၂၀၁၀ X2O မဏ္ဍပ် ဗုံးကွဲမှုဖြင့် စွပ်စွဲခံရသူကို သေဒဏ်ချလိုက်

သေဒဏ်ချမှတ်ခံရသူ ကိုဖြိုးဝေအောင် (ဓါတ်ပုံ-Google Images)
၂၀၁၀ ခုနှစ် ရန်ကုန်သင်္ကြန် X2O မဏ္ဍပ် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ရဲ၏ တရား စွဲဆိုခြင်း ခံခဲ့ရသူ ကိုဖြိုးဝေအောင်ကို သေဒဏ်နှင့် တသက်တကျွန်း ပြစ်ဒဏ်များ အပါအဝင် ထောင်ဒဏ်များကို တပေါင်းတည်း ကျခံစေရန် အင်းစိန်ထောင် တရားရုံးမှ အင်္ဂါနေ့တွင် အမိန့်ချမှတ်လိုက်သည်ဟု ကိုဖြိုးဝေအောင်၏ ရှေ့နေ ဦးကျော်ဟိုး က မဇ္ဈိမကို ပြောသည်။

ကိုဖြိုးဝေအောင်ကို ချမှတ်သည့် ပြစ်ဒဏ်များမှာ ကြိုတင်ကြံစည် လူသတ်မှုကို အားပေးသည့် အမှုအတွက် သေဒဏ်၊
ဖေါက်ခွဲမှုကို အားပေးသည့်အမှုအတွက် ထောင်ဒဏ် တသက်တကျွန်း၊ အပြင်းအထန် နာကျင်စေမှုကို အားပေးသည့် အမှုအတွက် ထောင်ဒဏ် ၁ဝ နှစ်၊ မတရားသင်းနှင့် ဆက်သွယ်မှုအတွက် ထောင်ဒဏ် ၃ နှစ်၊ နိုင်ငံအတွင်း တရားမဝင်
ပြန်လည်ဝင်ရောက်လာမှုအတွက် ထောင်ဒဏ် ၃ နှစ်တို့ ဖြစ်သည်ဟု ဦးကျော်ဟိုးက ပြောသည်။

“အဲဒီအမှုတွေကို တပေါင်းတည်း ပေါင်းပြီးတော့ ကျခံစေ ဆိုပြီးတော့ သေဒဏ် ချထားတယ်” ဟု ဦးကျော်ဟိုး က ပြောသည်။

အင်းစိန်ပရဝုဏ်အတွင်းရှိ ရန်ကုန်မြောက်ပိုင်းခရိုင် တရားသူကြီး ဦးအောင်သိန်း၏ အဆိုပါ အမိန့်ချမှတ်မှုကို ကျေနပ်မှု မရှိဘဲ ဆက်လက်၍ အယူခံဝင်သွားမည်ဟုလည်း ဦးကျော်ဟိုး က ပြောသည်။

“ဒီအမိန့်ကိုလည်း ကျနော်တို့ မကျေနပ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီအမှုဟာ မမှန်ဘူး။ မတရား ညှဉ်းပမ်းနှိပ်စက် ပြီးတော့ ယူထားတဲ့ ဖြောင့်ချက် ဖြစ်တဲ့အတွက်ကြောင့် ဥပဒေအရ တရားမဝင်ဘူးလို့ ကျနော်တို့ တင်ပြခဲ့ပါတယ်။ ဒါကို တရားရုံးက လက်မခံဘူးပေါ့ဗျာ။ ဒါကို အယူခံရုံးက လက်ခံအောင် ကျနော်တို့ ကြိုးစားရမှာပေါ့။ ကျနော်တို့ အယူခံ ကာလ ရှိသေးပါတယ်။ အယူခံကာလကို စောင့်ပြီးတော့မှ သေဒဏ် ပေးလို့ရမယ်။ ကျနော်တို့ အယူခံတင်ပါမယ်” ဟု မဇ္ဈိမကို ပြောသည်။

အသက် ၃၂ နှစ်အရွယ်ရှိ ကိုဝေဖြိုးအောင်ကို စွပ်စွဲဖမ်းဆီးမှုနှင့် ပတ်သက်၍ မှားယွင်းမှုများ ရှိနေနိုင်ပြီး သက်သေ အထောက်အထားများ မမှန်မကန်ရယူမှု၊ တရားမဝင် ဖမ်းဆီးမှု စသည့်အချက်များကို ထောက်ပြကာ တရားရုံးမှ
ပြန်လည်စိစစ်၍ စီရင်ချက်ချရန် မေလ ၆ ရက်နေ့တွင် အာရှ လူ့အခွင့်အရေးကော်မရှင်မှ ကြေညာချက် ထုတ်ပြန် ခဲ့သေးသည်။

အမှုမှာ ၂ဝ၁ဝ ဧပြီ ၁၅ ရက်နေ့ (သင်္ကြန်အကြတ်နေ့) က ရန်ကုန်မြို့ ကန်တော်ကြီး ပတ်လမ်းရှိ X2O ရေကစားမဏ္ဍပ် တွင် ဗုံး ၃ လုံး ပေါက်ကွဲသည်။ ထိုဗုံးခွဲမှု တရားခံအဖြစ် ထိုင်း-မြန်မာနယ်စပ် တောတွင်းအခြေစိုက် စွမ်းအားမြှင့် မြန်မာ
ကျောင်းသား စစ်သည်တော်များအဖွဲ့ VBSW မှ အဖွဲ့ဝင် ၃ ဦး လက်ချက်ဟု ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီ (ယခု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး)က ထိုနှစ် မေလ ၆ ရက်နေ့ နေပြည်တော် သတင်းစာ ရှင်းလင်းပွဲ၌ စွပ်စွဲခဲ့သည်။

ကိုဖြိုးဝေအောင်ကိုလည်း ဗုံးဖောက်ခွဲနိုင်ရေး စောင့်ကြည့်ပေးခဲ့သည်ဟု စွပ်စွဲခဲ့ရုံမက VBSW အဖွဲ့ဝင်တဦး ဖြစ်သည် ဆိုသော ယူဆချက်ဖြင့် ၂ဝ၁၁ ခုနှစ် ဧပြီလ ၂၃ ရက်နေ့တွင် ပုဇွန်တောင်မြို့နယ် ၅၅ လမ်း အလယ်ဘလောက်ရှိ
နေအိမ်သို့ ရဲများ ရောက်လာရောက် ဖမ်းဆီးခဲ့ပြီး တရားစွဲဆိုကာ ယခုကဲ့သို့ ပြစ်ဒဏ်များ ချမှတ်လိုက်ခြင်း ဖြစ်သည်။

