ပဲခူးမြို့နယ်၊ ကင်းပိုင်ကျုံကျေးရွာတွင် လူသတ်မှုဖြစ်ပွား


၁၄-၄-၂၀၁၄ ရက်နေ့ ညနေ(၅း၃၀)အချိန်တွင် ပဲခူးမြို့နယ်၊ ကင်းပိုင်ကျုံကျေးရွာတွင် လူသတ်မှုဖြစ်ပွားခဲ့သည်။

ကင်းပိုင်ကျုံ ကျေးရွာနေ ဒေါ်မြင့်၏ခင်ပွန်း စိုးသိန်းသည် တစ်ရွာတည်းနေ အောင်မြင့်နှင့် စန်းဦး၏နေအိမ်တွင် အရက်သောက်နေစဉ် အောင်မြင့်မှ စိုးသိန်းအား ဇနီးသည်ကိစ္စဖြင့် မဖွယ်မရာစကားများရာ ဒေါ်မြင့်မှ ခင်ပွန်းဖြစ်သူ စိုးသိန်းအား နေအိမ်သို့ပြန်ခေါ်သွားခဲ့ကြောင်း၊ အောင်မြင့်မှ နောက်ကလိုက်သွားပြီး အရိုးအသွား(၂)ပေခွဲခန့်ရှိ ဓါးရှည်ဖြင့်ခုတ်ခဲ့ရာ စိုးသိန်းတွင် ယာဘက်လက်မောင်းပြတ်ရှဒဏ်ရာ(၁)ချက်ရရှိခဲ့ပြီး စိုးသိန်းမှ အောင်မြင့်အား ခြံဝန်းအတွင်းရှိ အရှည်(၁)တောင်ခန့်ရှိသော ဒါးမဖြင့် ပြန်ခုတ်ခဲ့ရာ အောင်မြင့်တွင် ယာပါးပြတ်ရှဒဏ်ရာ၊ ၀ဲလက်ဖျံ ပြတ်ရှဒဏ်ရာ(၁)ချက်တို့ အသီးသီးရရှိခဲ့ပါသည်။

ဒဏ်ရာရရှိသူ စိုးသိန်းအား ပဲခူးဆေးရုံသို့ပို့ဆောင်စဉ် သွေးပြန်ကြောမှသွေးထွက်လွန်၍ ပဲခူးဆေးရုံ၌သေဆုံးသွားခဲ့သဖြင့် အင်းတကော်နယ်မြေရဲစခန်း (ပ)၅၉/၂၀၁၄ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ၊ ၃၀၂ အရ အမှုဖွင့်အရေးယူခဲ့သည်။

အမှုမှတရားခံ အောင်မြင့် (၄၂)နှစ် (ဘ)ဦးဖိုး၊ ကျဘမ်း၊ ကင်းပိုင်ချုံကျေးရွာ၊ ပဲခူးမြို့နယ်နေသူအား အင်းတကော်နယ်မြေရဲစခန်းမှ ၁၄-၄-၂၀၁၄ ရက်နေ့ ည(၂၂း၁၅)အချိန် တွင် အမှုဖြင့်ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။

Ko Thant Zin

BY THIT HTOO LWIN


ပဲခူးမြို့နယ်၊ ကင်းပိုင်ကျုံကျေးရွာတွင် လူသတ်မှုဖြစ်ပွား ပဲခူးမြို့နယ်၊ ကင်းပိုင်ကျုံကျေးရွာတွင် လူသတ်မှုဖြစ်ပွား Reviewed by သစ်ထူးလွင် on 08:57 Rating: 5
Powered by Blogger.