KIO နဲ့ တပ်သားသစ် စုဆောင်းရေး

အစိုးရတပ်နဲ့ ကချင်ပြည် လွတ်လပ်ရေး တပ်မတော် KIA တပ်ဖွဲ့တို့ (၁၇) နှစ်တာ အပစ်အခတ် ရပ်စဲခဲ့ပြီး တိုက်ပွဲတွေ ပြန်ဖြစ်လာတာ အချိန် တနှစ်နီးပါး ကြာမြင့်ခဲ့ပါပြီ။ အခုလို အခြေအနေမှာ KIA က အင်အားသစ် စုဆောင်းနေတယ်ဆိုတဲ့ သတင်းတွေ ဒေသထဲမှာ ထွက်ပေါ်နေခဲ့ပါတယ်။
nmg-kachin-army
မေလဆန်းပိုင်းကစလို့ ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်အတွင်းက ကျေးရွာတွေမှာ စုဆောင်းနေကြ ပြီးတော့ ကြမ်းတမ်းတဲ့ အပြုအမူတွေ လုပ်ဆောင်ခဲ့ကြတယ်လို့လည်း ဒေသခံတွေက ပြောဆိုကြပါတယ်။ 

မေလ (၉) ရက်နေ့ည သန်းခေါင်ယံအချိန်က ၀ိုင်းမော်မြို့နဲ့ ငါးမိုင်လောက်ဝေးတဲ့ နမ့်ဝါ ကျေးရွာမှာ အမျိုးသား (၁၀) ယောက်နဲ့ အမျိုးသမီး (၃) ယောက်ကို KIA က စုဆောင်းရေး ခေါ်သွားသလို မေလ (၃) ရက်နေ့ညကလည်း ၀ိုင်းမော်မြို့ အရှေ့ဖက် (၇) မိုင်လောက် အကွာမှာ ရှိတဲ့ နောင်ဆီပေါ ကျေးရွာက (၁၇) ယောက်ကို ခေါ်သွားခဲ့ပါတယ်။

အဲဒီထဲမှာ အသက် (၁၃) နှစ်ကနေ (၁၅) နှစ် အရွယ်ရှိတဲ့ ကလေးတွေ ပါဝင်ပါတယ်။  ဒီကိစ္စနဲ့ ပတ်သက်လို့ KIO ရဲ့ တပ်သားသစ် စုဆောင်းရေး မူနဲ့ သဘောထားတွေကို မေလ (၁၁) ရက်နေ့က အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်နဲ့ မေးမြန်းထားတာပါ။

မေး။    ။ ၀ိုင်းမော် မြို့နယ်ထဲက ကျေးရွာ တချို့မှာ KIA က တပ်သားသစ် စုဆောင်း နေတယ်လို့ သိရပါတယ်။ အဲဒီကိစ္စ ဟုတ်မဟုတ်ဆိုတာ သိပါရစေ။

ဖြေ။    ။ “လူသစ်ပြန်ပြီးတော့ ခေါ်တာမျိုးတော့ ရှိတယ်ခင်ဗျ။ ဒါကလည်း အစိုးရစစ်တပ် တွေရဲ့ ထိုးစစ်ရဲ့ အကျိုးဆက်တွေပါ။ တကယ်လို့များ စစ်ပွဲတွေ ငြိမ်သွားမယ်၊ ထိုးစစ်တွေ လျော့သွားမယ်ဆိုရင် ဒီကိစ္စတွေက သူ့ဟာသူ ပြေပျေက်သွားမယ့် ကိစ္စတွေပါ။ ကျနော်တို့ အပစ်အခတ် ရပ်ဆိုင်းရေးလုပ်တဲ့ (၁၇) နှစ်တာ ကာလမှာ အဲလိုဟာမျိုးတွေ မရှိခဲ့ဘူး။ ဒါပေမယ့် အခုနောက်ပိုင်းမှာ သူတို့အနေနဲ့ ထိုးစစ်ကို မတရားလုပ်လာတဲ့အခါမှာ ကျနော်တို့ဖက်မှာ အင်အားတွေက လိုအပ်လာတယ်ခင်ဗျ။ အဲလိုမျိုးကျရင်တော့ တချို့ ဒေသတွေမှာ အဲဒီကိစ္စတွေက ဖြစ်မှာပဲ။ ဒါတွေက အခု ဒီဒေသမှာ ဖြစ်တဲ့ တိုက်ပွဲရဲ့ ပြင်းထန်မှု အခြေအနေရဲ့ အနိဌာရုံလို့ပဲ ပြောလို့ရမယ်။ ဒါကတော့ ငြိမ်းချမ်းရေး အဆင်ပြေသွားတဲ့အချိန်မှာ ဒီကိစ္စတွေ ပြေလည်သွားမှာပါ။”