အဆိုပါ X2O မဏ္ဍပ် ဗုံးပေါက်ကွဲမှုတွင် လူ ၁ဝ ဦး သေဆုံးပြီး ၁၇ဝ ခန့် ဒဏ်ရာရကြောင်း ယခင် စစ်အစိုးရက သတင်း ထုတ်ပြန်ခဲ့သည်။

မျိုးသန့်  - ချင်းမိုင် (မဇ္ဈိမ)
၂၀၁၀ X2O မဏ္ဍပ် ဗုံးကွဲမှုဖြင့် စွပ်စွဲခံရသူကို သေဒဏ်ချလိုက် ၂၀၁၀ X2O မဏ္ဍပ် ဗုံးကွဲမှုဖြင့် စွပ်စွဲခံရသူကို သေဒဏ်ချလိုက် Reviewed by သစ်ထူးလွင် on 21:47 Rating: 5

46 comments:

လင်းလင်း said...

မင့်တကယ်တ၇ားခံဆို၇င် သေသင့်ပါတယ် မင့်ကြောင့်အပြစ်မ၇ှိတဲ့ငါတို့လူမျိုးတွေသေသွားတာအများကြီးပဲ

ခန့်သူအောင် said...

ဒီအမှုကို လက်စ ဖျောက်ဖျက်ချင်လို့ မဆိုင်တဲ့သူတွေကို မလုပ်နိုင်အောင်လုပ်နေတာပါ။ ဒီလိုပုံစံမျိုး မြန်မာပြည်မှာ အခုမှမဟုတ်ပါ မဆလ ခေတ်ကတည်းကပါ။ မြန်မာပြည်ဥပဒေဆိုတာ ဥပဒေပေါ်မှာ အာဏာရှင်တွေက ကျောက်ရုပ်ထုပြီး တပ်ထိုင်ထားတယ်။

honey said...

ရဲချုပ်ခင်ရီဆိုတာလာဘ်စားပြီးအမှုတခုကိုမခိုင်လုံ
ခိုင်လုံအောင်အတင်းတည်ဆောက်အမိန့်ပေးတဲ့လူယုတ်မာကြီး
စိမ်းလဲ့ကန်သာအမှုကိုမရ၇အောင်လိုက်ခိုင်းပါလား။
အဲ့အမှုကိုလူကြီးတွေရဲ့လက်ချက်ဆိုလို့အောက်ခြေ
ရဲဝန်ထမ်းတွေကိုဒီအမှုကိုလုံးဝဆက်မလိုက်ကြနဲ့ဆိုပြီး
အမိန့်ပေးတာရဲချုပ်ခင်ရီပဲ..ရဲချုပ်လုပ်ပြီးစစ်အာဏာရှင်တွေ
အလိုကျလုပ်ဆောင်ပေးနေတဲ့ခိုင်းနွားတွေ
တရားလိုကိုတရားခံဖြစ်
တရားခံကိုတ၇ာလိုဖြစ်အောင်လုပ်တက်ကြတဲ့
(မြန်မာပြည်သူ့ရဲ)တွေအားလုံးစိတ်ဓါတ်တွေပျက်ပြားနေကြပြိ။
နိုင်ငံရေးဆိုတာပြည်သူတွေနဲ့တိုက်ရိုက်သက်ဆိုင်နေတာမို့
ယုံကြည်ချက်ကြောင့်နိုင်ငံရေးလှုပ်ရှားသူတိုင်းကို
ခုလိုမတ၇ားစွဲချက်တင်အပြစ်ပေးခြင်းဖြင့်
နောင်လာနောင်သားတွေနိုင်ငံရေးမှာပါဝင်ပက်သက်မှုမရှိရဲအောင်
ဖိနှိပ်အုပ်ချုပ်ခြင်းစနစ်ဆိုးကိုကမ္ဘာကသိအောင်
ဒီစနစ်ဆိုးကိုဖယ်ရှားပေးဖို့N.L.Dပါတီနှင့်တကွ
ပြည်သူတရပ်လုံးပါဝင်လှုပ်ရှားပေးဖို့လေးလေးနက်နက်တိုက်တွန်းပါတယ်။
အပြစ်တကယ်မရှိပဲခုလိုလုပ်ကြံအရေးယူတာ
ခံလိုက်ရသူကပြည်သူ
တကယ့်သူပုန်တွေကိုခုလိုအရေးယူရဲသလား။
ညှိနှီုင်းလိုက်မျက်နှာချင်းဆိုင်တွေ့ပြီး၇န်ကုန်ထဲကမြေကွက်တွေ
ဖါးယားပြီးအလကားပေးလိုက်(သူတို့ပိုင်ကြနေတာပဲ)
သူပုန်ဆိုတာလည်းလူသတ်သူတွေပဲ
ဒါကြတော့လက်နက်ကိုင်တာချင်းတူတူဆိုတော့
ကြောက်နေတာပေါ့။ဗုံးတလုံးဆောင်ထားဖို့မပြောနဲ့
ဓါးကိုင်ရင်တောင်ဖမ်းပြီးထောင်ချတာမြန်မာပြည်မှာ
လက်နက်သယ်ဖို့စစ်ဆေးရေးဂိတ်တွေဒုနဲ့ဒေး
လက်နက်ဆိုတာသူတို့ဟာပဲ..
သူတို့ပဲဖေါက်ပြည်သူတွေကိုတ၇ားခံပြန်လုပ်
လူယုတ်မာတွေမြန်မြန်ကျဆုံးပါစေ။
ခုလိုသေဒဏ်ပေးတော့ကျန်ခဲ့တဲ့သားသမီးမိန်းမတွေ
ဘ၀ကိုပါဖျက်စီးလိုက်သလိုပဲ
တကယ်သာတ၇ားခံမဟုတ်ခဲ့ရင်
ဘယ်လောက်နစ်နာသလဲစိတ်မချမ်းသာဘူး။

kotin oo said...

