ပဲခူးမြို့နယ် ဆက်ချောင်းကျေးရွာတွင် စစ်ကျန်ဗုံး(၁၁)လုံးတွေ့ရှိ

ပဲခူးမြို့နယ်၊ ဆက်ချောင်းကျေးရွာ အနောက် မြောက်ဘက် (၁)မိုင်ခန့် အကွာရှိ ဦးမင်းအောင်၏ ရော်ဘာ စိုက်ခြံဧက(၁၀၀)တွင် ရော်ဘာ လုပ်သားများမှ ရော်ဘာပင် စိုက်ရန် မြေကြီးတူးရာ ဗုံး(၁)လုံးတွေ့ရှိသဖြင့် ဆက်ချောင်းကျေးရွာ ရာအိမ်မှူး ဦးသန်းထွန်းနိုင် အား သတင်းပို့ခဲ့ပြီး ဦးသန်းထွန်းနိုင်မှ အမှတ်(၃)စခန်းသို့ သတင်းပို့ပြီး ဆက်လက် တူးဖော်ခဲ့ရာ အရှည်(၃၆)လက်မ၊အချင်း(၈)လက်မခန့်ရှိ စစ်ကျန်ဗုံး စုစုပေါင်း(၁၁)လုံးအား တူးဖော်ရရှိခဲ့ပြီး လုံးပတ်တူ အရွယ်တူ ထိပ်ဖူးပါဗုံး(၈)လုံးနှင့် ထိပ်ဖူးမပါဗုံး(၃)လုံးကိုတွေ့ရှိ ခဲ့ရကြောင်းသိရှိ ရသည်။

ko Thant zin

by Myanmar News Now


ဇူလိုင်လ(၃၁)ရက်နေ့ ထုတ် SHADE ဂျာနယ်၊ အတွဲ(၇)၊ အမှတ်(၂၇)

ဇူလိုင်လ(၃၁)ရက်နေ့ ထုတ် SHADE ဂျာနယ်၊ အတွဲ(၇)၊ အမှတ်(၂၇)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



 

ပလပ်မြေများကို ဂရုဏကြေး ထပ်ပေး

အင်းလေး ဟိုတယ်ဇုံ စီမံကိန်းရှိ ၊ အသိမ်းဆည်း ခံရသောမြေ ၆၀၀ဧက ကျော်ရှိ တောင်သူများ ပိုင်မြေများကို ဟိုတယ်ဇုံ စီမံကိန်းအတွက် သိမ်းယူခဲ့ ပြီး၊ သီးနှံလျှော်ကြေးများပေးခဲ့ သည်ဟု သိရှိရသည်။ ဟိုတယ်ဇုံ အသိမ်းခံမြေပေါ်တွင် ၊ တောင်သူ ၁၈ ဦးမှ လွဲပြီး ကျန်တောင်သူများ ကို လျှော်ကြေးများ အသီးသီး ပေးလျှော်ခဲ့ သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



စာမေးပွဲကြေး (၁၅၀၀၀)တောင်းတဲ့ အလယ်တန်းပြ ဆရာမနှစ်ဦးကို ရွာခံကျောင်း ကော်မတီ တိုင်ကြားမှုဖြစ်ပွား

ဧရာဝတီတိုင်း ဒေသကြီး၊ ပန်းတနော်မြို့နယ်၊ သုံးခွကျေးရွာ အုပ်စု၊ သုံးခွကျေးရွာ(ခွဲ) အလက ကျောင်းတွင် အလယ်တန်းပြ ဆရာမဒေါ်မော်မော်စိုးနှင့် ဒေါ်ဝင်းဝါခိုင်တို့နှစ်ဦးမှ ကျောင်းအုပ် ဆရာမကြီးအား အသိပေးခြင်း၊ ကျေးရွာ ကျောင်းကော်မတီ၊ ရပ်မိရပ်ဖနှင့် ရာအိမ်မှူတို့အား တိုင်ပင် အစည်းအဝေး ပြုလုပ်ခြင်းမရှိဘဲ အလယ်တန်း ကျောင်းသား(၉)ဦး၏ မိဘများကို နေအိမ်သို့ခေါ်၍ စာမေးပွဲကြေးအဖြစ် တစ်ဦးလျှင် ကျပ်(၁၅၀၀၀)ပေးရန် တောင်းခံ ခဲ့ကြကြောင်း သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




 

သူရဦးရွှေမန်း ပြည်ထောင်စု လွှတ်တော်နာယက တာဝန်ကို လွှဲပြောင်း တာဝန်ယူ

ဇူလိုင်လ ၃၁ ရက်နေ့  ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ဆီကနေ ပြည်ထောင်စု လွှတ်တော်နာယက တာဝန်ကို လွှဲပြောင်း တာဝန်ယူပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပြည်ထောင်စု လွှတ်တော် နာယကအဖြစ် ပထမ ၂ နှစ်ခွဲ သက်တမ်းကို အမျိုးသား လွှတ်တော် ဥက္ကဋ္ဌက ဆောင်ရွက်ရပြီး လက်ကျန် သက်တမ်း ၂ နှစ်ခွဲကို ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ က ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။  ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



