ငါးရက်ကြာ ပျောက်သွားသော ကျောင်းသား အလောင်း မြစ်အတွင်း ၌တွေ့

ပြည်မြို့တွင် နေအိမ်မှ  ငါးရက်အကြာ ပျောက်ဆုံး သွားသော ကျောင်းသား တစ်ဦးကို နိုဝင်ဘာ ၂၅ ရက် ည ၁၂ နာရီခန့်တွင် ကြံခင်းမြို့နယ်၊ ဆိပ်သာမြို့ရဲကင်းအနီး ဧရာဝ တီမြစ်အတွင်း ရေလယ်ကျွန်း၌ သေဆုံး လျက်တွေ့ရှိခဲ့ကြောင်း ရဲအရာရှိတစ်ဦးက ပြောသည်။ သေဆုံးသူမှာ  ပြည် အထက (၅)မှ တက္ကသိုလ် ၀င်တန်း ကျောင်းသား တစ်ဦးဖြစ်ပြီး နိုဝင်ဘာ ၂၁ ရက် ညနေက ကျောင်းမှပြန်လာကာ ညနေ ၄ နာရီခန့်တွင် မိခင်ဖြစ်သူအား မုန့်သွား ၀ယ်မည်ဟု ခွင့်တောင်းကာ ဆိုင်ကယ်ဖြင့် အပြင်ထွက်သွား ခဲ့ရာမှ ပျောက်ဆုံး သွားခဲ့ခြင်း ဖြစ်ကြောင်း  မိဘများထံမှ သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




စင်ကာပူမှ မြန်မာနိုင်ငံသို့ အွန်လိုင်းမှ ငွေလွှဲဝန်ဆောင်မှု ပေးရန် ဧရာဝတီဘဏ်စီစဉ်


စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ အွန်လိုင်းမှတစ်ဆင့် ငွေလွှဲပို့သည့် ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ရန် စင်ကာပူ ဘဏ်တစ်ခု ဖြစ်သည့် Development Bank of Singapore (DBS) ဘဏ်နှင့် ဧရာဝတီဘဏ်တို့ နိုဝင်ဘာလ ၂၉ ရက်နေ့က လက်မှတ် ရေးထိုးလိုက်ပြီ ဖြစ်ကြောင်း ဧရာဝတီဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ စင်ကာပူနိုင်ငံမှ ငွေလွှဲမည့်သူများဘဏ်ကို သွားရောက်ရန် မလိုဘဲ မိုဘိုင်းလ်ဖုန်း၊ ကွန်ပျူတာမှတစ်ဆင့် လွှဲပြောင်းနိုင်မည့် အွန်လိုင်း ငွေလွှဲဝန်ဆောင်မှုကို အကျိုးတူ ပူးပေါင်း လုပ်ကိုင်နိုင်ရန် နိုဝင်ဘာလ ၂၉ ရက်နေ့က ဆီဒိုးနား ဟိုတယ်တွင် DBS Bank နှင့် ဧရာဝတီဘဏ်တို့ လက်မှတ် ရေးထိုးလိုက်ခြင်း ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



 

နိုဝင်ဘာလ (၃၀)ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် အပတ်စဉ်သတင်းစာ၊ အတွဲ(၂)၊ အမှတ်(၃၈)


နိုဝင်ဘာလ (၃၀)ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် အပတ်စဉ်သတင်းစာ၊ အတွဲ(၂)၊ အမှတ်(၃၈)

ဂျာနယ်ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



ဒီဇင်ဘာလ (၂)ရက်နေ့ ထုတ် The Voice Weekly Vol.9/No.47


ဒီဇင်ဘာလ (၂)ရက်နေ့ ထုတ် The Voice Weekly Vol.9/No.47

ဂျာနယ်ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



 

အလောင်းတော်ကဿပ ရဟန္တာမြတ်ကြီး၏ ရုပ်ပွားတော်အား ဖူးမြှော်နိုင်ကြတော့မည်


အလောင်းတော်ကဿပ ရဟန္တာမြတ်ကြီး၏ ရုပ်ပွားတော်အား ဖူးမြော်ကြည်ညိုရန် မုံရွာ-ယာကြီး-ကလေးဝ လမ်းမှ တစ်ဆင့် တရော်ကျင်း-ညောင်ကိုင်း-ကပိုင် လမ်းမှလည်းကောင်း၊ ယင်းမာပင်-ဇီးတော-ကပိုင် လမ်းမှ လည်းကောင်း သွားရောက်နိုင်ပါသည်။ ကပိုင်ကျေးရွာမှ အလောင်းတော်ကဿပသို့ ခရီးမိုင် (၂၁)မိုင် ဆက်လက်သွားရသည်။ အဆိုပါလမ်းများသည် မိုးရာသီတွင် တောင်ကျရေ များ ချောင်းရေများ တိုက်စားခြင်း မိုးသည်းထန်စွာ ရွာသွန်းခြင်းများကြောင့် ပျက်စီးမှုများရှိသဖြင့် နှစ်စဉ်ပွင့်လင်း ရာသီရောက် တိုင်း မြေထိုး၊ မြေညှိခြင်း၊ လမ်းဟောင်းပြန် ဖော်ခြင်းများ ဆောင်ရွက်ပေးရပါသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ပြည်ထောင်စုလွှတ်တော်နာယက ဂျပန်ဝန်ကြီးချုပ်နှင့်တွေ့ဆုံ


ဂျပန်နှင့်မြန်မာ နှစ်နိုင်ငံပူး ပေါင်းဆောင်ရွက်မှုများမြှင့်တင် မည်ဆိုပါက နှစ်နိုင်ငံလုံးအကျိုးရှိ ရုံသာမကကမ္ဘာအတွက်ပါအကျိုး ရှိမည်ဖြစ်ကြောင်း ယနေ့ မွန်းလွဲ ၂ နာရီခွဲက ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့်တွေ့ဆုံစဉ် ပြည် ထောင်စုလွှတ်တော်နာယကပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ကပြောကြားသည်။ ၄င်းက ဂျပန်နိုင်ငံဝန်ကြီးချုပ်၊ ဂျပန်နိုင်ငံလွှတ်တော်များနှင့် ဂျပန် ပြည်သူများက မြန်မာနိုင်ငံ၌ ဒီမို ကရေစီနှင့်ဈေးကွက်စီးပွားရေးစနစ် အကောင်အထည်ဖော်ဆောင်ရွက် နေမှုအပေါ်ထောက်ခံခြင်းအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ဆလုံလူမျိုးနှင့်ပတ်သက်၍ အရေးယူခံရစဉ်က . . . – မြတ်ဆွေ


