မိုးခေါင်၍ရွှေဘိုခရိုင်တွင် မိုးကြိုစပါးထွက်နှုန်း သိသိသာသာကျဆင်း

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ်တွင် မိုးခေါင်၍ ဆည်ရေအားကိုး စိုက်ပျိုးသည့်   တောင်သူ အနည်းငယ်သာရှိသည့်အတွက် ယခင်နှစ်များထက် မိုးကြိုစပါး ထွက်နှုန်း သိသိသာသာလျော့နည်းလာကြောင်း သိရှိရသည်။

အဆိုပါဒေသတွင် မိုးခေါင်သောကြောင့် လယ်သမားများ မိုးကြိုစပါးစိုက်ပျိုးချိန် နောက်ကျခဲ့ရပြီး ပျိုးကြဲချိန်တွင်လည်း မျိုးစပါးများ ကြွက်စားခံရသောကြောင့် ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် ယခုကဲ့သို့စပါးထွက်နှုန်းလျော့နည်းလာခြင်းဖြစ်သည်။

“ အရင်ကစပါးတင်း (၁ဝဝ)ကြိတ်ရင် ဆန်တင်း(၄ဝ)လောက်ရတယ်၊ အခု တင်း(၂ဝ-၂၅)ပဲရ တော့တယ်၊ မိုးခေါင်တော့   မြေဆီဘယ်လောက်ပက်ပက် စပါးက အားမရှိဘူး ဒီနှစ်ဆည်ရေကိုပဲ အားကိုးပြီးစိုက်ရတယ် ’’ ဟု ဝက်လက်မြို့နယ် မန်ကျီးတုန်ကျေးရွာမှ လယ်သမားတစ်ဦးက ပြောသည်။

ဝက်လက်နယ်တွင် စပါးပေါ်ချိန်တွင်လည်း ဈေးမကောင်းသောကြောင့် တောင်သူများ အကြပ်ရိုက်နေကြောင်း လှတောရွာမှ တောင်သူတစ်ဦးက ယခုကဲ့သို့ဆိုသည်။

“ ရောင်းစားရင်လည်း တောင်သူစရိတ်နဲ့ဆို တွက်ခြေမကိုက်ဘူး၊ရှုံးမှာ၊ မိုးမရွာလို့ စပါး အထွက်နည်းတယ်၊ ကြွက်ကျလို့ ကူလီစရိတ် ပိုကုန်တယ်၊ နောက်စပါးဈေးက ဆင်ပါးစပ်နှမ်းပတ်သလောက်ရှိတာဆိုတော့ တောင်သူတွေကြာရင် ဆည်ရေထဲငါးမျှားရတော့မယ့် ကိန်းဆိုက်နေပြီ’’ ဟု လယ်သမားဦးဘမှုံက လှတောလေသံဖြင့်ပြောသည်။

လွန်ခဲ့သောနှစ်တွင် ဧရာမင်းစပါးတင်း(၁ဝဝ)အား ၅သိန်းခွဲ၆သိန်းထိရှိသော်လည်း ယခုနှစ်တွင် ကျပ်၅သိန်းဝန်းကျင်သာ   ဈေးရကြောင်းတောင်သူများထံက သိရှိရသည်။

စပါးဈေးနည်းသောကြောင့် ဈေးတက်လာမည့်အချိန်ကိုသာ တောင်သူများက စောင့်ဆိုင်းနေရသည့်အတွက် စပါးပေါ်ပေး ပေးထားသော အကြွေးရှင်များအနေဖြင့်နစ်နာမှုရှိကြောင်း ဒေသခံများက ဆိုသည်။

လက်ရှိအချိန်တွင် ဝက်လက်မြို့နယ်မှ တောင်သူလယ်သမားများအနေဖြင့် မိုးခေါင်သော်လည်း မိုးကြိုစပါးရိတ်သိမ်းပြီး၍ ဆည်ရေအားကိုးကာ ကောက်ကြီးစပါးထပ်မံစိုက်ပျိုးနေကြသည်။

“ ပွဲစားက ၅သိန်းတောင် မပေးချင်ဘူး၊စပါးဈေးမကောင်းမှတော့ ဘယ်သူမှရောင်းမယ့် လူမရှိဘူး၊ ရောင်းလဲရှုံးမှာလေ    ဈေးတက်လာပဲစောင့်ရတယ်၊ ဒီနှစ်ထဲတောင်သူတွေ ရာသီဥတုဖောက်ပြန်လို့ တော်တော်ဒုက္ခ ရောက်တယ်၊ ကျုပ်တို့မွေးကတည်းက တောင်သူလုပ်လာတာဆိုတော့ ရှုံးရှုံးမြတ်မြတ် တောင်သူပဲလုပ်ရမှာပဲ” ဟု ပင်းဇင်းကျေးရွာမှ တောင်သူဒေါ်ခင်ဆန်းက ဆိုသည်။

မောင်ယဉ်ကျော်-မန္တလေး(မြစ်မခ)
by Myit Makha Mediagroup


ရောင်းအားထက်ဝက်ကျဆင်းနေသည့် ကျောက်မဲ ညနေဈေးသည်များ

  ကျောက်မဲမြို့၊ ဗဟိုဈေးအနီးပြောင်းရွှေ့ဖွင့်လှစ်ထားသော ညနေဈေးမှာ ပြောင်းရွှေ့ပြီး (၆)လတွင်း အရောင်းအဝယ်ကျ ဆင်းလျှက်ရှိကြောင်း ဈေးသူဈေးသားများထံက သိရှိရသည်။

'' ဈေးကြီးနားဖြစ်သွားတော့ ဈေးသည်တွေ တော်တော်များများရောင်းမကောင်းကြဘူး။ အမှတ် (၃)မှာတုန်း ညနေဈေးတစ်ခုပဲရှိတာဆိုတော့ အရောင်းအဝယ်ကောင်းတယ်။ ဒီမှာ မနက်ဈေးရော ညနေဈေးရောဆိုတော့ အရောင်းအဝယ်ပါးတယ်''ဟု ညနေဈေးတွင်ရောင်းချနေသူ ဈေးသည် မဇင်ဇင်ဆွေက ပြောသည်။

အဆိုပါညနေဈေးမှာ အမှတ် (၃)ရပ်ကွက်၊ စဝ်စံထွန်းလမ်းဘေးဝဲယာတွင် ရောင်းချခဲ့ကျပြီး ယခု ၂ဝ၁၂ခုနှစ် ဇန်နဝါရီလမှစတင်၍ အမှတ် (၄)ရပ်ကွက်ရှိ ဗဟိုဈေးအနီးသို့ မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ ရွှေ့ပြောင်းပေးခဲ့ခြင်းဖြစ်သည်။

''ဈေးဆိုင်မရှိတဲ့ ရပ်ကွက်တွေမှာရှိရင်အရောင်းအဝယ်ရောစားသုံးသူတွေအတွက်ရောအဆင်ပြေတယ်။ အခုကမနက်ဈေးရော ညနေဈေးရောတစ်ရပ်ကွက်ထဲမှာဖြစ်နေတာတော့ ဈေးသည်တွေ အနေနဲ့ အရောင်းအဝယ် မဖြစ်ကြတာထင်တယ်''ဟု ကျောက်မဲမြို့ အမှတ် (၃)ရပ်ကွက်မှ ကိုကျော်မျိုးက ပြောသည်။

ညဈေးမှ ဈေးသူဈေးသားများသည် ယခင် ဈေးအဟောင်းတွင် တစ်ရက်လျှင် ကျပ် ၂သောင်း အထက် အရောင်းအဝယ်ဖြစ်သော်လည်း လက်ရှိဈေးနေရာသစ်တွင် တစ်ရက်လျှင် ကျပ် ၁သောင်း ဝန်းကျင်သာ အရောင်းအဝယ်ဖြစ်ကြောင်း ဈေးသူဈေးသားများက ဆိုသည်။

''အရင်နေရာမှာက ပိုရောင်းလို့ ကောင်းတယ်၊ အခုရွှေ့ထားတဲ့နေရာက ပိုပြီးနေရာကျယ်တယ် ဆိုပေမယ့် ဗဟိုဈေးကြီးရဲ့တောင် ဘက်နဲ့မြောက်ဘက် လမ်းကနှစ်လမ်းဖြစ်နေတော့ နှစ်နေရာခွဲ ထားသလိုဖြစ်ပြီး သိပ်ရောင်းမကောင်းဘူး'' ဟု ဈေးတွင်း ကြက်၊ဘဲ ဥရောင်းချသူတစ်ဦးက ပြောသည်။

ညနေဈေးအား ညနေ (၃)နာရီမှ (၆)နာရီအထိ ဖွင့်လှစ်ရောင်းချကြပြီး ကျောက်မဲမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဈေးသည်များ လာရောက်ရောင်းချလေ့ရှိသည့်ဈေးဖြစ်သည်။

 ကျောက်မဲမြို့တွင် ဗဟိုဈေး နှင့် ဈေးသစ် ဈေးကြီး နှစ်ခုသာရှိပြီး အမှတ်(၈)ရပ်ကွက်တွင် မနက်ခင်း အခွန်လွတ်ဈေးနှင့် ဗဟိုဈေးအနီးတွင် ပြောင်းရွှေ့ဖွင့်လှစ်ထားသော ညနေဈေးရှိကြောင်းသိရှိရသည်။

နေဖြိုးမြင့် - ရှမ်း၊မြောက် (မြစ်မခ)
by Myit Makha Mediagroup



ဗောဓိရေကာတာမှာ အခြားအန္တရာယ်မကြုံရပါက စိုးရိမ်ဖွယ်မရှိဟုအင်ဂျင်နီယာရုံးမှ တုံ့ပြန်

င၀န်မြစ်ရေသည် ဧရာဝတီတိုင်း ငါးသိုင်းချောင်းမြို့တွင်စိုးရိမ်ရေမှတ်အထက် (၂)ပေ ကျော်လွန် နေသဖြင့်   မြို့အနီးရှိ ဗောဓိရေကာတာကျိုးပေါက်မည်ကို ငါးသိုင်းချောင်းမြို့ခံများ စိုးရိမ်ထိတ်လန့်နေ ကြသည်။

ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့အနီးရှိ အရှည် ၇၄ မိုင်ရှိသောင၀န်မြစ်ထိန်း ဗောဓိရေကာ တာတွင် ရေများပြည့်နေပြီး တာအား ၂၄ နာရီစောင့်ကြပ်ကြည့်ရှုနေရသည့် အနေအထားသို့ ရောက်ရှိနေသည်။

“ကျွန်တော်တို့တော့ အထုပ်အပိုးတွေ အသင့်ပြင်ထားတယ်။ တကယ်လို့ မပြောကောင်းမဆိုကောင်း တာကျိုးခဲ့ရင် ပြေးလို့လွှားလို့ လွယ်အောင်ပေါ့ဗျာ။ခိုင်မာအောင် လုပ်ထားပါတယ်ဆိုပေမယ့် တာထဲမှာ   ရေတွေက ပြည့်လျှံနေတော့ညညဆို စိတ်ချလက်ချကို မအိပ်ရဲဘူးဗျ”ဟု ငါးသိုင်း ချောင်းမြို့ခံတဦးက
ပြောသည်။

တာကျိုးပေါက်ခဲ့ပါက ငါးသိုင်းချောင်းမြိုအပါအ၀င် ကျုံပျော်၊ ရေကြည်၊ကျောင်းကုန်း၊ ကန်ကြီးထောင့် နှင့် အိမ်မဲမြို့များ ရေဘေးအန္တရာယ်ကြုံတွေ့ရဖွယ်ရှိသည်။

ဗောဓိရေကာတာအား ရေတိုးအားဒဏ်ခံနိုင်အောင် ဆောင်ရွက်ထားပြီး အချိန်ပြည့်စောင့်ကြပ် ကြည့်ရှုနေကြောင်းနှင့် အရေးပေါ်အခြေအနေ ဖြစ်ပေါ်ပါက အချိန်မီဆောင်ရွက်နိုင်ရန် ပြင်ဆင်ထား ကြောင်း ငါးသိုင်းချောင်းမြို့
မြို့နယ်အင်ဂျင်နီယာရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“စိုးရိမ်ရေမှတ် ကျော်နေပေမယ့် တာကျိုးပေါက်ခြင်း မရှိအောင်ကျွန်တော်တို့ စနစ်တကျ မွမ်းမံ ထိန်းသိမ်းထားပါတယ်။ ဒါကြောင့်သဘာဝဘေးအန္တရာယ် တစ်ခုခုမဖြစ်ခဲ့ဘူးဆိုရင် တာကျိုးတာ မဖြစ်နိုင်ပါဘူး”ဟု
မြို့နယ်အင်ဂျင်နီယာရုံးမှ တာဝန်ရှိသူက ပြောသည်။

င၀န်မြစ်ရေသည် သြဂုတ်လ ၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီတွင် တိုင်းထွာချက်အရငါးသိုင်း ချောင်းမြို့တွင် ၁၁၉၃ စင်တီမီတာသို့ ရောက်ရှိနေပြီးစိုးရိမ်ရေမှတ်အထက် ၆၃ စင်တီမီတာ (၂ ဒဿမ ၁ ပေ) ခန့် ကျော်လွန်နေသည်ဟု
ယမန်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

မြစ်ရေသည် နောက် ၃ ရက်အတွင်း ငါးသိုင်းချောင်း၏ စိုးရိမ်ရေမှတ် ၁၁၁၀စင်တီမီတာ အထက်တွင် ဆက်လက်တည်ရှိနေမည်ဟု အစိုးရ မိုးလေ၀သနှင့် ဇလဗေဒဌာနကထုတ်ပြန်ထားသည်။

“ဘုရားရှိခိုးရင် တာမကျိုးဖို့ ထည့်ဆုတောင်းနေရတယ်။ မနှစ်ကမြစ်ရေတိုက်စားလို့ တာကျိုး ထားတဲ့ဟာကို   ပြန်ပြင်ထားတဲ့နေရာ က မြို့နဲ့နီးနီးလေးဆိုတော့ အဒေါ်တို့က တအားစိုးရိမ်တယ်။ လုံးဝကို စိတ်မချဘူး”ဟု
မြို့ခံ ထမင်းဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

ဗောဓိရေကာတာသည် ဟင်္သာတမြို့မှ သာပေါင်းအထိ ၇၄ မိုင် ရှည်လျှားပြီး၊တာတစ်လျှောက်တွင် ဟင်္သာတ၊ လေးမျက်နှာ၊ ရေကြည်၊ သာပေါင်းစသည့်မြို့နယ်များကို ဖြတ်သန်း ဖောက်လုပ် ထားသည်။

ထို့ပြင် င၀န်မြစ်ရေတက်သဖြင့် ဧရာဝတီတိုင်းမြို့တော် ပုသိမ်မြို့၏ရပ်ကွက်တချို့တွင် ရေများ ၀င်ရောက်နေပြီး   ဒေသခံ ၁၀၀၀ ကျော်မှာရေဘေးကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံ နေကြရသည်။

“ရေက အိမ်တွေထဲအထိ ၀င်နေတာပေါ့လေ။ ၂ ထပ်ရှိတဲ့ အိမ်တွေကတော့ အပေါ်ထပ်မှာတက် နေလို့ရတာပေါ့။ တထပ်တည်းရှိတဲ့အိမ်တွေကတော့ ကယ်ဆယ်ရေးစခန်းတွေမှာသွားနေ နေတယ်”ဟု ပုသိမ်မြို့ခံ သတင်းထောက်တစ်ဦးက ဆိုသည်။

 ရေ၀င်နေသည့် ရပ်ကွက်များမှာ မြေနိမ့်ပိုင်းတွင် တည်ရှိသည့် အမှတ် - ၁၊၂၊ ၃၊ ၉၊ ၁၀၊ ၁၂၊ ၁၄ ရပ်ကွက်များ ဖြစ်သည်။

 လက်ရှိတွင် အမှတ် - ၃ အခြေခံပညာ အလယ်တန်းကျောင်း၊ပုဂံဘုန်းကြီးကျောင်းဝင်းနှင့် တာဝတိံသာဘုရားဝင်းတို့ အပါအ၀င် နေရာ ၁၂ခု ၌ ရေဘေးကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ထားသည်။

ရေဘေးဒုက္ခသည်များအား ဧရာဝတီတိုင်း အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့်ပုသိမ်မြို့ခံ လူမှုရေး အသင်းများက ထမင်းထုပ်များ လှူဒါန်းလျက်ရှိသည်။

ပုသိမ်နည်းတူ ဧရာဝတီတိုင်းမှ မော်ကျွန်း၊ ပဲခူးတိုင်းမှ ပဲခူးမြို့၊ကရင်ပြည်နယ် ဘားအံမြို့နှင့် မကွေးတိုင်း ပခုက္ကူမြို့နယ်တို့တွင်မြစ်ရေကြီးမှုများ ကြုံတွေ့နေသည်။

မြန်မာနိုင်ငံတွင် မြစ်ရေကြီးမှုအန္တရယ် သတိပြုရသည့် ကာလ ၃ ခုရှိရာပထမကာလမှာ မိုးဦးကျ ဇွန်လ၊ ဒုတိယကာလမှာ မိုးလယ် ဇူလိုင်နှင့်သြဂုတ်ဖြစ်၍ တတိယကာလမှာ မိုးနှောင်း စက်တင်ဘာနှင့် အောက်တိုဘာလများ
ဖြစ်သည်။

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြစ်ရေကြီးမှုအန္တရယ် သတိပြုရသည့်ဒုတိယကာလအတွင်း ဧရာဝတီ၊ သံလွင်၊ စစ်တောင်း၊ ချင်းတွင်း၊ ပဲခူးနှင့်င၀န်မြစ်များမှာ မြစ်ရေများ မြင့်တက်နေပြီး မြို့နယ်အချို့တွင်စိုးရိမ်ရေမှတ်    ကျော်လွန်နေသည့်အတွက် မြစ်ရေကြီးမှု သတိပေးချက်များကိုအစိုးရက နိုင်ငံပိုင် မီဒီယာများမှတဆင့် ထုတ်ပြန်ပေးနေသည်။

ဆလိုင်းစိုးသန့် (မြစ်မခ)
by Myit Makha Mediagroup

ပါကစ္စတန် သမ္မတ မြန်မာသမ္မတထံ ရိုဟင်ဂျာအရေး စာပို့

သမ္မတ ဦးသိန်းစိန်နှင့် ပါကစ္စတန်သမ္မတ Asif Ali Zardari (ဓါတ်ပုံ - Google Images)
ရခိုင်ပြည်နယ်မှ လူမျိုးရေး ပဋိပက္ခများအတွင်း ရိုဟင်ဂျာ မူဆလင်များ သေဆုံးခဲ့ရမှုနှင့် ပတ်သက်၍ လေးနက်စွာ စိုးရိမ်ပူပန်ကြောင်း ပါကစ္စတန်သမ္မတ Asif Ali Zardari က မြန်မာသမ္မတ ဦးသိန်းစိန်ထံ အင်္ဂါနေ့က စာရေးသား ပေးပို့လိုက်သည်။

သမ္မတ Zardari ၏ စာထဲတွင် ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်အား မြန်မြန်ထက်ထက် ဆောင်ရွက်ရန်
တောင်းဆိုထားပြီး သို့မှသာ ရိုဟင်ဂျာများ ၎င်းတို့နေအိမ်များသို့ ပြန်သွားကာ လုံခြုံစိတ်ချရသည့်ဘဝသို့ ရောက်ရှိစေ မည်ဟု ပါရှိကြောင်း ပါကစ္စတန် အေပီ သတင်းတပုဒ်တွင် ဖော်ပြထားသည်။

ပါကစ္စတန် အစိုးရနှင့် ပြည်သူများအနေဖြင့် မူဆလင်များ သေဆုံးကြရမှုအပေါ် များစွာ ကြေကွဲရပြီး အတိဒုက္ခရောက်မှု များ အတွက်လည်း နက်ရှိုင်းစွာ စိုးရိမ်ပူပန်လျက် ရှိကြကြောင်းလည်း Zardari က ဆိုသည်။