အုပ်ချုပ်ရေးမှူးနှင့် မီးသတ်ခေါင်းဆောင်က ၁၅၀၀တန် ဖုန်းကတ် မဲပေါက်သူ တစ်ဦးကို ရိုက်နှက်မှု ဖြစ်ပွား

စစ်ကိုင်း တိုင်းဒေသကြီး၊ ကသာခရိုင်၊ ကောလင်းမြို့  မြို့မ/ မြို့ကုန်းရပ်ကွက်တွင် ၁၅၀၀ တန် ဖုန်းကတ် မဲနိုက်ရာကနေ အစပြုပြီး ပြဿနာဖြစ်ပွားရာ ဖုန်းကတ် မဲပေါက်သူ ကိုကိုဇော် ကို ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့် အရံမီးသတ် ခေါင်းဆောင် တို့ က ၀ိုင်းဝန် ရိုက်နှက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။  ၃၀၊၇၊၂၀၁၃ ( အင်္ဂါနေ့)တွင် ကောလင်းမြို့ ရပ်ကွက် တစ်ရပ်ကွက်လျှင် ၁၅၀၀ တန် ဖုန်းကတ် ၃၀ စီ ခွဲတမ်းချပေး သဖြင့် ရပ်ကွက်တိုင်း မဲနိုက်စနစ်ဖြင့် ချပေးခဲ့ရာ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



တောင်ကုတ်လူသတ်မှု နေပြည်တော်အထူးဖွဲ့ ဆက်လက်တရားစွဲမည်

မနှစ်တုန်းက တောင်ကုတ်မြို့ လူသတ်မှုသံသယနဲ့ ဖမ်းဆီးထားသူ ၆ ဦးကို  နေပြည်တော် အထူးအဖွဲ့က ဆက်လက် တရားစွဲဆိုသွားမယ်လို့ သံတွဲခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းဝေက ပြောပါတယ်။ မနှစ်က တောင်ကုတ်မြို့မှာ ခရီးသည်တင်ကားပေါ်ကနေ မွတ်စလင် ဆယ်ဦးကို နေ့ခင်းကြောင်တောင် လူမြင်ကွင်းမှာ အုပ်စုဖွဲ့သတ်ဖြတ်ခဲ့တာပါ။ အခင်းဖြစ်ပြီး တနှစ်ကျော်အကြာမှာ နေပြည်တော်က အထူးအဖွဲ့ဆင်းလာပြီး တောင်ကုတ်မြို့ကနေ ၆ ဦးကို ဖမ်းပြီး သံတွဲထောင်မှာ ချုပ်ထားပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





သြဂုတ်လ(၃)ရက်နေ့ ထုတ် Netguide ဂျာနယ် အတွဲ ၂၊ အမှတ် ၉၅

သြဂုတ်လ(၃)ရက်နေ့ ထုတ် Netguide ဂျာနယ် အတွဲ ၂၊ အမှတ် ၉၅

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



သြဂုတ်လ(၂)ရက်နေ့ ထုတ် Hot News Weekly ဂျာနယ် အတွဲ ၄၊ အမှတ် ၁၅၁

သြဂုတ်လ(၂)ရက်နေ့ ထုတ် Hot News Weekly ဂျာနယ် အတွဲ ၄၊ အမှတ် ၁၅၁

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



ဇူလိုင်လ (၃၁)ရက်နေ့ ထုတ် မဇ္ဈိမ နေ့စဉ်ထုတ် သတင်းစာ

ဇူလိုင်လ (၃၁)ရက်နေ့ ထုတ် မဇ္ဈိမ နေ့စဉ်ထုတ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


ဇူလိုင်လ(၃၁)ရက်နေ့ ထုတ် Smart Pro Vol 1 Issue 26

ဇူလိုင်လ(၃၁)ရက်နေ့ ထုတ် Smart Pro Vol 1 Issue 26

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




ပုလင်းခွံ ၊ ဗူးခွံ ကောက်တဲ့ စည်ပင်ဝန်ထမ်း များအား အလုပ်ဖြုတ်မည်

အမှိုက်ကန်နှင့် အမှိုက်ကားများ အတွင်းမှ ပြန်လည် ရောင်းချနိုင်သော ပစ္စည်းများကို သန့်ရှင်းရေး ၀န်ထမ်းများ ရှာဖွေခွင့် မရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန မှူး ဦးသန်းလွှင်ဦးက ပြောသည်။ သန့်ရှင်းရေး ၀န်ထမ်းများ၏ အသက် မွေးဝမ်းကြောင်း အလုပ် မှာ သန့်ရှင်းရေး ဆောင်ရွက်ရန်သာ ဖြစ်ပြီး ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ






