လမ်းမတော်( ၇ )လမ်း လူသတ်မှု တရားခံဖမ်းဆီးရမိ

ဆယ်ကျော်သက်အရွယ် ကျောင်းသူ အသက်ခံရမှုတွင် ပြစ်မှု ကျူးလွန်သူအား (၄၄) နာရီအတွင်း ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး အကြီးတန်း အရာရှိကြီး တစ်ဦးက ပြောကြားသည်။

 ပြစ်မှု ကျူးလွန်သူမှာ သာကေတမြို့ နယ် ၁ရပ်ကွက် ထူပါရုံ (၉) လမ်းတွင် နေထိုင်သူ မျိုးလွင် အသက် (၄၂) ဖြစ်ပြီး မှုခင်းဖြစ်ပွားပြီး (၄၄) နာရီအကြာ ဇွန်လ (၁) ရက်နေ့တွင် ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

၇ လမ်း လူသတ်မီးရှို့မှု ရွှေပုစွန်အိတ် မှတဆင့် ခြေရာခံနိုင် ဟုဆို

ရန်ကုန်၊ ဇွန် ၁

ရန်ကုန်မြို့တော်၊ လမ်းမတော် မြို့နယ် ၇ လမ်းတွင် ဖြစ်ပွားခဲ့သော ဆယ်ကျော်သက် ကျောင်းသူတစ်ဦးကို သတ်ဖြတ်၍ မီးရှို့ကာ နေအိမ်ရှိ သိန်းရာချီ ရွှေထည်ပစ္စည်းများ ရယူခဲ့သူဟု ယူဆရသူကို ဖမ်းဆီး စုံစမ်း စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲမှုးရုံး ဒုတိယ ရဲမှူးကြီး သက်လွင်က ပြောကြားသည်။

လမ်းမတော် မြို့နယ်ရှိ ရွှေပုဇွန် မုန့်တိုက်မှ CCTV ကင်မရာနှင့် မျက်မြင် သက်သေများအရ လူသတ်မှု ဖြစ်ပွားရာ နေရာသို့ ရောက်ရှိလာသူမှာ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး ဖြစ်ပြီး ရွှေပုစွန် မုန့်တိုက် တံဆိပ်ပါသော အိတ် ကိုင်ဆောင်ထားကြောင်း၊ ယင်းလူ၏ ပုံစံကို ခဲပန်းချီဆွဲ၍ သက်ဆိုင်ရာ ရဲစခန်းများကို အသိပေး ထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲမှုးရုံးမှ ရဲအုပ်တစ်ဦး ပြောသည်။

“ရဲမှူးက မသင်္ကာသူ တစ်ဦးကို မိထားတယ်၊ အမှုက ပေါ်နိုင်တယ်လို့ ပြောတာ” ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲမှူးရုံးမှ အရာရှိ တစ်ဦးက ပြောကြားသည်။

၁၆ နှစ်အရွယ် ကျောင်းသူ သေဆုံးမှုနှင့် ပတ်သက်၍ အမှုမှန် ပေါ်ပေါက်နိုင်ရန် ဒုတိယရဲမှူးကြီး တစ်ဦး အပါအဝင် အနောက်ပိုင်းခရိုင် အထူးမှုခင်း နှိမ်နင်းရေး တပ်ဖွဲဝင်များ မြို့နယ်မှူး၊ စခန်းမှူးများ ပါဝင်သည့် အထူး အမှုစစ်အဖွဲ့ကို ဖွဲ့၍ စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲမှူးရုံးထံမှ သိရသည်။

အဆိုပါ နေအိမ်ရှိ သက်သေခံပစ္စည်းများရှာဖွေရာတွင် မီးလောင်ထားသော လုံချည်နှင့် အင်္ကျီ အပိုင်းအစ၊ ဘောင်းဘီ အပိုင်းအစ၊ သွေးပါသော ဆံပင်၊ စက္ကူစ၊ အတွင်းခံ ဘောင်းဘီ၊ မှို့စ၊ ပလက်တီနံ ဆွဲကြိုးပြတ်စ၊ ဖယောင်းတိုင်၊ ဓားတစ်ချောင်း၊ ဝက်အူလှည့် ၁ ချောင်း သိမ်းဆည်မိခဲ့ကြောင်း ရဲတပ်ဖွဲမှူးရုံးထံ ဇွန်လ ၁ ရက်နေ့တွင် ဆက်သွယ်မေးမြန်းမှုအရ သိရသည်။

The Voice Weekly
လမ်းမတော်( ၇ )လမ်း လူသတ်မှု တရားခံဖမ်းဆီးရမိ လမ်းမတော်( ၇ )လမ်း လူသတ်မှု တရားခံဖမ်းဆီးရမိ Reviewed by သစ်ထူးလွင် on 01:26 Rating: 5

11 comments:

Myanmar said...