ထို့အပြင် လူမှုအသိုက်အဝန်းများ ငြိမ်းချမ်းစွာ အတူနေထိုင်ခြင်းကသာလျှင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး
နောက်ကြောင်းမပြန်ရန် အာမခံပေးနိုင်မည်ဖြစ်ကြောင်းလည်း ပါကစ္စတန် သမ္မတက ဦးသိန်းစိန်ထံ စာရေးသားပေးပို့ လိုက်သည်။

ရခိုင်ပြည်နယ်မှ လူမျိုးရေးပဋိပက္ခများအတွင်း မူဆလင် အများအပြား သေဆုံးသွားရကြောင်း သတင်းများကြောင့် ပါကစ္စတန်ရှိ လက်ျာ နိုင်ငံရေးပါတီများ၊ ဘာသာရေး အခြေခံအဖွဲ့များက ၎င်းတို့အစိုးရအား အရေးတယူ ဆောင်ရွက် ပါရန် တောင်းဆိုမှုများ ရှိနေသည်။ ထို့အပြင် ပါကစ္စတန်အခြေစိုက် တာလီဘန် အကြမ်းဖက်အဖွဲ့တခုဖြစ်သည့် (TTP)ကလည်း မြို့တော် အစ္စလာမ်မာဘတ်ရှိ မြန်မာသံရုံးအား ပိတ်ရန်နှင့် နှစ်နိုင်ငံ အဆက်အသွယ်များ
ဖြတ်တောက်ရန် Zardari အစိုးရအား တောင်းဆိုထားပြီး သို့မဟုတ်ပါက လက်တုန့်ပြန် အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်သွားမည်ဟု မြန်မာအစိုးရအား ခြိမ်းခြောက်မှုများ ရှိနေသည်။

မဇ္ဈိမသတင်းဌာန |
နယူးဒေလီ (မဇ္ဈိမ)

ညောင်လေးပင်နှင့် ကဝမြို့နယ် စပါးစိုက်ဧက တသောင်းကျော် ရေနစ်မြုပ်

မိုးများ အဆက်မပျက် ရွာသွန်းမှုကြောင့် ညောင်လေးပင်နှင့် ကဝမြို့နယ်ရှိ စပါးစိုက်ဧက သောင်းနှင့်ချီ၍ ရေနစ်မြုပ်လျက်ရှိကာ ပျက်စီးဆုံးရှုံးကုန်မည်ကို လယ်သမားများက စိုးရိမ်ပူပန် (ဓါတ်ပုံ သီဟ)
မိုးများ အဆက်မပျက် ရွာသွန်းမှုကြောင့် ပဲခူးတိုင်း၊ ညောင်လေးပင်နှင့် ကဝမြို့နယ်တို့ရှိ စပါးစိုက်ဧက သောင်းနှင့်ချီ၍ ရေနစ်မြုပ်လျက်ရှိကာ ပျက်စီးဆုံးရှုံးကုန်မည်ကို လယ်သမားများက စိုးရိမ်ပူပန်လျက် ရှိကြသည်။

ညောင်လေးပင်မြို့နယ်မှာပင် ကျေးရွာ ၂ဝ ကျော်မှ စပါးစိုက်လယ်ဧက ၁ဝ,ဝဝဝ ကျော် ရေနစ်မြုပ်နေသည်ဟု လယ်သမားတဦးက ပြောသည်။

သြဂုတ် လဆန်းပိုင်းမှစ၍ မိုးဆက်တိုက် ရွာသွန်းကာ မြို့အထက်ပိုင်းရှိ ရွှေကျင်ဆည်နှင့် ရဲနွယ်ဆည်တို့မှ ရေလွှဲချ
ခြင်းကြောင့် မြေနိမ့်သည့် အင်းချောင်၊ ချောင်းကျိုး၊ တာဦး၊ သွင်းကုန်း၊ ရှမ်းရွာ၊ တော်မသီ၊ ပုဇွန်မြောင်း၊ မဒေါက်မြို့၊
ရေပေါ်တောင်၊ ရေဖြူကန် စသည့် ကျေးရွာပေါင်း ၂ဝ ကျော်မှ ကောက်စိုက်စပါး ဧက ၁ဝ,ဝဝဝ ကျော် ရေ နစ်မြုပ်ကုန်ခြင်း ဖြစ်သည်။

“ရွာတွေက မြုပ်တဲ့ရွာတွေလည်း ရှိတယ်။ ကောက်စိုက်ဧကတွေ မြုပ်နေတယ်။ ဒီနေ့ တတောင်လောက် ပိုလာပြီ။ စိုက်ပျိုးတဲ့ စပါးပင်က လုံးဝ မပေါ်တဲ့ ဧက များတယ်။ ဧက သောင်းကျော်တယ်။ ဥပမာ ကျနော်တို့ တော်မသီ ဒိုင်နယ်ဆိုရင် ဧက ၂,၈ဝဝ ရှိတယ်။ ဒိုင်နယ်၂ဝ ကျော်ဆိုတော့ တဒိုင်နယ်ကို စိုက်ပျိုးတဲ့ လယ်ဧက အနည်းဆုံး တထောင်ကျော် ရှိတယ်။ ဒါက အနည်းဆုံး အဆင့်ကို ပြောတာ” ဟု တော်မသီကျေးရွာမှ တောင်သူ ဦးအေးလွင် က မဇ္ဈိမကို ပြောသည်။

အင်္ဂါနေ့တွင်လည်း မိုးဆက်လက် ရွာသွန်းလျက်ရှိကာ စပါးပင်များ ရေအောက်သို့ ခုနှစ်ရက်ကြာ နစ်မြှပ်နေပြီဖြစ်၍
ကောက်စိုက် စပါးပင်များ ပျက်ဆီးမည်ကို စိုးရိမ်နေရသည်ဟု လယ်သမားကြီး ဦးအေးလွင် က ပြောသည်။

“ဒီစိုက်ပင်တွေက ပုပ်သွားနိုင်တယ်။ နောက်ထပ် ၁၅ ရက်လောက်ထိ ရေပြန်မကျနိုင်တဲ့ အခြေအနေရှိနေတယ်။ စပါး မရှိတော့ဘူးဆိုရင် စိုက်ပျိုးစရိတ် ဆုံးရှုံးနစ်နာမယ်။ ကျနော်တို့ ပထမ ရင်းနှီးမြှုပ်နှံမှု ဆုံးရှုံးပြီဆိုရင် ခေါင်းထောင်နိုင်တဲ့ အနေအထား မရှိတော့ဘူး။ ပြန်စိုက်မယ်ဆိုရင်လည်း ရာသီဥတုက ဘာဖြစ်လာမယ်ဆိုတာ မှန်းလို့မှ မရတာ” ဟု ၎င်းက ဆိုသည်။

ကောက်စိုက်ပြီး၍ နုသော စပါးပင်များ ရေအောက်တွင် ခုနှစ်ရက်ခန့် ကြာမြင့်ပါက စပါးများ သေဆုံး ပျက်စီးသွားနိုင် သည်။ စပါးပင် ရင့်၍ ရှည်လျားပါက ၁၅ ရက်ထိသာ ခံနိုင်ပြီး သည့်ထက်ပို၍ ရေအောက် ရောက်သွားပါက စပါးပင်များ ပျက်ဆီးနိုင်သည်ဟု လယ်သမားကြီးက ရှင်းပြသည်။

အလားတူ ပဲခူးတိုင်း ကဝမြို့နယ် အုန်းနှဲ၊ ထာဝ၊ နိဗ္ဗာန်၊ ပိုင်ကျုံ၊ တောင်ကြီး၊ နဘဲပင်၊ မိုးခိုင်၊ ကျားတက်၊ ကမာကလဲ အပါအဝင် ကျေးရွာပေါင်း ၄ဝ ကျော်မှ ရွာသားများ ပိုင်ဆိုင်သော လယ်မြေများလည်း ရေဖုံးလွှမ်းနေသဖြင့် ထက်ဝက် ခန့် ပျက်ဆီးနိုင်သည်ဟု အုန်းနှဲကျေးရွာမှ လယ်သမားတဦးက ပြောသည်။

“ရေကြီးတဲ့လို့ လယ်ဧက ၅ဝ ရာခိုင်နှုန်း ပျက်စီးနိုင်တယ်။ အဓိက ကဝ မြို့နယ် အုန်းနှဲတဝိုက်က ရေနက်ကွင်းပေါ့။ တနေ့က ရွာက ဘုရားမှာ ၂၁ အိမ်ထောင်၊ ခမဲပင်ရွာမှာ အိမ်ခြေ ၁၄ အိမ်ထောင် မြုပ်သွားတယ်” ဟု မဇ္ဈိမကို
ပြောသည်။ 

တနင်္လာနေ့က အုန်းနွဲကျေးရွာမှ ကယ်ဆယ်ရေးစခန်းသို့ ကဝမြို့နယ် အုပ်ချုပ်ရေးမှူး လာရောက်၍ ကယ်ဆယ်ရေး ပစ္စည်း လှူဒါန်းခဲ့ပြီး လူမှုအဖွဲ့အစည်းများမှ ထမင်းထုပ်များ လှူဒါန်းပေးနေသည်ဟု ဆိုသည်။

ပဲခူးတိုင်း၊ ဒိုက်ဦးနှင့် သနပ်ပင်မြို့နယ်များမှ ရေမြောင်းများ ဖောက်လုပ်သဖြင့် ရေများ အုန်းနှဲကျေးရွာသို့ စုန်ဆင်းလာ၍ ယခင်နှစ်ထက် ပိုမို မြင့်တက်လာကာ တချို့ နေအိမ်များ နစ်မြုပ်နေသည်ဟု ဆိုသည်။

ရေကြီးသဖြင့် ကဝမြို့နယ်၊ ကျားတက်ရွာမှ စာသင်ကျောင်းကို ယနေ့မှ စ၍ လေးရက် ပိတ်ထားမည် ဖြစ်ပြီး တနင်္လာနေ့ က ၁ဝ တန်း ကျောင်းသားတဦး ရေနစ်မြုပ် သေဆုံးခဲ့သည်ဟု ရွာသားတဦးက ပြောသည်။

“ကျောင်းတွေ ပိတ်ထားရတယ်။ မိုးတွေကလည်း တအားရွာ။ ခုတော့ မိုးရေလောက်ပဲ ကျတယ်။ တက်ရေက မကျဘူး။ ဆည်ဖောက်တဲ့ရွာပေါ့။ တော်တော် အခြေအနေ ဆိုးနေတာ။ ကလေး သေသွားတော့ ကျောင်းသွားတဲ့ လမ်းဘေးတွေမှာ ရေတွေက တက်နေတော့ ဆရာကြီးက ကျောင်းပိတ်ပေးတယ်” ဟု သူက ပြောသည်။ 

ရေလွဲချောင်းရေ မြင့်တက်နေသဖြင့် ရေလွဲချောင်းအား ဖြတ်၍ တည်ဆောက်ထားသည့် ဘိုးထောင်တံတား ကျိုးမည် စိုးရိမ်သဖြင့် ဒေသခံများ လုပ်အားပေးသွားရသည်ဟု သိရသည်။

ထို့ပြင် ရွှေကျင်မြစ်ရေသည် ယနေ့ တိုင်းထွာချက်အရ ရွှေကျင်မြို့တွင် စိုးရိမ်ရေမှတ် အထက် ၅၂ စင်တီမီတာ(၁ ဒသမ ၇ ပေခန့်) ကျော်လွန်နေကာ နောက်ထပ် သုံးရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ် ၇ဝဝ စင်တီမီတာ အထက်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း ယနေ့ထုတ် သတင်းစာတွင် မိုးလေဝသနှင့် ဇလဗေဒညွန်ကြားရေးမှူး ဦးစီးဌာနက ထုတ်ပြန်ထားသည်။

ဤရက်ပိုင်းအတွင်း မြန်မာနိုင်ငံတဝန်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဧရာဝတီ၊ သံလွင်၊ ချင်းတွင်း၊ ငဝန်၊ ပဲခူး၊ စစ်တောင်း၊ ရွှေကျင် စသည့် မြစ်များ မြစ်ရေကြီးသည့် သတိပေးချက်ကို နိုင်ငံပိုင် သတင်းစာတွင်လည်း နေ့စဉ် ထုတ်ပြန်နေသည်ကို တွေ့ရသည်။

ဖနိဒါ |ချင်းမိုင်(မဇ္စျိမ)

ပုဂ္ဂလိကဘဏ်များကို နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်ပြု

ရန်ကုန်၊ သြဂုတ် - ၇

ဗဟိုဘဏ်၏ ခွင့်ပြုချက်ဖြင့်  ပုဂ္ဂလိကဘဏ် ၁၁ ဘဏ်သည် နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ ဘဏ်လုပ်ငန်း  (International Banking Service)   လုပ်ကိုင်ဆောင်ရွက်ခွင့်ကိုရရှိသွားပြီဖြစ်ကြောင်း  သတင်းရရှိသည်။

နိုင်ငံတကာ ကုန်သွယ်မှုဆိုင်ရာဘဏ်လုပ်ငန်းများနှင့်ပတ် သက်၍ ၀န်ဆောင်မှုအမျိုးအစားလေးမျိုးဖြစ်သော  နိုင်ငံခြားငွေ

စာရင်း ဖွင့်လှစ်ခြင်းလုပ်ငန်း၊ နိုင်ငံခြားငွေကြေးလွှဲပြောင်းပေးပို့ခြင်းလုပ်ငန်း၊ ကုန်သွယ်မှုဆိုင်ရာ ပို့ကုန်လုပ်ငန်းဝန်ဆောင်မှုများနှင့် ကုန်

သွယ်မှုဆိုင်ရာ သွင်းကုန်လုပ်ငန်း ၀န်ဆောင်မှုများကို ပုဂ္ဂလိကဘဏ် ၁၁ ဘဏ်က   ၀န်ဆောင်မှုပေးမည်ဖြစ်သည်။

နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ခြင်းလုပ်ငန်းတွင် နိုင်ငံခြားငွေစာရင်း အချင်းချင်းစာရင်းပြောင်း နိုင်ခြင်းနှင့် အခြားသောပြည်တွင်း ဘဏ်တစ်ခုခုနှင့် စာရင်းပြောင်း ရွှေ့နိုင်ခြင်းတို့ကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။

နိုင်ငံခြားငွေကြေး လွှဲပြောင်းပေးပို့ခြင်းလုပ်ငန်းတွင် လုပ်ကိုင် ခွင့်ရဘဏ်များနှင့် ချိတ်ဆက်ထားသည့် နိုင်ငံတကာဘဏ်များ ရှိ စာရင်းများမှ အပြန်အလှန်လွှဲပို့ဆောင်ရွက်နိုင်ခြင်းကို ပြုလုပ်နိုင် မည်ဖြစ်ပြီး ယင်းစနစ်သည် ကုန်သွယ်မှုလုပ်ငန်းနှင့်  သက်ဆိုင်သည်များကို   ရှင်းလင်းပေးသည့်စနစ်တစ်ခုမဟုတ်ဟုသိရသည်။

ကုန်သွယ်မှု ပို့ကုန်လုပ်ငန်း ၀န်ဆောင်မှုများကို ဆောင်ရွက် မည်ဆိုလျှင် ပို့ကုန်ကြိုတင်ငွေပေးချေခြင်းစနစ်နှင့် ပို့ကုန်ငွေလွှဲစာ တမ်းစနစ်များနှင့် သက်ဆိုင်သည်များကို    လုပ်ကိုင်နိုင်မည်ဖြစ်သည်။ ကုန်သွယ်မှုသွင်းကုန်လုပ် ငန်းဝန်ဆောင်မှုတွင် သွင်းကုန်ငွေ လွှဲစာ တမ်းဖွင့်လှစ်ခြင်း၊ သွင်းကုန်ဘီလ်များ  လက်ခံခြင်းနှင့်သင်္ဘော တင်အာမခံစာရွက်စာတမ်းထုတ်ပေးခြင်းများကို    ဘဏ်များဘက်မှ ဆောင်ရွက်ပေးမည်
ဖြစ်သည်ဟု သတင်းရရှိသည်။

ယခုကဲ့သို့ ပုဂ္ဂလိကဘဏ်များက နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ ဘဏ်လုပ်ငန်းကို ဆောင်ရွက်ခွင့်ရလိုက်ပြီဖြစ်သဖြင့်မြန် မာနိုင်ငံ၏ ပို့ကုန်သွင်းကုန်ကဏ္ဍကို ပိုမိုအထောက်အကူဖြစ်လာ စေမည်ဖြစ်ကြောင်း  အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ်၏    (Customer Sevice Department) မှ ဒါရိုက်တာဦးသက်လွှင်ရွှေက ပြော သည်။

အဆိုပါ ဘဏ်များအနေဖြင့် နိုင်ငံခြားဘဏ်များနှင့်လည်း ကြိုတင်ချိတ်ဆက်ထားပြီဖြစ်ပြီး အများအားဖြင့် ထိုင်း၊ စင်ကာပူ၊ မလေး

ရှား၊ ကိုရီးယားအစရှိသည့်နိုင်ငံများက ဘဏ်များနှင့် ချိတ်ဆက်သွားမည်ဟု CB   ဘဏ်၏ မန်နေးဂျင်းဒါရိုက်တာဦးဖေမြင့်ကပြောသည်။

နိုင်ငံခြားငွေစာရင်းဖွင့်လှစ် ခြင်းလုပ်ငန်းတွင် အမေရိကန် ဒေါ်လာ၊ ယူရိုငွေနှင့် စင်ကာပူဒေါ်လာများကို လက်ခံမည်ဖြစ်ပြီး နိုင်ငံခြားငွေ တရားဝင်ကိုင်ဆောင်ခွင့် ရှိသူများအနေဖြင့် ၎င်းတို့ဖွင့်လှစ်မည့် စာရင်းအပ်ငွေရရှိသည့် မူလအရင်းအမြစ်ကို တိတိကျကျပြသရန် လိုအပ်သည်။

CB   ဘဏ်မှ တာဝန်ရှိသူတစ်ဦးဖြစ်သော ဒေါ်သိဂနွယ်က “နိုင်ငံခြားငွေစာရင်းဖွင့်လှစ်မယ့်သူအနေနဲ့ သူတို့ရဲ့နိုင်ငံခြားငွေဘယ်ကရသလဲဆိုတဲ့ ရင်းမြစ်ကို ပြသရမှာဖြစ်တယ်။ နိုင်ငံခြားသားနဲ့လက်ထပ်ထားလို့ နိုင်ငံခြားငွေ ရရင် လက်ထပ်စာချုပ်ပြရမယ်။ ဘယ်လုပ်ငန်းမဆို နိုင်ငံခြားငွေရ  ရှိတဲ့ အဓိကမူလရင်းမြစ်ကို ပြသနိုင်မှ ဖွင့်လို့ရမယ်”ဟု  ပြောကြားသည်။

by 7Day News Journal

ဝန်ကြီး နှစ်ဦးမှ ရှစ်လေးလုံးအခမ်းအနားအတွက် ငွေဆယ်သိန်းလှူ

ယနေ့( သြဂုတ်လ ၇ ရက်)ညနေ ၄း၃၀ နာရီက ၈၈၈၈အရေးတော်ပုံ ငွေရတုအကြို
 ဝါဆို သင်္ကန်းကပ် လှူပူဇော်ပွဲ အခမ်းအနားအတွက် ပြင်ဆင်နေချိန်တွင် ပြည်ထောင်စု
ဝန်ကြီးနှစ်ဦးဖြစ်ကြသော စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးစိုးသိန်းနှင့် မီးရထားပို့ဆောင်
 ရေး ၀န်ကြီးဌာန ၀န်ကြီး ဦးအောင်မင်းတို့သည် အခမ်းအနား ကျင်းပမည့် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အလယ်တိုက်ကြီး၊ ဒက္ခိဏာရာမ ဘုရားကြီး ကျောင်းတိုက်သို့
 ရောက်ရှိလာကြကာ ကျောင်းထိုင် ဆရာတော်များကို ဂါရ၀ပြုပြီးနောက် ၈၈မျိုးဆက်
 ကျောင်းသားများနှင့် ရင်းနှီးစွာတွေ့ဆုံခဲ့ကြသည်။