ပြည်သူအများရှေ့ အမှုစစ်ရင်ယုံ။မယ်။ ဒီပဲရင်းတို့ အင်း ယားလမ်းလူသတ်မှုတွေဖေါ်ထုတ်နိုင်ရင် မြန်မာတရား စီရေးကို အားကိုးယုံကြည်လေးစားလိုက်နာချင်တယ် ဗျာ

konamazu said...

လင်းလင်း အရေးအသားတွေကိုတတ်နိုင်သရွေ့ဆင်ခြင်ရေးသားစေလိုပါတယ်။ဒီအမှုဟာ သာမာန်အမှုမဟုတ်သလို လူတယောက်ရဲ့ဘ၀နဲ့လဲဆိုင်လို့ နောင်ကိုပေါ့ပြတ်ပြတ်အရေးအသားမျိုးရှောင်ကျဉ်ပေးပါ။သူသာ တရားခံဆိုရင် သူ့အိမ်မှာပဲသူနေပါ့မလား။

ko pwa said...

တရားခံအစစ်ဖြစ်မှာပါ၊ တကယ်လိုက်ရင် တကယ့်အမှုကြီးတွေပေါ်ဖူးပါတယ်။ ရဲဆိုယုံနဲ့ အပြစ်တင်ဖို့မသင့်ပါဘူး။ တကယ့်တရားခံအစစ်လဲ ဖြစ်မယ်ဆိုရင် ဒီလိုကောင်မျိုးကို ဟိုတုန်းကလို ဆွေ၇ဆက် မျိုး၇ဆက် သတ်သင့်တယ်။

lawyer said...

အပြစ် ရှိသူအယောက် ၁၀၀ လွတ်မြောက်လျှင် လွတ်ပါစေ။အပြစ် မဲ.သူတစ်ဦး ကိုမှားယွင်းအပြစ် မပေးမိပါစေနှင်.။

ဖိုးပွကြီး said...

အဲဒီဖေါက်ခွဲမှုက ဖိုးသကြန်ကိုလုပ်တာဆို.သူတို့ပြသနာတွေဆို.လူတွေက ဓစားခံဖြစ်သွားရတာဆို.

ဇာမဏီ said...

ကျော်ဆန်းတို့ ၊ ခင်ရီတို့ ပေါင်းရိုက်နေကျဂွင်တွေပါ ။
မဟုတ်ဘဲ ခံရတဲ့သူတွေ ရေတွက်လို့တောင်မရပါဘူး ။
မင်းတို့လဲ ဒီဘ၀ ပေါ့ကွာ ။ မသေခင်တောင်မင်းတို့ပြေးမလွတ်
ပါဘူး ။ အလှည့်ဆိုတာ လာမယ်..................

မြန်မာပြည်သား said...

တစ်ကယ်လုပ်ခဲ့တဲ့သူကိုပဲ ပြစ်ဒဏ်ကျခံစေချင်တယ်
မသေချာ မေ၇ရာပဲ လုပ်ခဲ့ရင်တော့
အလှည့်ဆိုတာ ရှိတယ်နော် ကိုရဲကြီးတို့ သံဝေဂယူပါ

tunnaing said...

စိမ်းလဲ့ကန်သာ လူသတ်မှုအကြောင်းကိုသိချင်ပါသည်။

a said...

တရားတယ်မတရားဘူးဆိုတာဒီအမှုကိုကိုင်တွယ်ညွှန်ကြားနေတဲ့သူတွေ၊ရဲ၊တရားရုံးတို့ကပြည်သူတွေထက်ပိုသိပါလိမ့်မယ်၊မတရားမှန်းသိလျက်နဲ့ညွှန်ကြားလို့ပဲလုပ်လုပ်ဒါမတရားမှုပဲ၊မင်းတို့လည်းပုံစံမျိုးစုံနဲ့ခံရဖို့ရောက်လာပါလိမ့်မယ်။(ခင်ညွန့်သာကြည့်)

Unknown said...

ယခုကဲ့သို့ ကြီးမားသောအမှုကို မည့်သို့သက်သေထူထောင်သည်၊သံသယရှိခံရသူမှမည်သို့ချေပသည်များကို လူထုကိုတရားခွင်မှာ လာရောက်နားထောင်ခွင့်မပြု၊ ရုပ်မြင်သံကြားမှမလွှင့်ပဲ စီရင်ချက်ချလိုက်သည်မှာ တကယ် အပြစ်ရှိသည့်လူပင်ဖြစ်နေပါစေ၊ တကယ်ဗုံးခွဲသည့်လူပင်ဖြစ်နေပါစေ၊ မျှတမှုမရှိဟု ကောက်ယူရပါမည်။
အတိအကျပြောရရင်တော့ မြန်မာပြည်မှာ Rule of Law ရှိလာဖို့ မနည်းလုပ်ရပါဦးမည်။
Rule of Law ကို လေးစားရမယ့် တရားစီရင် သူတွေ ကိုယ်တိုင်ကိုယ်က အနှောင်အဖွဲ့တွေနဲ့ လွတ်လပ်မှုကင်းမဲ့နေမည်၊အုပ်ချုပ်သူလူတန်းစားတွေကိုယ်တိုင်ကိုယ်က ပွင့်လင်းထင်သာမှုမရှိ တရားစီရင်ရေးကို လွှမ်းမိုးနေမည် ဆိုပါက မည်သည့်အစိုးရတက်တက်၊ မည်သူတွေလွှတ်တော်ထဲရောက်ရောက်၊ မည်မျှပင် ဒီမိုကရေစီကို ဖော်ဆောင်နေပါသည်ဟု အသံကုန်အောင်အော်အော်၊ ဒီမိုကရေစီ ဖြစ်ထွန်းဖို့ မပြောနှင့် အရိပ်တောင်မှ မြင်ရလိမ့်မည် မဟုတ်ပေ။

ko yeဲ said...

