ရန်ကုန်တိုင်း ဒေသကြီးကို ညနေ ၅ နာရီမှ မနက် ၅ နာရီမီးအပြည့်ပေးတော့မည်

ယခင်က ရန်ကုန်တိုင်းဒေသကြီးကို လျှပ်စစ်မီး အုပ်စုအလိုက်ခွဲဝေပေးနေရာမှ ယခုအခါ အဆိုပါ အုပ်စုများကို ညနေ ၅ နာရီမှ နံနက် ၅ နာရီအထိ လျှပ်စစ်ဓာတ်အား အပြည့်အဝဖြန့်ဖြူးပေးတော့မည်ဖြစ်ကြောင်းသိရသည်။

အဆိုပါပေးဝေမှုကို ဇွန်(၁)ရက်ညနေမှ စတင်ခဲ့ခြင်းဖြစ်ပြီး နေ့ဘက်လျှပ်စစ်မီးပေးဝေမှုကို အုပ်စု(၃) အုပ်စုအနက် (၀၅းဝ၀)နာရီမှ (၁၁းဝ၀) နာရီအထိတွင် အုပ်စု(၂)စုကိုလည်းကောင်း ၊ (၁၁းဝ၀)နာရီမှ (၁ရးဝ၀)နာရီအထိတွင် အုပ်စု(၂) စုကို လည်း ကောင်း အလှည့်ကျဓာတ်အားပေးမည် ဖြစ်ပြီး (၁ရးဝ၀)နာရီမှ နောက်တစ်နေ့ (၀၅းဝ၀) နာရီအထိ အုပ်စု(၃)စုလုံးကို ဓာတ်အားဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ တာဝန်ရှိ သူ တစ်ဦးက ရန်ကုန်မီဒီယာ ဂရုပ်သို့ ပြောကြားသည်။

KIA လက်နက်ကိုင် အဖွဲ့၏ မိုင်းထောင်ဖောက်ခွဲဖျက်စီးမှုကြောင့် ၁၉-၅-၂၀၁၂ ခုနှစ် ၀၂း၄၇ နာရီ အချိန်တွင် ပျက်စီးယိုယွင်းခဲ့သော ၂၃၀ KV ရွှေလီ-မန်စံ မဟာဓာတ်အားလိုင်း တာဝါတိုင် အမှတ် (၇၃၊၂၀၆၊၂၀၇၊၂၀၈)တို့ကို ပြန်လည်ပြုပြင် သည့်လုပ်ငန်း များမှာ ၁-၆-၂၀၁၂ (၁၆းဝ၀) နာရီ အချိန်တွင် အောင်မြင်စွာပြီးစီးခဲ့ပြီ ဖြစ်သဖြင့်  မြန်မာနိုင်ငံတစ်ဝှမ်းတွင် ဓာတ်အားများကို ပိုမိုဖြန့်ဖြူးလျက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန်များကိုလည်း အုပ်စု(၂)အုပ်စုအနက် ၀၆းဝ၀ နာရီမှ ၁၁းဝ၀ နာရီအထိ တွင် အုပ်စုတစ်စုကို လည်းကောင်း ၊ ၁၁းဝ၀ နာရီမှ ၁၆းဝ၀ နာရီ အထိတွင် အုပ်စုတစ်စုကိုလည်းကောင်း အလှည့်ကျ ဓာတ်အား ပေးမည် ဖြစ်ပြီး  ၂၃းဝ၀ နာရီမှ  နောက်တစ်နေ့ ၀၅းဝ၀ နာရီ အထိတွင် အုပ်စု(၂)စုလုံးကို ဓာတ်အား  ဖြန့်ဖြူးပေးတော့မည်ဖြစ်ကြောင်း  သိရသည်။သို့ရာတွင် ရပ်ကွက်များအတွင်းရှိ စက်မှုလုပ်ငန်းများအားလုံးကို ယခင်အတိုင်း ၁ရးဝ၀ မှ ၂၃းဝ၀ နာရီအတွင် ဓာတ်အား သုံးစွဲခြင်းမပြုရန်ကန့်သတ်ထားကြောင်းသိရသည်။

စောမြင့်သန်း(ပေါက်တော) -ရန်ကုန်တိုမ်း
ရန်ကုန်တိုင်း ဒေသကြီးကို ညနေ ၅ နာရီမှ မနက် ၅ နာရီမီးအပြည့်ပေးတော့မည် ရန်ကုန်တိုင်း ဒေသကြီးကို ညနေ ၅ နာရီမှ မနက် ၅ နာရီမီးအပြည့်ပေးတော့မည် Reviewed by သစ်ထူးလွင် on 09:49 Rating: 5

8 comments:

Anonymous said...

