ပုဒ်မ ၁၇(၁) ဖြင်.တိုင်းရင်းသား လူငယ်သုံးဦး တရားစွဲဆိုခံရ

တောင်ကြီး - ဇူလိုင်လ ၃၀ ရက်

ရှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် လင်းခေးမြိုနယ် တရားရုံးတွင် ပုဒ်မ ၁၇ (၁) မတရား အသင်းနှင့် ဆက်သွယ်မှုဖြင့် ရှမ်းတိုင်းရင်းသား လူငယ်သုံးဦး တရားစွဲဆို ခံထားရကြောင်း သတင်း ရရှိပါသည်။

(၆၊၁၊၂၀၁၃) နေ့ တွင် ဟိုမိန်းမြို့ နယ် နမ့်မယ်ကွန်းကျေးရွာတွင် RCSS/ SSA ဌာနချုပ်မှ ပြန်လာသည်ဆိုပြီး မိုင်းကိုင်မြို့ နေ စိုင်းပီး အသက်(၂၈)နှစ်၊ ရပ်စောက် မြို့ နေ စိုင်းတော အသက်(၂၅)နှစ်၊ စိုင်းလျန်း အသက် (၁၅)နှစ် လူငယ်သုံးဦး အား ခ.လ.ရ (၉၉) မှ ဖမ်းဆီးခဲပြီး အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်(ခိုလန်)တွင် ထားရှိစစ်ဆေးခဲ့ကြောင်း သိရပါသည်။

(၁၁၊၆၊၂၀၁၃)နေ့ တွင် လင်းခေးမြို.နယ် ရဲစခန်းသို့ လာရောက် အပ်နှံပြီး တရားစွဲ ဆိုခဲ့ကြောင်း နိုင်ငံတော် သမ္မတနှင့် ရှမ်းပြည်နယ် ၀န်ကြီးချုပ်တို့ ထံ အမှုများ ရုတ်သိမ်းပေးရန် တင်ပြထားကြောင်း လင်းခေးပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလွင် ကပြောပြပါသည်။

သတင်း/ဓာတ်ပုံ  - ကိုမိုး(မျိုးဆက်သစ်)


ပုဒ်မ ၁၇(၁) ဖြင်.တိုင်းရင်းသား လူငယ်သုံးဦး တရားစွဲဆိုခံရ ပုဒ်မ ၁၇(၁) ဖြင်.တိုင်းရင်းသား လူငယ်သုံးဦး တရားစွဲဆိုခံရ Reviewed by သစ်ထူးလွင် on 06:59 Rating: 5
Powered by Blogger.