မေး။    ။ KIA ရဲဘော်တွေက ညဖက် အချိန်မတော် အိပ်ခန်းတွေထဲ အထိ ၀င်ဆွဲတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီကိစ္စ ဘယ်လို သဘောရပါသလဲ။

ဖြေ။    ။ “အခုကတော့ ဒီလိုမျိုး အိမ်အထိ ၀င်ပြီးတော့ ခေါ်သွားတယ်ဆိုတဲ့ ကိစ္စတွေက သူ့ရဲ့ နယ်မြေ အခြေအနေအရ ဖြစ်ပါလိမ့်မယ်။ ညဆိုတာကလည်း သူ့ရဲ့ အခြေအနေ အရပေါ့ဗျာ။ အဲဒီဖက်မှာ သူတို့က တပ်လုံခြုံရေးတွေ အများကြီး ထားထားတယ်ဆိုတော့ နေ့လည်း ဖြစ်နိုင်သလို ညလည်း ဖြစ်နိုင်တယ်။ အဓိကတော့ အင်အားက ဖြည့်ရမယ့် ပုံစံ ဖြစ်လာတော့ ရှေ့တန်းမှာ လက်တွေ့ အကောင်အထည်ဖော်တဲ့ လူတွေရဲ့ ကြံစည်မှုပဲ ဖြစ်ပါလိမ့်မယ်။” 

“နောက်ပြီး တခုက ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် သူတို့က KIO တပ်ဖွဲ့ဝင်တွေ ဖြစ်သွားတယ် ဆိုရင်တော့ KIO တပ်ဖွဲ့ဝင်တွေ ခံစားရတဲ့ အခွင့်အရေး တာဝန်ထမ်းဆောင်တဲ့ ၀န်ထမ်းတွေရဲ့ အခွင့်အရေး ရမှာပါ။”

“ဒါပေမယ့် စပြီးတော့ လူသစ် စုဆောင်းတဲ့ အခါမှာတော့ လူသစ်ရဖို့အတွက် လက်တွေ့ လုပ်တဲ့ ရဲဘော်တွေကနေပြီး ပြောဆိုတဲ့ စကားတွေ လုပ်တဲ့ အမူအယာတွေက ကြမ်းချင် ကြမ်းပါလိမ့်မယ်။ အဲဒီမှာ အရပ်သားတွေ အမြင်နဲ့ ကြည့်မယ်ဆိုရင် ဒါက ရိုင်းစိုင်းတဲ့ အမြင် ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အမှန်တကယ်ပဲ ဒီမှာ KIA ၀န်ထမ်း အနေနဲ့ တာဝန် ထမ်းဆောင်ပြီဆိုရင်တော့ သူတို့ကလည်း ဒီမှာ သူ့ရဲ့ ၀တ္တရားအရ၊ စည်းမျဉ်း စည်းကမ်း အရပဲ ဒီမှာက တာဝန် ထမ်းဆောင်ရမယ့် ဟာတွေ ဖြစ်တယ်။ မတရား စုဆောင်းထားတဲ့ ရဲဘော်တွေ ဖြစ်ပါတယ်ဆိုပြီးတော့ သူတို့ကို နှိမ်ပြီးတာ့ ဖိနှိပ်တာမျိုးတော့ မရှိပါဘူး။”

တဆက်တည်းမှာ အစိုးရနဲ့ နှစ်ဖက် တိုက်ပွဲတွေ ပြန်ဖြစ်လာတဲ့ အချိန်ကစလို့ ကချင်ပြည်နယ် အတွင်း မြို့ပေါ်ဒေသတွေမှာ အစိုးရတပ်က အင်အားသစ် စုဆောင်းတာတွေ ရှိခဲ့တယ်လို့ ဦးလနန်က ပြောပါတယ်။ ဒါကြောင့် KIO ဖက်ကလည်း အခုအချိန်မှာ လိုအပ်လာတဲ့ အတွက် ပြန်လည် စုဆောင်းရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