 ထိုသို့ တွေ့ဆုံရာတွင် မနက်ဖြန်ပြုလုပ်မည့် ရှစ်လေးလုံးအခမ်းအနားအတွက် ၎င်းတို့ ရောက်ရှိလာကြခြင်းဖြစ်ကြောင်း၊ ထိုသို့ လာရောက်ရန် နိုင်ငံတော်သမ္မတကြီးထံ ခွင့်တောင်းပြီးနောက် သမ္မတ၏ ခွင့်ပြုချက်ဖြင့် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒါကြောင့် မနက်ဖြန် ပြုလုပ်မည့် ရှစ်လေးလုံးနေ့အခမ်းအနားကို ပြည်ထောင်စုအဆင့် အစိုးရ အဖွဲ့က ခွင့်ပြုလိုက်ခြင်းအား ပေါ်လွင်စေလိုသောကြောင့် ယခုကဲ့သို့ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း တို့ကို ၀န်ကြီးဦးစိုးသိန်းက ပြောကြားသွားပြီး ဆရာတော်ကြီးများအတွက် န၀ကမ္မ အလှူငွေ ကျပ်နှစ်သိန်းနှင့် ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့သို့ အလှူငွေကျပ် ဆယ်သိန်းကို ၀န်ကြီး နှစ်ဦးမှ ပေးအပ်သွားခဲ့ကြသည်။
အဆိုပါ လက်ခံရရှိငွေ ဆယ်သိန်းကို ၈၈မျိုးဆက်ကျောင်းသားများမှ ရှစ်လေးလုံးနှစ်ပတ်လည်အခမ်းအနား ကျင်းပရေးကော်မတီသို့ ဆက်လက်လွှဲပြောင်း ပေးအပ်ခဲ့သည်။ ညနေ ၅း၂၀ ခန့်တွင် ၀န်ကြီး နှစ်ဦးသည် ဒက္ခိဏာရာမဘုရားကြီးကျောင်းတိုက်မှ ပြန်လည်ထွက်ခွာသွားခဲ့ကြသည်။
88 Generation Students



 

ရေးရာကော်မတီများမှာ လွှတ်တော်ငယ်များဖြစ်ကြောင်း သူရဦးရွှေမန်းပြောကြား

ဇူလိုင်လ (၉)ရက်နေ့ က ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့
ထမင်းစား နားချိန်တွင် ခေတ္တတွေ့ဆုံနှုတ်ဆက်နေကြစဉ်။

ဓာတ်ပုံ-သီဟ
 နေပြည်တော်၊သြဂုတ်-၇

ရေးရာကော်မတီ များသည် လွှတ်တော်တွင်းမှ လွှတ်တော် အငယ်လေး
များဖြစ်ကြပြီး ကော်မတီများ၏ စွမ်းဆောင်အား မြင့်မားမှုအပေါ်မူတည်၍
လွှတ်တော်၏ တာဝန်ဖြစ်သည့် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွား
အတွက် ဖော်ဆောင်နိုင် မည်ဖြစ်သည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယနေ့ပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်လွှတ်တော်အတွင်း၌ မေးခွန်းများ အဆိုများ
ဥပဒေကြမ်းများ ဆွေးနွေးတင်ပြရုံမျှဖြင့် လွှတ်တော်လုပ်ငန်း တာဝန်များ ကျေပွန်ပြီ
ဟု မှတ်ယူ၍ မရကြောင်း ဥက္ကဋ္ဌကပြောကြားသည်။ “ကော်မတီအသီးသီးနဲ့
သက်ဆိုင်ရာ အဖွဲ့အစည်းများ ဆက်နွှယ်ဆက်စပ်သည့် အဖွဲ့အစည်းများအချင်းချင်းအပြန်
အလှန် ထိန်ုးညှိကူညီဆောင်ရွက်မှုများ ပါဝင်မှသာလျင် လွှတ်တော်ရဲ့ လုပ်ငန်းတာဝန်များ ကျေပွန်စွာ ဆောင်ရွက်နိုင်ပြီဖြစ်ပါတယ်”ဟု သူရဦးရွှေမန်း
ကပြောကြားသည်။

 သူရဦးရွှေမန်းက သြဂုတ်(၇) ရက်တွင် ကျင်းပသည့် ပထမအကြိမ်
 ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၂၁ ရက်မြောက်နေ့တွင်
 ကိုယ်စားလှယ်များအား မှတ်ချက်ပြုပြောကြားရာ၌ အထက်ပါအတိုင်း
 ပြောကြားသွားခြင်းဖြစ်သည်။
 7Day News Journal

ကျောက်တော်တွင် နေအိမ် ၅၀၀ ခန့် ကျေးရွာတစ်ရွာ ထပ်မံ မီးရှို့ခံရ

ရန်ကုန်၊ သြဂုတ် ၇

ဒေသအခြေ အနေ တည်ငြိမ် အေးချမ်းနေပြီဟု အစိုးက တရားဝင် သတင်း ထုတ်ပြန်ထားသော ရခိုင်ပြည်နယ်ရှိ ကျောက် တော်မြို့နယ်တွင် သြဂုတ်လ ၅ရက်နေ့မှ စတင်ကာ ဆူပူ အကြမ်းဖက်မှုများ ပြန်လည် ဖြစ်ပွားခဲ့ပြီး သြဂုတ်လ ၇ ရက်နေ့ (ယ နေ့) တွင် နေအိမ် ၅၀၀ခန့်ရှိသော အင်ဘာရီကျေးရွှာ ထပ်မံ မီးရှို့ခံရကြောင်း အဆိုပါမြို့နယ်ရှိ ရခိုင် တိုင်းရင်းသားများ တ
ိုး တက်ရေး ပါတီမှ သတင်းပြန်ကြားရေး တာဝန်ခံ ဦးဦးစံသိန်းက ပြောကြားသည်။

အဆိုပါ မီးရှို့ခံရသော ကျေးရွှာတွင် ဘင်္ဂါလီလူမျိုးများ အများစုနေထိုင်ကြပြီး ရခိုင်တိုင်းရင်းသားများက မီးရှို့ဖျက်စီးခဲ့ ခြင်းဖြစ်ကြောင်း၊ သြဂုတ်လ ၄ ရက်နေ့၊ ၅ ရက်နေ့ နှင့် ၆ရက်နေ့များက ရခိုင်တိုင်းရင်းသားများနေထိုင်သော ကျေးရွှာ များကို ဘင်္ဂါလီလူမျိုးများက ၀င်ရောက် မီးရှို့ ဖျက်ဆီးမှု နှင့် ကျောက်တော မြို့ပေါ်ရှိ ရွှေပြည်သစ် အဝေးပြေး ကားဂိတ် ကို ၀င်ရောက် ဖျက်ဆီးမှုများ ဖြစ်ပွားရာမှ အဆိုပါမြို့နယ် အတွင်း လူမျိုးစုနှစ်စု အပြန် အလှန် အကြမ်းဖက်မှု ဖြစ်ပွားခဲ့ကြောင်း ယင်း၏အကျိုးဆက်အဖြစ် ယနေ့တွင် ထပ်မံ မီးရှို့ခံရခြင်း ဖြစ်ကြောင်း အဆိုပါ ဒေသခံများထံ ဆက်သွယ်မေးမြန်းချက်များအရသိရှိရသည်။

ယင်းကဲ့သို့ မီးရှို့မှုကြောင့် နေအိမ် ၄၀၀ခန့် ပျက်စီးခဲ့ရကြောင်း ဒေသခံများက ခန့်မှန်းပြောကြားသည်။

အဆိုပါ ဆူပူအကြမ်းဖက်မှုများ ဆက်တိုက် ဖြစ်ပေါ်နေသော်လည်း အဆိုပါမြို့နယ်တွင် လုံခြုံရေးအင်အား အလွန်နည်းပါး သဖြင့် အချိန်မီဟန့်တားနိုင်ခြင်းမရှိခဲ့ကြောင်း ဒေသခံများနှင့် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီတို့ထံ ဆက်သွယ် မေးမြန်းချက် အရသိရှိရ သည်။

အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ သတင်းပြန်ကြားရေး ဌာနမှ ဥက္ကဌ ဦးဦးလှသိန်းကို The Voice Weekly က ဆက်သွယ်မေးမြန်းခဲ့ရာ ယနေ့ မီးရှို့မှုများ ထပ်မံဖြစ်ပွားခြင်းမှာ မှန်ကန်သော်လည်း အပျက်အစီးများနှင့် လူသေဆုံးမှု စာရင်းများကို ထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်း၊ ကျောက်တော်မြို့တွင် ဖြစ်ပွား သော အခြေအနေများကို ရခိုင် ပြည်နယ် အစိုးရအဖွဲ့ က အကြီးတန်း အရာရှိများသည် ယင်းမြို့နယ်သို့ သွားရောက်ကာ ဖြေရှင်းပေးနေကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
 
 The Voice Weekly

တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေး ကော်မတီ၏ လုပ်ငန်းများနှင့် အဖွဲ့ ဝင်များ

"ပြည်သူ့လွှတ်တော်၏ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်းရေး
 ကော်မတီသစ်တွင် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ ဖြစ်လာ"
နေပြည်တော်၊ သြဂုတ်-၇
ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသစ်ကို
ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂ ပုဒ်မခွဲ ဇ အရ ယနေ့ဖွဲ့စည်းလိုက်ရာ
 ကော့မှူးမဲဆန္ဒနယ်မှလွှတ်တော်ကိုယ်စားလှယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်မည်ဖြစ်ပြီး၊
ပုသိမ်မဲဆန္ဒနယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ လွှတ်တော်ကိုယ်စား
လှယ် ဦးဝင်းမြင့်က အတွင်းရေးမှူးအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း
သတင်းရ ရှိသည်။

  ပြည်ထောင်စုအဆင့်ရှိ ယခုအဖွဲ့အစည်းသစ်ကို သက်တမ်းတစ်နှစ်သတ်မှတ်
ထားပြီး  ကော်မတီအနေဖြင့်  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊
 ပြည်သူ့အစိုးရတရားရေး အဖွဲ့အစည်းများ၊ ပြည်သူ့ဝန်ထမ်းများ၊ သတင်း
မီဒီယာနှင့် သက်ဆိုင်သူအားလုံးကို တရားဥပဒေနှင့် အညီ နေထိုင်ပြုမူ လိုက်နာဆောင်ရွက်နိုင်ရေးအတွက်နှိုးဆော်တိုက်တွန်း ထိန်းညှိကူညီခြင်း၊ အရေးယူဆောင်ရွက်ရန်ရှိပါက ပြည်သူ့လွတ်တော် ဥက္ကဋ္ဌမှတစ်ဆင့် လွှတ်
 တော်သို့တင်ပြခြင်း၊ တည်ငြိမ်အေးချမ်းမှုပျက်ပြားစေသော
 အကြောင်းကိစ္စများ ပေါ်ပေါက်ပါက၊ ပေါ်ပေါက်သည်ဟု ယူဆပါက
 သက်ဆိုင်ဆက်စပ်သည့် အဖွဲ့အစည်းများကို ကူညီစောင့်ကြည့် ထိန်းညှိပေးခြင်း၊ တရားဥပဒေစိုးမိုးမှုနှင့်တည်ငြိမ်အေးချမ်းရေးမှတစ်ဆင့်ငြိမ်း ချမ်းရေး ဖော်ဆောင်မှု အောင်မြင်နိုင်ရေးအတွက် လေ့လာသုံးသပ်ဆောင်
ရွက်ခြင်း၊ သက်ဆိုင်ရာ နယ်ပယ် အသီးသီးရှိ ဌာနအဖွဲ့အစည်းများက ကျင့်သုံး
လျက်ရှိသည့် ဥပဒေများကိုလေ့လာ၍ ပယ်ဖျက်၊ ပြင်ဆင်၊ အသစ်ပြဌာန်းရန်
များတွေ့ရှိက လွှတ်တော်သို့တင်ပြခြင်း၊သက်ဆိုင်ရာဌာန အဖွဲ့အစည်းများမှ
အခါအားလျော်စွာ ထုတ်ပြန်သည့် နည်းဥပဒေ စည်းမျဉ်း စည်းကမ်း
အမိန့်ကြော်ငြာစာ အမိန့်ညွှန်ကြားချက်နှင့်လုပ်ထုံးလုပ်နည်းများသည်
တည်ဆဲဥပဒေများ၊  ပြည်ထောင်စု လွှတ်တော်မှ ပြဌာန်းလိုက်သည့် ဥပဒေများနှင့်ညီညွတ်ဆီလျော်အောင်ဆောင်ရွက်ခြင်းညီညွတ်ဆီလျော်မှု
ရှိပါက လိုက်နာ ဆောင်ရွက် မှုကို စောင့်ကြည့် ထိန်းညှိကူညီခြင်းတာဝန်များကို ဆောင်ရွက်ရမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါကော်မတီသည်လုပ်ငန်းနှင့်ပတ်သက်၍ ဆက်စပ်သက်ဆိုင်သည့် အဖွဲ့
အစည်းများ၊ တာဝန်ရှိ ပုဂ္ဂိုလ်များအား ဖိတ်ကြား၍ မေးမြန်းဆွေးနွေးခွင့်ရှိသည်
ဟုဆိုသည်။

    ပြည်သူ့လွှတ်တော်တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ
အဖွဲ့ဝင်များအဖြစ် ပန်းတနော်မဲဆန္ဒနယ်မှဦးမန်းမောင်မောင်ဥာဏ်၊ဒိုက်ဦး
မဲဆန္ဒနယ်မှ ဦးမင်းဆွေ၊ အင်ဂျန်းယန်မဲဆန္ဒနယ်မှဒေါ်ဒွဲဘူ၊ မိုင်းပြင်းမဲဆန္ဒနယ်မှ
ဦးစိုင်းထွန်းစိန်၊ မတူပီမဲဆန္ဒနယ်မှ ဒေါက်တာရိုအုပ်၊ ဇီးကုန်းမဲဆန္ဒနယ်မှ
ဦးခင်မောင်မြင့်၊ကျိုက်မရောမဲဆန္ဒနယ်မှဒေါ်မိယဉ်ချမ်း၊ တာမွေမဲဆန္ဒနယ်မှ
 ဒေါ်လဲ့လဲ့ဝင်းဆွေ၊ ဒီမောဆိုးမဲဆန္ဒနယ်မှ ဦးစိုးရယ်၊ ရသေ့တောင်မဲဆန္ဒနယ်မှဒေါ်ခင်စောဝေ၊ကျောက်မဲမဲဆန္ဒနယ်မှဦးနယ်ဆင်ခေါ်
ဦးဆောင်စီ၊သင်္ဃန်းကျွန်းမြို့နယ်မဲဆန္ဒနယ်မှဦးသိန်းညွန့်တို့ ပါဝင်ကြောင်းသိ
ရသည်။

by 7Day News Journal

အိန္ဒိယ-မြန်မာ နယ်စပ် မိုးရေးမြို့တွင် ဒေါ်စု ရုပ်တု ထားရှိမည်

 မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်တပိုင်းပုံ ပလာစတာ ရုပ်တု တခုကို အိန္ဒိယ-မြန်မာ နယ်စပ် မိုးရေးမြို့တွင် ထားရှိမည်ဖြစ်ကြောင်း မြန်မာ့အရေး လှုပ်ရှားနေသည့် ဒေသခံ အဖွဲ့တခုဖြစ်သည့် မဏိပူရပြည်နယ် အခြေစိုက် Solidarity committee for Burma’s Democracy (SCBD) အဖွဲ့က ထုတ်ဖော် ပြောကြားလိုက်သည်။
ရုပ်တုဖွင့်ပွဲကို မြန်မာ့ဒီမိုကရေစီ တော်လှန်ရေး ၈၈၈၈ နှစ်ပတ်လည် သြဂုတ်လ ၈ ရက် နံနက်ပိုင်းတွင် မိုးရေးမြို့ သတင်းထောက်များအသင်းခန်းမ၌ အခမ်းအနား ကျင်းပကာ ဆွေးနွေးပွဲများလည်း ပြုလုပ်သွားမည်ဟု ဆိုသည်။

ရုပ်တုကို မိုးရေးမြို့ရှိ Social science study center (လူမှုသိပ္ပံ လေ့လာရေးစင်တာ) တွင် ထားရှိသွားမည်ဟု SCBD အဖွဲ့ဝင်တဦးဖြစ်သည့် ရှေ့နေကြီး Mr. Ratan က မဇ္စျိမကို ပြောသည်။

“Mr. Ksh. Santa နဲ့ Com. Sotin Kumar တို့ ခေါင်းဆောင်တဲ့အဖွဲ့ မနက်ဖြန်မှာ မိုးရေးမြို့ကို သွားမယ်။ တမူးဘက်က ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို ဖိတ်ကြားမှာလည်း ဖြစ်ပါတယ်။ နှစ်ဘက်စလုံးမှာရှိတဲ့ စိတ်ဝင်စားတဲ့ ပြည်သူတွေ တက်ရောက်နိုင်ပါတယ်” ဟုဆိုသည်။

SCBD တွင် နာယက Mr. Ksh. Santa နှင့်အတူ အိန္ဒိယ ကွန်မြူနစ်ပါတီ (CPI) ဒေသတွင်း ခေါင်းဆောင်တဦးဖြစ်သည့် Com. L. Sontin Kumar တို့ ဦးဆောင်ကာ သဘာပတိ အဖွဲ့ဝင် ငါးဦးဖြင့် ဖွဲ့စည်းထားပြီး မြန်မာ့အရေး စိတ်ပါဝင်စားသူ ဒေသခံ နိုင်ငံရေး ပါတီခေါင်းဆောင်များ၊ ရှေ့နေများ၊ အရာရှိဟောင်းများ ပါဝင်ကာ ၁၉၈၈ ခုနှစ်
နောက်ပိုင်း မြန်မာဒီမိုကရေစီရေး လှုပ်ရှားမှုများကို အစဉ်တစိုက် အားပေးခဲ့သည်။

လေးစား၊ အတုယူဖွယ် ကောင်းသည့် ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်တု ထားရှိရန် မိုးရေးမြို့ကို ရွှေးချယ်ရခြင်းနှင့် ပါတ်သက်ပြီး ရှေ့နေ Mr.Ratan က “မဏိပူပြည်နယ်က ပြည်သူတွေဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို ထောက်ခံကြောင်း ပြသတာပါ။ မြန်မာနိုင်ငံက ဒီမိုကရေစီ အရေး လှုပ်ရှားတဲ့ ပြည်သူတွေကို ဂုဏ်ပြုတာပါ။ အဲဒါကြောင့် ကျနော်တို့ နယ်စပ်မြို့ တခုဖြစ်တဲ့ မိုးရေးမှာ
ဒေါ်အောင်ဆန်းစုကြည် ရုပ်တုကို ထားဖို့ ရွှေးချယ်တာပဲ ဖြစ်ပါတယ်။ မဏိပူ ပြည်သူတွေရော မြန်မာနိုင်ငံက
ပြည်သူတွေပါ မြင်တွေ့နိုင်အောင်ပါ” ဟု ဆိုသည်။

SCBD အဖွဲ့သည် အိန္ဒိယ နယ်စပ်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများနှင့်အတူ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ အခမ်းအနားများ ကျင်းပလေ့ရှိသည်။

နေမျိုး | နယူးဒေလီ (မဇ္ဈိမ) 

ပြည်ထောင်စု အဆင့် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် ဆောင်ရွက်မည့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ အသစ်ထပ်မံဖွဲ့စည်းခြင်းကို ပြည်သူ့လွှတ်တော် မှ သဘောတူညီသည့်အတွက် အတည်ပြုကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ
သူရဦးရွှေမန်းက ယနေ့ (သြဂုတ်လ ၇ ရက်) နံနက် ၁၀ နာရီ အချိန်တွင် ကြေညာခဲ့သည်။

