လှိုင့်  ပေါ်မေးတင်ထားရသော သူတို့ ဘဝ

                             အိမ်ခြေ ၄၀၀၊ လူဦးရေ (၃၀၀၀) ၀န်းကျင်ဖြင့်  နေ့ စဉ်လှုပ်ရှားသက်ဝင်နေသော ရန်ကုန်တိုင်းဒေသကြီး  ကြည့်မြင်တိုင်မြို့ နယ် (တဖက်ကမ်း) စက်ဆန်းရပ်ကွက် လှိုင့် ကိုအမှီပြုသူများ။ ထိုလူဦးရေဧ။် ၈၀% ဟာ လက်လုပ်လက်စား ဘ၀တွေ။ သူတို့ ရဲ့  နေ့ စဉ် ရပ်တည်မှုနဲ့ ၊ သားသမီးတွေကို ပညာထားရခြင်း စရိတ်များသည် လှိုင်မြစ်ပေါ်တွင် လှော်ခတ်မောင်းနှင် နေကြသော စက်သံတို့ ကို မှီခိုနေကြပါလား။ ဒီလိုနဲ့  လှုပ်ရှားလည်ပတ်နေသော လှိုင်မြစ်ကို မှီခိုရသော သူတို့  ကံကြမ္မာ မိုးမှောင်ကျသောနေ့ ။

                              ကြီးမား လှသော  အတွဲလိုက် ဘောစီတွဲ များ လှိုင့် မျက်နှာပြင်တွင် နေရာယူလာကြပြီ။ တနေ့ နည်းနည်းနှင့်  ပုံမှန် ဆိုက်ကပ်ထားလာ ကြရမှာ ယခုဆို (စက်ဆန်းရပ်ကွက် နင့်  တခြား တဖက်ကမ်း တည့် တည့် တွင်ရှိသော မြစ်ကြေင်းတလျှောက်တွင်) စီဘောတွဲများက မြစ်ကြောင်းကို ကြီးမားစွာ ပိတ်ဆို့ ကြလေပြီ။ သူတို့ သည်းခံရှာဧ။်။ မပြောရဲပါ။ ရွှေ့ ပေးပါရန် မတောင်းဆိုရဲပါ။ သူတို့ နေပေမဲ့  ကံကြမ္မာက မနေ။ ထိုနေ့ ။ မည်သူမျှမမေ့ ။ ပုံမှန်ရေစီးကြောင်းသဘောကို နားလည်စွာမောင်းလာရင်း သဘောင်္တစီး အရှိန်ဖြင့် တက်လာသည်ကို ထိုလှေ၇ှင်မြင်ပါလေပြီ။ စက်ရှိန်ကိုသတ်ပြီး အတတ်နိင်ဆုံးကြိုးစား လွတ်မြောက်အောင်ကြိုးစားပါဧ။်။ ရေစီးကလည်းသန်လှဧ။်။ စီဘောတွဲများအောက်သို့  လှေတစင်းလုံး မြုပ်ဝင်သွားဧ။်။ အနီးအနားမှ လှေအစင်း နစ်ဆယ်ကျော်တို့ ပြေးကြလေပြီ အခင်းဖြစ်ရာရေပြင်သို့ ။ စီဘီတွဲများ အပြင်ဖက်ပတ်လည်မှ။ ပေါ်ထွက်လာသမျှ လူကို ဆွဲတင်ကာ ဆယ်ကြဧ။်။ သို့ သော် တဦးသည် ၀မ်းပြာကြီးသော စီဘီ သဘောင်္တွဲ အပြင်ကို ရောက်အောင်အားမထုတ်နိင်သည် ထင်သည်။ ပေါ်မလာတော့.။ ထိုသို့ ဖြစ်ပေါ်မှုအတွက် လှေသမားအား ထောင်ဒဏ်နင့်  ထိုလူမောင်းသော ရပ်ကွက် (စက်ဆန်း) လှေသမားအားလုံး (၄၅)ရက် မမောင်းရပါဟု အထက်မှအမိန့် ချလေသည်။ အကြောင်းပြချက် မှာလှေ နစ်စဉ် ၀ိုင်းမဆယ်သောကြောင့် အပြစ်ပေးခြင်းတဲ့ ။ အပြေးအလွှား ၀ိုင်းနေသော လှေများကို သင်ဘယ်မြင်နိင်မလဲ ( ရုံးခန်းထဲ ထိုင်နေတာကိုး)။ ရလဒ်ကား ထိုလူစု ထမင်းအိုးလက်လွှတ်ကာ ကလေးတို့ ပညာမဲ့ ရပြီ။ ဘာနဲ.စားကြမလဲ။ အလုပ်အကိုင် အခွင့် အလမ်းများ ဖန်တီးနေကြသော ယခုလို ခေတ်မျိုးတွင် သူဆင်းရဲတို့ ဧ။် ငိုသံကို သင် ကြားနိင်ပါသလား သမ္မတကြီး။ ကျုသည်ကားပထမအကြိမ်။