မေး။    ။ ကုလ သမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်းရဲ့ ကလေး အခွင့်အရေးဆိုင်ရာ CRC စာချုပ်မှာ အသက် (၁၅) နှစ်အောက် ကလေးတွေကို စစ်မှု ထမ်းခြင်း မပြုရလို့ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံရဲ့ စစ်မှု ထမ်း ဥပဒေမှာတော့ (၁၈) နှစ်အောက်ကို စစ်မှု မထမ်းရဘူးလို့ သတ်မှတ်ထားပါတယ်။ KIA ရဲ့ စစ်မှုထမ်း ဥပဒေကို ဘယ်လို သတ်မှတ် ထားပါသလဲ။

ဖြေ။    ။ “အသက်အရွယ်ကတော့ တာဝန်ထမ်းဆောင်နိုင်တဲ့ အရွယ်ပေါ့။ (၁၇)၊ (၁၈) နှစ် အထက်ပေါ့။ အသက်အရွယ်ရှိတဲ့သူဆိုရင်တော့ ယောကျာ်း မိန်းမ မရွေးပါဘူး။ လုပ်ရမယ့် ကိစ္စတွေပါ။ အဓိကတော့ ငယ်ရွယ်တဲ့ ကလေးကိစ္စတွေကတော့ စစ်ဆေးပြီးမှပဲ ငယ်ရွယ် တယ်ဆိုရင်တော့ ဒါက တာဝန်ထမ်းဆောင်ဖို့ ခွင့်ပြုချက် မရှိဘူးလေ။ နောက်ပြီးတော့ ကျန်းမာရေး အခြေအနေပေါ့ဗျာ။ ကျန်းမာရေးက လုံးဝ ဆိုးရွားနေတယ် ဆိုရင်တော့ ဒါလည်း ပြန်ပြီးတော့ လွတ်ပေးမှာပါ။ အဲဒီကိစ္စတွေက ဟိုမှာ အမှန်တကယ် စစ်ဆေး၊ မေးမြန်းပြီးလို့ ဟုတ်တယ်ဆိုရင်တော့ ဒါက ပြန်လွတ်မှာပါ။ ချက်ချင်းတော့ သူတို့ ပြန်လွတ်မှာ မဟုတ်ဖူး။ သူတို့ စခန်းကို ရောက်သွားပြီး မေးမြန်း စစ်ဆေးပြီးမှပဲ ဘောင်မ၀င်တဲ့ လူတွေတော့ ပြန်ပြီးတော့ လွတ်မှာပါ။” 

“တချို့ကတော့ တာဝန် ထမ်းဆောင် သင့်တဲ့ သူဆိုရင်တော့ အချိန်အတိုင်းအတာ တခုအထိတော့ ပြည်နယ် အရေးကိစ္စ ဖြစ်တဲ့ အတွက်ကြောင့်မို့ ပြည်နယ်သူ၊ ပြည်သားတွေ အားလုံးက ပါဝင်သင့်တဲ့ လုပ်ငန်းတွေ တတ်နိုင်တဲ့ အပိုင်းကနေပြီးတော့ တာဝန် ထမ်းဆောင်ဖို့ တာဝန်ရှိတယ် ခင်ဗျ။”

မေး။    ။ စစ်မှုထမ်းတဲ့ ကိစ္စနဲ့ ပတ်သက်လို့ KIO က ဘယ်လို မူတွေ ချမှတ်ထားပါသလဲ။

ဖြေ။    ။ “မူမှာကတော့ ကျနော်တို့က ပြည်နယ်သား အားလုံး လုပ်ရမယ်ဆိုတဲ့ စာရွက်ပေါ်မှာ ရေးထားတဲ့ မူတော့ မရှိဘူး။ ဒါပေမယ့် အခုလိုမျိုး အချိန်ပိုင်းမှာ အဲလို သဘောတရားက ပြန်ပြီးတော့ ပေါ်လာရမယ့် အခြေအနေ ဖြစ်နေတယ်။ ဘာကြောင့်လဲ ဆိုတော့ အခု လုပ်တဲ့ ထိုးစစ်တွေက မြောက်ပိုင်းတိုင်းမှာ ရှိတဲ့ တပ်တွေသာမက တနိုင်ငံလုံးမှာ ရှိနေတဲ့ တပ်တွေ အလုံးအရင်းနဲ့ ဖြည့်နေတယ်။ အင်အားက ကျနော်တို့ KIA တပ်ဖွဲ့ဝင်တွေထက် (၁၀)ဆ၊ (၁၅) ဆလောက် သူတို့ဖက်က တိုးမြင့်လာတော့ ကျနော်တို့ဖက်ကလည်း လိုအပ်တဲ့အင်အားတွေ ဖြည့်တင်းရမယ့် အခြေအနေ ရောက်လာတာပေါ့ဗျာ။”