အဆိုပါ ကော်မတီ ဥက္ကဌမှာ ဒေါ်အောင်ဆန်းစုကြည် ၊ အတွင်းရေးမှူးမှာ
 အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပုသိမ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်
စားလှယ် ဦးဝင်းမြင့် ဖြစ်ပြီး၊ အဖွဲ့ဝင် ၁၅ ဦး ပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။

 အဆိုပါ ကော်မတီ၏ အဓိကတာဝန်မှာ လွှတ်တော် ကိုယ်စားလှယ်များ၊ 
တရားရေး အဖွဲ့အစည်းများ၊ အစိုးရ၀န်ထမ်းများ၊ မီဒီယာများကြား တရား
ဥပဒေနှင့်အညီ ကျင့်သုံးနေထိုင်မှု ရှိစေရန် ကြပ်မတ်ထိန်းကျောင်း 
ရမည်ဖြစ်ပြီး တိုင်းပြည်တည်ငြိမ် အေးချမ်းမှု ရရှိစေရန် ဆောင်ရွက်
ရန်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ ဦးနန္ဒကျော်စွာမှ
 ကြေညာခဲ့သည်။ 
 
ထို့ပြင် အဆိုပါ ကော်မတီသည် ပြည်ထောင်စုအဆင့် ဖြစ်ကြောင်း 
ထပ်မံပြောကြားခဲ့သည်ဟု Eleven Media Group - Facebook အင်တာနက် 
စာမျက်နှာမှာ ဖော်ပြထားပါသည်။

ဓါတ်ပုံ - Eleven Media Group


ဒေါ်အောင်ဆန်းစုကြည်မှ ဥက္ကဌ တာဝန်ယူသည့် ကော်မတီ တရပ်တိုးချဲ့ ဖွဲ့ စည်း

တရားဥပဒေ စိုးမိုးရေးနှင့် သက်ဆိုင်သော ကော်မတီတရပ်ကို ယနေ့ ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး ၂၁ ရက်မြောက်နေ့တွင် ဖွဲ့ စည်းလိုက်ပါသည်။ 

ယနေ့ တိုးချဲဖွဲ့စည်းသည့် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ  တွင် ဒေါ်အောင်ဆန်းစုကြည်မှ ဥက္ကဌ နှင့် ပုသိမ်မဲ ဆန္ဒနယ်မှ ဦးဝင်းမြင့် (NLD)က အတွင်းရေးမှုး အဖြစ် ပြည်သူ့လွှတ်တော်မှ အတည်ပြု ကြေညာလိုက်ကြောင်း Popular Myanmar News Journal - Facebook အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါသည်။

Popular Myanmar News Journal

ALP ကို နယ်ခြားစောင့်တပ်ဖွဲ့ကာ အင်အားထပ်တိုးစေချင်ဟု ဦးအောင်မင်းပြော

သြဂုတ် ၇၊ ၂၀၁၂၊ YPI

ရခိုင် လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည့် ရခိုင် လွတ်မြောက်ရေး ပါတီ(ALP Arakan Liberation Party) ကို နယ်ခြားစောင့် တပ်ဖွဲ့ကာ ယခုလက်ရှိ အင်အားထက် အဆ ၂၀ ၀န်းကျင်တိုးစေ ချင်သည်ဟု ပြည်ထေင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း အဖွဲ့ ဒုတိယ ဥက္ကဌ ဦးအောင်မင်းက ပြောကြောင်း ရခိုင်ဒီမိုကရေ စီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးမျိုးကျော်က ပြောသည်။

ပြီးခဲ့သည့် လကုန်ပိုင်းက ၎င်းတို့ပါတီနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အထက်ပါအ တိုင်းပြောခဲ့သည်ဟု ၎င်းက ပြောသည်။

'' ၀န်ကြီးကတော့ ဖွဲ့စေချင် တယ်ပြောတယ်။ ဒါပေမယ့် (ALP) ရဲ့ အင်အားက နည်းနေတော့ ထပ်တိုး စေချင်တယ် လို့လည်း ပြောတယ်" ဟု ဦးမျိုးကျော်ကဆို သည်။

ရခိုင်လွတ်မြောက် ရေးပါတီ(ALP) သည်လက်ရှိတွင် ငြိမ်းချမ်းရေး အတွက် ဆွေးနွေးလျက်ရှိပြီး ၎င်းပါတီ တွင် အင်အား (၂၀၀) ခန့်သာရှိသဖြင့် ပြည်ထောင်စု ၀န်ကြီးက အင်အား (၄၀၀၀) ခန့်ရှိရန် လိုအပ်သည်ဟု ပြောခဲ့ကြောင်း ၎င်းကဆက်လက်ပြောသည်။

 ယင်းကိစ္စနှင့် ပတ်သက်၍ ရခိုင်တိုင်းရင်းသား တိုးတက်ရေး ပါတီမှ မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ''ပါတီဘက်ကလုပ်နိုင်မယ် ဆိုရင်ကောင်းတယ်။ မြန်မာနိုင်ငံရဲ့ အနောက်ဘက်တံခါးကို အမျိုးသားရေး စိတ်ဓာတ် အပြည့်နဲ့ စောင့်ရှောက်နိုင်လိမ့်မယ်။ ဒါပေမယ့် နယ်ခြားစောင့် တပ်ဖွဲ့ရင် ဖွဲ့စည်းပုံအရ စစ်တပ် လက်အောက်ကို ရောက်မှာဆိုတော့ ပါတီသဘောထား ဘယ်လိုရှိမလဲမသိဘူး'' ဟုပြောသည်။

ထိုသို့ပြုလုပ်နိုင်ပါက ALP အနေဖြင့်တရားဝင် အမျိုးသားရေးလုပ်နိုင်မည့် အနေအထားသို့ ရောက်ရှိနိုင်မည်ဖြစ်ကြောင်း၊ ၎င်းပါတီ၏ တာဝန်သည်လည်း အရေးပါလာ မည်ဖြစ်ကြောင်း ဦးဖေသန်းက ဆိုသည်။

၎င်းက '' ဆက်ဆံရေးရုံးဖွင့်ထားရုံလုပ်လို့ရတဲ့ ငြိမ်းချမ်းရေးထက် ဒီလိုတာဝန်ယူရတာ ပိုကောင်းမယ်ထင်တယ်။ ပြီးတော့ အရင်က ကိုယ့်ကျိုးရှာပြီး လာဘ်စားခဲ့သူတွေကြောင့် နိုင်ငံခြားသားတွေ ရခိုင်ပြည်နယ်ထဲခိုးဝင်လာတဲ့ ရန်ကိုလည်း ALP အနေနဲ့ကာကွယ်နိုင်မယ်'' လို့ဆက်ပြောကြားသည်။

ဇွန်လဆန်းပိုင်းက ရခိုင်ပြည်နယ် အနောက်ပိုင်း မောင်တောမြို့နှင့် စစ်တွေမြို့များတွင် ဘင်္ဂါလီလူမျိုးများနှင့် ရခိုင်လူမျိုးများအကြား အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ရာ မြို့ ၆ မြို့တွင် ညမထွက်ရ အမိန့်ထုတ်ပြန်ခဲ့ပြီး ရခိုင်ပြည်နယ် တခုလုံးကို အရေးပေါ် အခြေအနေကြေညာခဲ့သည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့်  ထိစပ်နေသည့် မောင်တောမြို့တွင် ဘင်္ဂါလီလူမျိုး အများစုနေထိုင်ကြပြီး ၎င်းတို့အနက် အများစုမှာ လွန်ခဲ့သည့် ဆယ်စုနှစ် ၄၊ ၅ခုအတွင်း လူဦးရေထူထပ်သည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ ခိုးဝင်လာခြင်းဖြစ်သည်ဟု မြန်မာ အစိုးရက ယူဆထားသည်။ ယင်းအခြေအနေကြောင့် ALP အဖွဲ့အား ရခိုင်ပြည်နယ်တွင် နယ်ခြားစောင့်တပ်အဖြစ် ဖွဲ့စည်းစေလိုခြင်းဖြစ်သည်ဟု နိုင်ငံရေး အကဲခတ်သူများက ကောက်ချက်ချကြသည်။

ALP / ALA Arakan Liberation Army ကို ၁၉၇၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်၊ မြန်မာ-အိန္ဒိယနယ်စပ်နှင့် မြန်မာ-ထိုင်းနယ်စပ်တို့တွင် အခြေစိုက်ပြီး လက်နက်ကိုင် အင်အား ၂၀၀ ၀န်းကျင်ရှိသည်ဟု သိရှိရသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလကုန်ပိုင်းက မြန်မာနိုင်ငံအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့မှ ဖိတ်ခေါ်ချက်အရ ALP ခေါင်းဆောင်များ စစ်တွေမြို့သို့ လာရောက်ဆွေးနွေးခဲ့ကြရာ ALP ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ကို ရခိုင်လူမျိုး သိန်းနှင့်ချီကြိုဆိုခဲ့ကြသည်။ လက်ရှိ ဒုတိယဥက္ကဋ္ဌမှာ ခိုင်စိုးနိုင်အောင်ဖြစ်၍ အတွင်းရေးမှူး (၂)မှာ ခိုင်သုခဖြစ်သည်။

၂၀၁၀ ခုနှစ်ရွေးကောက်ပွဲအရ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီခေါင်းဆောင် ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရ တက်လာပြီးနောက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အပစ်ရပ်ရေး နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဆက်တိုက်ဆိုသလို လုပ်ဆောင်လာခဲ့ရာ  လက်နက်ကိုင် အဖွဲ့အတော်များများနှင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။

သို့ရာတွင် ကချင်လွတ်လပ်ရေး အဖွဲ့နှင့် ၁၇ နှစ်ကြာ အပစ်ရပ်ခဲ့ပြီး ၂၀၁၁ ဇွန်လတွင် တိုက်ပွဲများ ပြန်လည်စတင်ခဲ့ရာမှာ ယခုချိန်ထိ တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်သည်။       ။

by Yangon Press International


Weekly Eleven News Journal အတွဲ ၇ အမှတ် ၄၄

သြဂုတ်လ ၆ ရက်နေ့ထုတ် Weekly Eleven News Journal အတွဲ ၇ အမှတ် ၄၄

ဂျာနယ် ဖတ်ရန် ဒီနေရာကို နှိပ်ပါ


First Eleven Sports Journal အတွဲ ၁၃ အမှတ် ၁၀

သြဂုတ်လ ၇ ရက်နေ့ထုတ် First Eleven Sports Journal အတွဲ ၁၃ အမှတ် ၁၀

ဂျာနယ် ဖတ်ရန် ဒီနေရာကို နှိပ်ပါ


အလင်းတန်း ဂျာနယ် အမှတ်စဉ် ၇၁၆

သြဂုတ်လ (၆)ရက်နေ့ ထုတ် အလင်းတန်း ဂျာနယ် အမှတ်စဉ် ၇၁၆

ဂျာနယ် ဖတ်ရန် ဒီနေရာကို နှိပ်ပါ 

ဓမ္မဓိဋ္ဌာန်ကျကျ ဆွေးနွေးဖို့ ဒေါ်အောင်ဆန်းစုကြည်က NLD ကိုယ်စားလှယ်တွေကို ပြောကြား

NLD လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ ပြည်သူ့ အကျိုးပြု လုပ်ငန်းတွေကို ဖိဖိစီးစီး လုပ်ဆောင်ကြဖို့၊ လွှတ်တော်တွင်း ဆွေးနွေးချက်တွေမှာ အချက်အလက် ပြည့်ပြည့်စုံစုံနဲ့ ဓမ္မဓိဋ္ဌာန် ကျကျ ဆွေးနွေး တင်ပြကြဖို့ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က NLD ကိုယ်စားလှယ်တွေကို ဒီကနေ့--

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

၂၀၁၂ ခုနှစ် သြဂုတ်လ ၆ ရက်က နေပြည်တော်တွင် ကျင်းပနေသည့် လွှတ်တော် အစည်းအဝေးသို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် လက်မှတ်ထိုးနေစဉ်။ RFA

ရောင်းစားခွင့်မရလို့ တောင်းစားနေရပြီ စာတမ်းနဲ့ ဈေးသည်တွေ ဆန္ဒပြ

ရန်ကုန်မြို့ အင်းစိန် ပန်းခြံအနီးမှာ ဈေးရောင်းချခွင့် ပေးဖို့ တောင်းဆို ဆန္ဒဖော်ထုတ်ခဲ့ကြတဲ့ လမ်းဘေးဈေးသည် (၁၅) ဦးကို အာဏာပိုင်တွေက ဒီကနေ့ ဖမ်းဆီးလိုက်တယ်လို့ RFA က စုံစမ်းသိရပါတယ်။

ဈေးရောင်းချခွင့် ပြန်လည် တောင်းဆိုနေတဲ့ ဈေးသည်အယောက် (၂၀) ကျော်ထဲက (၁၅) ယောက်ကို ရဲတပ်ဖွဲ့ဝင် (၃၀) လောက်က---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



၂၀၁၂ ခုနှစ် သြဂုတ်လ ၆ ရက်က ရန်ကုန်မြို့ အင်းစိန် ပန်းခြံအနီးမှာ ဈေးရောင်းချခွင့် ပေးဖို့ လမ်းဘေးဈေးသည်များ တောင်းဆို ဆန္ဒဖော်ထုတ်နေကြစဉ်။ RFA

ဆီးရီးယား ၀န်ကြီးချုပ် အတိုက်အခံနဲ့ ပူးပေါင်း

လွန်ခဲ့တဲ့ ၂ လ က ၀န်ကြီးချုပ်တာဝန် လက်ခံယူခဲ့တဲ့ ဆီးရီးယားဝန်ကြီးချုပ်ဟာ ဘက်ကူးပြောင်း သွားပြီး သမ္မတ ဘက်ရှာ အယ်လ်အာဆဒ်ကို ဆန့်ကျင်သူတွေနဲ့ ပူးပေါင်းလိုက်ပါတယ်။

မစ္စတာ ရီအက် ဟီဂျဘ်က ကြေညာချက် ထုတ်ပြန်ရာမှာ သူ့အနေနဲ့ အကြမ်းဖက်ပြီး လူသတ်တဲ့ အစိုးရအဖွဲ့ကနေ နုတ်ထွက်လိုက်ပြီလို့----

 သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဆီးရီးယားနိုင်ငံ၊ Atareb မြို့တွင်း ဗုံးဒဏ်သင့် အုပ်နံရံမြင်ကွင်း။ (၀၈၊ ၀၅၊၂၀၁၂။)

ကျောက်တော်မှာ မီးရှို့မှုတွေ ဖြစ်ပွား

ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးယူပေးနေသော တပ်မတော်သားများ။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေတဲ့ လူမျိုးရေး အဓိကရုဏ်းတွေကို အစိုးရက ကိုင်တွယ်ဖြေရှင်းဖို့ စီစဉ် လုပ်ဆောင်နေတဲ့ကြားကပဲ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း တင်းမာမှုတွေ ထပ်မံဖြစ်ပေါ်ခဲ့ရာက ဒီကနေ့မနက် အစောပိုင်းမှာ နှစ်ဘက် အပြန်အလှန် အိမ်မီးရှို့မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ လူ့အခွင့် အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana မြန်မာနိုင်ငံ က ပြန်သွားပြီး နောက် တနေ့မှာ အခုလို ဆူပူမှုတွေ ထပ်ဖြစ်တာပါ။ ဒီအတောအတွင်း မြန်မာနိုင်ငံကို ၆ ရက်ကြာသွားရောက်ပြီး ရခိုင်ပြည်နယ်အတွင်းက အခြေအနေတွေကို လေ့လာခဲ့တဲ့ လူ့အခွင့်အရေးကိုယ်စားလှယ် Tomas Ojea Quintana က ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ အခြေအနေတွေကို သီးခြား စုံစမ်းရေး ကော်မရှင် ဖွဲ့စည်း စုံစမ်းဖို့ အဆိုပြုချက်ကို မြန်မာအစိုးရဘက်က ပယ်ချလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ဘန်ကောက်ရုံးကနေ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်းအတွင်း ဇွန်လတုန်းက လူမျိုးရေးအဓိကရုဏ်းတွေ ဖြစ်ပေါ်ခဲ့ရာက နှစ်ဘက် သေ ဆုံးမှုတွေနဲ့ အပျက်အဆီးတွေ အတော်များခဲ့ပြီး အခြေအနေတွေ ဆိုးရွားလာတာကြောင့် သမ္မတ ဦးသိန်းစိန်က ဇွန်လ ၈ ရက်နေ့မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး အခြေအနေကို ထိန်းသိမ်းခဲ့တာပါ။
ပြီးခဲ့တဲ့ သောကြာနေ့တုန်းကပဲ ဒုသမ္မတ စိုင်းမောက်ခမ်းကိုယ်တိုင် ရခိုင်ပြည်နယ်ကိုသွားပြီး အခြေအနေတွေကို ၂ ရက်ကြာ လေ့လာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်မြို့မှာ နှစ်ဘက် တင်းမာမှုတွေ ဖြစ်ပွားပြီး မနေ့ကတော့ အိမ်တွေ အပြန်အလှန် မီးရှို့တဲ့အထိ အခြေအနေတွေ ပြန်လည် ဆိုးရွားလာခဲ့တာပါ။

ကျောက်တော်မြို့မှာ မနေ့ကနဲ့ ဒီကနေ့ ဖြစ်ပျက်ခဲ့တဲ့ နောက်ဆုံး အခြေအနေတွေကိုတော့ ဒေသခံ တဦးက ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“ဂုပ္ပီထောင့်မှာ မီးရှို့တဲ့ဥစ္စာတွေ ဖြစ်ပါတယ်။ သူတို့ဟာသူတို့ ရှို့တာတွေလည်း ပါပါတယ်။ ဒီဘက်က ရှို့တာလည်း ပါရင် ပါနိုင်ပါတယ်။ ပြီးတော့ ဂုပ္ပီထောင့်ကနေ ကိုယ့်ဖာသာကိုယ် အပေါက်ဝမှာ မီးရှို့ပြီးတော့ ပြေးပါတယ်။ ပြီးတော့ --- တွေမှာ ဖြစ်ပါတယ်။ သူတို့က ရခိုင်ပိုင် ဆန်စက်တလုံးကို ဖျက်ဆီးတာရဲ့ အစွန်းလောက်ပဲ တန်ဖိုးရှိပါတယ်။ စပါးတင်း ၂ ထောင်နီးပါးနဲ့ ဆန်အိတ် ၁၀၀ လောက်ရှိတဲ့ ဆန်စက်ကို မီးရှို့ဖျက်ဆီးပြီးတော့ ဆန်စက်တလုံးနဲ့ ဆန်စက်ပါ ပစ္စည်း အကုန်လုံးကို မီးရှို့ဖျက်ဆီးပစ်လိုက်ပါတယ်။ အဲဒါ ဒီမနက် ၄ နာရီလောက်မှာ ဖြစ်တဲ့ကိစ္စပါ။ ”

နိုင်ငံတကာ သတင်းမီဒီယာတွေမှာတော့ ကျောက်တော်မြို့မှာ အခုနောက်ဆုံး ဖြစ်သွားတဲ့ အခြေ အနေတွေကြောင့် သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဖော်ပြနေကြပေမယ့်လည်း အဲဒီ သတင်းတွေ မမှန်ကန်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။ အခုချိန်မှာတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရောက် လာပြီဖြစ်တဲ့အတွက် အခြေအနေတွေ ပြန်လည် တည်ငြိမ်မှု ရှိလာနေပြီလို့ အဲဒီ ဒေသခံက ဆက်ပြောပြပါတယ်။