ဘီးလင်း စံချိန်တင်ရေကြီးမှု ကျေးရွာ၂၀ ကျော်ရေမြုပ်ပြီး တစ်ဦးပျောက်ဆုံး

မွန်ပြည်နယ် ဘီးလင်း မြို့နယ်တွင် မြစ်ရေလျှံခြင်းနှင့် တောင်ကျချောင်းရေ များကြောင့် ဆယ်နှစ်အတွင်း စံချိန်တင် ရေကြီးခဲ့သဖြင့် ကျေးရွာ၂၀ ကျော် နှစ်မြုပ်ခဲ့ပြီး လူတစ်ဦး ပျောက်ဆုံးနေကြောင်း ဘီးလင်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဦးကျော်မျိုးမင်းက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ပန်းတောင်း အချုပ်ခန်းတွင်း သေဆုံးသူ၏ ဆေးစစ်ချက် ထွက်ရှိ

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပန်းတောင်းမြို့ စံပြရဲတပ်စခန်း တွင် မေလ၂၃ရက်နေ့က ချုပ်နှောင်ထားစဉ် ဖူးရောင်ဒဏ်ရာများနှင့် သေဆုံးသွား ခဲ့သည့် ဦးသန်းထွန်း၏ ရင်ခွဲဆေးစစ်ချက်ကို ရရှိထားပြီ ဖြစ်ကြောင်း သေဆုံးသူ၏ မိသားစုထံမှ စုံစမ်းသိရှိရသည်။ သေဆုံးခဲ့သူ ဦးသန်းထွန်း (၄၂ နှစ်) သည် ဘယ်ဘက်နံရိုး တစ်ချောင်းနှင့် ညာဘက် နံရိုးသုံးချောင်း ကျိုးခဲ့ပြီး ညာဘက်နံရိုးများ ကျိုးသည့်ဒဏ်ရာကြောင့် အဆုတ်အတွင်း သွေးထွက်လွန်ခြင်းနှင့် သွေးလန့် သေဆုံးခြင်း ဖြစ်နိုင်သည်ဟု ယူဆရကြောင်း ပန်းတောင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသင်းသင်းလှိုင်၏ ဆေးစာ ထင်မြင်ချက်အရ သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


တိုင်းဒေသကြီး/ ပြည်နယ်များတွင် သဘာဝ ဘေးအန္တရာယ် ဖြစ်ပွားလျက်ရှိ

၃၀-၇-၂၀၁၃ ရက်နေ့ ၁၁၁၅ အချိန် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်၊ မေတ္တာလမ်း၊ အကွက်အမှတ်(၄)ရှိ မော်လမြိုင်မြို့၊ ရွှေတောင်ရပ်ကွက်နေ ဒေါ်နိုင်နိုင်အေး(၄၄)နှစ်ပိုင် လူမနေသော အုတ်တံတိုင်း ခတ်ထားသည့် အမြင့်(၆)ပေခန့်ရှိ အုတ်တံတိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေတိုက် စားမှုကြောင့် မြေပျော့ကာ အလျား(၇၀)ပေခန့်ပြိုကျ ခဲ့သည်။  ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





အရူးဗိုက်ပူကို ကြောက်၍ စိတ္တရရွာကို ဆရာမများ စာပြရန် မလာ၍ ကျောင်းသားများ စာမသင်ရ

ရခိုင်ပြည်နယ် မြေပုံမြို့နယ် စိတ္တရကျေးရွာ အလယ်တန်းကျောင်ခွဲတွင် စာပြနေသော ဆရာ ဆရာမ ၅ ဦးသည် အဆိုပါ ရွာရှိ အရူး ဗိုက်ပူရန်ကို ကြောက်သဖြင့်  စာပြရန် ကျောင်းမလာဘဲ ရှိနေသည်မှာ ရက်ပေါင်း ၂၀ ကျော်သွားပြီဟု သိရသည်။ ယခုလ ၈ ရက်နေ့ ညနေ ၁၀ နာရီ ၄၀ ခန့်တွင် စိတ္တရ ကျေးရွာရှိ အရူးဗိုက်ပူသည် ဆရာမ ဒေါ်ချစ်ချစ်ဆွေနေသော အခန်းကို တံခါးကို အတင်းဆောင့်တွန်းပြီး ၀င်ရောက်ရန်ကြိုးစားသော ပြဿနာ တစ်ခု ဖြစ်ပွားခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

အရူးဗိုက်ပူကို ရဲစခန်းမှ ဖမ်းဆီးခေါ်ဆောင်သွားပုံ

စိတ္တရ အလယ်တန်းကျောင်းခွဲ။

နေပြည်တော်တွင်သာ တောင်သူအကျိုး မလုပ်ရန် တောင်သူလယ်သမား အသင်း သမ္မတထံ မေတ္တာရပ်ခံ

သမ္မတကြီး အနေဖြင့် နေပြည် တော် တစ်နေရာတည်း ကွက်ပြီး တောင်သူ အကျိုးကို မလုပ်ဘဲ တစ်ပြည် လုံးကို မျှမျှတတ ကြည့်၍ ဆောင် ရွက် ပေးရန် တောင်သူ လယ်သမား အသင်း က မေတ္တာရပ်ခံ လိုက်သည်။ ဇူလိုင်လ ၂၈ ရက်နေ့က နေ ပြည်တော် ကောင်စီ နယ်မြေအတွင်း၌ တောင်သူတို့ကို အရစ်ကျ စနစ်ဖြင့် လယ်ယာသုံး စက်ကိရိယာ အစီးရေ ၈ဝ ရောင်းချပေးမှုကို အခြေပြုကာ အသင်း က ထိုသို့ မေတ္တာ ရပ်ခံခြင်းဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