KIO နဲ့ အစိုးရတို့ တိုက်ပွဲတွေ ပြန်ဖြစ်လာတဲ့ အချိန် (၁) နှစ်နီးပါးကာလအတွင်း မြို့ပေါ်နဲ့ တရုတ်မြန်မာ နယ်စပ် ဒေသတွေကို ထွက်ပြေးရောက်ရှိလာတဲ့ ဒုက္ခသည်ပေါင်း (၆) သောင်းကျော်ရှိနေပြီး လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းက တိုက်ပွဲတွေကြောင့် ရာနဲ့ ချီတဲ့ ဒုက္ခသည်တွေ ၀ိုင်းမော်နဲ့ မြစ်ကြီးနား မြို့တွေကို ထပ်မံ ရောက်ရှိ နေပါတယ်။

ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် နှစ်ဖက် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ်တွေ (၆) ကြိမ်ထက်မနည်း တွေ့ဆုံခဲ့ကြပေမယ့် ယနေ့ထိ ပြေလည်မှု မရသေးပါ။

သတင်းနှင့်မီဒီယာကွန်ယက်
KIO နဲ့ တပ်သားသစ် စုဆောင်းရေး KIO နဲ့ တပ်သားသစ် စုဆောင်းရေး Reviewed by သစ်ထူးလွင် on 12:18 Rating: 5

35 comments:

taungpaigyi said...

ဘာတစ်ခုမှ ​ရေ​ရေရာရာ ​ပြောတာလဲ မရှိပါလားဗျာ၊

san san said...

တရုတ်မြှောက်ပေးတိုင်းနိုင်ငံသားအခြင်းခြင်းဒီလိုမဖြစ်သင့်ပါဘူး။

Anonymous said...

ဦးလနန် ပြောသွားတဲ့ပုံသွားတဲ့ပုံစံမှာ မူတွေ၊ ဘောင်တွေမရှိဘူး။ သောင်းကျန်းသူလို့ဘဲ နာမည်တပ်ရမလို့ဖြစ်နေတယ်။ သူတို့ဘက်ကျူးလွန်တဲ့ အဖြစ်တွေအတွက် ဖြေရှင်းချက်ပေးတဲ့သဘော၊ လူ့အခွင့်အရေးတွက် မျှတပြီးဘောင်ဝင်တဲ့သဘောပြောသွားတာ မဟုတ်ဘူး။ KIA မှာမူတွေ၊ ဘောင်တွေ မရှိဘဲဖွဲ့စည့်ထားတဲ့ ဘိန်းကုန်ကူး၊ မှောင်ခို သမားသက်သက်တွေပဲဆိုတာ သူစကားဖတ်ရတာနဲ့ထင်ထင်ရှာရှား သိလာရတယ်။ အစကတော့ သိပ်မသိသေးဘူးဘဲ။

innyatara said...