                               အပြစ်ဒဏ်ကို ခံယူပြီး (အတိုးများနင့် ယူုရ်ျ ခဏတာ စားရေး နေရေး ဖြေရှင်းအပြီး) တပတ်အကြာ ပြန်မောင်းပြီးသည့် နောက် ကျောက်သဘောင်္နင့်  စီဘီတွဲကြား ကံဆိုးသူ မောင်ရှင် ဖြစ်ပြန်လေပြီ။ ဆုံးဖြတ်ချက်ကား (၆၀)ရက် မမောင်းရတဲ့ ။ ကျွန်တော် မခံစားနိင်တော့ သူတို ဧ.် ငိုသံများကို။ ပထမအကြိမ် တင်သော အကြွေးကို ကြိုးစား လှေမောင်းကာ ဆပ်မည်ဟု အားခဲရှာသော သူတို့ ။ ဒူးတို့ ထောက်ရ်ျ မျက်ရည်စက်တို့ တပေါက်ပေါက်။ ယခု မေလလယ်နီးတော့မည်။ မကြာခင် ကလေးသူငယ်တို့ ကျောင်းဖွင့် ချိန်နီးတော့မည်။ သားလေးနင့် သမီး လေးကို ကျောင်းအပ်ရန်၊ လိုအပ်သော ပစ္စည်းတို့ ကို မည်သည့် ငွေနင့် သူတို့ ဖန်တီးကြရတော့မည်နည်း။  (အကိုတို့ အထက်ကိုတင်ပြကြပါလားဗျာ။ ကားလိုင်းမှာလည်း ကားတိုက်မှု ဖြစ်သော် ကာယကံရှင် တဦးတည်းကိုသာ ပိတ်တာပါ။ တလိုင်းလုံးမပိတ်ပါဖူးဗျ ဟု ဒေါမနသနင့် ပြောသော ကျွန်တော်...သူတို့ အဖြေကြားတော့ အတော်ဂရုဏာသက်မိပါသည်။ ကျွန်တော်တို့ သွားပြောပြီးပါပြီတဲ့ ။ ကြည့် မြင်တိုင်မြို့နယ် မယက ရုံးမှ ပြောလိုက်ပါသည်။( တိုင်ချင်ရာ ပါတီတိုင် ၊ မဖွင့် ပေးနိင်ဖူးတဲ့ ။ ဒါအထက်က အမိန့် တဲ့ ။ ) လူ့ အခွင့်အရေးဆိုတာ ဘာလဲ။ လူ့ အခွင့်အရေးကော်မရှင်ဟာ ရေနွေး စုသောက်ကြဖို့ ဖွင့် ထားတာလား။ ဒီလို လူ့ တဦးချင်းစီရဲ့ အခွင့် အလမ်းတွေကို လူတဦးအတွက် ရောပြီး စွန့် လွှတ်နေရတာတွေ...... မကြားတာလား။ မဖြေ၇ှင်းချင်တာလား။ ထို၇ပ်ကွက်မှ ပေးလိုက်သော ဆန္ဒမဲတွေနဲ့ လွှတ်တော်ထဲ ရောက်နေသော အမတ်ရေ... အဲကွန်းအေးလို့  ခင်ဗျား ပါးစပ် မပွင့် တာလား။ မပြောပေး ၊ မကယ်တင်ပေးတော့ဖူးလား။ ဒီလူဆင်းရဲတွေရဲ့ ဘ၀တွေကို... ခင်ဗျားအေ၇းမဟုတ်လို့  မပြောတာလား။ သူတို့ မျက်ရည်တွေနဲ့ ညည်းသံတွေဟာ ခင်ဗျားတို့ အတွက် သံစဉ် ကောင်းတဲ့ တေးတပုဒ် မဖြစ်ကြပါစေနဲ့ ဗျာ။
                                                                                                                                                                        အမြန်ဆုံး အဆင်ပြေချောမွေ့ ကြပါစေ
                                                                                                                                                                                  လှိုင့် မြစ်ကိုမှီခိုနေကြသော လှေသမားတွေ