မန္တလေး - ပြင်ဦးလွင်လမ်း ၁၉ မိုင်အနီးဝန်းကျင်က ရေသည်တွေကို ဖမ်းတော့မည်ဟုဆို

မန္တလေး - ပြင်ဦးလွင် လမ်း ၁၉မိုင် အနီးဝန်းကျင် လမ်းဘေးတွင် တဲလေးများထိုး၍ ရေဆေး ၊ ရေလဲ လုပ်ကိုင်လျှက်ရှိသော ရေသည်များကို မနက်ဖန် (၁.၈.၂၀၁၃) ရက်နေ့တွင် ဖမ်းဆီးမည်ဟု ပြင်စာ ရဲစခန်း၏ စခန်းမှူး ကိုယ်တိုင်က လာရောက်ပြောဆို သွားသည်ဟု သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




မဖွယ်မရာများ ကင်းဝေးရေး သန်လျင် နည်းပညာ တက္ကသိုလ် စာသင်ခန်းများ အတန်းပြီးချိန် သော့ခတ်ပြီ

သန်လျင် နည်းပညာ တက္ကသိုလ်မှ ကျောင်း သားနှင့် ကျောင်းသူတို့၏ မဖွယ်မရာ ပြုလုပ်နေ သည့် ဗီဒီယိုဖိုင် အွန်လိုင်း၌ ပျံ့နှံ့ခဲ့ပြီးနောက် ၄င်းေ ကျာင်းအတွင်း စာသင်ချိန်ပြီးဆုံးသည်နှင့် စာသင်ခန်းများအား တံခါးသော့ ခတ်သည့်ကိစ္စ များ ပြုလုပ်နေပြီ ဖြစ်ကြောင်း ၄င်းတက္ကသိုလ်မှ ဒုတိယနှ စ် စက်မှု အင်ဂျင်နီယာ ကျောင်းသား ကိုကျော်ဇင်ထက်က ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ရေလုပ်သား၂၇ ဦး က စုပေါင်းအဖမ်းခံပွဲ ပြုလုပ်မည်

ငါးခိုးဖမ်းသည်ဟု အင်းသူကြီးက စွပ်စွဲကာ တိုင်ကြား ခံထားရသဖြင့် ထွက်ပြေး တိမ်းရှောင်နေရသည့် ပန်းတနော်မြို့နယ်၊ ခနွဲ့ကဘိုရွာမှ ရေလုပ်သား ၂၇ ဦးသည် ယနေ့နေ့လည်တွင် မြို့နယ်ရဲစခန်းတွင် ကိုယ်တိုင် အဖမ်းခံပွဲပြုလုပ်မည်ဟု ၎င်းတို့ကို ကူညီပေးနေသော ဦးနေမျိုးဇင်က မဇ္ဈိမကို ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ပွင့်လင်း လွတ်လပ် ခေတ်ဆို သော်လည်း ထောက်လှမ်းရေး တစ္ဆေများ မကျွတ်မလွတ်ရှိ နေဆဲ

မြန်မာနိုင်ငံ မန္တလေးမြို့။ ။အများ ပြည်သူ၏ နေ့စဉ်ဘဝများကို ပိုမိုပွင့်လင်း လွတ်လပ်သည့်အခြေအနေ မျိုး ဆောင်ကြဉ်း ပေးရန် မြန်မာ အစိုးရ သစ်က ကတိကဝတ်ပြုထားသည်မှာ ၂ နှစ်ကျော်လာခဲ့ပါပြီ။ သို့သော် ကျောင်း သား ခေါင်းဆောင်ဟောင်း ဦးမြအေး တစ်ယောက် အိမ်ပြန်လာမည့် အချိန်ကို အရပ်ဝတ်ထောက် လှမ်းရေးအရာရှိများ ကဆက်လက် မေးမြန်း စုံစမ်းနေတုန်းပါ ပဲ။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


မန္တလေးခရိုင် မိုးရွာသွန်းမှု ယခင်နှစ်ထက် သုံးဆပို

မန္တလေးတိုင်းဒေသကြီး မန္တလေးခရိုင် ငါးမြို့နယ်တွင် ဇန်နဝါရီမှ ဇူလိုင်လအထိ မိုးရေချိန် တိုင်းတာချက်များအရ ယခင်နှစ်ထက် မိုးရွာသွန်းမှု သုံးဆနီးပါး ပိုများကြောင်း မန္တလေးတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူက The Voice သို့ ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