ကိုသစ်ထူး၇ဲ့ အထိတ်တလန့်သတင်းကြောင့် လူတွေလဲ ကွန်မန့်တောင်မပေးတတ်အောင်ဖြစ်ကုန်ကြပြီ ထင်ပါ၇ဲ့ဗျာ။ သတ္တ၀ါအချင်းချင်းနှိပ်စက်ခြင်း ကင်း၇ှင်းကြပါစေ။ အန်တီစု၇ဲ့ တ၇ားဥပဒေစိုးမိုးေ၇းကြိုးပမ်းခြင်း အမြန်အောင်မြင်ပါစေသောဝ်။ မြန်ပြည်တစ်ခွင်လုံး လူ၇မ်းကား အာဏာပိုင်တို့၇ဲ့ခြယ်လှယ်ခြင်းဒဏ်က အမြန်ကင်းလွတ်နိုင်ကြပါစေသောဝ်။ ။

redlight said...

အမှုအမြန် ဖော်ပေးနိုင်တဲ့အတွက် လေးစားပါတယ်။

yoyolay said...

လူသတ် ပစ္စည်းယူ ပြီး မီးပါရှို့တဲ့ ကုလားကိုပေးရမဲ့အပြစ်ဒဏ်ကတော့
သေဒဏ်ဘဲ....

mayhtat said...

အဲ့လိုလူမျိုးကိုထိရောက်စွာအရေးယူသင့်ပါတယ်.

minsoeaung said...

အခုလျှင်မြန်စွာဖေါ်ထတ်ု ပေးနိုင်တာကိုတော့
ပြည်သူ့ရဲတွေကိုချှီးကျူးပါတယ်။
ဒါမှပြည်သူ့ရဲကွလို အော် လိုက်မယ်နော်။
အမြဲတမ်း တော်သော ပြည်သူ့ရဲများ ဖြစ်ကြပါစေ
ကေေးဇူးတင်လျက်ျ ။

Double T said...

သေဒဏ်ပေးပါဗျို့....လူမဆန်ကောင်ကို

ksho said...

ဒီလောက်ရက်စက်တာဘာကြောင့်လဲ။ဘာဖြစ်လို့လူမဆန်တဲ့စိတ်တွေဖြစ်လာကြတာလဲစတဲ့အကြောင်းရင်းကိုရှာပေးကြပါ ဒါမှနောင်ဒါမျီုးမှုခင်းတွေမဖြစ်အောင်ကာကွယ်လို့ရအောင်ပါ မူးယစ်ဆေးကြောင့်လား လောင်းကစားကြောင့်လား ဆင်းရဲမွဲတေမှုကြောင့်း

ksho said...

ဒီလောက်ရက်စက်တာဘာကြောင့်လဲ။ဘာဖြစ်လို့လူမဆန်တဲ့စိတ်တွေဖြစ်လာကြတာလဲစတဲ့အကြောင်းရင်းကိုရှာပေးကြပါ ဒါမှနောင်ဒါမျီုးမှုခင်းတွေမဖြစ်အောင်ကာကွယ်လို့ရအောင်ပါ မူးယစ်ဆေးကြောင့်လား လောင်းကစားကြောင့်လား ဆင်းရဲမွဲတေမှုကြောင့်း

angry ppl said...

တရားခံကကုလားရုပ်၊ဒီလောက်တောင်ရက်ရက်စက်စက်သတ်ပြီးရပ်ကွက်နေ ပြည်သူ တွေကိုပါဒုက္ခပေးဖို့မီးရှို့တဲ့ကောင်၊ဒီတော့ဒီတရားခံကိုမီးရှို့သေဒဏ်ပေးသင့်ပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့အစွမ်းကိုချီးကျုးဂုဏ်ပြုပါတယ်။ဒီလိုလူမျိုးကိုအများပြည်သူရှေ့မှာတင်သေဒဏ်ပေးရမှာ၊ဒါမှနောက်ဘယ်သူ့မှမလုပ်ရဲမှာ။

ပြည်သူ said...