ကေအိုင်အိုက ငြိမ်းချမ်းရေးယူစဉ် 17 နှစ်တာကာလအတွင်း စုဆောင်းရေးမလုပ်ဘူးလို့ ပြောတယ် လူလိမ်တွေ 1997 ခုနှစ်တုန်းက ကျွန်တော် 10 တန်းဖြေနေတုန်း မြစ်ကြီးနားမြို့၊ ဒူကထောင်ရပ်ကွက်ထဲမှာ ၀င်ဝင်ဆွဲသွားလို့ ကျွန်တော်တောင် ထွက်ပြေးခဲ့ရသေးတယ်။ ဘီဘီစီတို့ဘာတို့ က မြန်မာစစ်တပ်မှာ ကလေးစစ်သားရှိတယ်လို့ အမျိုးမျိုးစွပ်စွဲတယ်။ တကယ်တမ်းကျ မြန်မာစစ်တပ်မှာ ကလေးစစ်သားလုံးဝမရှိဘူး။ ကေအိုင်အိုမှာ ကလေးစစ်သားအများဆုံးပဲ၊ ကေအိုင်အိုက စုဆောင်းရေးလုပ်တာ နှစ်တိုင်း တောက်လျောက်လုပ်နေတာ လူမျိုးဘာသာကလေးလူကြီး ယောကျာင်္းမိန်းမမရွေးဘူး၊ မိန်းမတွေဆိုရင် မုဒိမ်းကျင့်တယ်။ ကေအိုင်အိုလူကြီးတွေဆိုရင် မိန်းမတွေအများကြီးအတင်းအဓမ္မသိမ်းပိုက်တယ်။ နောက်ပြီး ကေအိုင်အို လူကြီးမှန်သမျှ ဘိန်းစားတွေချည်းပဲ၊ မယုံရင် ဆေးစစ်ကြည့် လည်ဖြတ်ခံတယ်။ ငြိမ်းချမ်းရေးဘယ်လိုမှ မရဘူး၊ တစ်ဖက်သတ်လိုချင်တာ တောင်းနေတာကို။ မြန်မာစစ်တပ်က သနားလို့ မတိုက်ဘဲနေတာ။ တကယ်တိုက်ရင် တစ်ပတ်တောင်ခံမှာမဟုတ်ဘူး။ ကေအိုင်အိုမှာ ဘာတွေရှိလို့လဲ တင့်ကားရှိလား၊ လေယာဉ်ရှိလား၊ အမြောက်အကြီးဆုံးက ဘယ်လောက်လဲ။ လိုင်ဇာကို တိုက်ချင်ရင် တစ်ရက်ပဲ တိုက်ပြမယ်။ ကေအိုင်အိုတွေ ဘယ်လောက်တောင့်ခံမလဲ။ ကျည်ဆံဘယ်လောက်ရှိလဲ သေနတ်စက်ရုံတွေရှိလား။ အစိုးရမှာ အကုန်ရှိတယ်။ ငြိမ်းချမ်းရေးလိုချင်လို့ ဒီလောက်သည်းခံနေတာ။ ကိုယ်လူမျိုးကို မသနားပဲ လျောက်လုပ်နေတယ်။ ဒေါ်စုကြည်တို့ ကေအန်ယူတို့တောင်မှာ အစိုးရနဲ့ငြိမ်းချမ်းစွာနေပြီး တိုင်းပြည်ကောင်းစားရေး လုပ်နေတယ်။ ကေအိုင်အိုတွေက ဖျက်လိုဖျက်ဆီးလုပ်နေတယ်။ အပြစ်မရှိတဲ့ လူတွေကိုလည်း သတ်ဖြတ်ဆက်ကြေးတောင်းနဲ့။ ကောင်းပါတယ်။ အကြမ်းဖက်သမား ဓါးမြအဖွဲ့အစည်းဆိုတော့ ဘယ်လိုသိက္ခာရှိမှာလည်း။

linn said...

KIA တော့ ပျားတုပ်ခံနေရပြီ။ အင်အားက ၁၀ ဆ ၁၅ ဆသာတယ်ဆိုပဲ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ မြန်မြန်အောင်မြင်မှပါပဲ။ တပ်ကလည်း KIA လှုပ်ရှားမှုတွေကိုထိမ်းချုပ်ဘို့ စစ်ကြောင်းတွေများများထိုးပေးရင် သူတို့ လူဆွဲ ရိက္ခာဆွဲလုပ်လို့မရရင် (ဖြတ်လေးဖြတ်) ထောက်ပို့လမ်းကြောင်းတွေ ပြတ်လာရင် KIA ပျော့ပျောင်းလာမှာပါ။ သည်ကြားထဲမှာ စစ်ဘေးက ပုန်းရှောင်လာတဲ့သူတွေကို နိုင်ငံတကာကရော၊ ပြည်တွင်းကပါ ကူနိုင်ဘို့ ခွင့်ပြုသင့်ပါတယ်။ သူတို့တွေ စိတ်ဓါတ်ပျက်ပြားပြီး ကြံမိကြံရာ မထူးဇာတ်ခင်းပြီး လူကုန်ကူးသူတွေရဲ့ နောက်ပါသွားမှာစိုးလို့ပါ။ လူဆိုတာ စိတ်ပျော့နေချိန် သူများပြောတာ ပိုနားယောင်တတ်ပါတယ်။ ဆုံးဖြတ်ချက်မှားတတ်ပါတယ်။ စစ်တိုက်တာလည်းတိုက်တာပေါ့၊ ငြိမ်းချမ်းရေးဆွေးနွေးတာလည်း ဆွေးနွေးတာပေါ့၊ တချိန်ထဲမှာလဲ ပြည်သူကိုငဲ့ညှာပေးပါ။

hyperkosun said...

ုငြိမ်းချမ်းရေးဆွေးနွေတာ အကြိမ်ကြိမ်
သမတ လည်း ရပ်လို့ပြောထားတယ်
ဘာကြောင့်လဲ... ဘယ်သူကြောင့်လဲ
အပြစ်မဲ့ပြည်သူတွေ ဒုက်ခ ရောက်ကြရတယ်

Unknown said...