လူတို့သည် အတိတ်က ဖြစ်ရပ်များကို မမေ့ကြပါ။ အထူးသဖြင့် ပျော်စရာကောင်းသော ဖြစ်ရပ်များထက် ထိတ်လန့် နာကြည်း စရာ ကောင်းေ သာ ဖြစ်ရပ်များကို အမှတ်ထင်ထင် သတိရနေတတ်ကြပါသည်။ ကျွန်တော့်မှာလည်း အတိတ်က ထိတ်လန့်စရာ၊ တုန်လှုပ် စရာဖြစ်ရပ်အချို့ရှိ ခဲ့သော် လည်း မေ့မေ့ပျောက်ပျောက် နေခဲ့မိပါသည်။ တစ်နေ့ကမူ နေ့စဉ်သတင်းစာ တစ်စောင်မှ သတင်းတစ်ပုဒ်ကို ဖတ်ရှုမိရာမှ အတိတ်သည် ပြန်လည် ရှင်သန်လာ ခဲ့လေသည်။ သတင်းကတော့ “ဆလုံလူမျိုးတို့ဘ၀ မြှင့်တင်ပေးဖို့ လုပ်မည်”ဆိုသော ခေါင်းစီး နှင့်သတင်းတစ်ပုဒ် ဖြစ်ပါသည်။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ပအိုးဝ်ဒေသက ဆီဆိုင်သို့ အလည်တစ်ခေါက် (သို့မဟုတ်) ရင်ထဲရောက်ဓာတ်ပုံများ – ပြည့်စုံထွန်း


ရှမ်းပြည်နယ် ဟိုပုံးမြို့နယ်ရှိ တောင် တန်းတွေက အ၀ါရောင် နေကြာပန်းရိုင်း တွေနဲ့ နတ်သမီးတွေ တိမ်ပေါ်မှာ ကသလို မြင်ရသူ အပေါင်းကို ဆွဲယူ ဖမ်းစားေ နပါတယ်။ မြူတွေ တိမ်တွေ စိမ်းနေတဲ့တောင် ၀ါနေ တဲ့တောင်ခါးပန်း …။ ပြီးခဲ့ တဲ့ နိုဝင်ဘာ ၁၉ ရက်မှာ သတင်း အလုပ်မဟုတ်ဘဲ ကိုယ်ရေးကိုယ်တာ ကိစ္စနဲ့ ရှမ်းပြည် ဆီဆိုင်မြို့ကို ခရီးသွားဖြစ်ခဲ့ ရာမှာ တွေ့ခဲ့ရ တဲ့မြင်ကွင်းလည်း ဖြစ်ပါတယ်။ တကယ်တမ်း ဒီခရီးစဉ်မှာ ရှမ်းပြည်ရဲ့ အလှအပ တွေကိုသာ မမြင်တွေ့ ရဘူးဆိုရင် ၂၄ နာရီနီးပါး သွားခဲ့ရတဲ့ ခရီးစဉ်က ကျွန်တော့်အတွက် ပြည့်စုံမယ်လို့ မထင်ပါဘူး။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



မြန်မာလုံထိန်း ၄၀၀၀ ကို အဓိကရုဏ်း ကိုင်တွယ် ဖြေရှင်းနည်းသင်တန်း EU ပို့ချမည်


မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို အဆင့်မြှင့်တင်ရန်အတွက် ဥရောပသမဂ္ဂက လုံထိန်း ၄၀၀၀ ကို အဓိကရုဏ်း ကိုင်တွယ် ဖြေရှင်းနည်း သင်တန်း ပို့ချသွားမည် ဖြစ်ကြောင်း ဥရောပသမဂ္ဂ ကိုယ်စားပြု၍ မြန်မာလုံထိန်းများကို သင်တန်း ပို့ချနေသည့် ဥရောပသမဂ္ဂ လူ့အဖွဲ့အစည်းဆိုင်ရာ မူဝါဒ ချမှတ်ရေး ကျွမ်းကျင်သူ David Hamilton က နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



လက်ပံတောင်းတောင် စီမံကိန်း ရုပ်သိမ်းပေးရေး တရုတ်နိုင်ငံအလံ မီးရှို့ဆန္ဒထုတ်ဖော်


လက်ပံတောင်းတောင် သံဃာတော်များ အကြမ်းဖက် ဖြိုခွင်းခံရမှု တစ်နှစ်ပြည့်သည့် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကို ရုပ်သိမ်းပေးရေး အတွက် ဒေါ်နော်အုန်းလှ အပါအဝင် ဒီမိုကရေစီ အင်အားစု အဖွဲ့ဝင်များက တရုတ်နိုင်ငံအလံ မီးရှို့ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြသည်။ ယင်းဆန္ဒပြသူများမှာ ဆူးလေ ဘုရားအနီးမှ စတင်ကာ တရုတ်သံရုံးအထိ လမ်းလျှောက်ဆန္ဒ ထုတ်ဖော်ပြီးနောက် တရုတ်သံရုံးနား အရောက်တွင် တရုတ်နိုင်ငံ အလံကို မီးရှို့ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ထိုင်းရောက် ရှမ်းမိန်းကလေး ၁၃ ဦး ပြန်လွတ်ရေး


ထိုင်းနိုင်ငံ လူမှုကာကွယ်ရေး စခန်းမှာ တနှစ် ကျော် ထိန်းသိမ်းထားတဲ့ မြန်မာနိုင်ငံ မှ ရှမ်း အမျိုးသမီးလေး ၁၃ ဦး ကို ပြန်လည် လွှတ်ပေးဖို့ ဘန်ကောက် မြန်မာသံရုံးမှ သံအမတ်ကြီး ဦးတင်ဝင်း က ထိုင်း လူမှုဖွံ့ဖြိုးရေး နဲ့ ဘဝ လုံခြုံရေး ဝန်ကြီး ကို သွားရောက် တွေ့ဆုံပြီး တောင်းဆိုခဲ့ပါတယ်။ နှစ်နိုင်ငံ ချစ်ကြည်ရေး ကို အခြေခံပြီး ပြန်လွှတ်ပေးရေး အတွက် တောင်းဆိုရာမှာလည်း ဒီမိန်းကလေး တွေ အနက် ၁၈ နှစ်အောက် ၅ ဦးပါဝင် ပြီး၊ ၃ ဦး ကို တွေ့ခွင့် ရခဲ့ပုံ၊ သံအမတ်ကြီး က ဘီဘီစီ ကို ရှင်းပြပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


လူကုန်ကူးမှု ပပျောက်ရေး ဆောင်ရွက်

ရာမူး(ပန်းဝါ) ဘုန်းတော်ကြီးကျောင်းများ မီးရှို့တိုက်ခိုက်မူ နောက်ကွယ်က ကြိုးကိုင်သူဟု စွပ်စွဲခံရသူ ဖမ်းမိ


ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ကော့စ်ဘဇား ခရိုင် ရာမူး (ပန်းဝါ)မှ ဗုဒ္ဓဘုန်းတော်ကြီးကျောင်းများ မီးရှို့တိုက်ခိုက် လုယက်မူကို နောက်ကွယ်က အဓိက ကြိုးကိုင်ခဲ့သူဟု စွပ်စွဲခံထားရသူကို ဘင်္ဂလာဒေခ်ျ့ အထူး ရဲထောက်လှမ်းရေး တပ်ဖွဲ့ တစ်ခုမှ ယမန်နေ့က ဖမ်းဆီးလိုက်သည်ဟု ယနေ့ထုတ် ဘင်္ဂလာ သတင်းစာများတွင် ဖေါ်ပြသည်။ ဖမ်းဆီးခံရသူမှာ မြန်မာနယ်စပ် မောင်တောမြို့နယ်နှင့် ကပ်နေသော စစ်တကောင်း တောင်တန်းနယ် ဘင်ဒရိုဘင် (ရွာတော်) ခရိုင် နတ်ကျောက်ဆရီ မြို့နယ် ဥက္ကဌ တော်ဖီလ် အာမတ် ဆိုသူ ဖြစ်သည်။ ၎င်းသည် ဂျာမတ် အစ္စလာမ်မီယား ပါတီတွင် ရာထူး တာဝန် မရှိသော်လည်း  ထိပ်တန်းခေါင်းဆောင်များနှင့် အဆက်အသွယ်ရှိ နီးစပ်သူ  ဖြစ်ကြောင်း သတင်းစာများတွင် ဖေါ်ပြသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


(ဘုန်းကြီးကျောင်းမီးရှို့ဖျက်ဆီးခံရပြီး ကျန်ရစ်ခဲ့သော ရုပ်ထုတော် တစ်ဆူ။)

(ဘင်္ဂလာဒေခ်ျ့ အစိုးရမှ အသစ် ပြန်တည်ဆောက်ပေးသော ကျောင်းတော်များထဲမှ တစ်ခု။)

ဒေါ်စုကို ဥပမာပေးပြီး မျိုးစောင့် တရားဟော


မန္တလေးမြို့ မစိုးရိမ်တိုက်သစ်က ဆရာတော် ဦးဝီရသူရဲ့ အခု ရက်ပိုင်းအတွင်း မျိုးစောင့် ဥပဒေနဲ့ ပတ်သက်လို့ ဟောပြောခဲ့တဲ့ တရားတွေထဲမှာ ဒေါ်အောင်ဆန်း စုကြည်ကို ဥပမာပေး ဟောသွားခဲ့တယ်လို့ သိရပါတယ်။ စောင့်လေ မျိုးနွယ် ဆိုတဲ့ တရားနဲ့ မညီခဲ့လို့ ဒေါ်အောင်ဆန်း စုကြည်အနေနဲ့ စစ်အစိုးရ လက်ထက်က တိုက်ခိုက် ပြောဆိုခံခဲ့ရတာ ဖြစ်သလို သမ္မတ ရာထူး ယူဖို့ ကိစ္စမှာလည်း အခက်တွေ့နေရတာ ဖြစ်တယ်လို့ ဦးဝီရသူက မိန့်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဦးဝီရသူရဲ့ တရားတွေကြောင့် ဘာသာ မတူသူတွေ အကြား အမုန်းတွေ ပိုပွားစေ တယ်လို့ TIME မဂ္ဂဇင်းမှာ ဖေါ်ပြခဲ့

ထိုင်းစစ်ဌာနချုပ် ဆန္ဒပြသူတွေ ၀င်ရောက်

ထိုင်းစစ်ဌာနချုပ်အတွင်း ဝင်ရောက်ဆန္ဒပြနေသူ ထိုင်းပြည်သူများ။ (နိုဝင်ဘာ ၂၉၊ ၂၀၁၃)။
ထိုင်းနိုင်ငံရဲ့ မြို့တော်ဘန်ကောက်မှာ ထိုင်းစစ်ဌာနချုပ် ကို ဆန္ဒပြသူ ၁ ထောင်ကျော် ၀င်ရောက်စီးနှင်းပြီး ဆန္ဒပြခဲ့ကြပါတယ်။ ဒါဟာ ထိုင်းဝန်ကြီးချုပ် ရင်းလပ်ခ် ရှင်န၀ပ်ကို ဖြုတ်ချဖို့အတွက် ကြိုးပမ်းတဲ့ ဆန္ဒပြမှုအတွင်း နောက်ဆုံးဆန္ဒပြမှုဖြစ်ပါတယ်။

ဆန္ဒပြသူတွေဟာ ထိုင်းစစ်တပ်ရဲ့ ၀င်းအတွင်းကို သောကြာနေ့မှာ အတင်းဝင်ရောက်ခဲ့ပြီး၊ အစိုးရကိုဖြုတ်ချဖို့ ကြိုးပမ်းတဲ့ကိစ္စမှာ စစ်တပ်အနေနဲ့ ၀င်ရောက်ပူးပေါင်းဖို့ တောင်းဆိုခဲ့တာဖြစ်တယ်လို့ ထိုင်းစစ်တပ် တာဝန်ရှိသူတွေက ပြောပါတယ်။

အတိုက်အခံဆန္ဒပြသူတွေဟာ ဘန်ကောက်မြို့မှာ ဆန္ဒပြပွဲတွေကို ထပ်ပြီးတော့ တိုးချဲ့လုပ်ဆောင်လာနေတာဖြစ်ပြီး၊ ထိုင်းဝန်ကြီးချုပ် ရင်းလပ် မနုတ်ထွက်မချင်း ထိုင်းအစိုးရ၀န်ကြီးရုံးတွေကို သိမ်းယူသွားမယ်လို့ ကြုံးဝါးပြောဆိုခဲ့ကြပါတယ်။
ကြာသာပတေးနေ့က ထိုင်းလွှတ်တော်မှာပြုလုပ်ခဲ့တဲ့ ထိုင်းအစိုးရအပေါ် အယုံအကြည်မရှိဆိုတဲ့ မဲခွဲမှုအတွင်း ၀န်ကြီးချုပ်ရင်းလပ်ဟာ လုံလောက်တဲ့ ထောက်ခံမဲရရှိခဲ့ပါတယ်။

သူမကို ထောက်ခံသူ ၂၉၇ မဲ၊ ကန့်ကွက်သူ ၁၃၄ မဲရှိခဲ့ပါတယ်။ ၀န်ကြီးချုပ်ရင်းလပ်ကို အဂတိလိုက်စားမှုတွေရှိတယ်ဆိုပြီးတော့ အဲဒီလို မဲခွဲဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ် ရင်းလပ်ကတော့ ရာထူးကနေ ဆင်းပေးဖို့ ငြင်းဆန်ခဲ့ပြီး၊ အခြေအနေကို ပြေလည်အောင် စေ့စပ်ဆွေးနွေးမှုတွေလုပ်ဖို့ တောင်းဆိုလိုက်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

ဒေါ်အောင်ဆန်းစုကြည် ANU တက္ကသိုလ်က ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ လက်ခံရယူ


သြစတြေးလျနိုင်ငံမှာ ရောက်ရှိနေတဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ကင်ဘာရာမြို့က ထိပ်တန်းတက္ကသိုလ်ကြီးတစ်ခုဖြစ်တဲ့ ANU သြစတြေးလျ အမျိုးသားတက္ကသိုလ်က ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို မနေ့က လက်ခံရယူခဲ့ပါတယ်။