မြဝတီရေကြီးမှု အဆိုးဆုံး အခြေအနေရောက်

မြဝတီ မြို့တွင် သောင်းရင်းမြစ်ရေကြီး ရေလျံမှုကြောင့် ရေကြီး မှုသည် အဆိုးဆုံးအခြေအနေသို့ ရောက် ရှိနေခြင်းကြောင့် ကယ်ဆယ်ရေး စခန်း ၅ရခုအထိဖွင့်လှစ်ကာ ဆောင်ရွက်နေရကြောင်း ကရင် ပြည်နယ် လူမှုရေး ဝန်ကြီး ဦးချစ် လှိုင်က ရန်ကုန်တိုင်းမ်နေ့စဉ် သတင်းစာသို့ ပြောသည်။ ကရင်ပြည်နယ်လူမှုရေး ဝန်ကြီး ဦးချစ်လှိုင်က ''ကရင်ပြည် နယ်မှာ ခါတိုင်းနှစ်နဲ့မတူဘူး။ တော် တော်ဆိုးတာ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ဗုဒ္ဓဂယာ မဟာဗောဓိစေတီနှင့် လုမ္ဗိနီတို့သို့ မိုဘိုင်းဖုန်းနှင့် ကင်မရာ ယူဆောင်ခွင့် မပြုတော့

ဗုဒ္ဓဂယာ ဘုရားဖူးခရီးစဉ်မှ မဟာဗောဓိ စေတီနှင့် နီပေါရှိလုဗ္ဗနီတို့သို့ မိုဘိုင်းဖုန်းနှင့် ကင် မရာ ယူဆောင်ခွင့် မပြုတော့ကြောင်း သိရသည်။ ယခုလ ၇ ရက်နေ့တွင် ဗုဒ္ဓဂယာ၌ ဖြစ်ပွား ခဲ့သည့် ဗုံးပေါက်ကွဲမှုကြောင့် အိန္ဒိယသံရုံးမှ လုံခြုံရေးများ တိုးချဲ့လိုက်ပြီး နေရာတိုင်းတွင် သတ္တုရှာဖွေ သည့်စက်များ ပိုမိုတပ်ဆင်ထား ကြောင်း သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ






စားသုံးသူများ တိုင်ကြားပါက စားသုံးသူရေးရာ ဌာနခွဲ ဖြေရှင်းပေးမည်ဟုဆို

စားသုံးသူ အခွင့်အရေး ကာကွယ်ရေး ဥပဒေ အတည်ပြုပြီးပါက စားသုံးသူ များ၏ တိုင်တန်းမှုများကို စားသုံးသူရေးရာ ဌာနခွဲက ဖြေရှင်းပေး မည် ဖြစ်ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနထံမှ သိရသည်။ စားသောက်ကုန်နှင့် ပတ်သက်၍ ကျေနပ်မှု မရှိပါက နေပြည်တော်ရှိ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဌာနခွဲသို့ တိုင်ကြားနိုင်ပြီး ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် သြဂုတ်လအတွင်း အဆိုပါ ဌာနများကို ဖွင့်လှစ်သွားရန် အစီအစဉ် ရှိကြောင်းလည်း အဆိုပါ ဌာနထံမှ ထပ်မံ သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



မန္တလေးတွင် အင်အား အနည်းငယ်ရှိ ငလျင် နှစ်ကြိမ် ဆက်တိုက်လှုပ်

မန္တလေးမြို့၌ ဇူလိုင်လ ၂၉ ရက်နေ့ ည ၁၁ နာရီ ၁၃မိနစ် ၂၈ စက္ကန့်မှ စတင်၍ အင်အားအနည်းငယ်ရှိ ငလျင် နှစ်ကြိမ် ဆက်တိုက် လှုပ်ခတ် ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူက The Voice သို့ ပြောကြားသည်။  အဆိုပါနေ့ ည ၁၁ နာရီ ၁၃ မိနစ် ၂၈ စက္ကန့်၌ မန္တလေးမြို့ မိုးလေဝသ တိုင်းထွာရေး စခန်းမှ အရှေ့တောင်ဘက် မိုင် ၂၀ ဒသမ ၆၅ မိုင် အကွာ၌ အင်အား ၄ ဒသမ ၂ ရစ်ခ်ျတာစကေးရှိ ငလျင် လှုပ်ခဲ့ကြောင်း၊ ။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



စန္ဒကူးကျောင်းတော်ရာ ဘုရားကို ဘုရားဖူးငါးများ ရောက်ရှိလာ

မကွေးတိုင်း ဒေသကြီး၊ ပွင့်ဖြူမြို့နယ် စန္ဒကူး ကျောင်းတော်ရာ ဘုရားကို ဘူရားဖူးငါးများ ရောက်ရှိ လာပြီ ဖြစ်သည်ဟု စေတီတော် ဂေါပကအဖွဲ့၏ တာဝန်ရှိသူ ဦးကြည်စိုး ပြောကြားခဲ့သည်။ "ဒီနှစ်ဘုရားဖူးလာတဲ့ ငါးအရေ အတွက် အနည်းအများကိုတော့ ခန့်မှန်းလို့ မရသေးဘူး ရက်အနည်းငယ်တော့ စောင့်ကြည့်ဖို လိုသေးပါသေးတယ်။ အခုအချိန်မှာတော့ မန်းချောင်း ထဲကို ၀င်ရောက်လာတဲ့ ငါးကြီးတွေဟာ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ရှန်ဟိုင်းတွင် အပူချိန် စံချိန်တင်မြင့်မားမှုကြောင့် လူ ၁၀ ဦးသေဆုံး