ငြိမ်းချမ်းရေးရအောင်ပဲလုပ်ကြပါKIOတို့ရယ်၊ ကိုယ့်လူမျိုးကိုယ်ညှာတာပါဦး
မင်းတို့ဘယ်လိုတိုက်တိုက်တကယ်ယှဉ်ရင် ရှုံးမှာပဲရေရှည်မှာ၊ သီရိလင်္ကာ
ကမင်းတို့ထက်မာတဲ့အင်အားတောင့်တဲ့ တမီလ်ကျားသူပုန်တွေတောင် အစိုးရ
တကယ်တိုက်တော့ပြုတ်ပြုတ်ပြုန်းသွားတာ သင်္ခန်းစာယူနော်၊ ငြိမ်းချမ်းရေးက
အကောင်းဆုံးပဲ။

Yipnoe said...

လူထုသဘောအရ လွတ်လွတ်လပ်လပ် စည်းရုံးယူတာဘဲကောင်းပါတယ်။ လူထုရဲ့ကိုယ်ခန္ဓာကို ရပြီး လူထုနှလုံးသားမရရင်အလကားဘဲ။ လူထုနှလုံးသားကို ရအောင်မစည်းရုံးနိုင်ရင် တမျိုးသားလုံးအတွက်လုပ်နေတယ်ဆိုတဲ့ စီမံကိန်းကြီးက ဘယ်လိုလုပ်လို့အောင်မြင်နိုင်မှာလဲ။

တို့ခေတ် said...

KIO ရေ ဟုတ်တယ် အတင်းစုဆောင်းတာပါလို့ပဲ ပြောလိုက်ပါတော့ကွာ။ ရီစရာကြီးကွာ မင်းတို့စစ်တိုက်နေတဲ့ နှစ်ဘက်စလုံးကို ကန့်ကွက်တယ်။ မင်းတို့ တွေ ကိုယ် ပြည်နယ် ကိုယ်ဖျက်ဆီးနေတယ် ငါတို့ တိုင်းရင်းသားတွေ ကို ဆင်းရဲသောက ရောက်စေတယ်။

tzt2003 said...

ကေအိုင်အေဆိုဒါအဲဒါဘဲ၊သိတယ်နော်
ဒါးပြတိုက်တယ် ဆက်ကြေးတောင်းတယ်
လူသစ်စုရင်းမဒိန်းကျင့်တယ်
ရှမ်းလူမျိုးတွေအများဆုံးခံနေရတာပါ

မောင်မောင် said...

ဟားဟား ရီရတယ်..ကေအိုင်..မိုက်ရိုင်းလိုက်တဲ့..ကေအိုက်အေ..ကိုယ့်မျက်ချေးကို မမြင်..စစ်တပ်ကိုသာအပြစ်မြင်...

shine said...

ဦးလာနန်း လျှောက်ဖြီးနေပြန်ပြီ။ ကြောက်အားလန့်အားနဲ့ လျှောက်ပြီး ပြည် နယ်သူ/သားတွေကို ဒုက်ခပေးနေတယ်။ kia ခေါင်းဆောင်ပိုင်းဆိုတဲ့သူတွေ
ကချင်လူမျိုးမစစ်ကြဘူးထင်တယ်။ တယုတ်တွေ ထင်တယ်။ win -win
policy ကိုမမေ့သင့်ပါ။ အသုံးချကြစမ်းပါ။

san san said...

မြန်မာပြည်သားခြင်းစည်းလုံးသင့်ပါပြီ။တရုတ်မြှောက်ပေးတိုင်းလိုက်မလုပ်သင့်ပါဘူး။ကိုယ့်ကချင်လူမျိုသိန်းချီဒုက္ခရောက်ရတာပါ။ကိုယ်ခြင်းစာတတ်ပါစေ။

မောင်ဆင်ကြီး said...

အင်း ...ဦးလနန်ရဲ့ ဖြေကြားပုံ က ပြည်သူတွေကို ဘယ်လို ကာကွယ်စောင့်ရှောက်ရမယ် ဆိုတာ တစ်ခွန်းမှ ပါမသွားဘူး...ငါတို့ သေမယ်ဆို ရင် နင်တို့အရင်(ဒါမှမဟုတ်)တူတူသေစေရမယ် ဆိုတဲ့ ခံယူချက်ကြီးနဲ့ ပြောတော့ ကချင်ပြည်နယ် ကောင်းစား ရေးတဲ့ .....အော် အော် အော်....

Ko San said...

