လမ်းပြောင်းပြန် မောင်းနှင်လို့ ယာဉ်တိုက်မှုဖြစ်

 မဟာဗန္ဓုလ တံတား အဆင်းတွင် လမ်းပြောင်းပြန် မောင်းနှင်လာသော ယာဉ်မှ လမ်းလယ်ကတ်တုံး၊ ယာဉ်(၁)စီးနှင့် တံတားလက်ရန်းတို့အား တိုက်မိမှုဖြစ်

ရန်ကုန်၊ သြဂုတ် ၂၁

၂၀.၈.၂၀၁၄ရက်နေ့ ၁၈၀၀အချိန် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ ယာဉ်မောင်းသိန်းဇော် မောင်းနှင်လာသော ယာဉ်အမှတ် 5C---နီဆန်းဒီဇယ်ကွန်တိန်နာ ယာဉ်သည် ဒေါပုံမြို့နယ်၊ မဟာဗန္ဓုလတံတားအဆင်းလမ်းအတိုင်း ဗိုလ်တထောင်ဘက်မှ ဒေါပုံဘက်သို့ တစ်ဘက်ယာဉ်ကြောမှ လမ်းပြောင်းပြန်မောင်းနှင်လာစဉ် အရှိန်လွန်ကာ လမ်းလယ်ကတ်တုံးများကို တိုက်မိပြီးနောက် ၎င်း၏ရှေ့ရှိ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ ယာဉ်မောင်း ဒေါ်လှဝင်းတင် မောင်းနှင်နေသော 4A---- PAJERO အနက်ရောင်ယာဉ်နှင့် တံတားယာဘက်လက်ရန်းတို့အား ဆက်လက်တိုက်မိခဲ့ပြီး ယာဉ်မောင်းမှာ အခင်းဖြစ်နေရာတွင်ယာဉ်ကို ထားကာ ထွက်ပြေး တိမ်းရှောင်သွား ခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် တံတားယာဘက်လက်ရန်း အခန်း(၄)ခန်းနှင့် ယာဉ်များ ပျက်စီးသွားခဲ့ပြီး 4A---ယာဉ်မောင်း ဒေါ်လှဝင်းတင်တွင် ဖူးရောင်၊ နာကျင်ဒဏ်ရာ များရရှိခဲ့သဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ပြင်ပလူနာ အဖြစ်ကုသခဲ့ရပါသည်။

ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်သဖြင့် ယာဉ်တိုက်မှုဖြစ်ကာ ထွက်ပြေးတိမ်းရှောင်သွားသူ ယာဉ်မောင်း သိန်းဇော်အား ဒေါပုံမြို့မရဲစခန်းယာဉ် (ပ)၃၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၂၇၉/၂၀၂ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice?fref=nf


လမ်းပြောင်းပြန် မောင်းနှင်လို့ ယာဉ်တိုက်မှုဖြစ်   လမ်းပြောင်းပြန် မောင်းနှင်လို့ ယာဉ်တိုက်မှုဖြစ် Reviewed by သစ်ထူးလွင် on 11:52 Rating: 5
Powered by Blogger.