထားသော အရှည်(၄၅)ပေ၊ အကျယ်(၄)ပေခန့်ရှိ ဟိုင်းလတ် 2C ကားအင်ဂျင်တပ်စက်လှေသည် ကုလားချောင်းကြီးကျေးရွာသို့ မောင်းနှင်ထွက်ခွာစဉ် ပန်ကာကြိုးပြတ်ကာ ကွင်းပဲ့ထောင်ဂိတ်နှင့်ကပ်လျက်ရှိ မြို့လယ်ဘေလီတံတားအား ၀င်ရောက်တိုက်မိနစ်မြုပ်သွားခဲ့သည်။

 အဆိုပါနစ်မြုပ်သည့်စက်လှေပေါ်တွင်လိုက်ပါလာသူခရီးသည်(၁၈)ဦးအနက် ခရီးသည် ကျား ၄ ဦး၊ မ ၁၂ ဦးတို့အား ကယ်ဆယ်ရရှိခဲ့သော်လည်း ကုလားချောင်းကြီးကျေးရွာနေ ဦးအောင်မြင့်စိန်(၄၀)နှစ်နှင့် မပန်းဝတ်မှုံ(၁၆)နှစ်တို့ ၂ ဦး ပျောက်ဆုံးလျက်ရှိသဖြင့် သနပ္ပင်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ မြို့နယ် ရေယာဉ်အသင်းနှင့် လှေသမားများမှ တူးမြောင်းတစ်လျှောက် လိုက်လံရှာဖွေလျက်ရှိပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ သနပ္ပင်မြို့မရဲစခန်း(ပ)၃၂/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၀/၂၀၂ ဖြင့် အမှုဖွင့်အရေးယူထားကာ ထွက်ပြေးတိမ်းရှောင်နေသည့် ရေယာဉ်မောင်း မောင်မောင်ရွှေအား ဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/pages/%E1%80%9B%E1%80%B2%E1%80%87%E1%80%AC%E1%80%94%E1%80%8A%E1%80%B9/463287083724096

ပဲခူးစစ်တောင်းတူးမြောင်းအတွင်း ပန်ကာကြိုးပြတ်သောစက်လှေ တံတားအားတိုက်မိပြီးနစ်မြုပ် ပဲခူးစစ်တောင်းတူးမြောင်းအတွင်း ပန်ကာကြိုးပြတ်သောစက်လှေ တံတားအားတိုက်မိပြီးနစ်မြုပ် Reviewed by သစ်ထူးလွင် on 18:18 Rating: 5
Powered by Blogger.