ဘွဲ့လက်ခံရယူတဲ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လို့ အခုလို ထည့်သွင်းပြောဆိုခဲ့ပါတယ်။

လူအတော်များများက လမ်းဆုံးပန်းတိုင်ကို ရောက်ကာနီးနေပြီလို့ ထင်နေကြပေမယ့် တကယ်တော့ ခုမှအစပဲရှိပါသေးကြောင်း၊ မိမိတို့အနာဂါတ်အတွက် မိမိတို့ရွေးချယ်ခဲ့တဲ့လမ်းကို ဆက်လျှောက်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီခရီးကို သြစတြေးလျနိုင်ငံက အားပေးကူညီမယ်လို့ မျှော်လင့်ကြောင်း ပြောသွားခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်ပိုင်းမှာ မဲလ်ဘုန်းမြို့ Melbourne ကို ရောက်ရှိပြီး၊ နာမည်ကျော် Monash တက္ကသိုလ်က ချီးမြှင့်မယ့် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို လက်ခံရယူမှာ ဖြစ်ပါတယ်။

RFA Burmese

နိုဝင်ဘာလ(၃၀)ရက်နေ့ ထုတ် မြန်မာ့အလင်းနေ့ စဉ် သတင်းစာ

နိုဝင်ဘာလ(၃၀)ရက်နေ့ ထုတ် မြန်မာ့အလင်းနေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




နိုဝင်ဘာလ(၃၀)ရက်နေ့ ထုတ် ကြေးမုံနေ့ စဉ် သတင်းစာ

နိုဝင်ဘာလ(၃၀)ရက်နေ့ ထုတ် ကြေးမုံနေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



ဒီဇင်ဘာလ (၁)ရက်နေ့ ထုတ် The Reporter News Journal Issue 48

ဒီဇင်ဘာလ (၁)ရက်နေ့ ထုတ် The Reporter News Journal Issue 48

ဂျာနယ်ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



နိုဝင်ဘာလ (၂၈)ရက်နေ့ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ - ၄၊ အမှတ် - ၁၇၃

နိုဝင်ဘာလ (၂၈)ရက်နေ့ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ - ၄၊ အမှတ် - ၁၇၃

ဂျာနယ်ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




ရွေးကောက်ပွဲဝင်ရန် ဦးတေဇ အစီအစဉ်မရှိ


မြန်မာနိုင်ငံ၏ ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်တစ်ဦး ဖြစ်သူ ဦးတေဇသည်၂၀၁၅ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်မည် ဟု ကောလာဟလများထွက်ပေါ်လျက်ရှိပြီး ယင်းကိစ္စမှာ လတ်တလော၌ အစီအစဉ်မရှိသေးကြောင်း ဦးတေဇ၏ပြောရေးဆိုခွင့်ရှိသူ ဦးညီညီအောင်က စံတော်ချိန်သို့ ပြောဆိုသည်။ " တချို့သတင်းတွေက ကျွန်တော်တို့တောင်လိုက် မမီပါဘူးဗျာ။ အမျိုးမျိုးသတင်းထွက်နေတာပဲ။ ရွေးကောက်ပွဲ ၀င်ဖို့ကတော့ လတ်တလောမှာ အစီအစဉ်မရှိသေးပါဘူး" ဟု ထူးကုမ္ပဏီများအုပ်စု၏ ရုံးအဖွဲ့မှူးဖြစ်သူ ဦးညီညီအောင်က ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ဒေါ်လာဈေးတက်သဖြင့် သွင်းကုန်လုပ်ငန်းရှင်များ အခက်ကြုံ


နိုင်ငံခြား ငွေလဲလှယ်မှုဈေးကွက် တွင် အမေ ရိကန်ဒေါ်လာလဲလှယ်မှု ဈေးနှုန်း များ မြင့်တက်လာမှုကြောင့် သွင်း ကုန်လုပ်ငန်းများတွင် အခက်တွေ့ နေရကြောင်း သွင်းကုန်လုပ်ငန်း ရှင်အသိုင်းအဝိုင်းမှ သိရသည်။ အမေရိကန်ဒေါ်လာလဲ လှယ်မှုဈေးနှုန်းသည် ယခုလပိုင်း အတွင်း တစ်ဒေါ်လာလျှင် ကျပ် ၉၇ဝမှ ကျပ် ၉၉၀ ဝန်းကျင်သို့ ဈေးနှုန်းမြင့် တက်လာခြင်းဖြစ်ပြီး ယင်းသို့ ဒေါ်လာဈေးမြင့်တက် လာမှုကြောင့် သွင်းကုန်ပစ္စည်း များ ဈေးနှုန်းမြင့်တက်လာသဖြင့် အခက်ကြုံနေ ရခြင်းဖြစ်ကြောင်း ယင်းတို့က ပြောသည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




မြန်မာရွှေ့ပြောင်း ကျောင်းသူ နှစ်ဦးအား ကျောင်းအုပ်ဖြစ်သူက အဓမ္မပြုကျင့်


ထိုင်း- မြန်မာနယ်စပ်မဲဆောက်မြို့တွင်အသက်၁၂နှစ်အရွယ် မြန်မာရွှေ့ ပြောင်းကျောင်းသူလေး နှစ်ဦးအား သွေးဆောင် ဖြားယောင်ခြိမ်း ခြောက်ပြီး သားမယားပြုကျင့်ခဲ့ သောအမှု တစ်ခု ပေါ်ပေါက်ခဲ့ ကြောင်း သိရ သည်။ ပြစ်မှုကျူးလွန် သူမှာ စော ဒေးဗစ်ခေါ် ဒေးဗစ်မင်းနိုင်ဖြစ်ပြီး မိဘမဲ့ကလေးများအတွက် ဖွင့်လှစ် ထားသည့် အာကာဘေကျောင်းကို စတင်တည်ထောင်ခဲ့သူဖြစ်ပြီး လက် ရှိတွင် အာကာဘေကျောင်း၏ ကျောင်းအုပ်ဖြစ်ကြောင်း သိရ သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ပဲခူးမြို့အုပ်စုဖွဲ့ရိုက်နှက်မှု ကျူးလွန်သူများကိုယ်စား လူစားထိုးမှုရှိနေ