မင်းအတွက် စိတ်မကောင်းပါဘူးကွာ။ လွတ်ပေးလိုက်ရင် ရဲတွေအားလုံး အရှက်ကွဲတော့မှာ။ ရုပ်ချဲ လဲ အလုပ်ပြုတ်၊ တစ်သီတစ်တန်းကြီးပေါ့၊ နောက်ပီး အခုချလိုက်တဲ့အမိန့်က အစကထဲက ချပီးသားကြီးလေ။ ဒါလဲ တို့စီက ထုံးစံပါပဲ တရားသကြီး က သူလဲမတတ်နိုင်ဘူးတဲ့ ပြုပ်မှာ ကြောက်တယ်လေ ဒါ့ကြောင့်၊ မင်းမှာအပြစ်မရှိမှန်းသိလဲ နောက်တစ်ယောက်ထပ်ဖမ်းစရာမရှိတော့ဘူးလေ။
တို့စီမှာက ဝန်မခံရင် ဝန်ခံတဲ့အထိ နှိပ်စက် မခံနိုင်တဲ့အဆုံးမှ ဝန်ခံလိုက်တော့မှ ကဲ ပေါ်ပီဒီအမှုဆိုပီ နာမည်ကောင်းယူတာ ထုံးစံလိုဖြစ်နေပီ။ ဒီလိုဖြောင့်ချက်ယူတဲ့အမှုတွေက ဒုနဲ့ဒေး။ မင်းမှာအပြစ် တစ်ကယ်မရှိဘူးဆိုတာ အာရှ လူ့အခွင့်အရေးကော်မရှင်မှ ကြေညာချက် ထုတ်ပြန် ခဲ့သေးမဟုတ်လား ကမ္ဘာနဲ့ချီပီးလေ့လာနေတာ မသေချာပဲနဲ့ မကြေညာဘူးနော်၊ တစ်ကယ်တော့ အထက်ဖားအောက်ဖီတွေကြောင့် မင်းက ဓါးစာခံ :(

မောင်ငြိမ်းချမ်း said...

ဒီလိုအကြမ်ဖက်ကောင်တွေကို (၁၀) ခါပြန်တောင်သေဒဏ်ပေးသင့်သေးတယ်။ တကယ်သတ္တိရှိရင်စစ်တပ်ထဲသွားပစ်ပါလားကွာ။ အခုတော့မြန်မာ့ရိုးရာပွဲကိုမှဖျက်လိုဖျက်ဆီးလုပ်ရတယ်လို့။
ကျောင်းသားတောင်နံမည်ပျက်သေးတယ်။

zay mg said...

တကယ့်တရာခံအစစ်ဆိုရင်တော့ ထိုက်တန်တဲ့အပြစ်ပါ။ဒီလိုမှ မဟုတ်ပဲ လုပ်ကြံပြီး မတရားနှိပ်စက် ဖြောင့်ချက်တွေယူပြီး ထောင်ချခိုင်းခဲ့တဲ့ အမှုတွေလဲ ရှိလေတော့ သေသေချာချာ စစ်ဆေးသင့်တယ်။ရဲချုပ်ကြီးနှင့်တရားသူကြီးများခင်ဗျာ မမှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ စီရင်ချက်တွေနဲ. နိုင်ငံတော်ကိုမြင့်တင်ဖို.ကြိုးစားနေမယ်ဆိုရင် နိုင်ငံတကာအသိုင်းအ၀ိုင်းမှာ ၀င်ဆံ့လဲခဏပါခင်ဗျာ။။။။

ko yeဲ said...

့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ် အိုဟေးကင်တားနားက ပြောပါတယ်။

“မြန်မာနိုင်ငံတွင်း တရားဥပဒေပိုင်းဆိုင်ရာနဲ့ တရားစီရင်မှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ၊ အရေးတကြီး ဆောင်ရွက်ဖို့ လိုနေပြီဆိုတာကို အခိုင်အမာပြလိုက်တဲ့ ဖြစ်ရပ်ပါပဲ။ တရားစီရင်ရေးပိုင်း ဆိုင်ရာမှာ လွတ်လပ်မှုမရှိဘူး၊ လူ့အခွင့်အရေးစံနှုန်းစံထားတွေနဲ့ ကိုက်ညီမှု မရှိဘူးဆိုတာ ကိုလည်း ပြသလိုက်တာပါ။”

သေဒဏ်ပြစ်ဒဏ်ကို နိုင်ငံအတော်များများမှာ ဖျက်သိမ်းလိုက်ပြီး နိုင်ငံတကာဥပဒေအရ ဆိုရင်လည်း သေဒဏ်ပြစ်ဒဏ်ဆိုတာ မရှိပါဘူး။ မြန်မာနိုင်ငံမှာတော့ သေဒဏ်ပြစ်ဒဏ်ရှိပေမယ့် တကယ်တမ်း သေဒဏ် လက်တွေ့အပြစ်ပေးတာမျိုး ၁၉၈၈ ကစပြီး စစ်အစိုးရလက်ထက်တွေမှာ မလုပ်ခဲ့ ပါဘူး။ အခု ဖြိုးဝေအောင်အမှုကို တရားစစ်ဆေးရာမှာ ပြီးပြည့်စုံမှုမရှိဘဲ တရားရေးဆိုင်ရာ လိုအပ်ချက်တွေ ရှိတဲ့အကြောင်း အာရှ လူ့အခွင့်အရေးကော်မရှင် ရှေ့နေ ဦးမင်းလွင်ဦးကလည်း ပြောပါတယ်။
ပွင့်လင်း လွတ်လပ်မှုရှိရင် တရားခွင်မှာစပီးအရှက်ကွဲမှာလေ၊
စစ်မှန်တဲ့ ဒီမိုကစီ နိုင်ငံတော်သစ်ကြီးရဲ့ သမ္မတကြီးဦးသိန်းစိန်က အလုပ်များပီး မင်း မတရားခံရတဲ့အမှုကို မကြည့်နိုင်သေးလို့ပါ၊
မင်းတော့ စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးရဲ့အရသာကို ခံစားခွင့်မရှိတော့ဘူးထင်တယ်၊ :(

thu said...

