အမေရိကန် တခွင် ကျေးဇူးတော်နေ့ ဆင်နွှဲ


အမေရိကန်ပြည်ထောင်စုမှာ မနေ့က ကြာသပတေးနေ့ဟာ နှစ်စဉ် ဆင်နွှဲကြတဲ့ Thanksgiving ကျေးဇူးတော်နေ့ဖြစ်သလို၊ အမေရိကန် မိသားစုဝင်တွေ အတူတူ စားကြသောက်ကြ၊ အထူးလျှော့ဈေးနဲ့ ဈေးဝယ်ထွက်တာတွေကို လုပ်လေ့ရှိကြပါတယ်။ ကျေးဇူးတော်ကို ချီးမွမ်းတဲ့ အားလပ်ရက်ဖြစ်လို့၊ ဒီလိုနေ့မှာ မိသားစုတွေ ဆုံစည်းကြပြီး ကြက်ဆင်သားနဲ့ တခြား ရိုးရာ စားသောက်ဖွယ်ရာအစုံကို အတူတကွ စားသောက်ကြတာပါ။ ဒီနေ့မှာ ဘာသာရေး ၀တ်ပြုဆုတောင်းမှုတွေကိုလည်း အမေရိကန်နိုင်ငံအ၀ှမ်း စုဝေး ပြုလုပ်ကြသလို၊ အမေရိကန် ဘောလုံးပြိုင်ပွဲတွေ ကြည့်တာ၊ ဒါမှမဟုတ် အစားအသောက် စုဆောင်းလှူဒါန်းတဲ့ နေရာတွေမှာ ကူညီပါဝင်ကြတာနဲ့ တခြား စေတနာ့ဝန်ထမ်း အလုပ်တွေ လုပ်တတ်ကြပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



အမေရိကန် တခွင် ကျေးဇူးတော်နေ့ ဆင်နွှဲ အမေရိကန် တခွင် ကျေးဇူးတော်နေ့ ဆင်နွှဲ Reviewed by သစ်ထူးလွင် on 11:51 Rating: 5
Powered by Blogger.