ဇူလိုင်လအတွင်း ရှန်ဟိုင်း၏ အပူချိန်သည် စံချိန်တင် ပမာဏအထိ မြင့်တက်ခဲ့ရာ အပူဆုံးဇူလိုင်ဟူသော ဝေါဟာရကိုပင် ညွှန်းဆို သုံးစွဲလာကြသည်။ တရုတ်အစိုးရသည် ရှန်ဟိုင်းမြို့နေ ပြည်သူများ အနေဖြင့် အပူချိန် မြင့်တက်မှုကို ဂရုတစိုက် ကိုင်တွယ် တုံ့ပြန်ရန် သတိပေးထားကြောင်း သိရသည်။ ယခုနှစ် ဇူလိုင်လအတွင်း ရှန်ဟိုင်း၏ အပူချိန်သည် စံချိန်တင် ပမာဏအထိ မြင့်တက်ခဲ့ရာ အပူဆုံးဇူလိုင်ဟူသော ဝေါဟာရကိုပင် ညွှန်းဆို သုံးစွဲလာကြသည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



မယ်တော်ဆေးခန်း ရေလွှမ်း၍ လူနာများ ရွှေ့ပြောင်းထားရ

မဲဆောက်မြို့နယ်အတွင်းရှိ ကျောင်းသားဆေးခန်းဟု လူသိများ သော မယ်တော်ဆေးခန်းဌာန အများ စုမှာ ရေလွှမ်းနေသဖြင့် အတွင်းလူနာ များကို အနီးအနားရှိ Child Development Centre များသို့ပြောင်း ရွှေ့ထား ရကြောင်း သိရသည်။ ”ဆေးခန်းဝင်းထဲမှာတော့ နေရာ တိုင်းမှာ ရေတွေချည်းပဲ။ ဒါကြောင့်မို့ ၂၈ ရက်နေ့ကစပြီး အတွင်းလူနာ ၂ဝဝ လောက်ကို CDC ကျောင်းတွေ ဆီ ရွှေ့ ထားရတယ်”ဟု မယ်တော်ဆေးခန်းမှ မအိသဘော်က ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ရခိုင်ပြည်နယ် ပဋိပက္ခနှင့် အကြမ်းဖက်မှု စစ်တမ်း ထုတ်ပြန်မည်

လူပေါင်း ၂၀၀ နီးပါး သေဆုံးခဲ့ပြီး လူတစ်သိန်းကျော် ဒုက္ခရောက်ခဲ့သည့် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခနှင့် အကြမ်းဖက်မှုများ ဖြစ်ပေါ် ရသည့် အကြောင်းအရင်း လေ့လာ ဆန်းစစ်ထားသည့် စစ်တမ်း တစ်စောင် ကို ထုတ်ပြန်မည် ဖြစ်ကြောင်း ရခိုင် လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အဖွဲ့ (AHRDO) မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဥပဒေများကို လိင်လုပ်သားများ နားလည် ကျွမ်းဝင်ရန်လိုဟု လွှတ်တော်ကိုယ်စားလှယ် ပြောဆို

အကြောင်း အမျိုးမျိုးကြောင့် လိင်လုပ်ငန်းဖြင့် အသက်မွေး ဝမ်းကျောင်း လုပ်ကိုင်နေသည့် လိင်လုပ်သားများ (Sex Worker) အနေနှင့် သက်ဆိုင်ရာ ဥပဒေများကို နားလည် ကျွမ်းဝင်ရန် လိုအပ် ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း

တရားရုံးက စီရင်လိုက်သည့်အမှုများကို ဝေဖန်နိုင်ပြီ

လွန်ခဲ့သော နှစ်ကိုး ဆယ်နီးပါးက ပြဌာန်းထားသည့် ဥပဒေဟောင်းကို ဖျက်သိမ်းပြီး ဇူလိုင် ၂၉ ရက်တွင် အသစ်ပြဌာန်း လိုက်သည့် တရားရုံး မထီမဲ့မြင်ပြုမှု ဥပဒေသစ်တွင် တရားသူကြီးက အမိန့်ချမှတ်ပြီးသည့် အမှုကို ဝေဖန်နိုင်ကြောင်း ထည့်သွင်းပြဌာန်း ထားသည်။ တရား လွှတ်တော်ရှေ့နေ ဦးကိုနီက ယင်းပြဌာန်းချက်သည် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဇူလိုင်လ (၃၁)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ

ဇူလိုင်လ (၃၁)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



ဇူလိုင်လ (၃၁)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ

ဇူလိုင်လ (၃၁)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



မိန်းကလေး စိတ်ပေါက်နေသူနှင့် ခုနစ်နှစ်ကြာ ချစ်ကြိုက်ခဲ့ပြီးမှ မိန်းမယူသွား၍ လူသတ်မိသူ ထောင်ဒဏ် ခုနစ်နှစ်ချမှတ်

ရေတာရှည်မြို့နယ်  ဆွာချောင်း ရေလှောင် တမံရေပြင်  ဝံဂဲတဲစုတွင်  မိန်းကလေး စိတ်ပေါက်နေသူနှင့် ခုနစ်နှစ်ကြာ အတူ နေထိုင်လာသူက အိမ်ထောင်ပြု သွားသည်ကို မကျေနပ်၍ သတ်လိုက်သူကို ဇူလိုင် ၁၇ ရက်က အလုပ်နှင့် ထောင်ဒဏ် ခုနစ်နှစ်ကျခံ စေရန် အမိန့်ချမှတ် လိုက်ကြောင်း သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




မြန်မာနိုင်ငံအတွင်း အင်တာနက်လိုင်းများ ပြန်လည်ကောင်းမွန်

မြန်မာနိုင်ငံအတွင်း အင်တာနက်လိုင်းများ ပြန်လည်ကောင်းမွန်စေရန် ရန်ကုန်ရုံးချုပ် ပြည်ပ ဆက်သွယ်ရေးမှ အင်ဂျင်နီယာမှူးအဖွဲ့နှင့် ဖျာပုံမြို့ပြည်ပ ဆက်သွယ်ရေးရုံးမှ လက်ထောက်အင်ဂျင်နီယာ အဖွဲ့တို့ ပူးပေါင်းပြင်ဆင်ခဲ့ရာ ဇူလိုင် ၃၀ ရက် ညနေ ၅နာရီမှ စတင်ကာ အင်တာနက် လိုင်းများ ပြန်လည်ကောင်းမွန် ခဲ့ပြီဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





မြန်မာနိုင်ငံမှာ ဆက်လက်ဖမ်းဆီးမှုတွေ ရှိနေတဲ့အပေါ် ကင်တားနားစိုးရိမ်

နိုင်ငံရေး အကျဉ်းသား ၇၃ ဦးကို မြန်မာသမ္မတ ဦးသိန်းစိန်က ပြန်လွှတ်ပေး လိုက်တဲ့အပေါ် မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး မစ္စတာ တောမတ်စ် အိုဟေး ကင်တာနား (Mr. Thomas Ojae Quintana) ကကြိုဆိုလိုက်ပါတယ်။ ဒါပေမဲ့ နိုင်ငံရေး လှုပ်ရှားသူတွေကို ဖမ်းဆီးမှုတွေ ဆက်ရှိနေသေးတဲ့အတွက် စိုးရိမ်မကင်း ဖြစ်တဲ့ အကြောင်းနဲ့ နိုင်ငံရေးနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ အမျိုးသမီး ဒေါ်ဘောက်ဂျာ ဖမ်းဆီးခံရတာအတွက် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ကမ္ဘောဒီးယား ရွေးကောက်ပွဲရလဒ် အငြင်းအခုံဖြစ်

ကမ္ဘောဒီးယား နိုင်ငံမှာ ကျင်းပပြီးစီးသွားတဲ့ ရွေးကောက်ပွဲအတွင်း အနိုင်အရှုံး ထွက်ပေါ်ခဲ့ပြီးတဲ့နောက် မသမာမှုတွေနဲ့ ရှိခဲ့တဲ့ အထောက်အထားတွေကို စုဆောင်းဖို့ ဒီကနေ့ ဗုဒ္ဓဟူးနေ့ လူထုနဲ့ တွေ့ဆုံမယ်လို့ အတိုက်အခံပါတီက ပြောလိုက်ပါတယ်။ ကမ္ဘောဒီးယား အမျိုးသား ကယ်တင်ရေးပါတီ (CNRP) ရဲ့ခေါင်းဆောင် စမ် ရင်စီ (Sam Rainsy) ကတော့ မဲဆန္ဒရှင်တွေရဲ့ အခွင့်အရေး ဆုံးရှုံးခဲ့ရတာတွေကို ပြည်တွင်းနဲ့ နိုင်ငံတကာ အကဲခတ်တွေကို တင်ပြဖို့ အထောက်အထားတွေ စုဆောင်းသွားမှာ ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့တာပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ဆွစ်ဇာလန်တွင် ရထားနှစ်စင်းတိုက်မှု ဖြစ်ပွား