လနန်...စောက်ရူး...သိစေရန်...
၁။ လူသစ်ခေါ်တယ်ဆိုတော့.. ကချင်အားလုံးက မင်းလိုကောင်ရဲ့သဘောကို
လက်ခံလို့လား....
၂။ အိမ်ထဲထိဝင်ခေါ်တယ်ဆိုတာ ကျော်နင်းမှု ဆိုတာ သိသိနဲ့ လုပ်တာပေါ့
၃။ အသက် မပြည့်..ဆိုပြီး...ဘယ်နှစ်ယောက်ပြန်လွှတ်ပေးခဲ့လဲ....
၎။ တာဝန်ထမ်းဆောင်နိုင်တဲ့အရွယ်ကို တာဝန်ပေးတယ်ဆိုတော့..အသက်ပြည့်တယ် မပြည့်ဘူး မငြင်းပါတော့နဲ့...
......ဆက်ပြောလဲ အသက်ကြီးပြီး အချိန်မစီးတဲ့ကောင်ကြီးက...
...စောက်ရှက်ရှိမယ်လို့.....မထင်....

bluetooth said...

လူသစ်ပြန်ပြီးတော့ ခေါ်တာမျိုးတော့ ရှိတယ်ခင်ဗျ။ ဒါကလည်း အစိုးရစစ်တပ် တွေရဲ့ ထိုးစစ်ရဲ့ အကျိုးဆက်တွေပါ...အော် အော် (KIO)ရရ်...

mgmin said...

အပြစ်မဲ့ ပြည်သူတွေကို ခေါ်ပြီး စစ်တပ်ကို သတ်ခိုင်းတဲ့ အပြုအမူတွေပဲ
သိပ်ရက်စက်တယ်ဗျာ...................
KIO တွေ ခင်ဗျားတို့  သမိုင်းရေးတာမှားသွားပြီ
အရမ်းသနားဖို့ ကောင်းတယ်
မြန်မာနိုင်ငံသမိုင်းမှာ ခင်ဗျားတို့ လက်နက်ကိုင်ခဲ့လည်း
ရာဇ၀င်မကောင်းတော့ဘူးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ခင်းဗျားတို့ သူပုန်ဖြစ်သွားပြီ သမိုင်းသေသွားပြီ
လက်နက်ကိုင်တာ အဓိပ္ပယ်မရှိတော့ဘူး

ရာရာ said...

ထွီး...သူတို့ သားသမီးတွေကျတော့ အိန္ဒိယမှာ ကျောင်းကောင်းကောင်းတွေပို့ထားပြီး သူများသားသမီးတွေကိုတော့ ငရဲတွင်းထဲဆွဲသွင်းတယ်...။ အလကား အသုံးမကျတဲ့ လူ့ငနွားတွေ။ ကေအိုင်အေ မျိုးပြုတ်ပါစေ..။

realism said...

we are kachinနဲ့janephawduwaဘာပြောမလဲသိချင်လိုက်တာ...အဲဒါကြောင့်ပြောပါတယ်.....KIAဘာလဲဆိုတာလဲသိတယ်....ပင်လုံဘာလဲဆိုတာလဲသိတယ်လို့...ဟားဟား

မနေနိုင်သူ said...

တကယ်လက်နက်ကိုင်အဖွဲ့အစည်းတွေသာ လက်နက်ချမယ်ဆိုရင် စစ်သားတွေလည်း အေးအေးချမ်းချမ်းနဲ့ ကိုယ့်အလုပ်ကို လုပ်လို့ရပါပြီ....

ဖိုးသားလေး said...

ညီအစ်ကိုတို့
မြစ်ဆုံစီမံကိန်းကိုလည်းရပ်ပြီးပြီနော်
ဗုံးတွေခွဲလို့ ရထားမစီရဲကြတော့ဘူးနော်

အလျော့ပေးတားတွေ တော်တော်များနေပြီနော်
သူတို့ဘာကြောင့် တိုက်ပွဲတွေကိုစိန်ခေါ်နေတာလဲနော်
အစိုးရဘက်ကလည်း ဘာကြောင့်စစ်တပ်တွေနောက်မဆုတ်သေးတာလဲနော်
ကေအိုင်ကေ က ကချင်လူမျိုးတွေကို မသနားဘူးလားနော်
စားဝတ်နေရေးတွေခက်နေကြပြီနော်
သူတို့လူမျိုးတွေပျက်စီး ဆင်းရဲနေတာ မသနားဘူးလားနော်