ဖမ်းပေးတဲ့ရဲတွေတော်တယ် ပြည်သူဘက်က အမြဲရပ်တည်ပေးပါ တော်တဲ့ရဲ ကို ဂုဏ်ပြုပါ အဂတိလိုက်စားတဲ့ရဲကို ဒါဏ်ပေးပါ

MgMgHla said...

ရန်ကုန်မြို့တော်၊ လမ်းမတော် မြို့နယ် ၇ လမ်းတွင် ဖြစ်ပွားခဲ့သော ဆယ်ကျော်သက် ကျောင်းသူတစ်ဦးကို သတ်ဖြတ်၍ မီးရှို့ကာ နေအိမ်ရှိ သိန်းရာချီ ရွှေထည်ပစ္စည်းများ ရယူခဲ့သူဟု ယူဆရသူကို ဖမ်းဆီး စုံစမ်း စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲမှုးရုံး ဒုတိယ ရဲမှူးကြီး သက်လွင်က ပြောကြားသည်။

ခေါင်းစဉ်က ဖမ်းစီးရမိ လည်းပြောတယ် ယူဆရသူ လို့ လဲဆိုပြန်တယ်
ရဲမှူးက မသင်္ကာသူ တစ်ဦးကို မိထားတယ်၊ အမှုက ပေါ်နိုင်တယ်လို့ ပြောတယ် ဘာတွေလဲ ဘယ်လိုဖြစ်ရတာလဲ သံသယရှိသူတစ်ဦးကို အခုလို ပုံတင်ပြီး ပြရသလား တရားရုံးကကော ဘယ်လိုဆုံးဖြတ်ပြီးပြီလဲ။ ကွန့် မန့် တင်တဲ့ ရိုးရိုးလေး ရဲ့ ပုံနဲ့ သံသယရှိ ပါတယ်ပြောယုံနဲ့ အပြစ်တကယ်ရှိပြီလား။ ပြစ်မှုကြောင်းအရ ဘာမှမဆုံးဖြတ်သေးခင်အထိ တရားခံလို့ တရားသေဖော်ပြစွပ်ဆွဲတာဟာ မတ၇ားပါဘူး။တကယ်အပြစ်ရှိသူကို တရားရုံးက ဆုံးဖြတ်ပါလိမ့်မယ်။
လူ့ အခွင့်ရေးလှုပ်ရှားသူတွေကို လက်နက်အပ်တို တစ်ခုမှမရှိဘဲ ပုံတွေနဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ပအဖွဲ့ စည်းတွေ ဘယ်လိုချိတ်ဆက် လဲပြပြီး ထောင်ချ။ ရဲတွေက အမှုခွင်းဆက်တွေပြတိုင်း အမှန်တရားလို့  ခင်ဗျားတို့ ပြောရဲကြတယ်ဆိုရင် ပြောပါရစေ။ အခုလွတ်ပေးပါလို့ နိုင်ငံတကာက အော်နေတဲ့ထောင်ကျနိုင်ငံရေးသမားတွေဟာ အကြမ်းဖက်မှုတွေနဲ့ ဆက်ဆပ်နေတယ်ဆိုတာ သိကြပါရဲ့ လားဗျာ
ကွန့် မန့် ကို ပေါက်တတ်ကရ မပေးစေလိုပါ။ စဉ်းစားပြီး ချင့်ချိန်ပြီး ပေးစေချင်ပါတယ်၊ ကိုယ့်ရဲ့ စာတစ်လုံးကြောင့် အပြစ်မဲ့သူ တွေအပြစ်ကျဖို့ အားပေးသလိုဖြစ်ခဲ့ရင် ဘယ်နဲ့ လုပ်မတုန်း ။ အပြစ်ရှိသူကတော့ ဆယ်ခါပြန်သေလဲအရေးမကြီးပေမယ့် အပြစ်မဲ့သူတွေ ဒီလိုဒုက္ခတွေ မေ၇ာက်စေချင်ဘူး။

Powered by Blogger.