အမှုတစ်ခုအဖြေမှန်ပ်ါဖို့ရိုက်နှက်နိပ်စက်တာကတော့အကျင့်ဆိုးကြီးတစ်ခုလို
ဖြစ်နေတာကြာပေါ့။သေချာစုံစမ်းမနေတော့ပဲတရားခံ(သို့)တရားခံဟုယူဆထားသူကို ရိုက်နှက်နှိပ်စက်ဖို့လုပ်တော့တာပဲလေ။တော်တော် စိတ်ပျက်ဖို့ကောင်းတဲ့အပြုအမူတွေပါ။ဒီလိုသာဆိုရင် ရဲဘာလိုတော့မလဲ။
ရိုက်ရဲနှက်ရဲတဲ့ကောင်သာခန့်ထားလိုက်။ပြီးရော။တောင်ကြီးရဲစခန်းမှာသူခိုးကိုရိုက်ပြီးစစ်လို့သေသွားလို့ ရဲကိုပြန်တရားစွဲတဲ့အဖြစ်မျိုး ကလည်းရှိရဲ့။မသင်္ကာတဲ့ကောင်အကုန်ဖမ်းပြီးရင် ရိုက်နှက်နှိပ်စက်ပြီး
အတင်းဝန်ခံခိုင်းတော့တာပဲ။သေဒဏ်ပေးကြကြေးဆိုရင် သူတို့ကိုအရင်သတ်ရမလို ဖြစ်နေပြီ။တရားစီရင်မှုဟာ မျှတပြီးဖြောင့်မတ်
သင့်တာကြာပါပြီ။ဘယ်တော့များ ပြင်မလည်းမသိ။ရင်လေးစရာကောင်းပါတယ်။တရားခံစစ်ရင်တော့ ဖြစ်သင့်ပေမဲ့ တရားခံများမဟုတ်ခဲ့ရင်...

ရိုးစိန် said...

ဒီလိုအမှုမျိုးတွေကိုအခုလိုပြတ်ပြတ်သားသားကိုင်တွယ်သင့်ပါ
တယ်။ အမေရိကန်လိုလူ့အခွင့်အရေးကိုလေးစားလိုက်နာ
တဲ့နိုင်ငံမျိုးတောင်အကြမ်းဖက်ဝါဒနဲ့ပတ်သက်လာရင်ပြင်းပြင်း
ထန်ထန်ကိုင်တွယ်တတ်ပါတယ်။ အမှုမှန်တယ်မမှန်ဘူးဆိုတာ
တော့အမေစုပြောသလိုသမိုင်းကသက်သေပြသွားပါလိမ့်မယ်။

Anonymous said...

အားလုံးသိအောင်ပြောရရင် ဒီလူက တည်ကြက်ပါ။
တကယ်ဗုံးခွဲခဲ့တဲ့လူက ဗုံးကွဲပြီး ၃ နာရီအကြာမှာ ဗန်ကောက်ကိုရောက်နေပါပြီ။ အစီအစဉ်တကျနဲ့ ရန်ကုန်လေဆိပ်ကနေ လေယာဉ်စီးပြီးထွက်သွားတာပါ။ ဘယ်ရဲမှမသိလိုက်ဘူး။

zzmyoe said...

တရားစီရင်ရေးစနစ်ဟာ အများရဲ့ရှေ့မှောက်မှာ ပွင့်လင်းမြင်သာမှုရှိရပါမယ်၊တရားစွဲဆိုခံရသူဘကဖက်ကရှေ့နေနဲ့ချေပခွင့်ခုခံပိုင် ခွင့်ကိုအပြည့်အ၀ပေးရပါမယ်၊အပြစ်ရှိသူ၁၀ယောက်ကို မှားပြီးလွှတ်ပေးလိုက်တာ အကြောင်းမဟုတ်ဘူး၊အပြစ်မရှိသူတစ်ယောက်ကို မှားယွင်းပြီးပြစ်ဒဏ်ချလိုက်ရင်တော့ တရားသူကြီးလူမဟုတ်တော့ဘူးနော်။

အောင်ဗလ said...

မောင်ငြိမ်းချမ်း
မင်းမှာဦးနှေက်မရှိဘူးလား....
မင်းက အစိုးရပြောတိုင်းယုံနေတာပဲ...
တကယ်ဗုံ့းခွဲတဲ့လူဆိုရင်
မင်းပြောသလိုဘဲ ရိုးရာပွဲကိုမဖျက်ဘူးကွ...
စစ်တပ်ထဲသွားပစ်ထည့်မှာပဲ....
အဲဒီဗုံး ဘယ်သူတွေရဲ့လက်ချက်လဲဆိုတာ ကလေးတောင်သိတယ်......
ဒီအစိုးရ ကိုယ်အီးပေါက် သူများလက်ညှိုး လုပ်နေတာကွ....
မှတ်ထား...

မိစံ said...

ဘင်လာဒင်နဲ့တူတယ်။

scopio said...

တကယ်လုပ်ခဲ့ တဲ့ သူဆိုရင်တော့ ဒီပြစ်ဒဏ်ဟာတရားပါ တယ်။ သေကြေပျက်စီးဆုံးရှုံးခဲ့ ရတဲ့ သူတွေ၊ မိသားစုတွေအ တွက် ထည့်စဉ်းစားရပါမယ်။ တရားခံအစစ် ဟာပြစ်မှုလုပ်ပြီး ရင်အိမ်မှာပဲနေနေပါ့မလား ဆိုတဲ့ konamazuကိုတော့ပြော ချင်ပါတယ်။ ကျောက်မြောင်းမှာလွန်ခဲ့ တဲ့ နှစ်ပိုင်းလောက်ကဖြစ်ခဲ့ တဲ့ လူသတ်မှုတခုမှာ တရားခံဟာသူ့ ရဲ့ အိမ်ပေါ်ထပ်ကလူ ကိုသတ်ပြီး သူ့ အခန်းမှာပဲသူခပ်တည်တည်နဲ့ ပြန်နေနေခဲ့  တာပါ။ အဲဒီအမှုကမိသွားပါပြီ။ တရားခံတိုင်းထွက်ပြေးလေ့ရှိ တာတော့မဟုတ်ပါဘူး။

gurugyi said...

သေချာစုံစမ်းပါအုန်း။အရမ်းမလုပ်ကြပါနဲ့။အပြစ်မရှိဘဲခံသွားရမယ်။

dar lay myar said...

ဒီလို ဓါးစာခံ ဖြစ်တာတွေများနေပြီ..အလှည့်ကြ မနွဲ့ စတမ်းပေါ့

ကိုသာဓု said...

မောင်ငြိမ်းချမ်း-
ခင်ဗျား ပြောတာမှန်တယ်။ ဒီလိုကောင်မျိုးရဲ့ ခေါင်းထဲမှာ မြန်မာရိုးရာ နှစ်သစ်ကူးပွဲတော်ဆိုတာ မရှိဘူးဗျ။
ဒီကောင်က မြန်မာလဲ မဟုတ်ဘူး။ ဗုဒ္ဓဘာသာလဲ မဟုတ်ဘူး။
ဒီကောင့်ကို သေဒဏ်ပေးဖို့ဆိုရင် ဒီကောင် ယုံကြည်တဲ့ ဘာသာတရားအတိုင်း ဆော်ဒီမှာလို လူမြင်ကွင်းမှာ ခေါင်းဖြတ်ကွပ်မျက်ပေးသင့်တယ်ဗျ။ ဒါမှ အလ္လာအရှင်မြတ်အလိုကျ ဖြစ်တော့မပေါ့ဗျာ။

လမင်း said...