ဆွစ်ဇာလန်နိုင်ငံတွင် ဖြစ်ပွားသော ရထားနှစ်စင်း တိုက်မှု၌ အနည်းဆုံး လူ(၁)ဦး သေဆုံးပြီး အများအပြား ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ တနင်္လာနေ့က ဆွစ်ဇာလန် အနောက်ဘက် ဒေသတွင် ရထားနှစ်စင်း တိုက်မိခဲ့ရာ ရထားမောင်းသူတစ်ဦး သေဆုံးခဲ့သည်။ ဂရန်ဂျက်စ်ပရီစ် မာနန်တွင် ညပိုင်းက ဖြစ်ပွားခဲ့သော ရထားတိုက်မှုကြောင့် ဆေးရုံရောက်နေသူများအနက် (၅)ဦးသည် အခြေအနေ ဆိုးရွားကြောင်းလည်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


တနင်္လာနေ့က ဆွစ်ဇာလန် အနောက်ဘက် ဒေသတွင် ရထားနှစ်စင်း တိုက်မိခဲ့ရာ ရထားမောင်းသူတစ်ဦး သေဆုံးခဲ့သည်။ ဂရန်ဂျက်စ်ပရီစ် မာနန်တွင် ညပိုင်းက ဖြစ်ပွားခဲ့သော ရထားတိုက်မှုကြောင့် ဆေးရုံရောက်နေသူများအနက် (၅)ဦးသည် အခြေအနေ ဆိုးရွားကြောင်းလည်း ရဲတပ်ဖွဲ့က ပြောကြားခဲ့

ပုဒ်မ ၁၇(၁) ဖြင်.တိုင်းရင်းသား လူငယ်သုံးဦး တရားစွဲဆိုခံရ

တောင်ကြီး - ဇူလိုင်လ ၃၀ ရက်

ရှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် လင်းခေးမြိုနယ် တရားရုံးတွင် ပုဒ်မ ၁၇ (၁) မတရား အသင်းနှင့် ဆက်သွယ်မှုဖြင့် ရှမ်းတိုင်းရင်းသား လူငယ်သုံးဦး တရားစွဲဆို ခံထားရကြောင်း သတင်း ရရှိပါသည်။

(၆၊၁၊၂၀၁၃) နေ့ တွင် ဟိုမိန်းမြို့ နယ် နမ့်မယ်ကွန်းကျေးရွာတွင် RCSS/ SSA ဌာနချုပ်မှ ပြန်လာသည်ဆိုပြီး မိုင်းကိုင်မြို့ နေ စိုင်းပီး အသက်(၂၈)နှစ်၊ ရပ်စောက် မြို့ နေ စိုင်းတော အသက်(၂၅)နှစ်၊ စိုင်းလျန်း အသက် (၁၅)နှစ် လူငယ်သုံးဦး အား ခ.လ.ရ (၉၉) မှ ဖမ်းဆီးခဲပြီး အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်(ခိုလန်)တွင် ထားရှိစစ်ဆေးခဲ့ကြောင်း သိရပါသည်။

(၁၁၊၆၊၂၀၁၃)နေ့ တွင် လင်းခေးမြို.နယ် ရဲစခန်းသို့ လာရောက် အပ်နှံပြီး တရားစွဲ ဆိုခဲ့ကြောင်း နိုင်ငံတော် သမ္မတနှင့် ရှမ်းပြည်နယ် ၀န်ကြီးချုပ်တို့ ထံ အမှုများ ရုတ်သိမ်းပေးရန် တင်ပြထားကြောင်း လင်းခေးပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလွင် ကပြောပြပါသည်။

သတင်း/ဓာတ်ပုံ  - ကိုမိုး(မျိုးဆက်သစ်)


ဘီးလင်းမြို့  တမြို့ လုံးနီးပါ ရေနစ်မြုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဘီးလင်းမြို့မှာ ဇူလိုင်လ(၂၉)ရက်နေ့ က ဘီးလင်းချောင်း ရေကြီးတာကြောင့် တမြို့ လုံးနီးပါး ရေလွှမ်နေတယ်လို့ သိရပါတယ်။

ကယ်ဆယ်ရေး စခန်းအား မြို့ တော်ခန်းမတွင် ဖွင့်ထားသော်လည်း စည်ပင်ဝန်ထမ်းများမှ သော့အချိန်မှီ (တစ်နေ့ လုံး ) မပေးသောကြောင့် ရေဘေး သင့် ပြည်သူများ ရေနက်သော ဘေးတံခါးပေါက်မှ ၀င်ကြရ တယ်လို့ ရေဘေး  ဒုက္ခသည်တွေက Myanmar News Now ကိုပြောပါတယ်။

ချောင်းကမ်းနားဘေးနဲ့ မြေနိမ့်ပိုင်းက လူဦးရေ ၁၀၀ ကျော်လောက်ကိုတော့ ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံနဲ့ အထက်တန်း ကျောင်းဝင်းမှာ ပြောင်းရွှေ့ နေထိုင်နေကြ တယ်လို့ သိရပါတယ်။

by Myanmar News Now

ဘီးလင်းမြို့ ရေနစ်မြုပ်မှု မြင်ကွင်း ဓါတ်ပုံများ





ဘီးလင်း  မြို့ တော်ခန်းမ




အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