“ဂုပ္ပီထောင့် ဖြစ်တဲ့  ကိစ္စကိုတော့ ထိန်းသိမ်းပေးဖို့ ၃၇၈ နဲ့ ၃၇၅ ရယ်၊ တပ်ရင်းမှူး နှစ်ယောက်လုံး ဦးဆောင်ပြီးတော့ ရောက်လာပါတယ်။ ရဲတပ်ဖွဲ့တွေလည်း ပါပါတယ်။ မနေ့က ဖြစ်တာနဲ့ ဘယ်လောက်မှ မကြာပါဘူး၊ တပ်က အဲဒီကို ရောက်လာပါတယ်။ တပ်ရင်း ၂ ရင်း ပေါင်းလိုက်ရင် လူ ၃၀ လောက် ပါပါတယ်။ ရဲတပ်ဖွဲ့က ၁၀ ယောက်လောက် ပါပါတယ်။ အကုန်လုံး ၄၀ လောက် ပါပါတယ်။ အဲဒီမှာ ကျေးရွာအုပ်စုရေးမှူးတွေကို ခေါ်ပြီးတော့ သေချာ စစ်ဆေးဆောင်ရွက်နေပါတယ်။ အဲဒါတွေကို အထက်က pressure ပေးပြီးတော့ မရမက ဖမ်းဖို့၊ ဆီးဖို့ ဆိုပြီး ပြောပါတယ်-တဲ့။ ဖမ်းရမယ်၊ ဆီးရမယ်၊ ဒါကို ဖော်ထုတ်ရမယ်-အဲလိုမျိုးလုပ်တယ်လို့ ပြောပါတယ်။ အဲဒီလိုမျိုး ကုလားအိမ်တွေကို မီးရှို့တဲ့ ကိစ္စနဲ့ပတ်သက်လို့ စိစစ်ဆောင်ရွက်ပြီးတော့ ဦးအောင်လှတင် ဆန်စက် မီးရှို့ခံရတဲ့ ကိစ္စနဲ့ပတ်သက်လို့တော့ ဘာမှ စီစဉ်ဆောင်ရွက်ခြင်း မရှိပါဘူး။”

ကျောက်တော်မြို့ ဒေသခံတဦး ပြောပြခဲ့တာပါ။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေကို ကိုယ်တိုင် လေ့လာဖို့ ကုလသမဂ္ဂ လူ့အခွင့် အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနား ပြန်သွားပြီး နောက်တနေ့မှာပဲ ကျောက်တော်မြို့မှာ အခုလို အခြေအနေတွေ ပြန်လည် တင်းမာလာတာလဲ ဖြစ်ပါတယ်။

မစ္စတာ ကင်တားနား မြန်မာပြည်က ပြန်မထွက်ခွာခင် ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ အကြမ်းဘက် ဆူပူမှုတွေကို သီးခြား စုံစမ်းရေးကော်မရှင်ဖွဲ့စည်းဖို့ အကြံပြု တင်ပြခဲ့တာနဲ့ ပတ်သက်လို့တော့ ရခိုင်ပြည်နယ်အဓိကရုဏ်းနဲ့ ပတ်သက်လို့ အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှသိန်းက ပယ်ချလိုက်ပါတယ်။

“ကျနော့် Remark ကတော့ပေါ့ဗျာ။ ဒါနဲ့ပတ်သက်လို့ ကော်မရှင်ဖွဲ့ပြီးတော့ စစ်ဖို့ပေါ့။ ကျနော်တို့ အမြင်ကတော့ ဖွဲ့စရာ မလိုအပ်ဘူးခင်ဗျ။ ဒါက ရခိုင်ဒေသရဲ့ ကိစ္စလောက်ပဲဖြစ်ပါတယ်။ ကျနော်တို့ကတော့ အဲလိုပဲ မြင်ပါတယ်။ ”

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ လူမျိုးရေးအဓိကရုဏ်းတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ အသိုင်း ၀ိုင်း အမြင်အမျိုးမျိုးနဲ့ တုံ့ပြန်နေကြတာပါ။

နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းတွေက အစိုးရရဲ့ တုန့်ပြန်မှု နှေးကွေးတဲ့အတွက် အခြေ အနေတွေ ပိုပြီး ဆိုးသွားခဲ့တယ်လို့ ဝေဖန် ပြောဆိုမှုတွေ ရှိနေသလိုပဲ ကမ္ဘာ့မူဆလင်ဘာသာဝင် အများဆုံး တိုင်းပြည်ဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံက သမ္မတ Susilo Bambang Yudhoyono ကလည်း ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ နိုင်ငံတကာက စုံစမ်း စစ်ဆေးရေးအဖွဲ့တွေ ၀င်ရောက် လေ့လာခွင့်ပြုဖို့ သမ္မတ ဦးသိန်းစိန်ထံ စာရေး တောင်းဆို ထားတယ်လို့ အင်ဒိုနီးရှားနိုင်ငံထုတ် သတင်းစာတွေမှာ ရေးသား ဖော်ပြနေကြတာပါ။

ရခိုင်ပြည်နယ်အတွင်း အဓိကရုဏ်းတွေ ပိုမိုဆိုးရွားလာအောင် သွေးထိုး လှုံဆော်ပေးမှုနဲ့ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ INGO နိုင်ငံတကာ NGO အဖွဲ့အစည်းတွေမှာ လုပ်ကိုင်နေသူ ၀န်ထမ်း ၉ ဦးကို လက်ရှိမှာ ရုံးတင် စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့လည်း အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှသိန်း ပြောပြပါတယ်။

“ဖမ်းထားတဲ့လူတွေထဲမှာ တချို့က ဘူးသီးတောင် တရားရုံးမှာ အမှုရင်ဆိုင်တဲ့အတွက်ကြောင့် ဘူးသီးတောင်မှာ ချုပ်တယ်ပေါ့ဗျာ။ စစ်တွေမှာလည်း တရားစွဲထားတဲ့ဟာလည်း ရှိပါတယ်။ အဲဒီမှာတော့ INGO က တယောက် ရှိတယ် ခင်ဗျ။ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၅၃/က ၊ ပုဒ်မ ၅၀၅/ဂ နောက်- ဥပဒေနဲ့ဆန့်ကျင်တဲ့ နည်းဥပဒေမှာပါတဲ့ ပုဒ်မ ၁၄၈ - အဲဒါတွေနဲ့ပါပဲံ။ အဲဒီ လူ့မှုအသိုင်းအဝိုင်း ၂ ခုကို ဒေါသတွေထွက်အောင်၊ မလိုမုန်းတားဖြစ်အောင်၊ ခိုက်ရန်ဖြစ်အောင် လှုံ့ဆော်တယ်ဆိုတဲ့ ဟာပါ။ သူတို့ဆီကနေ တွေ့ထားတဲ့ အထောက်အထားတွေကတော့ သူတို့က မူဆလင်တွေကို လှုံ့ဆော်ပြီးတော့ ဒီ အရေးအခင်းကို ဖြစ်အောင် လုပ်တယ်ဆိုပြီးတော့ အဲဒီအထောက်အထားတွေပေါ်မှာ မူတည်ပြီးတော့ တရားစွဲထားတာ ဖြစ်ပါတယ်။ သူတို့က မြန်မာနိုင်ငံသားတွေ ပဲလား ဆိုတော့ သူတို့က အကုန်လုံး မူဆလင်တွေချည့်ပဲ၊ အဲဒီလူတွေက။”

အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့ဥက္ကဌ ဦးလှသိန်း ပြောပြခဲ့တာပါ။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ဆူပူမှုတွေနဲ့ အဓိကရုဏ်းတွေကြောင့် နှစ်ဘက် သေဆုံးသူ အရေအတွက်ဟာ ၇၇ ဦး ရှိခဲ့တယ်လို့ အစိုးရက ထုတ်ပြန်တဲ့ တရားဝင် စာရင်းဇယားတွေ မှာ ဖော်ပြထားပါတယ် ခင်ဗျား။

 ကိုဇော်ဝင်းလှိုင် (ဗွီအိုအေ-မြန်မာဌာန)

ကျောက်တော်မြို့နယ် နောက်ဆုံးအခြေအနေ နှင့် ဆူပူမှုအတွင်း လူသေဆုံး

ရခိုင်ပြည်နယ် စစ်တွေမြို့နဲ့ မိုင် (၈၀) ကျော် ကွာဝေးတဲ့ ကျောက်တော် မြို့နယ်က မူဆလင် အိမ်ခြေ အများဆုံးရှိတဲ့ ကျေးရွာ (၃) ရွာ မနေ့က မီးရှို့ခံခဲ့ရပြီး သေဆုံးသူ တချို့ ရှိခဲ့တယ်လို့ စုံစမ်း သိရှိရပါတယ်။ ဘင်္ဂါလီ ရိုဟင်ဂျာတွေနဲ့ ရခိုင်တိုင်းရင်းသားတွေအကြား မနေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် သေဆုံးသူ ၃ ဦး နဲ့ ဒဏ်ရာရသူ ၅ ဦး ရှိတယ်လို့ အမည် မဖော်လိုတဲ့ အစိုးရ အရာရှိတစ်ဦးကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။
ဒီကနေ့ နေလည်ပိုင်းမှာလည်း နောက်ထပ် ရွာတစ်ရွာ မီးရှို့ခံခဲ့ရတယ်လို့ ကျောက်တော် ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"နောက်ဆုံး အခြေအနေက ဒီနေ့နေ့လည် ၁၁ နာရီမှာ ကျွန်တော်တို့ ရွာညာရွာဆိုတာ အိမ်ခြေ ၁၁၀၊ ၁၃၀ လောက်ပဲ ရှိတဲ့ ရွာပါ။ ရွာသေးသေးလေးပါပဲ။ ဒါပေမဲ့ သူ့ပတ်ခြာလည်မှာတော့ ရခိုင်ရွာတွေပေါ့နော်။ အဲဒီရွာကို နေ့လည် ၁၁ နာရီမှာ မီးရှို့တယ်ဗျ။ မီးရှို့တော့ အခု ၁ နာရီခွဲလောက်မှာ အကုန်လုံး တစ်အိမ်မှမကျန် အကုန်လုံးပါသွားခင်ဗျ။ အားလုံးကလည်း ကစဥ့်ကလျားနဲ့ သွေးပျက်ပြီး ထွက်ပြေးနေရတဲ့ အချိန်ဆိုတော့ ကျွန်တော်တို့ တိတိကျကျတော့ မသိရသေးဘူးဗျ။ ဒါပေမဲ့ ဖြစ်ဖြစ်ခြင်း အပေါက်ဝဆိုတဲ့ မြို့မှာ၊ အပေါက်ဝဆိုတာ ဒါဒုတိယအကြိမ် မီးရှို့ခံရတာပါ။ ပထမတစ်ကြိမ်က ၁၅ ရက် ၆ လမှာ တစ်ကြိမ်လောင်ပြီးတော့ ၄၆ အိမ် ပါပြီးပြီ။ ဒုတိယတစ်ကြိမ် ထပ်လောင်တာက အဲဒီမှာ အိမ် ၅၀ ကျော်ပါတယ် ပြောတယ် ထပ်ပြီးတော့၊ နောက်ထပ် အဲဒီမှာ လူ ၄ ယောက်သေတယ် ပြောပါတယ်ဗျ။ အမျိုးသား ၃ ယောက်၊ အမျိုးသမီး ၁ ယောက်"
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ မနေ့ကဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း ဒဏ်ရာရသူ (၂) ဦးရှိပြီး အသေအပျောက် စာရင်းကို မရရှိသေးကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင်က RFA ကိုပြောပါတယ်။
"ကျောက်တော်မြို့နယ် အခု ဖြစ်တာတော့ ဟုတ်တယ်ဗျ။ ဒါပေမဲ့ ဘယ်သူရှို့တယ်ဆိုတာ စုံစမ်းတုန်းရှိနေသေးတယ်။ အသေအပျောက်တော့ မကြားသေးဘူးခင်ဗျ။ ဒဏ်ရာရတာတော့ ကြားတယ်ခင်ဗျ။ အတိအကျတော့ ကျွန်တော်တော့ မသိသေးဘူး။ အဲဒီမှာ မီးရှို့တာ ဘယ်သူရှို့မှန်းကို မသိသေးဘူး ဖြစ်နေတယ်အခုက၊ ရခိုင်အိမ်တွေရော၊ ကုလားအိမ်တွေရော ဆိုတော့လေ။ ကျွန်တော်တို့ အခုသိရတာက ဒဏ်ရာရတာ နှစ်ယောက်လို့ ကြားပါတယ်"
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်ကတော့ ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စု အစိုးရကြား ပူးပေါင်းဆောင်ရွက်မှုတွေ ပိုပြီးလိုအပ်လာတယ်လို့ ပြောပါတယ်။
"တချို့ကဏ္ဍတွေမှာက ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့်က ရှိတယ်လို့ မတွေ့ရဘူး။ အပေါ်ကပဲ အဲလိုမျိုး ဆင်းလာတယ်။ ဒီပြည်နယ်မှာ ပြည်နယ်နဲ့ ပတ်သက်တဲ့ အခြေအနေ အတိုင်းအတာကို ပြည်နယ်အစိုးရက အများသိပါတယ်။ အဲဒီအချိန်မှာ သူတို့ရဲ့ လုပ်ပိုင်ခွင့်က လုပ်ချင်တဲ့ကဏ္ဍတွေ၊ ဖြစ်ချင်တဲ့ကဏ္ဍတွေပေါ့၊ လုပ်ပိုင်ခွင့်မရဘဲ အဲဒီအပေါ်လို့ခေါ်တဲ့ ပြည်ထောင်စုဝန်ကြီးတွေက လာတယ်။ ဒု ဝန်ကြီးတွေက လာတယ်။ အဲတာတွေ command ပေးတဲ့ အောက်မှာပဲ လုပ်နေရတဲ့ သဘောမျိုးဆိုတော့ အဲတာ တိုင်ပင်မှုကဏ္ဍတွေက ဒီဘက်က အခြေအနေတွေကို အမှန်တကယ် အောက်ခြေအထိ လေ့လာမှုမရှိပဲ အပေါ်ကပဲ command ပေးနေတဲ့ ကဏ္ဍတွေမှာ အဲဒီလိုမျိုး ဖြစ်လာတဲ့ အတိုင်းအတာမှာ အဓိကရုဏ်းက ပြီးသွားမှာ မဟုတ်ဘူး။ တခြားမြို့ တွေကိုလည်း ကူးဆက်သွားမဲ့ အတိုင်းအတာမျိုးကိုတော့ မြင်နေရတယ်"
ကျောက်တော်မြို့နယ် အပေါက်ဝ၊ ဂုတ်ဘီထောင့်၊ ရွှေလှိုင်နဲ့ တောင်ပေါက် စတဲ့ကျေးရွာတွေမှာ မနေ့က သြဂုတ်လ (၅) ရက်နေ့ နေ့လည်ပိုင်းက စတင်ပြီး ဒေသခံ ရခိုင်တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေအကြား ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီး အပြန်အလှန် နေအိမ်မီးရှို့မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒေသခံ ရခိုင်တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေ ဂျင်ကလိတွေ၊ လေးဂွတွေနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပေါ်ရာကနေ စတင်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က နေ့လည် (၁) နာရီခန့်မှာ အဲဒီလို နေအိမ်မီးရှို့မှုတွေကြောင့် အိမ်ခြေ (၁၀၀) ခန့်ရှိတဲ့ ကျောက်တော်မြို့နယ် ဂုတ်ဘီထောင် ကျေးရွာမှာလည်း နေအိမ် (၅၃) လုံးခန့် မီးလောင်ပျက်စီးဆုံးရှုံး သွားတယ်လို့ ဂုတ်ဘီထောင် ကျေးရွာသား တစ်ဦးဖြစ်သူ ကိုမျိုးထွန်းလှိုင်က RFA ကိုပြောပါတယ်။
ဒါ့အပြင် မနေ့က နေ့လည် (၂) နာရီခန့်အချိန်က အိမ်ခြေ (၁၀၀၀) ကျော်ခန့်ရှိတဲ့ အပေါက်ဝ ကျေးရွာမှာ ရခိုင်နဲ့ ဘင်္ဂါလီနေအိမ် (၂၅) အိမ်ခန့် မီးလောင်ဆုံးရှုံးခဲ့ပြီး ရွှေလှိုင်ကျေးရွာမှာ အိမ်ခြေ (၁၀၆) လုံးခန့် မီးလောင် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
အခုလို ဒေသခံ ရခိုင်တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီ မူဆလင်တွေ ပဋိပက္ခတွေ အပြန်အလှန် ဖြစ်ပွားနေတဲ့အချိန်မှာ အပေါက်ဝကျေးရွာမှာတော့ အာဏာပိုင်တွေနဲ့ စစ်တပ်က အချိန်မီ ထိန်းသိမ်းခဲ့ပေမယ့် ဂုတ်ဘီထောင် ကျေးရွာမှာတော့ အာဏာပိုင်တွေက အခင်းဖြစ်ပြီး (၃) နာရီလောက်အကွာမှာ ရောက်ရှိလာတဲ့အတွက် မီးလောင်ဆုံးရှုံးမှု ပိုမို များပြားခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့မှာတော့ ကျောက်တော်မြို့မှာ အခြေအနေတွေ တင်းမာလျက်ရှိနေပြီး လုံခြုံရေးတွေကို တင်းကျပ်စွာ ချထားတယ်လို့ သိရပါတယ်။

RFA Burmese

Fighting in Myanmar's Rakhine state has killed 80 people from both sides, Buddhists and Muslim Rohingya, since June (AFP/File)

အပေါက်ဝရွာနှင့် ရွှေလင်ရွာများရှိ အိမ်ခြေ ၄၅၀ ကျော်လည်း ဆက်တိုက်ပင် မီးရှို့ ခံခဲ့ရ


သြဂုတ် ၆၊ ၂၀၁၂ (YPI)

ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့နယ်ရှိ ရွာအချို့ကို  အကြမ်းဖက်သူများက ယမန်နေ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ နေ့လယ် ၁ နာရီခန့်က ကျောက်တော်မြို့နှင့် ငါးမိုင်ခန့် အကွာရှိ ဂုပိတောင်ရွာ စတင်မီးရှို့ခံရကာ အပေါက်ဝရွာနှင့် ရွှေလင်ရွာများရှိ အိမ်ခြေ ၄၅၀ ကျော်လည်း ဆက်တိုက်ပင် မီးရှို့ ခံခဲ့ရသည်။

 “သေတဲ့သူတွေကို ချောင်းထဲ ပစ်ချသွားကြလို့ ဒီနေ့မှ ပြန်ရှာတွေ့တာ…

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဇွန်လအတွင်း ဖြစ်ပွါးခဲ့တဲ့ ရခိုင်ပြည်နယ် အကြမ်းဖက်မှု မြင်ကွင်းတခု

ကူတောင် လူသတ်မှုနှင့်ပတ်သက်သည့်သူ ၁၇၀ဦးကို ဖမ်းဆီးစစ်ဆေးနေ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကူတောင် ကျေးရွာရှိ ရွာသား၉ယောက် အသတ်ခံရမှုနှင့် ပက်သက်ပြီး လူမျိုးခြား ၁၇ဝ ခန့်ကိုဖမ်းဆီး စစ်ဆေးနေ ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ မှတာဝန် ရှိသူ တစ်ဦး ကပြော သည်။

''အကြမ်းဖက်မှုနဲ့ ပက်သက်တဲ့သူ မှန်သမျှကို ရုံးတင် စစ်ဆေးနေတယ်။--

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


The Voice Weekly နှင့် Envoy ဂျာနယ်တို့ ပြန်လည် ထုတ်ခွင့်ပြု

ဇူလိုင်လ ၃၁ ရက်နေ့တွင် အပတ်စဉ်ထုတ်ဂျာနယ် ၂ စောင်ကို ထုတ်ဝေခွင့် အကန့်အသတ်မရှိ ရပ်ဆိုင်းထားခဲ့ရာမှ  လာမည့် သီတင်းနှစ်ပတ်အတွင်း ပြန်လည်ထုတ်ဝေခွင့်ပြုမည်ဖြစ်ကြောင်း စာပေစိစစ်ရေးမှ ဂျာနယ်အယ်ဒီတာများအား ယနေ့ ခေါ်ယူ အသိပေးလိုက်သည်။

