ပဲခူးမြို့အုပ်စုဖွဲ့ရိုက်နှက်မှု ကျူးလွန်သူများကိုယ်စား လူစားထိုးမှုရှိနေ


ပဲခူးမြို့ ဟင်္သာကုန်းမွန်စံပြရပ်ကွက်ရှိ မွန်ရိုးရာ ပဒေသာပင်ပွဲတွင် ဖြစ်ပွားခဲ့သည့် အုပ်စုဖွဲ့ရိုက်နှက်မှုတွင် အမှန်တကယ် ပြစ်မှုကျူးလွန်သူနှစ်ဦးနေရာ၌ လူအစားထိုးမှုများရှိနေသည်ဟု ရိုက်နှက်ခံရသူ ကာယ ကံရှင်နှင့် မျက်မြင်သက်သေတို့က ထုတ်ဖော်ပြောဆိုလိုက်သည်။ အောက်တိုဘာ ၁၉ ရက် (သီတင်း ကျွတ်လပြည့်)၊ ည ၁၀ နာရီအချိန်က မွန်းရိုးရာပဒေသာပင် ပြုလုပ် နေသော ပွဲတော်လမ်းအတွင်းသို့ လူငယ် ၁၅ ဦးခန့်က အိတ်ဇောဖြုတ်ထားသော ဆိုင်ကယ်များအား မြွေလိမ်မြွေကောက် မောင်းနှင်ခြင်းများ၊ ပဒေသာပင်များရှိ ပိုက်ဆံများအား ဖြုတ်ယူမောင်းပြေးမှုများမှ အစပြုခဲ့သည့် အမှုဖြစ်ပြီး လက်ရှိတွင် ရဲဌာနက စစ်ဆေးနေဆဲ အခြေအနေ ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ပဲခူးမြို့အုပ်စုဖွဲ့ရိုက်နှက်မှု ကျူးလွန်သူများကိုယ်စား လူစားထိုးမှုရှိနေ ပဲခူးမြို့အုပ်စုဖွဲ့ရိုက်နှက်မှု ကျူးလွန်သူများကိုယ်စား လူစားထိုးမှုရှိနေ Reviewed by သစ်ထူးလွင် on 17:29 Rating: 5
Powered by Blogger.