အင်း တကယ်လုပ်ခဲ့တဲ့တရားခံဆိုရင်တော့ ထိုက်တန်ပါတယ် တစ်သက်တစ်ကျွန်းဆိုလည်းလုံလောက်ပါတယ်
ဒါပေမယ့်သေချာအောင်တော့လုပ်ဖို့လိုပါတယ်

myanmar girl said...

အပြစ်မရှိဘဲနဲ့ မတရားစွပ်စွဲခံရတယ်ဆိုရင် လူသားတစ်ယောက်အနေနဲ့ ပြောရ
ရင် အများကြီးစိတ်မကောင်းဖြစ်မိပါတယ်။ဒီအချိန်မှာ လူသားတစ်ယောက်အနေနဲ့ ဘဲမြင်ပါတယ်။တကယ်လုပ်လို့  ခံရတာက ဘာမှ
မဖြစ်ပေမယ့် အပြစ်မဲ့တဲ့ ပြည်သူဘယ်တစ်ဦးတစ်ယောက်ကိုမှ မခံစားစေချင်
တာအမှန်ပါဘဲ။အယူခံဝင်ရင် နိုင်ပါစေလို့ ဘုရားမှာဆုတောင်းနေပါ့မယ်။မြန်မာ
နိုင်ငံရဲ့ တရားစီရင်ရေးကို ပြောင်းလဲသင့်နေပြီထင်ပါတယ်။မြန်မာပြည်သူပြည်
သားအားလုံး ပျော်ပျော်ရွှင်ရွှင်နေနိုင်ရင် ကောင်းမှာပါ။ကိုဖြိုးဝေအောင် အားတင်းထားပါ။ကိုယ်တကယ်မလုပ်ရင် ကိုယ့်အတွက် ကောင်းတဲ့အကြောင်းအရာတွေ ဖြစ်လာမှာပါ။

Anonymous said...

အော် .. သင်္ကြန်တွင်း .. မိသားစုစားဝတ်နေရေးအတွက် .. အလုပ်မှာ .. overtime ဆင်းတဲ. အင်ဂျင်နီယာတယောက်ရဲ. ပေးဆပ်မှုက ..... မသေးပါလား ။

heinlinaung said...

အမှန်ဆိုရင်တော့ ပြည်သူတွေဖြစ်ပျက်တာ သူ ခံရတဲ့ပြစ်ဒဏ်ကိုကျေနပ်တယ်
အမှန်မဟုတ်ဘူး စွပ်စွဲတာ ဆိုရင်တော့ ရဲချုပ်ခင်ရီ ကိုဝေဖန်ရမယ်
သူတို့သာလဘ်မစားဘူးဆိုရင် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့။ မောင်တောမြို့တွေမှာ ရဲကိုကြောက်နေမှာမဟုတ်ဘူး သေသွားတဲ့သူတွေလည်းအများကြီးဘဲ အမှုကိုဖျောက်လဘ်စား အမှန်ပြောသူကို အပစ်ပေး နောက်ဆို ပြည်သူတွေက အမှန်ပြောရမှာကြောက်နေပီ အမှုမှန်တွေဘဲလိုလားတယ် မဟုတ်ကဟုတ်က အမှုမဟုတ်တာ အမှုလုပ် ပိုက်ဆံရှိတဲ့သူ ဆိုရင် အမှုပျောက် ပိုက်ဆံမပေးနိုင်တဲ့ သူတွေကြတော့ အမှုလုပ်ဖမ်း ငွေညစ်နဲ့လေ ဒီလို့မတရားစွပ်စွဲခံရပီ နယ်စပ်တွေပြေးသွားတာအများကြီးဘဲ
အမှန်တာကိုဘဲလိုလားပါတယ် အမှန်တရားကိုဘဲမြင်ချင်ပါတယ် ဗျာ... တရားဥပဒေမှာ ဆွေမျိုးတွေ ငွေးကြေးတွေ မရှိပါစေနဲ့ဗျာ အမှန်တရားသက်သက်အတွက်ဘဲ ဖြစ်စေချင်တယ်

စေလိုရာစေ said...

ကျနော့်ကိုမကျေနပ်ရင် ကျနော့်ကိုလာသတ်လိုက်ပါ တခြားသူတွေကိုမထိခိုက်ပါစေနဲ့ 

မိတ်ဆွေစစ် said...

ကိုငြိမ်းချမ်းနဲ့ ကိုထွန်းနောင်ခင်ဗျား
တရားခံက ပြစ်မှုတကယ်ကျူးလွန်၊ မကျူးလွန်ဆိုတဲ့အပေါ်နဲ့ တရားရုံးမှာ အပြည့်အ၀ ခုခံခြေပခွင့်ရ မရ အပေါ်မှာ အခြေခံပြီး ဝေဖန်သင့်တယ်လို့ ထင်ပါတယ်။
ဘာသာပေါင်းစုံ ချစ်ကြည်ရေးလုပ်နေတဲ့ခေတ်မှာ ဘာသာခြားဖြစ်လို့ သေဒဏ်အပေးခံသင့်တယ် ဆိုတဲ့ဝေဖန်ချက်ကတော့ မသင့်တော်ဖူးလို့ထင်ပါတယ်။
လူသားအချင်းချင်း မြန်မာအစိုးရ ထောက်ခံမဲပေးထားတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး (Human Right)ကြေငြာစာတမ်းအပေါ်မှာ အခြေခံစဉ်းစား ဝေဖန်သင့်ပါသည်။

ကိုသာဓု said...

ကိုဖြိုးဝေအောင်
ခင်ဗျားဟာ ဘုရားသခင်ရဲ့ အလိုတော်အတိုင်း လုပ်ဆောင်တာဖြစ်လို့ ခင်ဗျားကို ဘုရားသခင်က ဂျန္နက်သုခဘုံကို ပို့ဆောင်ပေးမှာပါ။ ကျွန်တော်တို့အားလုံး ခင်ဗျားအတွက် ဒိုအာပြုလျက်ပါ။
ဘုရားသခင်အတွက် အသေခံပြီးတော့ ဖောက်ခွဲရေးအမှုတော်ထမ်းရသေးတာ။ ခင်ဗျားက အသက်မသေဘဲ ဖောက်ခွဲနိုင်တာ ဘုရားသခင်ရဲ့ ကျေးဇူးကြောင့်ပဲ။

စဉ်းစားပါ said...