The Voice Weekly မှ သတင်းထောက်တဦးက---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မီဒီယာ လွတ်လပ်ခွင့်  အတွက် ဆန္ဒဖော်ထုတ်ခဲ့ကြစဉ်

လမ်းပိတ်ဆို့ကာ ကုန်တင်ကုန်ချ ပြုလုပ်မှုကြောင့် အသွားအလာ ခက်ခဲနေ

စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိ ကလေးမြို့  ဗိုလ်ချုပ်လမ်းနှင့် အမှတ်(၁၄)
အလယ်ခွဲ လမ်းထောင့် ဂိတ်တစ်ခုပိုင် အိမ်တစ်မှ ကားကြီးသည် ကုန်တင်
ကုန်ချပြု လုပ်ရာတွင် လမ်းပိတ်ဆို့ မှုများ မကြာခဏဖြစ် ပေါ်လျှက်ရှိသည်။

ကျောင်းသား ကျောင်းသူများ ကျောင်းတက် ကျောင်းဆင်းတွင် လမ်းကျဉ်းမှု
ကြောင့် အသွားအလာ ခက်ခဲသကဲ့သို အန္တရယ်လည်း အလွန်များလှသည်။

ယာဉ်ထိန်းရဲ များကလည်း သိသော်လည်း ဂိတ်ပိုင်ရှင်ကြောင့်လား၊ငွေကြေး
ချမ်းသာမှုကြောင့်လား မည်သို့မျှ အရေးယူမှု မတွေ့ရသေးပေး။
ကျောင်းသားမိဘများနှင့် သွားလာခက်ခဲသူများ ကမကျေမနပ်
 ဖြစ်နေကြသော်လည်း ဆိုင်ရာမှ ဘာမှလုပ်ဆောင်မှု မရှိသေးသဖြင့်
အခက်တွေ့နေကြသည်။

ရပ်ကွက်နေပြည်သူတဦးမှ ပေးစာ

ယဉ်ကျေးမှုမြှင့်တင်ရေး လွှတ်တော်မှာဆွေးနွေး

ဒေါက်တာသန်းဝင်း၏ ယဉ်းကျေးမှု စောင့်ရှောက်ရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်း၍ ယဉ်ကျေးမှုမြှင့်တင်ရေး စီမံချက်ချ ဆောင်ရွက်ရန်နှင့် စပ်လျဉ်းသည့် အဆိုကို ဦးဝင်းထိန် မိတ္ထီလာမဲဆန္ဒနယ်မှ ဆွေးနွေးခြင်း-
ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များခင်ဗျား။ ကျွန်တော်တို့ နိုင်ငံဟာ အားလုံးသိတဲ့အတိုင်းပဲ ပြည်ထောင်စုနိုင်ငံ ဖြစ်ပါတယ်။ ပြည်ထောင်စုနိုင်ငံ ဖြစ်တဲ့အတိုင်းပဲ ပြည်ထောင်စုသားတွေ နေထိုင်ကြ
ပီးတော့ ဖွဲ့စည်းထားတဲ့နိုင်ငံ ဖြစ်ပါတယ်။ အဲတော့ နိုင်ငံသူ နိုင်ငံသားတွေရဲ့ ယဉ်ကျေးမှုကို တိုးတက်အောင်၊ မြှင့်တက်အောင် ထိန်းသိမ်းဖို့ဆိုလို့ရှိရင် မြန်မာ့ရိုးရာ ယဉ်ကျေးမှု ထိမ်းသိမ်းစောင့်ရှောက်ရေးဆိုတဲ့ ‌ဝေါဟာရက မပြည်စုံဘူးလို့ ယူဆပါတယ်။ မြန်မာ့ရိုးရာ ယဉ်ကျေးမှုဆိုတာမှာ မြန်မာအပြင် ခုနတုန်းက ဒေါက်တာဒေါ်သန်းငွေ တင်ပြသွားသလို တိုင်းရင်းသား မျိုးစုံရဲ့ ယဉ်ကျေးမှုလည်းအကျုံးဝင်ဖို့လိုပါလိမ့်မယ်။ ဒါမှသာလို့ရှိရင် မြန်မာပြည်မှာရှိတဲ့ မြန်မာ လူမျိုးတွေအပြင် တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှုတွေပါ ထိန်းသိမ်းဖို့၊ စောင့်ရှောက်ဖို့၊ မြှင့်တင်ဖို့ ဖြစ်ရပါမယ်။ ဒီမှာ သတိထားမိတာက နှစ်တိုင်း၊ နှစ်တိုင်းလိုလို မြန်မာနိုင်ငံမှာ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲတွေ ပြုလုပ်ခဲ့တာ သတိထားမိပါတယ်။ အဲဒီပြိုင်ပွဲတွေကြောင့်မို့လို့ အများသိတဲ့ အနုပညာ ပညာရှင်လေးတွေ ပေါ်ထွက်လာပါတယ်။ သို့သော်လည်းပဲ တခြားတိုင်းရင်းသားတွေဖြစ်တဲ့ ကရင် ရိုးရာ၊ ရှမ်း၊ မွန်၊ ရခိုင်၊ ကချင်စတဲ့ ဂီတပြိုင်ပွဲတွေ မပါသေးတာလည်း သတိထားမိပါတယ်။ ဒါကြောင့်မို့လို့ မြန်မာ့ရိုးရာ ယဉ်ကျေးမှု ထိန်းသိမ်း စောင့်ရှောက်ရေး အတွက်က ဗမာလူမျိုးတွေအပြင် တိုင်းရင်းသားတွေ အားလုံးနဲ့လည်း ပတ်သတ်တယ်လို့ ထင်ပါတယ်။ ဒါကြောင့်မို့လို့ ဒီအဆိုကို တင်ပြရမယ်ဆိုလို့ရှိရင်တော့ ဒီအဆိုရဲ့ အဓိပ္ပါယ်ဟာ အကန့်အသတ်ရှိနေပါတယ်။ တကယ်လို့ ဆောင်ရွက်ဖြစ်မယ်ဆိုလို့ရှိရင်လည်း တိုင်းရင်းသားတွေ အားလုံးပါဝင်တဲ့ ကိစ္စတစ်ခု ဖြစ်သင့်တယ်။ သို့သော် ယဉ်ကျေးမှုဆိုတဲ့ ဥစ္စာက နိုင်ငံမှာရော၊ ကမ္ဘာ့ အရပ်ရပ်မှာပါ နယ်ခြားစည်းထား လို့မရပါဘူး။ စာပေ၊ ဂီတ၊ အနုပညာစသည်ဖြင့် အနုပညာတွေဟာ တစ်နိုင်ငံကနေ တစ်နိုင်ငံ ကူးစက်ပြီးတော့မှ ပြန့်ပွားလာတဲ့ အလေ့အထရှိတဲ့ အတွက်ကြောင့်မို့လို့ ဒီနိုင်ငံတကာကပါလာတဲ့ ရောက်လာတဲ့ ယဉ်ကျေးမှု အလေ့အထတွေကို ကိုယ့်တိုင်းပြည်ရဲ့ယဉ်ကျေးမှု အစဉ်အလာတွေကို ခိုင်မာအောင် လုပ်ပြီးတော့မှ ကိုယ်ခံအားကောင်းအောင်လုပ်ဖို့ အရေးကြီးပါတယ်။ ကိုယ်ခံအားကောင်းအောင် လုပ်ဖို့ဆိုတာတောင်မှ ကော်မရှင်တစ်ရပ်ဖွဲ့စည်းဖို့ သင့်၊ မသင့်ဆိုတာလည်း စဉ်းစားသင့်ပါတယ်။ ဘာကြောင့်လည်းဆိုလို့ရှိရင် ယဉ်ကျေးမှုတစ်ခုကို အမိန့်ပေးဖို့က အင်မတန်ခက်ပါတယ်။ အရှေ့ အလယ်ပိုင်းဒေသ အင်မတန်တင်းကြပ်တဲ့ နိုင်ငံတွေမှာ တောင်မှ အခုနောက်ဆုံးပေါ်တဲ့ Hip Hop တို့၊ Rappingတို့ လှုပ်ရှားမှုတွေ ဖြစ်လာတဲ့အခါမှာ အာဏာနဲ့ နှိုပ်ကွက်တာတွေ ကြုံတွေ့ရပါတယ်။ သို့သော်လည်းပဲ မအောင်မြင်ပါဘူး။ ဒါကြောင့်မို့လို့ မြန်မာ့နိုင်ငံယဉ်ကျေးမှု၊ မြန်မာ့ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေးကို ကော်မရှင်တစ်ရပ်ဖွဲ့ပြီးတော့ မြှင့်တင်ဖို့ဆိုတဲ့ကိစ္စက နောက်ပိုင်းမှာ အခက်အခဲအများကြီး ဖြစ်နိုင်စရာရှိပါတယ်လို့ ကျွန်တော်တင်ပြရင်းနိဂုံးချုပ်ပါတယ်။

Pyithu Hluttaw - ပြည်သူ့လွှတ်တော်

ကျောက်တော်တွင် နေအိမ် ၁၆၀ကျော် မီးရှို့ခံရ

မြန်မာနိုင်ငံကို ဝေဖန်သူများက လက်ညိုးထိုး ပြစ်တင်စရာ ရေပန်းစား ခေါင်းစဉ်တစ်ခု
 ဖြစ်လာနေသည့် နိုင်ငံ၏ အနောက်ဖက် ကျောက်တော် မြို့နယ်တွင် သြဂုတ်လ ၅
ရက်နေ့မှ စတင်ကာ ဆူပူအကြမ်းဖက်မှု ထပ်မံဖြစ်ပွါးခဲ့ကြောင်း၊ နေအိမ်ပေါင်း
 ၁၆၀ကျော် မီးရှို့ခံရပြီး လူသေဆုံးမှုများ လည်းရှိကြောင်း အဆိုပါ မြို့နယ်ရှိ
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီနှင့် ဒေသခံများထံမှ သိရှိရသည်။

အဆိုပါ အကြမ်းဖက်မှုသည် ကျောက်တော်မြို့  အပေါက်ဝ ကျေးရွှာမှ ကျောက်တော်မြို့  ပေါ်သို့ သုံးဘီးဆိုင်ကယ် မောင်းနှင်လာသော ရခိုင်တိုင်းရင်းသား တစ်ဦးကို သြဂုတ်လ ၅ရက်နေ့ နေ့လယ် ၁နာရီ ခန့်က ကျောက်တော်မြို့အ၀င် ကစ္စပနဒီ တံတားအနီးတွင် ဘင်္ဂါလီလူမျိုး လေးဦးခန့်က ဓါးဖြင့် ခုတ်ရာမှ စတင်ဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်း၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ပြန်ကြားရေးမှူး ဦးဦးစံသိန်းက ပြောကြားသည်။
“သေတော့ မသေခဲ့ဘူး။ ဓါးတွေနဲ့ ၀ိုင်းခုတ်တာမှာ ထွက်ပြေးလို့ တင်ပါးမှာ ဒဏ်ရာရသွားတယ်။“ ဟု ၄င်းက ဆိုသည်။

ယင်းဆူပူမှုဖြစ်ပွါးအပြီး ၁၅မိနစ်ခန့် အကြာ ဂုတ်ပီထောင့် ကျေးရွှာ၊ အပေါက်ဝ ကျေးရွှာနှင့် ရွှေလှိုင်ကျေးရွှာတို့တွင် မီးရှို့မှုများဖြစ်ပွါးခဲ့သဖြင့် လူနေအိမ် ၁၆၀ကျော် မီးရှို့ခံခဲ့ရပြီး လူသေဆုံးမှုများလည်း ရှိခဲ့ကြောင်း၊ သေဆုံးသူ စာရင်းများကို အတိအကျ မသိရှိနိုင်သေးကြောင်း ဒေသခံများထံ ဆက်သွယ်မေးမြန်းချက်များ အရသိရှိရသည်။

အဆိုပါကျေးရွှာများတွင် ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီလူမျိုးများ နေထိုင်ကြပြီး ဘင်္ဂါလီလူမျိုးများက ၄င်းတို့၏ နေအိမ် များကို ကိုယ်တိုင်မီးရှို့ထွက်ပြေးမှု အများဆုံးဖြစ်ကြောင်း၊ အချို့နေရာတွင် ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီလူမျိုးများ အပြန်အလှန် မီးရှို့ခဲ့ကြကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီနှင့် ဒေသခံများကို ဆက်သွယ်မေးမြန်းချက် အရသိရှိရသည်။

ယင်းဆူပူမှုများကို ကျောက်တော်မြို့ရှိ တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များက မီးရှို့ခံရသော ကျေးရွှာများကို ဆူပူမှု ထပ်မံမဖြစ်ပွါးစေရန် ၀င်ရောက်ထိန်းသိမ်းလျှက်ရှိကြောင်း၊ အဆိုပါ ဆူပှုအကြမ်းဖက်မှုများ ဖြစ်ပွါးနေသည်မှာ မှန်ကန် သော်လည်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က တရားဝင် သတင်းထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်း အဆိုပါ အစိုးရအဖွဲ့ သတင်းပြန်ကြားရေးဌာနမှ ဥက္ကဌ ဦးဦးလှသိန်းက အတည်ပြု ပြောကြားသည်။

ကျောက်တော်မြို့နယ်တွင် နေထိုင်သူ လူဦးရေ စုစုပေါင်း တစ်သိန်းခန့် ရှိပြီး ရခိုင်တိုင်းရင်းသား အပါအ၀င် တိုင်ရင်းသား လူမျိုး ၆၀ရာခိုင်နှုန်းခန့်ရှိပြီး ဘင်္ဂါလီလူမျိုး ၄၀ရခိုင်နှုန်းခန့် နေထိုင်ကြောင်း ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဦးသာစိန်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည့်သူအင်အားဝန်ကြီးဌာန၏ စာရင်းဇယားကို ကိုးကားကာ ပြောကြား သည်။

The Voice Weekly

စစ်တွေ တက္ကသိုလ်ပြန်ဖွင့် ကျောင်းသား ၆၀ သာ တက်ရောက်

ရခိုင်ပြည်နယ်တွင် ဇွန်လ ၈ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှုကြောင့် ပိတ်ထားရသော စစ် တွေ တက္ကသိုလ်ကို ယနေ့  သြဂတ်စ်လ ၆ ရက်နေ့တွင် စတင်ဖွင့်လှစ်ရာ ကျောင်းသား ၆၀ တက်ရောက် ကြောင်း သတင်းရရှိသည်။

“ ဒီနေ့ စစ်တွေ တက္ကသိုလ်ဖွင့်ပါတယ်။ ကျောင်းသူ/သား စုစုပေါင်း ၆၀ ခန့်ရောက်ပါတယ်။ ရောက်တဲ့သူတွေထဲ မှာ ကျောင်းသားက ၅၄ ယောက်၊ ကျောင်းသူက ၆ ယောက်ဘဲ ရောက် ပါတယ်” ဟု English မေဂျာ နောက်ဆုံးနှစ် ကျောင်းသားတစ်ဦးက နိရဉ္စရာသို့ ပြောသည်။

ကျောင်း ပြန်ဖွင့်သော်လည်း ကျောင်းသူကျောင်းသားများ မစုံလင်သည့်အတွက်ကြောင့် စာသင်ကြားခြင်း မရှိ ဟု သိရသည်။

ယနေ့ စစ်တွေ တက္ကသိုလ် ပြန်လည်ဖွင့်လှစ်သော နေ့တွင် လုံခြုံရေးကို ကျောင်းလမ်းတလျှောက် အပြည့်ချ ထားသည့်အပြင် အနီးအနားရှိ မူဆလင်ကျေးရွာများမှ မူဆလင်များကိုလည်း ရွာအပြင် ထွက်ခွင့် မပြုဟုလည်း သူက ပြောသည်။

“ စစ်တွေမြို့ကနေ ကျောင်းသွားတဲ့ လမ်းတလျှောက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အပြည့်ချထားပါတယ်။ နောက်ပြီး တော့ ကျောင်းအနီးအနားမှာ ရှိတဲ့ ဘုမေရွာက မူဆလင်တွေကို ရွာပြင်ကို ထွက်ခွင့် ပိတ်ပင်ထားပါတယ်။ ဒါ  ကြောင့် ဘာအနှောင့်အယှက်မှ မရှိပါဘူး။”

ကျောင်းသူ/ကျောင်းသားများအတွက် ကျောင်းသွားချိန် အကြိုအပို့ ကားများကို နံနက် ၇ နာရီမှ ၉ နာရီထိ ပို့ဆောင်ပေးပြီး ကျောင်းလွတ်ချိန် အကြိုအပို့ကားကို နေ့လည် ၁ နာရီမှ ညနေ ၄ နာရီထိ ပို့ဆောင်ပေးရန် စီစဉ်ထားသည်ဟု သိရှိရသည်။

မောင်ရမ္မာ - နိရဉ္စရာ သတင်းဌာန

ယနေ့ လွှတ်တော်မြင်ကွင်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထအကြိမ် ပုံမှန်အစည်းအဝေး ၂၀ ရက်မြောက်နေ့ အစီအစဉ်ကို ယနေ့ သြဂုတ်လ ၆ ရက် နေ့လယ် ၁ နာရီ အချိန်တွင် စတင်ကျင်းပ နေပြီဖြစ်သည်။ အစည်းအဝေးလုံခြုံရေးစစ်ဆေးမှုတွင် ပြည်သူ့လွှတ်တော် ကိုယ် စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် ယင်း စစ်ဆေးရေး ၀င်ပေါက်မှ ၀င်ရောက် ခြင်းမပြုဘဲ ပြည်သူ့လွှတ်တော် ဥက္ကဌ နားနေဆောင် မုဒ်ဦးဝင်ပေါက်မှ ၀င်ရောက်ခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူတို့ကခွင့်ပြုခဲ့ကြောင်း တွေ့ရသည်။




ယနေ့ကျင်းပသော လွှတ်တော် အစည်းအဝေးမှ စ၍ လွှတ်တော် ကိုယ်စားလှယ်တော် ကြီးများ၏ လုံခြုံရေး အတွက် လွှတ်တော် အ၀င်တွင်သာ မက လွှတ်တော် အစည်းအဝေး အဆောက်အအုံ အတွင်းပိုင်းတွင်ပါ မီဒီယာသမားများအပါအ၀င် လွှတ်တော် ကိုယ်စားလှယ် များကိုပါ လုံခြုံရေး တိုးမြင့် စစ်ဆေးနေ ကြောင်းသိရသည်။ ယင်းကိစ္စအား မီဒီယာများ၏တွင် ရေးသားဖော်ပြကြသည့်သတင်းအချို့ကြောင့်ဖြစ်နိုင်ကြာင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တို့က ထင်ကြေးပေးကြသည်။


Popular Myanmar News Journal





မြန်မာကျန်းမာရေးဌာနနှင့်မယ်တော်ဆေးခန်း မကြာမီ ကျန်းမာရေး ၀န်ဆောင်မှု ပူးတွဲလုပ်ဆောင်မည်

