ခရီးသည်တင်ယာဉ်မှ စက်ဘီးကိုနောက်မှ တိုက်မိသဖြင့် (၁)ဦးသေ၊ (၁)ဦးဒဏ်ရာရ

ရန်ကုန်၊ သြဂုတ် ၂၁

၂၀.၈.၂၀၁၄ရက်နေ့ ၀၇၁၅အချိန် မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေး ဘုရားလမ်း အတိုင်း ကမ္ဘာအေး ဘက်မှ ဆီးဒိုးနား ဟိုတယ်ဘက်သို့ ကြည့်မြင်တိုင်မြို့နယ်နေ ယာဉ်မောင်း ကိုအောင်စောဝင်း (၄၀)နှစ် မောင်းနှင်လာသော ဇ/---- BMအမျိုးအစား(၂၄၆)ယာဉ်လိုင်း ခရီးသည်တင်ယာဉ်သည် ကမ္ဘာအေး ဘုရားလမ်းနှင့် သစ္စာလမ်းဆုံ မီးပွိုင့်အရောက် ၎င်း၏ရှေ့မှ ကိုထွန်းထွန်းဝင်း (၁၉)နှစ် စီးနင်း
သွားနေသော စက်ဘီးကို ဝင်ရောက်တိုက်မိ ခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် စက်ဘီးပျက်စီးခဲ့သည့်အပြင် စက်ဘီး၏နောက်တွင် စီးနင်း လိုက်ပါလာသူ ကိုဇော်မျိုးဝင်း (၂၄)နှစ်မှာ ယာလက်ဖျံစုတ်ပြဲဒဏ်ရာ၊ ဦးခေါင်း၊ ဝဲခြေသလုံးတို့၌ ကြေမွဒဏ်ရာ များရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး စက်ဘီးနင်းသူ ကိုထွန်းထွန်းဝင်း၌ ပွန်းပဲ့၊ နာကျင်ဒဏ်ရာများ ရရှိခဲ့သဖြင့် ရန်ကုန် ပြည်သူ့  ဆေးရုံကြီးတွင် ပြင်ပလူနာအဖြစ် ကုသခဲ့ရပါသည်။

ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း ကိုအောင်စောဝင်းအား မရမ်းကုန်းမြို့မရဲစခန်းယာဉ် (ပ)၈၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၇/၂၇၉ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice?fref=nf


ခရီးသည်တင်ယာဉ်မှ စက်ဘီးကိုနောက်မှ တိုက်မိသဖြင့် (၁)ဦးသေ၊ (၁)ဦးဒဏ်ရာရ   ခရီးသည်တင်ယာဉ်မှ စက်ဘီးကိုနောက်မှ တိုက်မိသဖြင့် (၁)ဦးသေ၊ (၁)ဦးဒဏ်ရာရ Reviewed by သစ်ထူးလွင် on 11:48 Rating: 5
Powered by Blogger.