ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် စစ်တပ်က ရာနှုန်းပြည့် ထောက်ခံကြောင်း ကာကွယ်ရေး ၀န်ကြီးပြောဆို


မြန်မာ့တပ်မတော်ဟာ သမ္မတ ဦးသိန်းစိန် ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအပေါ် ရာနှုန်းပြည့် ထောက်ခံ ပြီး၊ အရပ်သား အစိုးရရဲ့အမိန့်ကို ဆက်လက် နာခံ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးလှမင်း က စနေနေ့က
ပြောကြားလိုက်ပါတယ်။

စင်္ကာပူနိုင်ငံမှာ ကျင်းပတဲ့ အာရှလုံခြုံရေးညီလာခံမှာ ပြောဆိုခဲ့တာပါ။
မြန်မာစစ်တပ်ဟာ ဘယ်တုန်းကမှ ပုန်ကန်တဲ့စစ်တပ်မဖြစ်ခဲ့ကြောင်း၊ သမ္မတကြီးရဲ့ ဒီမိုကရေစီပိုမိုဖေါ်ဆောင်ရေး၊ တိုးပြည်ပိုမိုပွင့်လင်းလာရေး
ဆောင်ရွက်ချက်တွေအပေါ် စစ်တပ်က ထောက်ခံနေတာဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးလှမင်း က ပြောဆိုခဲ့ပါတယ်။

ကာကွယ်ရေးဝန်ကြီး ရဲ့ပြောဆိုချက်ဟာ ထိုင်းနိုင်ငံဘန်ကောက်မြို့ အရှေ့ အာရှ စီးပွားရေးညီလာခံမှာ ပြောကြားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကို ပြန်လှန်ချေပလိုက်တာဖြစ်တယ်လို့ The Wall Street Journal သတင်းစာက ရေးသားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် က -ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ မြန်မာ ပြည် အပြောင်းအလဲတွေအပေါ် သိပ်အကောင်းမြင်လွန်းနေပုံရကြောင်း၊
ဝေဖန်ဆန်းစစ်တဲ့ အကောင်းမြင်မှုမျိုး နဲ့ကြည့်ဖို့လိုကြောင်း၊
မြန်မာပြည်အပြောင်းအလဲဟာ စစ်တပ်ရဲ့ထောက်ခံချက်အပေါ် မူတည်နေကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

လက်ရှိ လွှတ်တော်မှာ ပါဝင်နေတဲ့ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာနှုန်းဆိုတာဟာလည်း နောင်မှာ အရေအတွက်လျော့ကျသွားနိုင်ကြောင်း၊ တပ်မတော်ရဲ့ အခန်းကဏ္ဍ ဟာ မူသေမဟုတ်ကြောင်း၊ သင့်တော် တဲ့အချိန်မှာ အပြောင်းအလဲတွေ လုပ်သွားမှာဖြစ်ကြောင်း လည်း ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်း က ပြောပါတယ်။
By: RFA Burmese
ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် စစ်တပ်က ရာနှုန်းပြည့် ထောက်ခံကြောင်း ကာကွယ်ရေး ၀န်ကြီးပြောဆို ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် စစ်တပ်က ရာနှုန်းပြည့် ထောက်ခံကြောင်း ကာကွယ်ရေး ၀န်ကြီးပြောဆို Reviewed by သစ်ထူးလွင် on 13:30 Rating: 5

12 comments:

live said...

ပြည်သူ့တပ်မတော် ဖြစ်ဖို့ ရာနှုန်းပြည့် မျော်လင့်ပါတယ်။
သမ္မတကြီးရဲ့ လက်ရှိဖွဲ့စည်းပုံ အရဆိုရင် ပြည်သူ့အစိုးရဖြစ်ဖို့ မျော်လင့်ချက် မရှိသေးပါဘူး၊ ဆရာမနိုင် နှစ်ဆောင်မြိုင် အစိုးရ အဆင့်မှာပဲ ရှိပါသေးတယ်။

Chit San Maung said...

စစ်တပ်အနေနဲ့ အာဏာရှင်တွေကို ကာကွယ်စောင့်ရှောက်တဲ့ လက်နက်ကိုင်တပ်ဖွဲ့မဖြစ်စေသင့်ဘဲ ပြည်သူတွေရဲ့အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်တဲ့ ပြည်ချစ်တပ်မတော်တစ်ခုအဖြစ် ဂုဏ်သိက္ခာပြည့်ဝစွာ ရပ်တည်သွားနိုင်ပါစေ...။

လင်းယုန် said...

