မီးလောင်သေဆုံးခဲ့သော ဒုရဲအုပ် အမှု အခြား ပရောဂ ပါ မပါစစ်ဆေးမည်

နေပြည်တော် ကောင်စီနယ်မြေ (ပျဉ်းမနား)တွင် မီးလောင် သေဆုံးခဲ့သော
ဒုရဲအုပ် အမှုအား (စီအိုင်ဒီ)မှ ဦးဆောင် ၍ ခုံရုံးဖွဲ့ပြီး စုံစမ်းစစ်ဆေး မည်ဟု
 စီအိုင်ဒီမှ သတင်းရရှိသည်။

စီအိုင်ဒီမှ ရရှိသော သတင်းအရ သေဆုံးသူ ဒုရဲအုပ်မှာ ဦးဝင်းမြင့်သန်း
 ဖြစ်သော်လည်း အခြားဝန်ကြီး ဌာနတစ်ခုမှမူ ဦးသန်းညွန့်ဟု ဆိုသည်။

သူသည် အခြား ပယောဂကြောင့် သေဆုံးခြင်း(သို့) ကိုယ်တိုင် သတ်
သေခြင်း ဆိုသည်ကို ကွဲကွဲပြားပြား သိစေရန်အတွက် စီအိုင်ဒီမှ ဦးဆောင်၍
စုံစမ်းစစ် ဆေးရေးခုံရုံးဖွဲ့ ထားပြီး ဖြစ်ကြောင်းသိရသည်။

သေဆုံးသူဒုရဲအုပ် အား သြဂုတ်လ ၂၉ ရက်နေ့တွင်သဂြိုလ်လိုက်ပြီ
ဖြစ်ကြောင်းစုံစမ်းသိရှိရသည်။

စွမ်းရဲထွဋ် - Popular Myanmar News Journal


မီးလောင်သေဆုံးခဲ့သော ဒုရဲအုပ် အမှု အခြား ပရောဂ ပါ မပါစစ်ဆေးမည် မီးလောင်သေဆုံးခဲ့သော ဒုရဲအုပ် အမှု အခြား ပရောဂ ပါ မပါစစ်ဆေးမည် Reviewed by သစ်ထူးလွင် on 10:12 Rating: 5

No comments:

Powered by Blogger.