မြန်မာနိင်ငံ၏လျှပ်စစ်ဖြန့်ဖြူးရေးအား ပညာရှင်များခေါ်ယူ၍ စနစ်တကျ လေ့လာသုံးသပ်ပြီး အကောင်းဆုံး နည်းလမ်းများအား လျှပ်စစ်အကြောင်းနားမလည်သော ဝန်ကြီးနှင့် နိင်ငံအကြီးကဲများမပါပဲ ချမှတ်သင့်သည် အဘယ့်ကြောင့်ဆိုသော် လျှပ်စစ်ဌာနများအားမေမြန်းစုံစမ်းလျှင် မသိဘူး အထက်ကအမိန့်ဆိုတာပဲ ကြားနေရပါသည် နိင်ငံတကာသို့ ပညာရှင်များစေလွတ်၍လျှပ်စစ်ဖြန့်ဖြူးမူ့အားလေ့လာသင့်ပါသည် ဝန်ကြီးများအားမစေလွတ်သင့်ပါ နိင်ငံတကာ၌လည်းဝန်ကြီးသည်appointment ဖြစ်ပြီးပညာရှင်မဟုတ်ကြပါ သက်ဆိုင်ရာဌာနမှဝန်ထမ်းများမှ မကျွမ်းကျင် မတက်ကြွမူ့ကြောင့်လဲဝန်ကြီးကိုယ်တိုင် ဝင်လုပ်နေရခြင်းဖြစ်ကြောင်းလည်း နားလည်မိပါသည် မြန်မာနိင်ငံ၏အဓိကအခက်ခဲမှာ လျှပ်စစ် သယ်ယူခြင်းနှင့် ဖြန့်ဖြူးခြင်းဟုနားလည်မိပါသည်

Unknown said...

ကျန်မြို့နယ်တွေကို ဘယ်တော့ဖြစ်လာမှာလဲ ရန်ကုန်တိုင်းဒေသကြီးတစ်ခုတည်းလား ရန်ကုန်ဘဲလူတွေနေတာလား ကျန်မြို့တွေမှာလည်းလူတွေရှိသေးတယ်ဆိုတာ သတိရကြဦး

angry ppl said...

ကျေးဇူးတင်ပါတယ်။အခုလိုပြည်သူတွေကိုသိတတ်တာကိုအသိအမှတ်ပြုပါတယ်။

ဗမာသွေး said...

မြန်မာပြည် တပြည်လုံး တပြည်လုံး မီးမကြာခင်ရတော့မယ်ပြောပြောနေတာကြားနေရတယ် ရန်ကုန်၊မန္တလေး၊နေပြည်တော်၊မုံရွာ၊ဒီမြို့တွေမီးရရင်မြန်မာပြည်တပြည်လုံး မီးရပြီလို့ပြောလို့ရမလား စဉ်းစားပြီးပြောကြပါဗျာ မြန်မာပြည်အောက်ပိုင်း မဟာဓါတ်အားလိုင်းရောက်ပြီလား မြန်မာပြည်အောက်ပိုင်းကရော မြန်မာတွေမဟုတ်ဘူးလား တယူနစ်ကို ၅၀ မဟုတ်ဘူးဗျာ ၄၀၀ အထက်မှာရှိပါတယ် ကျေးရွာအဆင့်ထိမီး ၂၄ နာရီရမှ မြန်မာပြည်တပြည်လုံး မီးလင်းပြီလို့ကြော်ငြာစမ်းပါ

Unknown said...

အော်..တရားလိုက်တာမီးပေးတော့မယ်ဆိုတော့ commentတွေတောင်မရေးတော့ပါလား..အထက်ကိုမကြိုက်လဲ ၀မ်းစာအဆင်ပြေရေးတာဝန်ထမ်းဆောင်(တာဝါတိုင်ထူပေးပါသောဝန်ထမ်းများပေါ့)နေသောသူများကိုတော့ဗုဒ္ဓဘာသာ မြန်မာလူမျိုးဆိုရင်ကျေးဇူးတင်ကြောင်းလေးတော့ရေးကြပေါ့နော

Unknown said...

နိုင်ငံတော်ရဲ့ တိုးမြှင့်လာတဲ့ ဓာတ်အားလိုအပ်ချက်တွေ ဖြည့်ဆီးပေးနိုင်ဖို့ ၀န်ထမ်းတွေအားလုံး
ကြိုးပမ်းဆောင်ရွက်နေတာကိုသိရတော့ ၀မ်းသာအားရဖြစ်မိပါတယ်

Unknown said...

မီးမလာဘူးဆိုရင် လျှပ်စစ်(၂) , လျှပ်စစ်(၂) နဲ့ဆိုပြီးတော့ အပြစ်တင်နေကြတဲ့သူတွေ ၀န်ထမ်းတွေက နေအိမ်အထိ မီးလင်းအောင် ဘယ်လိုကြိုးပမ်း ဆောင်ရွက်ရတယ် ဆိုတာ စာနာ နားလည်စေချင်ပါတယ်။

Unknown said...

ညနေ ၅ နာရီမှ နံနက် ၅ နာရီအထိအပြည့်အ၀ပေးမယ်ဆိုတာ
ဘာကိုပြောတာလဲ။ကမာရွတ်(၈)ရပ်ကွက် မှာတော့ ၂-၆-၂၀၁၂
ညနေ(၃)နာရီကနေ ည၁၂နာရီခွဲအထိပျက်တယ်။ ဒီနေ့(၃)ရက်နေ့
မနက်ခင်မှာလည်းပျက်သေးတယ်။အခုတောင်ဘယ်အချိန်ပျက်ဦးမှာလဲမသိဘူး။

Powered by Blogger.