တပ်မတော်က ယူနီဖောင်းဝတ်ထားတဲ့ကောင်တွေ
ကိုယ့်သမိုင်းကြောင်းကို သိဘို့ အရေးကြီးတယ်

" မြန်မာစစ်တပ်ဟာ ဘယ်တုန်းကမှ ပုန်ကန်တဲ့စစ်တပ်မဖြစ်ခဲ့ကြောင်းတဲ့"

ဟားဟားဟား............. ပြည်သူကို မပြောနဲ့
ဗုဒ္ဓဘာသာဖြစ်ပြီး သံဃာတော်တွေကိုတောင် ရက်ရက်စက်စက်
သတ်ဖြတ်ခဲ့တဲ့ စစ်အစိုးရကများ...........

လက်ရှိလွတ်တော်မှာ ပါဝင်နေတဲ့တပ်မတော်သားကိုယ်စားလှယ်25
ရာနှုန်းဆိုတာဟာလည်းနောင်မှာ အေ၇အတွက်လျော့သွားနိုင်ကြောင်းတဲ့

ဟားဟားဟာဟား............

2015 အတွက် အိမ်မက်မက်မနေနဲ့
လျော့သွားမှာ မဟုတ်ဘူး
တစ်ယောက်မှကို ကျန်တော့မှာမှ မဟုတ်တာ
မင်းတို့ကို ဘယ်သူကတင်မြှောက်ထားလို့လဲ ရူးနေလား..........

မင်းတို့ စစ်အစိုးရ မြဲမြဲမှတ်ထား.......
ဘယ်နိုင်ငံမှာဘဲဖြစ်ဖြစ်

ဘယ်ဖွဲ့အစည်း။ ဘယ်ဝန်ကြီးဌာနမဆို
လွတ်တော်ရဲ့ အောက်မှာဘဲရှိနေရမှာလေ
မကြေနပ်ရင်လဲ
တင်အောင်မြင့်ဦးလို
အလိုက်သိစွာနဲ့ ထွက်နေလိုက်ပါ
မင်းတို့ စစ်တပ်က ကောင်တွေအတွက်
ဘယ်နေရာမှ မရှိဘူး
ဘာစာတတ်လို့လဲ
(3)ယောက်ပေါင်းလို့ ဆယ်တန်းမအောင်တဲ့ကောင်တွေကများ
နေရာလိုချင်သေးတယ်
ပြည်သူတွေထဲမှာ မင်းတို့ထက် တတ်တဲ့ကောင်တွေ
အများကြီး ရှိတယ်
အခြေအနေမကောင်းလို့
ဆိုက်ကားနင်းနေတာ
ဘာခုမှ
ပလီပလာ လာလုပ်မနေနဲ့
မင်းတို့ သမိုင်းကြောင်း မင်းတို့အသိဆုံး
အခုမှ
အရှက်မရှိလာပြောမနေနဲ့
ကလေးကအစ ခွေးအဆုံး
မင်းတို့ အကြောင်းကို သိနေတာ

ုk23121963k said...

ဖတ်ရတာတော့ကောင်းပါတယ်၊တကယ်ဟုတ်ပါစေဘဲဆုတောင်းရမှာဘဲ

Richard said...

လွှတ်တော်မှာရှိတဲ့ တပ်မတော်သားကိုယ်စားလှယ်အရေအတွက်
လျှော့ချသွားနိုင်ကြောင်းကြားရတော့ ၀မ်းသာပါတယ်
တပ်မတော်ကို အလိုမရှိလို့ပြောတာမဟုတ်ပါဘူး တပ်မတော်နဲ့ပြည်သူကြည်ဖြူစေချင်လို့ပါ။ လတ်တလောအခြေအနေအရ တပ်မတော်ကိုယ်စားလှယ်တွေလွှတ်တော်ထဲမှာပါနေတာကို နားလည်လက်ခံနိုင်ပါတယ် ဒါပေမဲ့ အမြဲတမ်းတော့မပါသင့်ပါဘူး
နိုင်ငံရေးမှာ တပ်မတော်အပါအ၀င် ဘယ်နိုင်ငံ့ဝန်ထမ်းမှ မပါသင့်ပါဘူး
အခုလိုလတ်တလောမှာ တပ်မတော်ကိုယ်စားလှယ်တွေ လွှတ်တော်ထဲမှာ
ပါနေတာကို ပြန်ပြီးအလျော်ပေးတဲ့အနေနဲ့ တပ်မတော်သားတွေနဲ့ မိသားစု
တွေက မဲမပေးဘဲနေသင့်ပါတယ် ကိုယ့်အတွက်ကိုယ်စားလှယ်ပါပြီးသား
ဖြစ်တဲ့အတွက် ထပ်ပြီးကိုယ်စားလှယ် ရွေးမနေပါနဲ့တော့
ဘယ်ပါတီကိုမှမဲမပေးတော့ပဲ ဖွဲ့စည်းပုံအရ ရထားတဲ့ကိုယ်စားလှယ်နဲ့ပဲ
ကျေနပ်သင့်ပါတယ် ဒါဆိုရင် ပြည်သူတွေဘက်ကလဲ လက်ခံပေးနိုင်လိမ့်မယ်ထင်ပါတယ် တပ်မတော်လဲ သိက္ခာတက်လာနိုင်ပါတယ် အားလုံးစဉ်းစားကြည့်ကြပါ။

linn said...

