ပန်းတောင်း အချုပ်ခန်းတွင်း သေဆုံးသူ၏ ဆေးစစ်ချက် ထွက်ရှိ

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပန်းတောင်းမြို့ စံပြရဲတပ်စခန်း တွင် မေလ၂၃ရက်နေ့က ချုပ်နှောင်ထားစဉ် ဖူးရောင်ဒဏ်ရာများနှင့် သေဆုံးသွား ခဲ့သည့် ဦးသန်းထွန်း၏ ရင်ခွဲဆေးစစ်ချက်ကို ရရှိထားပြီ ဖြစ်ကြောင်း သေဆုံးသူ၏ မိသားစုထံမှ စုံစမ်းသိရှိရသည်။ သေဆုံးခဲ့သူ ဦးသန်းထွန်း (၄၂ နှစ်) သည် ဘယ်ဘက်နံရိုး တစ်ချောင်းနှင့် ညာဘက် နံရိုးသုံးချောင်း ကျိုးခဲ့ပြီး ညာဘက်နံရိုးများ ကျိုးသည့်ဒဏ်ရာကြောင့် အဆုတ်အတွင်း သွေးထွက်လွန်ခြင်းနှင့် သွေးလန့် သေဆုံးခြင်း ဖြစ်နိုင်သည်ဟု ယူဆရကြောင်း ပန်းတောင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသင်းသင်းလှိုင်၏ ဆေးစာ ထင်မြင်ချက်အရ သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ပန်းတောင်း အချုပ်ခန်းတွင်း သေဆုံးသူ၏ ဆေးစစ်ချက် ထွက်ရှိ ပန်းတောင်း အချုပ်ခန်းတွင်း သေဆုံးသူ၏ ဆေးစစ်ချက် ထွက်ရှိ Reviewed by သစ်ထူးလွင် on 19:52 Rating: 5
Powered by Blogger.