ပဲခူးမြို့ ဟင်္သာကုန်းမွန်စံပြရပ်ကွက်ရှိ မွန်ရိုးရာ ပဒေသာပင်ပွဲတွင် ဖြစ်ပွားခဲ့သည့် အုပ်စုဖွဲ့ရိုက်နှက်မှုတွင် အမှန်တကယ် ပြစ်မှုကျူးလွန်သူနှစ်ဦးနေရာ၌ လူအစားထိုးမှုများရှိနေသည်ဟု ရိုက်နှက်ခံရသူ ကာယ ကံရှင်နှင့် မျက်မြင်သက်သေတို့က ထုတ်ဖော်ပြောဆိုလိုက်သည်။ အောက်တိုဘာ ၁၉ ရက် (သီတင်း ကျွတ်လပြည့်)၊ ည ၁၀ နာရီအချိန်က မွန်းရိုးရာပဒေသာပင် ပြုလုပ် နေသော ပွဲတော်လမ်းအတွင်းသို့ လူငယ် ၁၅ ဦးခန့်က အိတ်ဇောဖြုတ်ထားသော ဆိုင်ကယ်များအား မြွေလိမ်မြွေကောက် မောင်းနှင်ခြင်းများ၊ ပဒေသာပင်များရှိ ပိုက်ဆံများအား ဖြုတ်ယူမောင်းပြေးမှုများမှ အစပြုခဲ့သည့် အမှုဖြစ်ပြီး လက်ရှိတွင် ရဲဌာနက စစ်ဆေးနေဆဲ အခြေအနေ ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ကလေးတွင် ယာဉ်စည်းကမ်း လိုက်နာမှု အားနည်း၍ သေဆုံးသူ မြင့်တက်

စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှု အားနည်း သဖြင့် ယာဉ်တိုက်မှုများ ဖြစ်ပွားကာ ဒဏ်ရာရသူနှင့် သေဆုံးသူများ ယခင်နှစ်ကထက် ပိုမို များပြားလာကြောင်း မြို့နယ် ပြည်သူ့ဆေးရုံကြီးနှင့် ရဲတပ်ဖွဲ့မှူးရုံး ထံမှ စုံစမ်း သိရှိရသည်။ “ဒီနှစ်အတွင်း ပြီးခဲ့တဲ့ လစဉ်ဖြစ်ခဲ့တာ ၁၀ မှု မကျော်ဘူး။ စက်တင်ဘာလ ကနေစပြီး ၁၀ မှု ကျော်တွေ ဖြစ်လာတယ်။ ဖြစ်လိုက်ရင်လည်း အသေနဲ့ ကြီးကြီးမားမား ဒဏ်ရာရတာတွေချည်းပဲ” ဟု မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဦးဝင်းချို နှင့် အပေါင်းအပါ(၆)ဦးအား ထောက်ဒဏ်(၆)လအမိန့်ချမှတ်


ပဲခူးမြို့တွင် နိုင်ငံသားအရေး ဆောင်ရွက်ခဲ့သူ ဦးဝင်ချို နှင့် အပေါင်းအပါ(၆)ဦးအား (၂၉.၁၁.၂၀၁၃)နေ့ နေ့လည်(၂း၀၀)အချိန့်က ပဲခူးမြို့နယ် တရားရုံး၌ မြို့နယ်တရားသူကြီး ဦးကျော်စိုးမှ ဦးဝင်းချိုပါ(၆)ဦးအနက် ပုဒ်မ ၁၈ အမှုအတွက် ဦးဝင်းချိုနှင့်ရန်ပိုင်စိုး(၂)ဦးကိုသာ ဒဏ်ငွေ(၃၀၀၀၀ိ/-)စီပေးဆောင်ရန် အမိန့်ချမှတ်ခဲ့ပြီး ကျန်(၄)ဦးအား ပုဒ်မ ၁၈ အတွက် ဒဏ်ငွေမပေးဆောင်ရဘဲ၊ ပုဒ်မ ၅၀၅ (ခ)အမှုအတွက်သာ တစ်ဦးလျှင် ထောင်ဒဏ်(၆)လစီ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

ဦးဝင်းချိုက ထောင်ထဲမှ ပြန်လည် လွတ်မြောက်လာပါကလည်း နိုင်ငံသားအရေး ကိစ္စများကို သာဆက်လက် ဆောင်ရွက်ဦးမည် ဖြစ်ကြောင်း နှင့် ၄င်းတို့(၆)ဦး အမှုရင်ဆိုင် နေစဉ်ကာအတွင်း ယနေ့အထိချုပ်ရက် ပေါင်း(၉၀)ရက်ရရှိထားပြီ ဖြစ်ကြောင်းလည်း ပဲခူးမြို့နယ် တရားရုံးရှေ့တွင် ပြောကြားခဲ့သည်။

ကိုသန့် ဇင်

By Thit Htoo Lwin


သက်တော် ၁၀၄ နှစ် ဆရာတော်ကြီးဦးသြဘာသ၏ ဆင်ဖြူတော်ကျောင်းတိုက်သို့ သာသနာပြုမြွေကြီးရောက်ရှိနေ


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ဘီးလင်း တန်း ရပ်ကွက်၊ ပေါက်ကုန်း၊ ဆင်ဖြူတော် ဘုန်းတော် ကြီး ကျောင်း တိုက်(သက်တော်ရှည်)၊ သက်တော် (၁၀၄)နှစ်ရှိ ဆရာတော်ကြီး ဘဒ္ဒန္တသြဘာသ၏ ကျောင်းတိုက်တော်ကြီးသို့ ၂၁-၁၁-၂၀၁၃နေ့ ညနေ (၆း၁၅)နာရီခန့်က လုံးပတ်(၁၀)လက်မ၊ အရှည် (၈)ပေရှိ စပါးကြီး မြွေမကြီးတစ်ကောင် မထင်မှတ်ဘဲ ရောက်ရှိ လာခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ကမ္ဘာကျော် ချောင်းသာကမ်းခြေ စည်းကမ်းမဲ့သူများကြောင့် ကမ်းခြေအလှများ ပျက်စီး


ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့နယ်ပွဲ အတွင်းရှိ မြန်မာနိုင်ငံ၌ သာမက ကမ္ဘာတွင်ပါ ထင်ရှား ကျော်ကြားခဲ့သော ချောင်းသာ အပန်းဖြေကမ်း ခြေသည် ယခုအခါ စည်းကမ်းမဲ့သူ များကြောင့် ကမ်းခြေ၏ ရှုခင်းအလှ တရားများ ပျက်စီးသွားပြီး လာမည့် နှစ်အနည်းငယ်အတွင်း ကမ်းခြေတစ်ခုလုံး ပျက်စီးသွား နိုင်သဖြင့် ကမ်းခြေ ရေရှည်တည် တံ့စေရန် လိုလားကြောင်း ချောင်းသာ ကမ်းခြေ ဒေသခံ များမှ ပြော ဆိုကြသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