၁။ မြန်မာ့တပ်မတော်ဟာ သမ္မတ ဦးသိန်းစိန် ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအပေါ် ရာနှုန်းပြည့် ထောက်ခံ ပြီး
၂။အရပ်သား အစိုးရရဲ့အမိန့်ကို ဆက်လက် နာခံ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ (၂၀၁၅?)
၃။ လက်ရှိ လွှတ်တော်မှာ ပါဝင်နေတဲ့ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာနှုန်းဆိုတာဟာလည်း နောင်မှာ အရေအတွက်လျော့ကျ သွားနိုင်ကြောင်း၊ တပ်မတော်ရဲ့ အခန်းကဏ္ဍ ဟာ မူသေမဟုတ်ကြောင်း၊ သင့်တော် တဲ့အချိန်မှာ အပြောင်းအလဲတွေ လုပ်သွားမှာဖြစ်ကြောင်း

အထက်ကအချက်တွေကို ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်း ကတစ်ကယ်ပြောခဲ့တယ်ဆို မြန်မာပြည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ချောမွေ့မယ်မျှော်လင့်ပါတယ်။ BBC web site မှာတော့ Burma 'has given up nuclear power research' - minister ဆိုပြီးဖေါ်ပြရာမှာ အထက်ပါ အကြောင်းအရာတွေမပါတာတွေ့ရပါတယ်။ တစ်ကယ်က အထက်ပါကိစ္စတွေက တစ်ကယ်သာပြောခဲ့တာဆို နိုင်ငံရေးအရ ပိုအရေးပါပါတယ်။ အဓိက အပြောင်းအလဲမှတ်တိုင်တစ်ခု ဖြစ်လို့ပါ။ BBC ကဘာလို့မဖေါ်ပြခဲ့လဲမသိပါ။

zayzay said...

ဆင်းရဲသားအောက်တန်းစားက မွေးလာတဲ့ကောင်ပါကွာ။
အာဏာကို တဖက်လည့်နဲ့ပိုက်ထားမှာပေါ့။

သခင်ဇော်ထွန်း said...

အပြောကောင်းတာလား အကောင်းပြောတာလား
အပြောနဲ့အလုပ်နဲ့ညီရင်တော့ နတ်လူသာဓုခေါ်စရာပေါ့

koye said...

လျော့ကျမှလဲး ဖြစ်မှာပေါ့ ဘာမှ မလုပ်တတ်ဘဲးနဲ့ဝင်ထိုင်တာကို။ ကိုအသိနဲ့ကို ဘာများကောင်အောင် လုပ်ပေးဘူးလို့လဲး။
အမိန်နာခံတတ်တယ်ဆိုပြီး သူများခိုင်းတာပဲး လုပ်နေတာ အကောင်းအဆိုးဘာမှ မခွဲးခြားတတ်ဘဲးနဲ့ ပြောလိုက်ရ မကောင်းဘူးးးးးးးး

a said...

မင်းတို့ကတော့လိမ်လို့ကိုမဆုံးနိုင်ဘူး၊ကချင်ကိုတိုက်နေတာသိန်းစိန်ရဲ့အမိန့်ကိုနာခံနေတာလား၊အန်တီစုရဲ့ရဲရဲတောက်အမှန်စကားတွေကိုမင်းတို့ရဲ့ကလိန်ကကျစ်စကားတွေနဲ့ချေပတာကိုဘယ်သူကယုံမယ်ထင်လို့လဲ။မင်းတို့အရည်အချင်းကိုလူတိုင်းသိတယ်၊တိုင်းပြည်မနာစေချင်လို့အားလုံးကအကောင်းဆုံးဖြစ်အောင်ချော့ပေါင်းနေတာသဘောပေါက်။မင်းပြောတာကိုနားထောင်နေတဲ့အထဲမှာမင်းတို့လိုလူလိမ်လူညစ်လူညံ့တယောက်မှမပါဘူး။

GG said...

အပြောနဲ့အလုပ်လက်တွေ့ညီဖို့တောလိုပါတယ် ဘာကြောင့်လည်းဆိုတော့ အရပ်သားအစိုးရဖြစ်တဲ့သမ္မတကြီးဦးသိန်းစိန်က အပစ်အခတ်ရပ်စဲဖို့အမိန့်ထုတ်ထားတာ ကချင်ဒေသမှာတိုက်ပွဲတွေမရပ်နားတာ တပ်မတော်ကဘာလဲဆိုတာ သဘောထားကိုပြနေသလိုဘဲ

ဇေ said...

ဦးသိန်းစိန်. ဦးမင်အောင်လိုင် . ဦးရွှေမန်း တို့ကို လေးစားပြီး ထားပါ.

Powered by Blogger.