ငါးမြာကြီးရွာမှာ ရေပြာပေါက်ကြမ်းလို့ မြစ်ကမ်းပါးပြို၊ အိမ်အိုအိမ်ကောင်း၊အမြန်ပြောင်းနေကြရ

မကွေးတိုင်း ရေစကြိုမြို့နယ် ဗလဘ အုပ်စုအပိုင် ငါးမြာကြီးကျေးရွာသည် ချင်းတွင်းနှင့်
ဧရာပေါင်းဆုံရာအနီးရှိမြစ်ကမ်းပါးတစ်နေရာတွင် တည်ရှိပါသည်။

ယခုအခါမြစ်ရေများ အတက်ကြမ်းလာမှုနှင့်အတူ ရွာအရှေ့ဖျားက အိမ်တန်းများတည်ရှိရာ
အောက်ခံမြေသားတို့ကို ရေဦးတိုက် ကမ်းပါးပြှိုကျ နေသဖြင့် အိမ်အလုံး ၇၀ နှင့်
ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း ဖျက်ပစ်ခါလွတ်ရာသို့ပုံထားလိုက်ရပါပြီ။

ထိုရွာတွင် အိမ်ခြေ ၁၃၀ခန့်ရှိရာ ရွာ၏ ၅၀%ခန့် မြစ်ထဲရောက်နေပြီမို့ စိုက်ခင်းများပါ
ကမ်းပါးပြိုကျသည့်အထဲပါနေကြရာ ရွာသူရွာသားများမှာများစွာအားငယ်နေကြပါသည်။

လောလောဆည် အိမ်ဆောက်ရန် မြေနေရာလည်း မရသေးရာ ကမ်းပါးထိပ်ဝန်း
ကျင်မှာပင် တဲငယ်ကလေးများ ဖြစ်သလိုထိုးပြီး နေထိုင်နေကြရသည်။

ရပ်ဝေးမှ ဆွေမျိုးမိတ်သင်္ဂဟများ သိရှိကူညီပေးနိုင်ကြ၇န်
တင်ပြလိုက်ရပါသည်။


A C J(Yesagyo)

Myanmar News Now
ဓာတ်ပုံများမှာ ၆.၅.၁၂ နေ့ကရိုက်ကူးထားခြင်းဖြစ်ပြီး
သတင်းနှင့်ပြန်ကြားရေးအဖွဲ့ဝင် ဥိးသိန်းမြင့်(NLD yesagyo)
ကရိုက်ပေးခြင်းဖြစ်သည်။






ငါးမြာကြီးရွာမှာ ရေပြာပေါက်ကြမ်းလို့ မြစ်ကမ်းပါးပြို၊ အိမ်အိုအိမ်ကောင်း၊အမြန်ပြောင်းနေကြရ ငါးမြာကြီးရွာမှာ ရေပြာပေါက်ကြမ်းလို့ မြစ်ကမ်းပါးပြို၊ အိမ်အိုအိမ်ကောင်း၊အမြန်ပြောင်းနေကြရ Reviewed by သစ်ထူးလွင် on 21:59 Rating: 5

5 comments:

လင်းလင်း said...

စိတ်မကောင်းပါဘူးဗျာ

lu tar said...

အမြန်ကူညီပေးကြပါဗျာ၊ရေထိန်းနံရံ ဆောက်ပေးရင်တော့ ပုံမှာမြင်ရတဲ့ ယာမြေတွေ၊ ကျောင်းလေးတွေအတွက် အဆင်ပြေတယ်ဗျ

konamazu said...

အမြန်ဆုံးဘေးကင်းပါစေဗျာ...

htun said...

ရေကြောင်းပြန်တူးဖော်ပေးရင် ကမ်းပါးပြိုတာသေချာပေါက်ရပ်ပါတယ် ***ဘယ်သူလုပ်ပေးနိုင်မှာလည်း?

htun said...

ရေကြောင်းပြန်တူးဖော်ပေးရင် ကမ်းပါးပြိုတာသေချာပေါက်ရပ်ပါတယ် ***ဘယ်သူလုပ်ပေးနိုင်မှာလည်း?

Powered by Blogger.