မလေးရှားတွင် မြန်မာအချင်းချင်း ပြန်ပေးဆွဲ ကျပ်သိန်းနှစ်ရာတောင်း


မလေးရှားနိုင်ငံတွင် မြန်မာအချင်းချင်း ပြန်ပေးဆွဲပြီး ကျပ်သိန်းနှစ်ရာဖြင့်ရွေးရန် တောင်းဆိုခဲ့ရာ သိန်းတစ်ရာ လွှဲပေးသော်လည်း ပြန်ပေးဆွဲခံရသူနှစ်ဦး တစ်လကြာသည်အထိ ပြန်ရောက်မလာသောကြောင့် မလေးရှားနိုင်ငံရဲတပ်ဖွဲ့နှင့် မလေးရှားနိုင်ငံ မြန်မာသံရုံးတို့က တရားခံများကို အပူတပြင်းရှာဖွေနေကြောင်း သတင်းရရှိသည်။ မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ် ဆွန်ငိုင်းဘူးလို့ မြို့နယ်တွင် မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နေသော ကရင်ပြည်နယ် မိုင်းကံကျေးရွာမှ စောတင်ကျော်၏အိမ်သို့ ကရင်လူမျိုးတစ်ဦးနှင့် မော်လမြိုင်မြို့နယ်မှ အမျိုးသားသုံးဦးတို့ အလည်ရောက်လာခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ပုဂံစေတီပုထိုးများတွင် ညအိပ် နိုင်ငံခြားဧည့်သည် တင်းကျပ်စွာ စစ်ဆေး


မြန်မာတို့၏ ရှေးဟောင်း ယဉ်ကျေးမှု ထွန်းကားရာ ဒေသဖြစ်သော မန္တလေးတိုင်းဒေသကြီး ပုဂံဒေသ အတွင်းရှိ ဘုရား၊ စေတီပုထိုး များတွင် နိုင်ငံခြား ခရီးသွားအချို့၏ ယဉ်ကျေးမှုနှင့် မလျော်ညီသည့် အပြုအမူများနှင့် ညအိပ်စက်ခြင်းတို့နှင့် ပတ်သက်၍ တင်းကျပ်စွာ စစ်ဆေးလျက် ရှိကြောင်း ပုဂံဒေသ ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်ဝင်း The Voice သို့ ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



တပ်မတော်အစိုးရ၏ လုပ်ရပ်များ လက်စားချေလိုစိတ် မရှိဟု ဒေါ်အောင်ဆန်းစုကြည်ပြော


ဆယ်စုနှစ်နှစ်ခုနီးပါး နေအိမ် အကျယ်ချုပ်နှင့် ကန့်သတ် ဖိနှိပ်မှုများအောက် နေထိုင်ခဲ့ရသော်လည်း တပ်မတော်အစိုးရ၏ လုပ်ရပ်များအပေါ်၌ ပြန်လည် လက်စားချေလိုစိတ် မရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။ (၂၅) ကြိမ်မြောက် ကမ္ဘာ့ AIDS နေ့ အခမ်းအနားသို့ တက်ရောက်ရန် သြစတြေးလျနိုင်ငံသို့ ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် Australia Network News တို့ တွေ့ဆုံခန်းတွင် အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



စားသောက်ဆိုင်တွင်ရမ်းကားနေသော လူငယ်ရှစ်ဦး တိုက်ခိုက်၍ ရဲလေးဦးဒဏ်ရာရ


စားသောက်ဆိုင်ထဲတွင် သောင်းကျန်နေသည့် လူငယ်ရှစ်ဦးကို သွားရောက်ထိန်းသိမ်းသည့် ရဲတပ်ဖွဲ့ဝင်ငါးဦးကို ပြန်လည်ခုခံသောကြောင့် ပြည်သူ့ဝန်ထမ်းအား နာကျင်စေမှုဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။ လှည်းကူးမြို့နယ်၊ ဒရယ်ဘိုကျေးရွာ၊ ပဲခူး-ရန်ကုန်ကားလမ်းဘေးရှိ ကြည်နူးရိပ်စားသောက်ဆိုင်၌ နိုဝင်ဘာ ၂၇ ရက် ည ၁၀ နာရီအချိန်တွင် လူငယ်ရှစ်ဦး သောင်းကျန်နေသည်ဆိုကာ ဆိုင်မန်နေဂျာမှ ဖုန်းဆက်အကြောင်းကြားသောကြောင့် ရဲတပ်သားငါးဦး ဆိုင်သို့ရောက်သွားသောအခါ ပြန်လည်ခုခံ၍ ရဲတပ်သားများ ဒဏ်ရာရရှိသွားကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှုခင်းမှတ်တမ်းတွင်ဖော်ပြထားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



အမေရိကန် တခွင် ကျေးဇူးတော်နေ့ ဆင်နွှဲ


အမေရိကန်ပြည်ထောင်စုမှာ မနေ့က ကြာသပတေးနေ့ဟာ နှစ်စဉ် ဆင်နွှဲကြတဲ့ Thanksgiving ကျေးဇူးတော်နေ့ဖြစ်သလို၊ အမေရိကန် မိသားစုဝင်တွေ အတူတူ စားကြသောက်ကြ၊ အထူးလျှော့ဈေးနဲ့ ဈေးဝယ်ထွက်တာတွေကို လုပ်လေ့ရှိကြပါတယ်။ ကျေးဇူးတော်ကို ချီးမွမ်းတဲ့ အားလပ်ရက်ဖြစ်လို့၊ ဒီလိုနေ့မှာ မိသားစုတွေ ဆုံစည်းကြပြီး ကြက်ဆင်သားနဲ့ တခြား ရိုးရာ စားသောက်ဖွယ်ရာအစုံကို အတူတကွ စားသောက်ကြတာပါ။ ဒီနေ့မှာ ဘာသာရေး ၀တ်ပြုဆုတောင်းမှုတွေကိုလည်း အမေရိကန်နိုင်ငံအ၀ှမ်း စုဝေး ပြုလုပ်ကြသလို၊ အမေရိကန် ဘောလုံးပြိုင်ပွဲတွေ ကြည့်တာ၊ ဒါမှမဟုတ် အစားအသောက် စုဆောင်းလှူဒါန်းတဲ့ နေရာတွေမှာ ကူညီပါဝင်ကြတာနဲ့ တခြား စေတနာ့ဝန်ထမ်း အလုပ်တွေ လုပ်တတ်ကြပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



တောဆိုလာ နှင့် မြို့မီတာ


ဖျတ်ခနဲလင်းချင်းလာသော လျှပ် စစ်မီးတစ်ပွင့်ကို ကြည့်ရင်း မန်းပုဏ္ဏား ကျေနပ်နေသည်။ တီဗီဖွင့်ကြည့်တော့လည်း မျက်နှာပြင် အပြည့်ပွင့်လာသည်။ ဒါပေမဲ့စောနေသေးသည့်အတွက် သူပြန် ပိတ်ထားလိုက်သည်။ ''အစိုးရ သွယ်ပေးမယ့် မီးကိုစောင့် ရင် ကျုပ်သေသာသွားမယ်။ ရမှာမဟုတ် ဘူး။ ဒါကြောင့် ဒါလေးဝယ်ဖြစ်တာ။ နှစ်သောင်းခွဲပေးရတယ်''ဟု မန်းပုဏ္ဏားက ၎င်းတို့တဲတွင် တပ်ထားသော ဆိုလာပြား အကြောင်း ပြောပြသည်။ ဆိုလာပြားမှ ရသော လျှပ်စစ်ဖြင့် လျှပ်စစ်မီး ၃ ချောင်း တီဗီတစ်လုံးနှင့်ကက်ဆက်တစ်လုံးကို အချိန် ပိုင်းအသုံးပြုနိုင်သည်ဟု ဆိုသည်။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ထိုင်းနယ်စပ်ဒုက္ခသည်စခန်းရှိ မြန်မာနိုင်ငံသားများကို ဒီဇင်ဘာတွင် ပြန်ခေါ်မည်


