ခမရ(၅၆၅)မှ ဗိုလ်ကြီးတစ်ဦး ရခိုင်လူငယ်တစ်ဦးကို ရိုက်နှက်


ရခိုင်ပြည်နယ် ဘူးသီးတောင်တပ်နယ် အမှတ်(၁၅) စကခ လက်အောက်ခံ ခမရ (၅၆၅)မှ တပ်ထောက်ဗိုလ်ကြီး အောင်မိုးဦး(ကြည်း ၃၉၇၈၄) နှင့် တပ်သား ဆန်းမြင့်တို့နှစ်ဦးသည် ဧပြီလ (၁၃)ရက်၊ ညနေ(၅)ခန့်တွင် ဆိုင်ကယ် အငှါးမောင်းနေသည့် ကွန်ဒိုင်ရွာမှ ကိုဇော်ဝင်းမောင်(မှတ်ပုံတင်- ၁၁/ဘသတ (နိုင်) ၀၂၉၉၉၇) (ဘ) ဦးထွန်းအောင်ဖြူအား ပြင်းပြင်းထန်ထန် ရိုက်နှက် ထိုးပုတ်ခဲ့ကြောင်း သစ်ထူးလွင် မှ သတင်းရရှိပါသည်။

“တပ်သားဆန်းမြင့်က ကျွန်တော့်ကိုဖမ်းချုပ်ထားပြီး ဗိုလ်ကြီးအောင်မိုးဦးက လည်ပင်းကိုတအားဖျစ်ဆုတ်ကိုင်ပြီး ပါးနှစ်ဖက်ကို လက်ဖဝါးရင်းနဲ့ တအား အကြိမ်ပေါင်းများစွာ ရိုက်နှက်ပါတယ်” ဟုကိုဇော်ဝင်းမောင်က ပြောပြပါသည်။

ထိုသို့ရိုက်နှက်ရသည်မှာ ဘင်္ဂါလီလူမျိုး စိုးနိုင်(ခ)ချိုင်းနား (ဘ) နော်ရူဇမာန်ဆိုသူသည် ထိုဗိုလ်ကြီးအဖွဲ့နှင့် ပူးပေါင်းကာ အနိုင်ကျင့် ဗိုလ်ကျနေကြောင်း၊ ဆိုင်ကယ်အငှါး ဆွဲရာတွင်လည်း လိုင်းကြေးမသွင်းဘဲ စစ်တပ်အားကိုးဖြင့် တိုင်းရင်းသား ဆိုင်ကယ်အငှါးသူများကို အနိုင်ကျင့်ပြီး ပြုလုပ်နေကြောင်း ကိုဇော်ဝင်းမောင် ပြောပြချက်အရ သိရသည်။

ထိုဘင်္ဂါလီကို ထိုသို့မပြုလုပ်ရန် ကိုဇော်ဝင်းမောင်နှင့် ဆိုက်ကယ်အဖွဲ့က ပြောပြရာ အဆိုပါ စစ်ဗိုလ်ကြီးကို သွားတိုင်ပြီး ဆိုင်ကယ်ဂိတ်သို့ အဆိုပါ ဘင်္ဂါလီနှင့်အတူ တပ်သားဆန်းမြင့်နှင့် အဆိုပါ ဗိုလ်ကြီးတို့လိုက်လာပြီး အဆိုပါဘင်္ဂလီက ကိုဇော်ဝင်းမောင်ကို လက်ညှိုးထိုးကာ ရိုက်နှက်စေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ထိုကိစ္စအား စကခ(၁၅)တပ်မမှူးကို တိုင်တန်းထားပြီး ဖြစ်သည်ဟုလည်း သိရပါသည်။

ကိုဇော်ဝင်းမောင်မှာ အဆိုပါ ဒဏ်ရာဖြင့် ဖျားနာပြီး ဆေးကုသ ခံလျှက်ရှိကြောင်း သိရသည်။ ဘူးသီးတောင်မြို့နယ်တွင် ရခိုင်လူမျိုးများမှာ (၁၀%)နှုန်းခန့်ရှိနေပြီး ဘင်္ဂါလီ အကြမ်းဖက်များ အမျိုးမျိုး ခြိမ်းခြောက်မှုများကြားတွင် ခက်ခက်ခဲခဲ ရုန်းကန်လုပ်စား နေကြရာတွင် ယခုလို စစ်တပ်နှင့် အာဏာပိုင်များသည်လည်း ဘင်္ဂါလီများနှင့် ပူးပေါင်းကာ ငွေယူ၍ ရခိုင်အပါအဝင်တိုင်းရင်းသားများကို မကြာခဏ အနိုင်ကျင့် ဗိုလ်ကျမှုများ မကြခဏဆိုသလို တွေ့နေရကြောင်း ဒေသခံ တိုင်းရင်းသားများက သစ်ထူးလွင် ၀က်ဆိုက် အား ပြောကြားပါသည်။

BY THIT HTOO LWIN



ခမရ(၅၆၅)မှ ဗိုလ်ကြီးတစ်ဦး ရခိုင်လူငယ်တစ်ဦးကို ရိုက်နှက် ခမရ(၅၆၅)မှ ဗိုလ်ကြီးတစ်ဦး ရခိုင်လူငယ်တစ်ဦးကို ရိုက်နှက် Reviewed by သစ်ထူးလွင် on 09:16 Rating: 5
Powered by Blogger.