မနောက်ကြပါနဲ့ဗျာ

စဉ်းစားပါ said...

မနောက်ကြပါနဲ့ဗျာ

ကိုသာဓု said...

ဖြိုးဝေအောင်ကိစ္စမှာ အစိုးရရဲ့ ကိုင်တွယ်ပုံ အားနည်းတာကို ကြည့်ပြီး သူ့မှာ ဘာအပြစ်မှ မရှိဘူး လို့ ကောက်ချက်ဆွဲလို့လဲ မဖြစ်သေးဘူး။
ဒီကိစ္စအပေါ် အန်တီစုတို့ ကိုမင်းကိုနိုင်တို့အပါအ၀င် ကျွန်တော်တို့ ခေါင်းဆောင်တွေအနေနဲ့ တိကျရေရာတဲ့ မှတ်ချက်မပေးဘဲနေနေတာကိုလဲ ထည့်တွက်စဉ်းစားရမယ်။
နောက်ပြီး သူ့ကို ဖမ်းတာဟာ နိုင်ငံရေးသမားဖြစ်လို့ ဖမ်းတာပဲ လို့ ပြောရအောင်လဲ သူ့မှာ နိုင်ငံရေးနောက်ခံ ဘာမှ မရှိဘူး။
ဒီနေ့ကမ္ဘာမှာ အမေရိကန်လို အင်အားကြီးနိုင်ငံကြီးသည်ပင် သူ့လုံခြုံရေးအတွက် သတိကြီးစွာထားနေရတာဖြစ်လို့ ကျွန်တော်တို့လဲ သတိနဲ့ ဝေဖန်ချက်ပေးသင့်တယ်။ အစိုးရအပေါ် မုန်းတီးစိတ်အခြေခံနဲ့ အစိုးရရဲ့ ပွင့်လင်းမြင်သာမှု မရှိတဲ့ ကိုင်တွယ်ပုံလောက်ကိုသာ ကြည့်ပြီး ဝေဖန်မယ်ဆိုရင်တော့ အန္တရယ်ကို လက်ရပ်ခေါ်သလို ဖြစ်နေပါလိမ့်မယ်။

ရခိုင်ကြီး said...

ညီလေး ဖြိုးဝေအောင်ရေ
ညီလေး အမျိုးသမီး ဌေးဌေး ကတော့ “မြန်မာနိုင်ငံတရားစီရင်ရေးဟာ စုတ်ပြတ်သပ်နေပါပြီ” လို့ မီဒီယာကနေ ဝေဖန်သွားတာ ကြားလိုက်ရတယ်။ ဟုတ်တယ် ညီလေး အကိုတို့ နိုင်ငံရဲ့ တရားစီရင်ရေးက ဘာမှ ယုံကြည်စရာ မရှိတော့ပါဘူး။
အခုကြည့်လေ၊ သင်္ကြန်မဏ္ဍပ်မှာ ဗုံးဖောက်ခွဲတဲ့အမှုနဲ့ ပတ်သက်လို့ ညီလေးကို တရားခံဆိုပြီး စွပ်စွဲကြတယ်။ သေဒဏ်ဆိုပြီး စီရင်ချက်ချကြတယ်။ ညီလေးအနေနဲ့ တကယ်ကို တရားခံအစစ် ဖြစ်တယ်ဆိုရင်တောင် ဒါဟာ တကယ်တော့ အပြစ်မှ မဟုတ်တာ။
ရေအရင်းအမြစ်တွေ ရှားပါးလာနေလို့ တစ်ကမ္ဘာလုံးက သတိပေးနေတဲ့ကြားထဲမှာ ရေတွေကို ထင်သလို ဖြုန်းတီးပြီး ကမြင်းကြောထနေတဲ့ မြန်မာတွေကို ညီလေး ရှင်းပေးလိုက်တာမို့လား။ ဒါဟာ တကယ်တော့ ဤဒွန္နယာကြီးထဲမှာ မရှိသင့်တဲ့သူတွေကို အရှင်မြတ်ရဲ့ အလိုအတိုင်း လုပ်ဆောင်ပေးလိုက်တာဖြစ်လို့ အပြစ်မှ မဟုတ်တာ။
အပြစ်မဟုတ်တာကို တကယ်ဧရာမအပြစ်ကြီးလို လုပ်ပြီး သေဒဏ်ချမှတ်တာဟာ တော်တော်ကို မတရားတာပဲ။ နောက်ပြီး အပြောနဲ့ အလုပ်မညီတာတွေကိုလဲ အကိုတို့ တွေ့ရဦးမယ်။ သေဒဏ်ဆိုပြီး ထောင်ဒဏ်တစ်သက်လုပ်ရင် လုပ်ဦးမှာ၊ လွှတ်ချင်လဲ လွှတ်ဦးမှာ။ ဒါတွေဟာ တကယ်ကို မဖြစ်ထိုက်တာပါ။
ညီလေးရော ဒီကိစ္စနဲ့ ပတ်သက်လို့ ဘယ်လို ဖြစ်စေချင်တာလဲ။ တကယ်တန်း သေဒဏ်ပေးမယ်ဆိုရင် ကြိုးပေးတာကိုပဲ ခံယူမလား၊ တခြား အစ္စလာမ်နိုင်ငံတွေက နည်းတွေကိုပဲ နှစ်သက်သလား။ ဒီတစ်ခါ ဌေးဌေး ထောင်ဝင်စာ လာတွေ့ရင် ပြောလိုက်ဦးနော်။ အကိုတို့ မီဒီယာကနေ ကြိုးစားပေးမယ်။

ပုံပြောသူ said...