ထိုင်းနိုင်ငံနယ်စပ်ရှိ ဒုက္ခသည် စခန်းများတွင် ရောက်ရှိနေသော မြန် မာနိုင်ငံသားများကို ဒီဇင်ဘာလအ တွင်း ပြည်တွင်းသို့ပြန်လည်ခေါ်ဆောင် သွားရန် အစီအစဉ်ရှိကြောင်း သီတဂူ အထောက်အကူပြုအဖွဲ့ အာရှတော် ဝင်ဆေးရုံ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါက်တာမြတ်သူက ပြောသည်။ ''ထိုင်းနယ်စပ်ဘက်က camp တွေကို ဆက်သွယ်ဖို့ အစီအစဉ်လည်း ရှိတယ်။ အဲဒီမှာလည်း camp တွေက အများကြီး။ အဲဒီက မြန်မာနိုင်ငံသားတွေ သူတို့ရဲ့ဆန္ဒပဲ။ ပြန်ချင်တယ်ဆို ရင် ခေါ်ထုတ်မယ်။ မပြန်ချင်ဘူးဆိုတဲ့ လူအတွက်တော့ မတတ်နိုင်ဘူး'' ဟု ဒေါက်တာမြတ်သူက ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ထောက်လှမ်းရေး ပြန်ဖွဲ့သင့်ဟု ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ဆို


နိုင်ငံတော် လုံခြုံရေးကို ထိပါးလာသော လုပ်ရပ်များကို ကာကွယ်ရန် အတွက် အစိုးရအနေနှင့် ထောက်လှမ်းရေး တပ်ဖွဲ့တစ်ခု ပြန်လည် ဖွဲ့စည်းသင့်ကြောင်း တပ်မတော် ထောက်လှမ်းအဖွဲ့၏ ညွှန်ကြားရေးမှူးချုပ် အဖြစ် တာဝန်ယူခဲ့သော ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်က ပြောကြားသည်။ နိုဝင်ဘာလ ၂၈ ရက်နေ့က ရန်ကုန်မြို့ ကရဝိက်နန်းတော်တွင် ကျင်းပ ပြုလုပ်သော မြတ်ခိုင် ရေးသားသည့် ဦးခင်ညွန့်နှင့် အင်တာဗျုးစာအုပ် မိတ်ဆက်ပွဲ အခမ်းအနားအပြီး သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



အခြေခံဥပဒေကိစ္စ ကြီးလေးကြီး တွေ့နိုင်ရန် NLD ထပ်မံ တိုက်တွန်းမည်


ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ၊ ကာကွယ်ရေး ဦးစီးချုပ်တို့နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံရေးကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက ထပ်မံတိုက်တွန်း သွားမည် ဖြစ်ကြောင်း အဆိုပါ ပါတီအတွင်းရေးမှူး ဦးဉာဏ်ဝင်းက ပြောကြားသည်။ NLD ပါတီ၏ ပထမအကြိမ် ကမ်းလှမ်းချက်နှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ၏ ပြောဆိုရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က NLD ပါတီအနေနှင့် အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စအတွက် အဆိုပါ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံရန် လွှတ်တော် အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီ၏ အစီရင်ခံစာ ထွက်ပြီးချိန်မှ ဆက်လုပ်သင့်ကြောင်း ပြောဆိုထားသဖြင့် ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



မင်းလှတွင် ရဲတပ်သားဇနီး မောင်နှံစကားများရာမှ ဇနီးကဓားဖြင့်ထိုး၍ ရဲတပ်သား သေဆုံးမှုဖြစ်ပွား


မကွေး၊ နိုဝင်ဘာ ၂၇

မကွေးတိုင်းဒေသကြီး မင်းလှမြို့မရဲစခန်းမှ ရဲတပ်သား ရာဇာမင်းသည် ယခုလ ၂၆ ရက် ည ၁ဝ နာရီ ၁၅ မိနစ်က နေအိမ်လိုင်းခန်းတွင်ရှိနေစဉ် အရက်သောက်စားမူးယစ်ပြီး ၄င်း၏ ဇနီးဖြစ်သူ မသန်းသန်းမြင့်နှင့် စကားများရန်ဖြစ်ကြရာမှ ဇနီးဖြစ်သူ မသန်းသန်းမြင့်က ရာဇာမင်းအား အရိုးအသွားကိုးလက်မ ခန့်ရှိ မီးဖိုချောင်သုံးဓားဦးချွန်နှင့်ထိုးသဖြင့် ရဲတပ်သားရာဇာမင်း၏ ဆီးခုံယာဘက်ခြမ်း အကျယ်တစ်လက်မ၊ အနက် နှစ်လက်မဒဏ်ရာ ရရှိခဲ့ကြောင်း၊ ဇနီးဖြစ်သူက မင်းလှမြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းနိုင်ထံ လာရောက်အကြောင်းကြားသဖြင့် သွားရောက်စစ်ဆေးရာ ရဲတပ်သားရာဇာမင်းမှာ နေအိမ်လိုင်းခန်းရှေ့ဧည့်ခန်းတွင်သွေးထွက် လွန်ကာသတိလစ်နေသဖြင့် မင်းလှပြည်သူ့ဆေးရုံသို့တင်ပို့ရာ သေဆုံးသွားခဲ့ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပက်သက်၍ မင်းလှမြို့မရဲစခန်းမှူးက တရားလိုပြုလုပ်တိုင်တန်းသဖြင့် မသန်း သန်းမြင့်အား မင်းလှမြို့မရဲစခန်းက (ပ)၁၄၁/ ၂ဝ၁၃၊ ပုဒ်မ၃ဝ၂ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

