ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့ သို့ ပြန်လည်ရောက်ရှိ


ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့  ဇွန် လ ၃ ရက်နေ့  နံနက် ၈နာရီ ၄၀ မိနစ် အချိန်တွင် TG - 303 လေယာဉ်ဖြင့် ထိုင်းနိုင်ငံ ခရီးစဉ်မှရန်ကုန်မြို့  သို့ ပြန်လည်ရောက်ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်သည် မေလ ၂၉ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်အချိန်တွင် TG 306 လေယာဉ်ဖြင့် ဘန်ကောက်မြို့ သို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါခရီးစဉ်နှင့်ပတ်သက်ပြီး လေဆိပ်တွင် မီဒီယာများမှမေးမြန်းခဲ့ရာ ၄င်းအနေဖြင့် တစ်စုံတစ်ရာပြန်လည်ဖြေဆိုခဲ့ခြင်းမရှိ့ပေ။၎င်းသည် ဘန်ကောက် မြို့ တွင် မေ ၃၀ မှ ဇွန် ၁ ရက် နေ့ အထိ ကျင်းပခဲ့သော အရှေ့ အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်ခဲ့ပြီး ခရီးစဉ်အတွင်း ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ ပြောင်း လုပ် သားများနှင့် တွေ့ ဆုံခဲ့ကာ၊ မယ်လဒုက္ခသည် စခန်း သို့ လည်းသွား ရောက်၍ မြန်မာဒုက္ခသည်များနှင့်တွေ့ ဆုံခဲ့သေးသည်။
By: Popular Myanmar News Journal
ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့ သို့ ပြန်လည်ရောက်ရှိ ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့ သို့ ပြန်လည်ရောက်ရှိ Reviewed by သစ်ထူးလွင် on 13:33 Rating: 5

4 comments:

လင်းယုန် said...

လွှတ်တော်ထဲက အမတ်မင်းများ
စစ်အစိုးရက အရာရှိများအားလုံး

အမေက.....ဘာလဲ
.....ဘယ်လိုစွမ်းဆောင်နိုင်ခဲ့သလဲ
......နိုင်ငံတကာက ဘယ်လိုကြိုဆိုခဲ့သလဲ
မင်းတို့အားလုံးမြင်ပြီမလား

အရင်ကဆိုရင်
နိုင်ငံတကာက လူကြီးတွေနဲ့ ဆွေးနွေးပြီးဆိုရင်
ကြားထဲ့မှာ စကားပြန် တစ်ယောက်ထားပေးထားရတာ

မင်းတို့မို့ မရှက်တယ်
စာမတတ်မှန်း အ၇မ်းသိသာတယ်
အမေ ခေါင်းဆောင်လိုက်တာနဲ့တစ်ပြိုင်နက်
နိုင်ငံတကာက
ထောက်ပဲ့တာ။ ကူညီတာ။ ရင်နှီးမြုပ်နှံကြတာ
မင်းတို့ အမြင်ဘဲလေ
နောက်ဆိုရင် စာမတတ်တဲ့ကောာင်တွေ နောက်ဆုတ်နေကြပါ

ကိုယ့် အကြောင်းကိုသိရင်ပေါ့
A,B,C,D တောင် လေးလုံးကွဲအောင် မသိတဲ့ကောင်တွေက
နေရာလိုချင်နေကြတာ
မင်းတို့ကောင်တွေအတွက် ဘယ်နေရာမှ မရှိဘူး
အကုန်ထွက်ကြ

hashimoto said...

အောင်အြောင်မြင်စွာပြန်ရောက်လာတာဝမ်းသာတယ်ဗျာတိုင်းပြည်အကျိုးသညသာအဓိကပါကျန်းမာပါစေ

Pyinnyadepa said...

ဘေးကင်းရန်ရှင်းပြန်ရောက်လာမှပဲ..စိတ်အေးရတော့တယ်အမေ..
အစစအရာရာဂရုစိုက်ပါ..

thatonthar said...

တော်သေတာပေါ့.......ပြန်လာလို့ရလို့နော်

Powered by Blogger.