ယနေ့ မွန်လွဲပိုင်း အစိုးရပြည်ထောင်စုဝန်ကြီးနှင့် မြန်မာဆရာဝန်များ မယ်တော်ဆေးခန်းတွင်လာရောက်ဆွေးနွေး ခဲ့ကြသည်။ ဆွေးနွေးညှိနှိုင်းချက်များ
အရ မယ်တော်ဆေးခန်းမှလူနာအချို့ကို မြ၀တီရှိဆေးရုံတွင်လွှဲပြောင်းကုသပေး မည့်အစီအစဉ်ပါရှိပြီး မကြာမီလုပ်ငန်းအကောင်အထည်ဖော်မည်ဟုသိရသည်။ မြန်မာဆရာဝန်အဖွဲ့မှဆရာဝန်ကြီတစ်ဦးက”ဒီကလူနာတွေကိုမဲဆောက်ဆေးရုံကြီးပို့ရင် ကုန်ကျမဲ့စားရိတ် ထက်မြန်မာဘက်ကဆေးရုံကိုပို့ရင် သုံးပုံတပုံဘဲကုန်ကျမယ်ဖြစ်တယ် ဒီကအခြေအနေတွေကို ကျန်းမာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုပြန်တင်ပြသွားမယ်”ဆွေးနွေးပွဲတွင်ပြောသည်။ အစိုးရဘက်ကလည်းလိုအပ်ချက်များကို ထောက်ပံ့ကူညီမှုများပေးသွားမည်ဟု တက်ရောက်လာသည့်ပြည်ထောင်စုဝန်ကြီးများကပြောကြားပြီး။မြန်မာဆရာဝန်အဖွဲ့က မယ်တော်ဆေးခန်း အတွက် ထိုင်းဘတ်ငွေ ၁ သိန်းလှူဒါန်းခဲ့သည်။ ယနေ့ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးအောင်မင်း၊ဦခင်ရီ၊ဦးစိုးသိန်းနှင့်ကရင်ပြည်နယ်ဝန် ကြီးချုပ်ဦးဇော်မင်းတို့တက်ရောက်ခဲ့ကြပြီး ညနေပိုင်းတွင်မဲဆောက်မှတဆင့် မော်တော်ယာဉ်များဖြင့်မြ၀တီ သို့ပြန်လည်ထွက်ခွာသွားကြသည်။

သတင်း၊ ဓါတ်ပုံ - ရဲရင့်မောင်
Popular Myanmar News Journal

ဒေါ်အောင်ဆန်းစုကြည်၏အထ္တုပတ္တိအသစ်TheLadyAnd ThePeacockစာအုပ်ထွက်ရှိ

စာအုပ်ကို ပြုစုသူ Peter Popham က အပိုင်းငါးပိုင်းခွဲ၍ ရေးသားပြုစုထားသည်။ ပထမပိုင်းဝယ် ဒေါ်အောင်ဆန်းစုကြည်၏ ငယ်စဉ်ဘ၀နှင့်ပတ်သက်၍ ရေးသားဖေါ်ပြထားပြီး၊ ဒုတိယပိုင်းတွင်မူ မိခင်ကြီးမကျန်းမာခြင်းကြောင့် မြန်မာနိုင်ငံသို့ရောက်ရှိလာရခြင်းမှ အစပြုကာ
 နိုင်ငံရေးနယ်ပယ်ထဲသို့စတင်ရောက်ရှိလာခြင်း အကြမ်းမဖက်လှုပ်ရှားမှုများဖြင့် ကြံ့ကြံ့ခံတွန်းလှန်ခဲ့ခြင်းအစရှိသည်တို့ကိုရေးသားထားပါသည်။

တတိယပိုင်းတွင်မူ ပူဆွေးသောကရောက်ရမှုများ၊ ငါးဦးဂိုဏ်း၊ ရွေးချယ်မှုများစသည့်ဖြင့်ရေးသားထားပြီး စတုတ္ထပိုင်းတွင်မူ ၉၉၀ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီပါတီ အပြတ်အသတ်အနိုင်ရခြင်း၊ ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိခြင်း အစရှိသည်တို့ကိုရေးသားဖော်ပြထားသည်။ နောက်ဆုံးအပိုင်းတွင်မူ သူ၏ တွေ့ဆုံဆွေးနွေးမှုများ၊ သူ၏ရည်မှန်းချက်များ၊ ရွှေဝါရောင်တော်လှန်ရေး ခွပ်ဒေါင်း၏အကျိုးသက်ရောက်မှုများ စသည်ဖြင့်ရေးသားဖော်ပြထားပါသည်။

 ထိုစာအုပ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ရှားပါးဓာတ်ပုံပေါင်း ၄၃ ပုံပါရှိသည်။ ယခုစာအုပ်ကို ဒေါ်အောင်ဆန်းစုကြည်၏ အထ္ထုပတ္တိသစ်ဟုဆိုကြသည်။ ငြိမ်းချမ်းရေး နိုဘယ်ဆုရင် ခရစ်ယာန်ဘုန်းတော်ကြီး ဒက်စမွန်တူးတူးက "လက်ဖျားခါရအောင်ကောင်းသည်"ဟုမှတ်ချက်ချသည်။ကမ္ဘာကျော် စာအုပ်ထုတ်ဝေရေးကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Rider စာအုပ်တိုက်မှထုတ်ဝေခြင်းဖြစ်သည်။

Popular Myanmar News Journal

လွှတ်တော်ကိုယ်စားလှယ်များ၏ လုံခြုံရေးတိုးမြှင့်

လွှတ်တော်ကိုယ်စားလှယ်များ၏ လုံခြုံရေးတိုးမြှင့်သည့်အနေဖြင့် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် အဆောက်အအုံအ၀င်ဝတို့တွင် X Ray စက်များ တပ်ဆင်ထားသည်ကို သြဂုတ်၆ရက်က တွေ့ရစဉ်။
ဓာတ်ပုံ-သီဟ
နေပြည်တော်၊ သြဂုတ် - ၆

လွှတ်တော်ကိုယ်စားလှယ်များ၏ လုံခြုံရေးတိုးမြှင့်သည့်အနေဖြင့် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် အဆောက်အအုံအ၀င်ဝတို့တွင် X Ray စက်များ တပ်ဆင်လိုက်ပြီး ယနေ့(သြဂုတ် ၆ ရက်)မှစတင်ကာ လွှတ်တော်အဆောက်အအုံများအတွင်း ၀င်ရောက်သူများ X Ray ဖြတ်ပြီးမှသာ ၀င်ကြရကြောင်း 7Day News သတင်းထောက်က သတင်းပေးပို့သည်
လွှတ်တော်အဆောက်အအုံဝင်း အ၀င်ဝတွင်လည်း ယခင်ကပင် X Ray စက်တပ်ဆင်ထားပြီးဖြစ်သော်လည်း ယခု အတွင်းဂိတ်တွင်ပါ ထပ်မံတပ်ဆင်လိုက်သည့်အတွက် နှစ်ကြိမ်ဖြတ်သန်းစေသည့်သဘောဖြစ်သည်။

NASA စူးစမ်းရေးယာဉ် အင်္ဂါဂြိုဟ်ပေါ် ဆင်းတော့မည်

အင်္ဂါဂြိုလ်ကို စူးစမ်း လေ့လာမယ့် Curiosity အာကာသယာဉ်ကို တနင်္လာနေ့ မနက်အစောပိုင်းမှာ အင်္ဂါဂြိုလ်ပေါ် ဆင်းသက်နိုင်ဖို့ NASA က စီစဉ်ထားပါတယ်။ အလေးချိန် တစ်တန်လောက်ပဲရှိတဲ့ Curiosity လို့ နံမည်ပေးထားတဲ့ နျူကလီးယား စွမ်းအင်သုံး ဒီ အာကာသယာဉ် ဂြိုလ်ပေါ်မှာ သက်ရှိသတ္တ၀ါတွေ ရှိမရှိ အထောက်အထား ရှာနိုင်ဖို့ လေ့လာစူးစမ်းသွားမှာဖြစ်ပြီး အင်္ဂါဂြိုလ်ရဲ့ ပုံရိပ်တွေနဲ့ အင်္ဂါဂြိုလ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ရယူဖို့ဖြစ်ပါတယ်။

အဲဒီလို ရယူဖို့အတွက် ပထမအဆင့်အနေနဲ့ အင်္ဂါဂြိုလ်ဆီ ၈ လကြာ သွားရောက်ခဲ့တဲ့ Curiosity ယာဉ် အင်္ဂါဂြိုလ်ပေါ်မှာ ဘေးကင်းကင်းနဲ့ ဆင်းသက်နိုင်ဖို့က အရေးကြီးတာပါ။ တနာရီကို မိုင်ပေါင်း တစ်သောင်းနှစ်ထောင်ကျော်နှုန်းနဲ့ သွားနေတဲ့ ဒီအာကာသယာဉ် ဂြိုလ်မျက်နှာပြင်ပေါ်မှာ ကောင်းကောင်းမွန်မွန် ဆင်းသက်နိုင်ရေးဟာ နာဆာရဲ့ အာကာသယာဉ်တွေ ဂြိုလ်ပေါ်ဆင်းသက်ခဲ့တဲ့ သမိုင်းကြောင်းတလျှောက် စိန်ခေါ်မှုအရှိဆုံး လုပ်ရပ်တခုလို့ နာဆာ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

Curiosity အာကာသာယာဉ် အောင်အောင်မြင်မြင် ဆင်းသက်နိုင်ပြီ ဆိုရင်တော့ အင်္ဂါဂြိုလ်ပေါ်မှာ လူတွေ နေထိုင်ခွင့် ရနိုင်မနိုင် လမ်းစကို စတင် ရှာဖွေ ပေးနိုင်မှာ ဖြစ်ပါတယ်။ 
 
 ဗွီအိုအေ (မြန်မာဌာန)

ဒေါ်စု အမေရိကန်ခရီး ကြိုဆိုဖို့ မြန်မာအသိုင်းအ၀ိုင်း ပြင်ဆင်

မြန်မာ့ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် အမေရိကန် ခရီးစဉ် အတွင်း ဒေသခံ မြန်မာ အသိုင်း အ၀ိုင်းတွေနဲ့ တွေ့ဆုံနိုင် ဖို့အတွက် မြန်မာအဖွဲ့ အစည်းတွေ စုစည်း ဆွေးနွေး ပြင်ဆင်မှုတွေ လုပ်နေကြပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ခရီးစဉ်အတွင်း အမေရိကန် ပြည်ထောင်စုမှာ ရှိတဲ့ မြို့ကြီး အတော်များ များကိုလည်း သွားရောက် လိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။ စုံစမ်း မေးမြန်းထားတဲ့ ကိုသားညွှန့်ဦးက တင်ပြထားပါတယ်။

အခု လာမယ့် စက်တင်ဘာလ လာရောက်မယ့် ခရီးစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆယ်စုနှစ်နဲ့ချီ နေအိမ် အကျယ်ချုပ် ကျပြီးတဲ့နောက် ပထမဆုံး အမေရိကန်ပြည်ထောင်စု လာရောက်တဲ့ ခရီးစဉ် ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု လာရောက်ပြီး အမေရိကန် ကွန်ဂရက်ကနေ ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ခဲ့တဲ့ Congressional Gold Medal အမေရိကန်လွှတ်တော်ရဲ့ အမြင့်ဆုံး ရွှေတံဆိပ်ဆုကို စက်တင်ဘာ ၁၉ ရက်နေ့မှာ ကိုယ်တိုင် လက်ခံယူဖို့ရှိသလို၊ အမေရိကန်ပြည်ထောင်စုက အစိုးရပိုင်းရော လွှတ်တော်က တာဝန်ရှိသူတွေနဲ့ပါ တွေ့ဆုံမယ်လို့ မျှော်လင့်ရပါတယ်။

တချိန်တည်းမှာပဲ အမေရိကန် ပြည်ထောင်စုတွင်း မြို့အတော်များများကို သွားဖို့ရှိပြီး၊ အဲဒီမှာ နယ်ခံ မြန်မာ အသိုင်းအ၀ိုင်းတွေနဲ့ တွေ့ဆုံဖို့လည်းရှိပါတယ်။ ဘယ်မြို့တွေကို သွားမလဲ ဆိုတာ အတိအကျ ခရီးစဉ်တော့ ထွက်မလာသေးပါဘူး။ အမေရိကန် အနောက်ခြမ်း မြို့တမြို့ဖြစ်တဲ့ Los Angeles ကိုတော့ အောက်တိုဘာဆန်းလောက် လာမယ်လို့ မှန်းထားကြပါတယ်။ ဒီအတွက်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုဖို့ မြန်မာအသိုင်းအ၀ိုင်းတွေ စုဝေး တိုင်ပင်နေကြပြီလို့ မြို့ခံတဦးလည်းဖြစ် ပွဲဖြစ်မြောက်ရေး အဖွဲ့ဝင်တဦးလည်းဖြစ်တဲ့ မနီလာစိန်က ပြောပါတယ်။

“ကျမတို့ ဒီ LA မှာရှိတဲ့ အသင်းအဖွဲ့အားလုံး ၀ိုင်းလုပ်ကြတဲ့ပွဲ။ ဆန်ဖရန်ဆစ္စကိုကတော့ ကျမ ရက် သေချာမသိဘူး။ ကျမတို့ LA ကိုတော့ အောက်တိုဘာ ၂ ရက်နေ့မှာလို့ သိရပါတယ်ရှင့်။ နောက်ပြီးတော့ မြန်မာအသိုင်းအ၀ိုင်း အားလုံး ပါဝင်နိုင်ရေးအတွက် ကျမတို့ တောင်ပိုင်း ကယ်လီဖိုးနီးယားမှာ ရှိတဲ့ အသင်း အဖွဲ့အစည်းအားလုံးက ပါဝင်ပြီးတော့ အစည်းအဝေး လုပ်နေကြပါတယ်ရှင့်။ တွေ့ဆုံပွဲမှာ ကျမတို့ မိနစ် ၉၀ ပဲ ရတာဖြစ်ပါတယ်။ အဲဒါကြောင့်မိုလို့ တောင်ပိုင် ကယ်လီဖိုးနီးယားမှာ ရှိတဲ့ မြန်မာအားလုံး ပါဝင်နိုင်ရေး အတွက်ကို ကျမတို့ အသင်းအဖွဲ့အားလုံး၊ လူမျိုးမရွေး ဘာသာမရွေး အားလုံးကို ဖိတ်ကြားထားပြီးတော့ အစည်းအဝေးတွေ လုပ်နေပါတယ်။ ဒုတိယအကြိမ် ပြီးပါပြီ။ အခု လာမယ့်အပတ်မှာ တတိယအကြိမ် လုပ်ပြီးတော့ ကျမတို့ နေရာကို သတ်မှတ်ပါမယ်။ ပြီးတော့ အဖွဲ့အစည်းတွေ ဖွဲ့မယ်ပေါ့နော်။ ဥပမာ ကြိုဆိုရေးအဖွဲ့၊ ဧည့်ခံရေးအဖွဲ့ အဲဒီလိုမျိုးတွေ အဖွဲ့အသီးသီး ဖွဲ့စည်းပြီးတော့ ကျမတို့ အားလုံး ပေါင်းပြီးတော့ ကြိုဆိုဖို့ လုပ်နေပါတယ်ရှင့်။ ကျမတို့ ရတဲ့ရက်က အင်္ဂါနေ့ ဖြစ်ပေမဲ့လည်း လူအားလုံး နီးပါးက သူတို့ အလုပ်ကို ခွင့်ယူပြီးတော့ မရမက လာမယ်။ နောက်ပြီးတော့ အိမ်မှာ လူ ၅ ယောက်ရှိရင် ၅ ယောက်စလုံး တက်မယ် ဆိုပြီးတော့ ပြောတဲ့သူက ၈၀ ရာခိုင်နှုန်းလောက် ရှိပါတယ်ရှင့်။”

အမေရိကန်ပြည်ထောင်စုတွင်း မြန်မာတိုင်းရင်းသားတွေ အများအပြား စုဝေးနေထိုင်တဲ့ အင်ဒီးယားနားပြည်နယ် ဖို့ဝိန်းမြို့မှာလည်း ဒေါ်အောင်ဆန်းစု ကြည်လာမယ့် ခရီးစဉ်အတွက် ဒေသခံတွေ တတ်တတ်ကြွကြွနဲ့ ကြိုတင် ပြင်ဆင်နေကြတယ်လို့ ဖို့ဒ်ဝိန်းမြို့ခံ ကိုအောင်မြင့်ထွန်းက ပြောပါတယ်။

“ကျနော်တို့ ရက်ကို သေချာ မသိရသေးဘူး။ ဒါပေမဲ့ ခန့်မှန်းချေကတော့ ၂၄၊ ၂၅ ပတ်ဝန်းကျင်လို့တော့ ကျနော်တို့ သိထားရတယ်။ အခု ကျနော်တို့က အဲဒီအတွက် ဖို့ဒ်ဝိန်းမှာရှိတဲ့ တမြို့လုံးကတော့ သောင်းသောင်းဖျဖျ ကြိုဆိုနိုင်ဖို့အတွက် ၀ိုင်းဝန်းပြီးတော့ စီစဉ်နေကြတယ်။ အခုလက်ရှိ ကျနော်တို့ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်နေ့က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လာမယ့်ကိစ္စကို ကြိုဆိုတဲ့ ကော်မတီတရပ် ဖွဲ့ဖို့ ဆိုပြီးတော့ ကျနော်တို့ ဆွေးနွေးပွဲတခု လုပ်ခဲ့တယ်။ လူထု ဆွေးနွေးပွဲ လုပ်ခဲ့တယ်။”

ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်ရဲ့ အစပိုင်းပြောရမယ့် ၀ါရှင်တန်ဒီစီမှာလည်း အခြား အမေရိကန် အဖွဲ့အစည်းတွေနဲ့ တွေ့ဖို့ရှိသလို၊ မြန်မာအသိုင်းအ၀ိုင်းတွေနဲ့လည်း သီးခြား တွေ့ဆုံဖို့ ရှိပါတယ်။ ဒီအတွက်လည်း ၀ါရှင်တန်ဒီစီ တ၀ိုက် နယ်ခံ မြန်မာအဖွဲ့အစည်းတွေ စည်းဝေးတိုင်ပင်ပြီး ကြိုဆို နေရာချထားရေး ပွဲစီစဉ်ရေး အဖွဲ့ငယ်လေးတွေ ဖွဲ့စည်း ပြင်ဆင်နေတယ်လို့ စီစဉ်သူတွေက ပြောပါတယ်။

နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ ပထမဆုံး အကြိမ် ပြည်ပခရီးစဉ် အဖြစ်နဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံကို သွားခဲ့ပြီး၊ ဒီနောက် ဥရောပနိုင်ငံ အချို့ကို သွားခဲ့ပါတယ်။ အခု အမေရိကန် ခရီးစဉ်အတွင်းမှာတော့ အစိုးရ တာဝန်ရှိသူတွေနဲ့ လည်း တွေ့ဆုံဖို့ ဖိတ်ကြားမှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန က ပြောခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဟာ စက်တင်ဘာ ၂၁ ရက်နေ့မှာလည်း နယူးယောက်က Atlantic Council ညစာ စားပွဲမှာ ကမ္ဘာ့အကျိုးဆောင် နိုင်ငံသားဆုကို လက်ခံယူဖို့ရှိပါတယ်။ 
 ကိုသားညွှန်ဦး (ဗွီအိုအေ  - မြန်မာဌာန)

အမေရိကန် ဆိခ်ဝတ်ပြုကျောင်းမှာ ပစ်ခတ်မှုဖြစ်

အမေရိကန် ပြည်ထောင်စု ဝစ္စကွန်ဆင် ပြည်နယ်က အုတ်ခ်ခရိခ် မြို့မှာရှိတဲ့ ဆိခ် ဝတ်ပြုကျောင်း ထဲမှာ လာရောက် ဝတ်ပြုနေသူ တွေကို သေနတ်သမား တဉီးက ပစ်ခတ် တိုက်ခိုက် ခဲ့တဲ့ အတွက် ၆ ဉီးထက်မနည်း သေဆုံး ခဲ့ရတယ်လို့ ရဲ တပ်ဖွဲ့က ပြောပါတယ်။

အဲဒီ သေနတ်သမား ကိုတော့ အခင်းဖြစ်ပွားရာကို အရင် ဉီးဆုံး ရောက်လာကြတဲ့ ရဲတပ်ဖွဲ့ ဝင်တွေက ပစ်သတ် နိုင်ခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့ရဲ့ ပြောခွင့်ရသူက ပြောပါတယ်။

မကြာသေးခင်ကလည်း အမေရိကန် ပြည်ထောင်စုမှာ ကော်လိုရာဒိုက ရုပ်ရှင်ရုံမှာ ရုပ်ရှင် လာကြည့်သူတွေကို သေနတ်သမား တဉီးက ပစ်ခတ်ခဲ့တဲ့ အတွက် လူ ၁၂ ဉီးသေဆုံးခဲ့ရပါတယ်။