တေဇာလင်း

Myanmar News Now
လှိုင့်  ပေါ်မေးတင်ထားရသော သူတို့ ဘ၀ လှိုင့်  ပေါ်မေးတင်ထားရသော သူတို့ ဘ၀ Reviewed by သစ်ထူးလွင် on 21:38 Rating: 5

8 comments:

u kyawkyaw said...

တလိုင်းလုံးပိတ်ရင်တဖက်ကမ်းနေပြည်သူတွေဘယ်လိုသွားလာ
ကြပါသလဲ၊လှေနစ်တိုင်းလိုင်းပိတ်တယ်ဆိုတာဖြေရှင်းနည်းမဟုတ်ပါ၊လှေစီးပြည်သူတွေကိုအသက်ကယ်ဝတ်စုံမ၀တ်မနေရ၀တ်ဆင်ခိုင်းခြင်း၊ကျွှမ်းကျင်သူလက်မှတ်ရှိသူများသာမောင်းရမည်ဟုသတ်မှတ်ခြင်း၊စနစ်တကျဝင်/ထွက်သွားလာရန်ကြပ်မတ်ခြင်းတို့ကိုပြု
လုပ်ရပါမည်။ပြည်သူလူထု၏အခက်အခဲကိုဖြေရှင်းရန်မှာအစိုးရအဖွဲ့၏တာဝန်ဖြစ်ပါသည်။

ahhtinkaya said...

တစ်လိုင်းလုံးပိတ်တာတော့မဖြစ်သင့်ပါဘူး။ မယကရုံးကပြောတဲ့သူမိုက်ရိုင်းလိုက်တာဗျာ။

66koaungaungtun@gmail.com said...

ကျနော်ပြောပါတယ်၊အောက်ခြေမှာခြစားအကျင့်ပျက်ဝန်းထမ်းတွေရိုက်သတ်လို့မကုန်အောင်ရှိနေပါတယ်ဘယ်လိုအရေးယူဆောင်ရွက်မလည်းပြည်သူတွေကစောင့်ကြည်နေပါတယ်ခင်ဗျာ။

phyo4 said...

ဘာမှတော့ မဆိုင်ပါဘူး။နမ်စန်(တောင်ပိုင်း) ကလွတ်တော်အမတ်တွေကစောက်ရူးတွေပဲ။

phyo4 said...

ဘာမှတော့ မဆိုင်ပါဘူး။နမ်စန်(တောင်ပိုင်း) ကလွတ်တော်အမတ်တွေကစောက်ရူးတွေပဲ။

Unknown said...

လှေတစင်းမှောက်၇င်တလိုင်းလုံးပိတ်လို.၇တယ်ဆို၇င်မယက၀န်ထမ်းတယောက်ဥပဒေအ၇အေ၇းယူခံ၇၇င်တ၇ုံးလုံးထွက်ခိုင်းလို.၇မလား?၇၇င်ဒိအတိုင်းဆက်လုပ်ပါ

NawNaw said...

ကြည့်မြင်တိုင်မှာနေရတဲ့ ကျုပ်သိက္ခာကျတယ်......မယက ဆိုတာ မယားကြောက်မျိုးဆိုတော့ သုံးစားလို့မရဘူးပေါ့လေ.........အဲဒီလို စာနာစိတ်မရှိတဲ့ လူတန်းစားကို ရပ်ကွက်က လူကြီးတင်မြှောက်ထားတာ အံ့ပါရဲ့....

အိတုတ် said...

အထက်လူကြီးအမိန့်ဆိုတော့သူ့အထက်ကလူကြီးကဘယ်လောက်ကြီးလည်း ညဏ်ပညာကကောဘယ်လောက်ကြီးနေလို့
ဒီလိုတစ်လိုင်းလုံးပိတ်ဆိုတာမျိုးလုပ်ရတာလည်း၊ဇကောလောက်မှဇောက်မနက်တဲ့ကောင်တွေ

Powered by Blogger.