ကျော်ဇေယျ (မကွေး) - The Union Daily


နောက်အိမ်ထောင်ပြုမည်စိုးသဖြင့်ကွာ ရှင်းပြတ်စဲထားသည့် ဇနီးကို ဓားဖြင့်ထိုးသတ်


မော်လမြိုင်၊ နိုဝင်ဘာ ၂၇

မော်လမြိုင်မြို့နယ် ဖက်တန်းရပ်ကွက်တွင် ယခုလ ၂၃ ရက်က ကွာရှင်းပြတ်ဆဲထားပြီးသော လင်မယားနှစ်ဦး နောက်အိမ်ထောင်ပြု ခြင်းနှင့်ပတ်သက်၍ စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ ယခုလ ၂၃ ရက် ညနေ ၄ နာရီတွင် မော်လမြိုင်မြို့ ဖက်တန်းရပ်ကွက် မြိုင်ရတနာ လေးထပ်ဈေး အနောက်ဘက်လမ်းရှိ ပလက်ဖောင်းပေါ်တွင် ဈေးရောင်းနေသော မဇင်ဇင်အောင် (၃၂)နှစ် (ဘ)ဦးသိန်းဇံထံသို့ လင်မယားအဖြစ်မှ ကွာရှင်းပြတ်စဲထားပြီးဖြစ်သူ လင်းလင်း(ခ)ငပြူး (၃၁)နှစ်ရောက်ရှိလာပြီး မဇင်ဇင်အောင်၏ နောက်အိမ်ထောင်ပြုရေး မပြုရေးနှင့်ပတ်သက်၍ အချင်းချင်းစကားများ ရန်ဖြစ်နေရာမှ လင်းလင်းက အသင့်ယူဆောင်လာသော စတီးဓားချွန်ဖြင့် မဇင်ဇင်အောင်အားဝင်ထိုးခဲ့သဖြင့် ဝဲဘက်ရင်ဘတ်တွင် ထိုးသွင်းဒဏ်ရာတစ်ချက်၊ နောက်ကျောဘက်တွင် ထိုးသွင်းဒဏ်ရာနှစ်ချက်ရရှိပြီး မော်လမြိုင်အထွေထွေ ရောဂါကုဆေးရုံကြီးသို့ တင်ပို့စဉ်သေဆုံးသွားခဲ့သည်။

အဆိုပါဓားထိုးသေဆုံးမှုနှင့်ပတ်သက်၍ မော်လမြိုင်မြို့နယ် မြို့မရဲတပ်ဖွဲ့စခန်းမှ လင်းလင်း (ခ)ငပြူးအား(ပ) သတင်းပေးချက် အမှတ် ၁၃ဝ/၂ဝ၁၃ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃ဝ၂ အရ အမှုဖွင့်အရေးယူဖမ်းဆီးထားကြောင်း သိရသည်။

သားဇော်(ရာမည) - The Union Daily



အုပ်ချုပ်ရေးမှူးနှင့် ပတ်သက်၍ ဆန္ဒဖော်ထုတ်ပွဲပြုလုပ်

မအူပင် ၊ နိုဝင်ဘာ ၂၈

မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ သိုက်ကုန်းကျေးရွာအုပ်စု အတွင်းရှိ ပြည်သူ များသည် ကျေးရွာအုပ်ချုပ်ရေး မှူးနှင့်ပတ်သက်၍ ငြိမ်းချမ်းစွာ စီတန်း လှည့်လည်သည့် ဆန္ဒဖော်ထုတ်ပွဲကို မအူပင်မြို့တွင် နိုဝင်ဘာလ (၂၈)ရက် နံနက်(၁၀)နာရီ အချိန် က ဆောင်ရွက်ခဲ့သည်။

အဆိုပါဆန္ဒဖော်ထုတ်သည့်ပွဲတွင် သိုက်ကုန်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကို မြို့နယ်အုပ် ချုပ်ရေးမှူးမှ ကျေးရွာအုပ်ချုပ်ရေးမှူးတာဝန်အား ရုပ်သိမ်းခဲ့ပြီး ယာယီအုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ကို ကျေးရွာ အုပ်ချုပ်ရေးမှူး အဖြစ် တာဝန်ပေးခဲ့သဖြင့် သိုက်ကုန်းကျေးရွာအုပ်စုအတွင်း ရှိ ပြည်သူ အများစုက ကျေးရွာ အုပ်ချုပ်သည့် အုပ်ချုပ်ရေးမှူးအား ဦးသိန်းဇော်ကိုသာ အလိုရှိကြောင်းနှင့် ယာယီအုပ်ချုပ်ရေးမှူး ဦးကျော် မြင့်အား အလိုမရှိကြောင်း မြို့တွင်းလှည့်လည်၍ ဆန္ဒဖော်ထုတ်ခဲ့ကြောင်းသိရှိရသည်။

MOI Webportal Myanmar


တရုတ် လေတပ်ကို တပ်လှန့်


တရုတ် အစိုးရ လေကြောင်း ကာကွယ်ရေး ဇုန် ပေါ် ဂျပန်နဲ့ တောင် ကိုရီးယား စစ်လေယာဉ် တွေ ဖြတ်ကျော် ပျံသန်းတဲ့ သတင်းတွေ ထွက်လာ ပြီးနောက် တရုတ် တိုက်ခိုက်ရေး စစ်လေယာဉ်တွေ ဒီနယ်မြေ မှာ ချထား လိုက်ပြီလို့ တရုတ် ဘက်က ကြေညာ ခဲ့ပါတယ်။ လေယာဉ်တွေ ပုံမှန် အတိုင်း ကင်းလှည့် တာအပြင် လေတပ် ကိုလည်း တပ်လှန့် ထားတယ်လို့ ဆင်ဟွာ တရုတ် သတင်းဌာနက ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ပင်လယ်ထဲက အငြင်းပွားနေတဲ့ ကျွန်းစုေ


နိုဝင်ဘာလ(၂၉)ရက်နေ့ ထုတ် မြန်မာ့အလင်းနေ့ စဉ် သတင်းစာ


နိုဝင်ဘာလ(၂၉)ရက်နေ့ ထုတ် မြန်မာ့အလင်းနေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



နိုဝင်ဘာလ(၂၉)ရက်နေ့ ထုတ် ကြေးမုံနေ့ စဉ် သတင်းစာ


နိုဝင်ဘာလ(၂၉)ရက်နေ့ ထုတ် ကြေးမုံနေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



နိုဝင်ဘာလ (၃၀)ရက်နေ့ ထုတ် Net Guide Journal Vol 3 Issue 12


နိုဝင်ဘာလ (၃၀)ရက်နေ့ ထုတ် Net Guide Journal Vol 3 Issue 12

ဂျာနယ်ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



နိုဝင်ဘာလ (၂၉)ရက်နေ့ ထုတ် The Hot News Journal Vol-4,No - 168


နိုဝင်ဘာလ (၂၉)ရက်နေ့ ထုတ် The Hot News Journal Vol-4,No - 168

ဂျာနယ်ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



နိုဝင်ဘာလ (၂၉)ရက်နေ့ ထုတ် Auto World Vol 2 Issue 45


နိုဝင်ဘာလ (၂၉)ရက်နေ့ ထုတ် Auto World Vol 2 Issue 45

ဂျာနယ်ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



နိုဝင်ဘာလ (၂၈)ရက်နေ့ ထုတ် Sport View Journal Vol 2 No 47


နိုဝင်ဘာလ (၂၈)ရက်နေ့ ထုတ် Sport View Journal Vol 2 No 47

ဂျာနယ်ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ





နိုဝင်ဘာလ (၂၇)ရက်နေ့ ထုတ် 7Day News ဂျာနယ် အတွဲ ၁၂၊ အမှတ် ၃၈


နိုဝင်ဘာလ (၂၇)ရက်နေ့ ထုတ် 7Day News ဂျာနယ် အတွဲ ၁၂၊ အမှတ် ၃၈

ဂျာနယ်ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