ပဲခူးမြို့၊ နန်းတော်ရာရပ်ကွက်တွင် မုဒိမ်းမှုဖြစ်ပွား

 ၁၄-၄-၂၀၁၄ ရက်နေ့ နေ့လည်(၁၃း၃၀)အချိန်တွင် ပဲခူးမြို့၊ နန်းတော်ရာ ရပ်ကွက်တွင် မုဒိမ်းမှု ဖြစ်ပွားခဲ့သည်။

၁၄-၄-၂၀၁၄ ရက်နေ့ (၁၂)နာရီအချိန်တွင် မ***** (၁၅)နှစ် (ဘ)ဦး******၊ မှီခို၊ အင်းဝင်(၁)လမ်း၊ နန်းတော်ရာ ရပ်ကွက်နေသူသည် အလင်းရောင်(၁)(၉)လမ်းနေ သူငယ်ချင်းဖြစ်သူ မထက်ထက်၏ နေအိမ်သို့ အလည်သွားရောက်ခဲ့ပြီး တပ်မ(၇၇)ဘက်သို့ ဆက်လက်ထွက်သွား ခဲ့ရာ ဘုရားအနောက်ဘက်မုဒ်အနီး အရောက်တွင် ယခင်က ရင်းနှီးခဲ့သော ကောင်းမြတ်နှင့်တွေ့ခဲ့ပြီး ကောင်းမြတ်မှ ထန်းရည်သောက်ရန်ခေါ်သဖြင့် ထန်းရည်သောက်ခဲ့ကြောင်း၊ ၄င်းနောက် ဥဿာ  (၁) လမ်း ရှိ ကုလားလေး၏ မဏ္ဍပ်တွင် အရက်ထပ်သောက်ခဲ့ရာ မ*****မှာ အမူးလွန်နေ၍ ကောင်းမြတ်မှ ၄င်း၏ နေအိမ်သို့ခေါ်ဆောင်သွားခဲ့ပြီး အလိုမတူဘဲ သားမယားအဖြစ်(၂)ကြိမ် ပြုကျင့်ခဲ့သဖြင့် အလိုမတူဘဲ သားမယား အဖြစ် ပြုကျင့်သူ ကောင်းမြတ် (၁၈)နှစ် (ဘ)ဦးကျော်၊ မှီခို၊ ဥဿာ (၂)လမ်း၊ နန်းတော်ရာရပ်ကွက်၊ ပဲခူးမြို့နေသူအား ပဲခူးမြို့၊ မြို့မရဲစခန်း (ပ)၂၄၄/၂၀၁၄ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ၊ ၃၇၆ အရ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

Ko Thant Zin

BY THIT HTOO LWIN


ပဲခူးမြို့၊ နန်းတော်ရာရပ်ကွက်တွင် မုဒိမ်းမှုဖြစ်ပွား ပဲခူးမြို့၊ နန်းတော်ရာရပ်ကွက်တွင် မုဒိမ်းမှုဖြစ်ပွား Reviewed by သစ်ထူးလွင် on 08:55 Rating: 5
Powered by Blogger.