တစ်ခါတုန်းက
သစ်ကုလားအုပ်တစ်ကောင်ဟာ တိရစ္ဆာန်ဥယျာဉ်ကနေထွက်ပြေးသတဲ့
ကုလားအုပ်ပျောက်ဆုံးကြောင်းရဲကိုတိုင်ကြားပါတယ်
ရဲစခန်းကိုတိုင်ချက်ဖွင့်ပြီး မိနစ်အနည်းငယ်မှာပဲ ထွက်ပြေးတဲ့ကုလားအုပ်ကို ဖမ်းမိထားပြီလို့ရဲကကြေငြာပါတယ်
သတင်းထောက်တွေရောက်လာပြီးဖမ်းမိထားရင်ထုတ်ပြဖို့ပြောတဲ့အခါ မျက်နှာမှာအညိုမည်းတွေစွဲနေတဲ့ယုန်တစ်ကောင်ကိုရဲကဆွဲထုတ်လာပါတယ်
သတင်းထောက်တွေက “ဒါ ကုလားအုပ်မှ မဟုတ်ဘဲ ဒါယုန်ဘဲ”
လို့ဝိုင်းကန့်ကွက်တော့
“ကျွန်တော်ယုန် မဟုတ်ပါဘူး ။ ကုလားအုပ်အစစ်ပါဗျာ။
ခြေထောက်ကြီးတွေနဲ့ဝိုင်းတော့မကန်ကြပါနဲ့” လို့
ယုန်ကလေးကပြောပါတယ်။
ပုံပြင်လေးကတော့ဒါပါပဲ။

ဇာမဏီ said...

သောက်ရေးထဲမှ ဘုရားရှင်ရဲ့အလိုတော်အတိုင်းတို့ အရှင်မြတ်ရဲ့အလို
တော်အတိုင်းတို့ လာပီးပြောနေတဲ့ သောက်ရုးတွေကတမျိုး ။
နိုင်ငံရဲ့တရားစီရင်ရေးကို စိတ်ပျက်ရတာတမျိုး။ ဒီသောက်ရူးတွေကို
စိတ်ပျက်ရတာ တမျိုး ။

Anonymous said...

ဖြိုးဝေအောင်ဆိုတဲ့ကောင်၊ မင်းပုံမြင်ရတာနဲ့ငါ့မှာအဟောင်းတွေအသစ်ဖြစ်တယ်။ မင်းတို့ကြောင့်ငါတို့ရဲ့ပျော်ရွှင်ဖွယ်ရာဘ၀တွေပျက်စီးခဲ့ရတယ်။ ဘားမှအပြစ်မရှိ၊ ရန်ငြိုးရန်စမရှိဘဲနဲမင်းတို့မို့လုပ်ရက်တယ်ကွာ။ ငါ့အနေနဲ့အတော့ဒီဘ၀တင်မကဘူးနောင်ဘ၀အထိမကြေဘူးကွ။

aung lay said...

တရားဥပဒေလမ်းကြောင်းလေးရဲ့အပေါ်မှာနှစ်ဦးနှစ်ဖက်လုံးကဖြောင့်ဖြောင့်လေးလျှောက်လှမ်းသွားကြရင်တော့တစုံတဦးကိုမှထိခိုက်နစ်နာမှုမဖြစ်နိုင်ပါ။အဲသည်လိုပဲဖြစ်စေချင်ပါသည်။

ရခိုင်ကြီး said...

အလ္လာအရှင်မြတ်ရဲ့ အလိုတော်အတိုင်းလို့ ပြောတဲ့သူတွေကို သောက်ရူးတွေလို့ စွပ်စွဲတဲ့ rosefloralove ဆိုတဲ့လူ-
ခင်ဗျား ဘာနားလည်လို့ ဒီလို စွပ်စွဲရတာလဲ။ ဒါဟာ အလ္လာအရှင်မြတ်အလိုတော် မဟုတ်လို့ ဘာလဲ။ ဖြိုးဝေအောင် သေဒဏ်ချမှတ်ခံရတာဟာ အရှင်မြတ်ရဲ့ အလိုတော်အတိုင်း ဖြစ်တာ။ နောက်ဆုံး ကုန်ကုန်ပြောမယ်။ ကြိုးပေးသတ်လိုက်လို့ သေသွားရင်လဲ အလ္လာအရှင်မြတ်ရဲ့ အမိန့်တော်ကို ခံယူတာပဲ ဆိုတာ ခင်ဗျား သေသေချာချာမှတ်ထား။
ခင်ဗျား ဘာမှ နားမလည်ဘဲနဲ့ နိုင်ငံရဲ့ တရားစီရင်ရေးကို စိတ်ပျက်သလေး ဘာလေးနဲ့။ ကြီးကြီးကျယ်ကျယ် လျှောက်ပြောနေတယ်။
ခင်ဗျားတို့ နိုင်ငံရဲ့ ဥပဒေက လူလုပ်ထားတဲ့ ဥပဒေ။ ကိုရမ်နဲ့ အညီ ပြဌာန်းထားတဲ့ ဘုရားလုပ်ဥပဒေ မဟုတ်ဘူးဆိုတာကိုလဲ ခင်ဗျားခေါင်းထဲမှာ ထည့်ထားဦး။
ဖြိုးဝေအောင် လုပ်သွားတာ ခင်ဗျားတို့ နိုင်ငံကို ကိုရမ်ဥပဒေအတိုင်း အုပ်ချုပ်တဲ့ အလ္လာအရှင်ရဲ့ နိုင်ငံဖြစ်ဖို့ အရှင်မြတ်ရဲ့ အလိုတော်အတိုင်း အရှင်မြတ်ရဲ့ အမှုတော်ကို ထမ်းသွားတာ။
နောက်ကို ခင်ဗျား ဒါတွေကို မသိဘဲနဲ့ ကွန့်မင် ၀င်မရေးနဲ့။

Ashin Vicitta Sara said...

အပြစ်ကျူးလွန်ကြောင်း အထောက်အထားတွေက စစ်မှန်ရင် ၁၀-ဦးသေ ၁၇၀-လောက် ဒဏ်ရာရကြတာနဲ့ နှိုင်းစာရင် ၁၀-ခါပြန် သေဒဏ်ပေးသင့်တယ် ။

win said...

ဘုရားဘုရား မြန်မာပြည်မှာ အသေခံဗုံးခွဲမယ့် သူတွေရှိနိုင်တယ်ဆိုတာ ရေးရေးတွေ့လိုက်တယ်

suu lea said...

မင့်ကလုပ်တယ်ဆိုရင်တော့ သေသင့်တယ်
မလုပ်ရင်တော့ လောလောဆယ်ကံပေါ့

Powered by Blogger.