ဒီအဖြစ်အပျက် နဲ့ မရှေးမနှောင်းမှာ ဖြစ်ခဲ့တဲ့ အခု ဖြစ်ရပ်နဲ့ ပတ်သက်လို့ အမေရိကန် သမ္မတ အိုဘားမားက သူ့အနေနဲ့ အလွန်တရာ စိတ်မကောင်း ဖြစ်ရတဲ့အကြောင်း ပြောလိုက်ပါတယ်။

ဘီဘီစီ (မြန်မာဌာန)

ကျောက်တော်မြို့နယ်အတွင်း မီးရှို့မှုတွေဖြစ်

ရခိုင်ပြည်နယ်အတွင်း တိုက်ခိုက်မှုတွေ ဖြစ်ခဲ့စဉ်က မီးရှို့ ဖျက်ဆီး တာတွေ ဖြစ်ခဲ့ပါတယ်။
မနေ့တုန်းက ရခိုင်ပြည်နယ်၊ ကျောက်တော် မြို့နယ် အတွင်းမှာ ရှိတဲ့ ဂုပ္ပီထောင့်နဲ့
 အပေါက်ဝ ကျေးရွာတွေမှာ မီးရှို့မှု တွေဖြစ်ပွား ခဲ့ပါတယ်။

ဒီမီးရှို့မှု တွေ နဲ့ ပတ်သက်လို့ ရွာခံ တဉီးက ဘီဘီစီကို ပြောပြရာမှာတော့ မြို့ပေါ်က
 လူတွေက အဲဒီနေရာ တွေကို လိုက်လာ ခဲ့ကြတဲ့ အကြောင်းနဲ့ လုံခြုံရေးတွေက
အဲဒီ လိုက်လာခဲ့ကြ သူတွေကို လူစုခွဲခဲ့ တဲ့အကြောင်း တွေကို ပြောပြသွားပါတယ်။

ကျောက်တော် မြို့နယ်ဟာ ရခိုင် အများစု နေထိုင်တဲ့ မြို့နယ်လည်း ဖြစ်ပါတယ်။

ကျောက်တော် မြို့နယ်မှာသာ မကဘဲ ကျောက်ဖြူ မြို့ဘက်မှာလည်း မီးရှို့ဖို့ ကြံစည်
သူတွေကို ဖမ်းမိတဲ့ အကြောင်း သတင်းရရှိ ပါတယ်။

ဘီဘီစီ - မြန်မာပိုင်း

ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မတီ KNU နဲ့ အကြို ဆွေးနွေး

မြန်မာငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ KNU တို့ ငြိမ်းချမ်းရေးအတွက် အကြို ဆွေးနွေးနေကြစဉ်။ (ဓာတ်ပုံ - KIC)
ကရင်အမျိုးသား အစည်းအရုံးက ကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာအစိုးရဘက်က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ၊ ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင် စု ၀န်ကြီး ဦးအောင်မင်းတို့ အဖွဲဟာ မကြာခင်လုပ်မယ့် အစည်းအဝေး အတွင်း နှစ်ဘက် တပ်မတော် က လိုက်နာကျင့်သုံးရမယ့် ကျင့်ဝတ်စည်းကမ်းတွေနဲ့ ပတ်သက် လို့ ဆွေးနွေးကြဖို့ အတွက် မြ၀တီမြို့ မှာ ဒီကနေ့ အကြို ညှိနှိုင်းခဲ့ကြပါတယ်။ ဒီအကြောင်းကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက သတင်ပေးပို့ထားပါတယ်။

မြ၀တီမြို့ ခလရ (၂၇၅) တပ်တည်ရာနေရာမှာ ဆွေးနွေးခဲ့ကြတဲ့ ဒီဆွေးနွေးပွဲမှာ လူဝင်မှု ကြီးကြပ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ကတော့ အပစ်အခပ်ရပ်စဲရေးကို ပိုမိုခိုင်မာစေဖို့ နှစ်ဘက် လိုက်နာရမယ့် ကျင့်ဝတ်ကိစ္စတွေကို ဆွေးနွေးဖို့အတွက် အကြိုညှိနှိုင်းခဲ့ကြကြောင်း အခုလို ပြောသွားပါတယ်။

“အဓိက ကတော့ ကျနော်တို့ peace process ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အဓိက ကျတဲ့ cease fire stage အပစ်အခတ်ရပ်စဲရေး အဆင်ကို ပိုပြီးတော့ ခိုင်မာသွားအောင် နှစ်ဘက် လိုက်နာရမယ့် ကျင့်ဝတ်၊ အင်္ဂလိပ်လိုတော့ code of conduct for cease fire အဲဒါလေးတွေကို ကျနော်တို့ ဆွေးနွေးဖို့အတွက် နောက်တကြိမ် အစည်းအဝေးကို သြဂုတ်လ နောက်ဆုံး ပတ်လောက်မှာ သင့်တဲ့နေရာမှာ၊ နီးတဲ့အခါ ထပ်ပြီး ဆွေးနွေးကြမှာပေါ့။ အဲဒီအစည်းအဝေး အတွက် ကျနော်တို့ အကြို အစည်းအဝေး လာပြီးတော့ ဆောင်ရွက်တာ ဖြစ်ပါတယ်။ တချို့နေရာတွေမှာ အပစ်အခတ် ရပ်စဲရေး ယူထားသော်လည်းပဲ နည်းနည်းပါးပါး ဒီလို သွားရင်းလာရင်းနဲ့ ပစ်တာ ခတ်တာတွေ ရှိတယ်။”

ဆွေးနွေးမှုမှာ ပါဝင်ခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ အမြဲတမ်း ဗဟိုကော်မတီဝင် ဖဒို သောသီ ကတော့ နှစ်ဘက်လိုက်နာရမယ့် ကျင့်ဝတ်တွေနဲ့ ပတ်သက်လို့ မြန်မာအစိုးရ နဲ့ ကေအဲန်ယူကြားမှာ အရင်က ချပြ ဆွေးနွေးမှုတွေက ကွဲလွဲမှုတွေ ရှိနေသေးတဲ့ အကြောင်း၊ မြန်မာဘက်က တပ်မတော် စစ်သည်တော် ကျင့်ဝတ်တွေနဲ့သာ ဆွေးနွေးခဲ့တဲ့အတွက် အခက်အခဲ ရှိခဲ့တယ်လို့ ဆိုပါတယ်။

“ဒီ code of conduct ဆိုတာ သူ့ဘက်က မရှိဘူးလေ။ သူ့ဘက်က အခါအားလျော်စွာ တပ်မတော် ကျင့်ဝတ် ၆၀ နဲ့ပဲ သူတို့ ပြောလေ့ရှိတယ်လေ။ စစ်သည်တော် ကျင့်ဝတ် ၆၀ က တကယ့်ကိုပဲ လုံခြုံမှုရော၊ နောက်ပြီးတော့ စည်းကမ်းချက်နဲ့ အကျုံးဝင်တယ်လို့ သူတို့ဘက်ကတော့ တွင်တွင်ကြီး ပြောတာပေါ့လေ။ ဒါပေမဲ့ အဲဒါတွေက တပ်မတော်က လိုက်နာကျင့်သုံးရမယ့် တပ်မတော် ကျင့်ဝတ်စည်းကမ်းပဲ။ နှစ်ဘက် အပစ်အခတ် ရပ်စဲလို့ လိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်း မဟုတ်ဘူး။

ကျနော်တို့ဘက်က ရေးဆွဲတာက နှစ်ဦးနှစ်ဘက် တပ်မတော် နှစ်ဘက်စလုံးက လိုက်နာ ကျင့်သုံးရမယ့် စည်းကမ်းချက်တွေ ပေါ့နော်။ တပ်မတော် နှစ်ဘက်စလုံးက ကျနော်တို့ဆီက စည်းကမ်းချက်တွေကို ကြည့်ပြီးတော့မှ ဒါတွေ သဘောတူနိုင်မယ် မတူနိုင်ဘူး၊ ဘယ်အချက်မှာ သဘောတူနိုင်တယ်၊ ဘယ်အချက်မှာ သဘောမတူနိုင်ဘူး။ ဒါမျိုးတွေက ညှိနှိုင်းရမယ့်သဘောတွေ ရှိတယ်လေ။ ဥပမာ သူတို့ခေါ်တဲ့ စစ်သည်တော် ကျင့်ဝတ် ၆၀ ဆိုတာမှာ ကျနော်တို့မှာ သူ့ထက်တောင် တချက် ပိုတာ ရှိပါတယ်။ အဲဒါ တပ်မတော်ကျင့်ဝတ်မှာ ကျနော်တို့ KNLA တပ်မတော်မှာလည်း ကျင့်ဝတ်ရှိပါတယ်။ ရဲဘော်ကျင့်ဝတ်တွေ ရှိပါတယ်။”

ဆွေးနွေးမှုတွေ အတွင်းမှာ အဓိက ဆွေးနွေးချက်တွေ ကတော့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ ရှိနေတာကြောင့်လို့ ဆိုပါတယ်။

“ကျနော်တို့က တပ်မဟာ (၁) နယ်မြေ၊ သထုံခရိုင်၊ ကုန်းတန်းကြီး၊ တခေါင်းမိုး ကျေးရွာတို့လို မျိုးမှာ သူတို့ လူအရှင် ပစ်သတ်တာမျိုးတွေက ရှိတယ်လေ။ ကျနော်တို့ဘက်ကလည်း တခု ရှိတယ် ထင်ထင်ပေါ်ပေါ်။ နောက် တောင်ငူဘက်က ဆိုလို့ရှိရင်လည်း ဆန်သည်တာ၊ ရိက္ခသည်တာမျိုးတွေ ပစ်တာမျိုးတွေလည်း ရှိတယ်လေ။ နောက်ပြီးတော့ ကျနော်တို့ ဖာပွန်နယ်ဘက်က အင်ဥရှာရင်းနဲ့ မျှစ်ရှာရင်းနဲ့ အပစ်သတ် ခံရတာမျိုးတွေလည်း ရှိတယ်လေ။ သူတို့ ပစ်လည်းပစ်၊ သေလည်း သေတဲ့ အခါကျတော့ ဒါ အရပ်သား ဖြစ်နေတယ်လေ။ နောက်တခုကလည်း ဖာပွန်ဘက်က အထက်ဘက်က ရွာတရွာ ရှိသေးတယ်။ အဲဒီဘက်ကလည်း အပစ်ခံရတာပဲ။”

သြဂုတ်လ တတိယ အပတ်မှာ ကရင်ပြည်နယ် ဘားအံမြို့မှာတော့ နှစ်ဘက် လိုက်နာရမယ့် ကျင့်ဝတ်တွေနဲ့ ပတ်သက်လို့ ဆွေးနွေးဖို့ ရှိနေတယ်လို့ ဆိုပါတယ်။ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ လုပ်ငန်းကော်မတီ အဖွဲ့ဝင်ဖြစ်တဲ့ လူဝင်မှုကြီးကြပ်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီ၊ ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်းနဲ့ ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်းတို့ ဟာ ဆွေးနွေးပွဲတွေ အပြီးမှာ ထိုင်းနိုင်ငံ မဲဆောက်မြို့က ဒေါက်တာ စင်သီယာမောင်ဆေးခန်းကို လာရောက်ခဲ့ပြီး မြ၀တီမြို့ကို လူနာတွေ လွှဲပြောင်း နိုင်ရေးတွေကိုလည်း ဆွေးနွေးသွားခဲ့ပါတယ်။

မအေးအေးမာ (ဗွီအိုအေ - မြန်မာပိုင်း)

အခန်းခ ဈေးနှုန်းကြီးမြင့် သဖြင့် မြရိပ်ညို ရွှိုင်ရယ် ဟိုတယ်အား ခရီးသွား ကုမ္ပဏီတစ်ခုမှ တိုင်ကြား

ဟိုတယ် အခန်းခ ဈေးနှုန်းများ  အဆမတန်တိုးမြင့် ကောက်ခံ နေသောကြောင့်
 မြရိပ်ညို ရွိုင်ရယ် ဟိုတယ်အပါအ၀င် ပြည်တွင်း တိုင်းရင်းသားပိုင် ဟိုတယ်များ
အား မျှတသောဈေးနှုန်း သတ်မှတ်ပေးပါရန် ပြည်ထောင်စုဝန်ကြီးထံ ခရီးသွား
ကုမ္ပဏီတစ်ခုက အကြောင်းကြားစာ ပေးပို့ ခဲ့ကြောင်း-----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


သတင်းမီဒီယာ လွတ်လပ်ခွင့်အတွက် မန်းသတင်းထောက်များ ဆန္ဒထုတ်ဖော်

၅.၈.၂၀၁၂ခုနှစ် နေ့လည် ၁၂နာရီက မန္တလေး မီဒီယာသမားများစုပေါင်းပြီး Stop Killing Press ဆိုသောတီရှပ်များ နှင့် မြို့တွင်းသို့ လှည့်လည်ခဲ့ကြပါတယ်။ (super) DVB TV News


မန်းသတင်းထောက်များ သဘောထား ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



ရခိုင်ပြည်နယ်ခရီး ၈၈ ကျောင်းသားများ သတင်းစာရှင်းလင်း

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဘင်္ဂါလီ-ရိုဟင်ဂျာ အရေး ကိစ္စဟာ အင်မတန် နက်နဲ သိမ်မွေ့တဲ့ အတွက် လူ့အခွင့်အရေး ရှုထောင့် တစ်ဘက်တည်းက မကြည့်ဘဲ တိုင်းတစ်ပါး နိုင်ငံသားတွေရဲ့ ကျူးကျော်မှု၊ နယ်စပ်ဒေသမှာ တာဝန် ထမ်းဆောင်တဲ့ အစိုးရ ၀န်ထမ်းတွေရဲ့ အဂတိ လိုက်စားမှု ကိစ္စတွေကိုပါ ဘက်ပေါင်းစုံက ထည့်သွင်းစဉ်းစားဖို့ လိုအပ်တယ်လို့ (၈၈) မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြားလိုက်ပါတယ်။
88 Generation Student Group
၈၈ မျိုးဆက်ကျောင်းသားများ၏ "ရခိုင်ပြည်နယ် ခရီးစဉ်များအတွက် သတင်းစာရှင်းလင်းပွဲ" ကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းရှိ (၈၈) မျိုးဆက် ကျောင်းသားများ ရုံးချုပ်မှာ ၂၀၁၂ ခုနှစ် သြဂုတ်လ ၅ ရက်နေ့က ပြုလုပ်နေစဉ်။
ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်မှာ ရှိတဲ့ (၈၈) မျိုးဆက် ကျောင်းသားများ ရုံးချုပ်မှာ ဒီကနေ့ ညနေပိုင်းက ပြုလုပ်တဲ့ (၈၈) မျိုးဆက်ကျောင်းသားတွေရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်နဲ့ ပတ်သက်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ကိုမင်းကိုနိုင်က အခုလိုပြောကြားခဲ့တာ ဖြစ်ပါတယ်။
"ဒီကိစ္စမှာ လူ့အခွင့်အရေး ရှုထောင့် တစ်ဘက်တည်းက မကြည့်ဘဲ ကျနော်တို့ နိုင်ငံရဲ့ သမိုင်းကြောင်းနဲ့ ကျနော်တို့ တမျိုးသားလုံးရဲ့ အကျိုးစီးပွားတွေ၊ ပြည်ပက ကျူးကျော် ၀င်ရောက်နေမှုတွေ၊ အဲဒီမှာလည်း မတရားသဖြင့် ဒီက အကျင့်ပျက်တဲ့ ၀န်ထမ်းတွေကြောင့် တချိန်တုန်းက ၀င်ရောက်လာတဲ့သူ နည်းလမ်းပေါင်းစုံနဲ့ ၀င်ရောက်လာသူတွေ ရှိပါတယ်။ ဒါကြောင့် ကျနော်တို့ အမျိုးသား အကျိုးစီးပွားအတွက် နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေ နဲ့ တိုင်းရင်းသားဆိုလည်း တိုင်းရင်းသားတွေနဲ့ အခွင့်အရေးတွေ အားလုံး ခြုံပြီး ကြည့်ရပါမယ်။ "
ဒါအပြင် ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်လို့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီး အခြေအနေမှန်တွေ ဖေါ်ထုတ်ဖို့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနားရဲ့ တိုက်တွန်းချက် အပေါ် ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ရဲ့ သဘောထားနဲ့ ပတ်သက်လို့ ကိုယ်တိုင် သွားရောက် စုံစမ်း လေ့လာခဲ့တဲ့ မမီးမီးက အခုလို ပြောပါတယ်။
"လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်မှာ ပါဝင်မယ့်သူတွေဟာ တကယ်ကို လွတ်လွတ်လပ်လပ် စုံစမ်းခွင့် ရသလား၊ မရသလား ဆိုတဲ့အပေါ်မှာလည်း မူတည်သလို အာဏာပိုင်ကလည်း လွတ်လွတ်လပ်လပ် စုံစမ်းခွင့်ကို ခွင့်ပြုရမှာ ဖြစ်သလို ဒေသခံ တိုင်းရင်းသား ပြည်သူတွေကလည်း ကိုယ့်ရဲ့ ဒေသ အကျိုးစီးပွားအတွက် ဒီကော်မရှင်နဲ့ ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။"
(၈၈) မျိုးဆက်ကျောင်းသားများ အဖွဲ့ဟာ မကြာသေးခင်က ရခိုင်ပြည်နယ်ကို (၃) ကြိမ် သွားရောက်ခဲ့ပြီး၊ ကျပ်သိန်း (၃၅၀) ဖိုးခန့်ရှိတဲ့ အကူအညီတွေကို ဒုက္ခသည်တွေထံ ပေးအပ်ခဲ့ပါတယ်။ ဒီခရီးစဉ်တွေနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေကို ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဂျင်မီ၊ ကိုပြုံးချို၊ မနီလာသိန်းနဲ့ မမီးမီးတို့က သတင်း မီဒီယာတွေကို ရှင်းလင်းပြောကြား ခဲ့ကြပါတယ်။

RFA Burmese

ရခိုင်ပြည်နယ်ပြဿနာ ဘာသာရေးပဋိပက္ခ မဟုတ်ကြောင်း အင်ဒို သမ္မတ ပြောကြား

ကမ္ဘာမှာ မူစလင်ဘာသာဝင် အများဆုံးရှိရာ နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ သမ္မတ ဆူဆီလို ယူဒိုယူနို က ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခ နဲ့ ပတ်သက်လို့  မြန်မာနိုင်ငံ အစိုးရဟာ အကောင်းဆုံးဖြစ်အောင် ကိုင်တွယ် ဖြေရှင်းနေကြောင်း ပြောကြားလိုက်ပါတယ်။

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


AFP
အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဆူဆီလို ယူဒိုယူနို(Susilo Bambang Yudhoyono) ကို ၂၀၁၂ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့က သြစတြေလျနိုင်ငံ ဒါဝင်မြို့တွင် သြစတြေလျ နိုင်ငံ ၀န်ကြီးချုပ် နဲ့ တွေ့ဆုံပွဲတွင် တွေ့ရစဉ်။

KIO နယ်မြေရှိ ဒုက္ခသည်စခန်းများတွင် ၀မ်းရောဂါဖြစ်ပွား

ကချင်ပြည်နယ် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အုပ်ချုပ်နယ်မြေတွင် ခိုလှုံနေသော စစ်ပြေးဒုက္ခသည် များ၌ မိုးရာသီချိန် မသန့်ရှင်းသော ရေကိုသောက်သုံးခြင်းကြောင့် ၀မ်းရောဂါ ဖြစ်ပွားနေကြောင်း KIO ဗဟို ကျန်းမာရေးဌာနမှ ပြောသည်။

စစ်ပြေးဒုက္ခသည်စခန်းအတွင်း ဇူလိုင်လမှစ၍ ၁၅ နှစ်အောက်ကလေးများ၌ ၀မ်းလျှော၊ ၀မ်းပျက်ရောဂါ ဖြစ်ပွားမှု ----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်