အဲ့ ကျွန်တော်တို့ကဗမာလူမျိုးတွေဗျ
ရှေးလူကြီးတွေကတော့
တရုတ်ကဖိ ရှမ်းကအိ ဗမာတွေပျောက်တော့မယ်တဲ့
အခု ကချင်က ဘယ်လို ဗမာတွေကိုလုပ်ဦးမလဲ
သည်းခံပါတယ်။
သမ္မတက အပြစ်အခတ်ရပ်ဖို့ညွန်ထားတယ်တဲ့
သူတို့စပြစ်မှ ပြစ်တဲ့
သူတို့ဗုံးကျဲရင် ဗမာစစ်သားတွေ ဘယ်လောက်သေမလဲနော်
စစ်တပ်နောက်ဆုတ်ခဲ့ရင် အဂ်လိပ်တွေလို မြန်မာပြည်ကို အထက်ပိုင်းက စသိမ်းလိမ့်မယ်တဲ့ အချို့က ပြောကြတယ်။

ကေအန်ယူနဲ့တောင် ငြိမ်းချမ်းရေးအဆင်ပြေလို့ စစ်ကားတွေ အစီး100 လောက် နေပြည်တောကို ပြန်လာတာ ကိုယ်တိုင်တွေ့ပြီးပါပြီ

သို့ ကချင်တို့
ကျွန်တော်က အစိုးရဘက်လဲမပါဘူး၊ ခင်းဗျားတို့ဘက်လဲမပါဘူး
ဒါပေ့မယ် ဗမာလူမျိုးဗျ။
စဉ်းစားပါဦး
ခင်းဗျားတို့ ကိုယ်လွတ်ရုန်းနိုင်ပြီလား
ဒါဆို ကချင်ကို တိုင်းပြည်သစ်အနေနဲ့ထောင်နိုင်ပြီလား
ကချင်လူမျိုးတွေ ဘယ်နားနေလို့ ဘာစားပြီး ဘာအလုပ်လုပ်မလဲ
ကျွန်တော်တို့ချော့နေတာနော်.....
ဗမာတွေမျိုးတုံးတော့မယ်
ကချင်တွေ ကျုပ်တို့ခေါင်းပေါ်တက်တော့မယ်
ဗမာတွေရယ် သိကြပါတော့
တဘက်တည်းကိုတွေးပြီး တဘက်သက်မဆန်တော့ပါနဲ့တော့
သမ္မတလဲချော့ရလို့မောလောက်ပါပြီး
လူသားချင်းစာနာလွန်းလို့ပြောရတာပါ
ကိုယ့်လူမျိုးအချင်းချင်းကို မသနားဘဲဆက်ပြီး တိုက်ခိုက် စိန်ခေါ်ကြတယ်

ထလော့ဗမာ ထတော့
အမျိုခံရတော့မယ်

hlaingthuya said...

KIA တွေဟာ ကွန်မြူနစ် တွေဆိုတာ အခုမှပဲရှင်းသွားတော့တယ်ဗျာ...။ ငြိမ်းချမ်းရေးကို ရှေ့ ဆက်ချင်ရင် မြန်မာတပ်တွေအရင် ပြန်ဆုတ်ပေးမှ ဖြစ်မယ်ဆိုတဲ့ ဒီကောင်တွေစကားကို လုံးဝမယုံပါနဲ့ ၊ ဒီကောင်တွေက လူသားစိတ်ဓါတ်မရှိတဲ့အတွက် အပြောတမျိုးအလုပ်တမျိုး ထပ်လုပ်အုံးမှာပါပဲ ၊ စခန်းတစ်ခုရဖို့ အတွက် ကိုယ့်ရဲဘော်တွေရဲ့ အသက်သွေးချွေး မြောက်များစွာ ပေးဆပ်ခဲ့ရတာပါ ၊ ဒီကောင်တွေစကားကိုယုံပြီး ပြန်မဆုတ်ပေးလိုက်ပါနဲ့ ၊ ပြန်မဆုတ်ပဲနေတာတောင် ငြိမ်းချမ်းရေးဆွေးနွေးဖို့ အရေး အမြဲတမ်းကြီးကြီးကျယ်ကျယ် မဖြစ်နိုင်တာတွေတောင်းဆိုပြီး ဒီကောင်တွေ မထီမဲ့မြင်လုပ်နေတာ ၊ ဆုတ်များဆုတ်ပေးလိုက်ရင် ဒီကောင်တွေ ဒီထက်ပိုပြီး လူပါးဝတဲ့အလုပ်တွေ ထပ်လုပ်ကြအုံးမှာပဲ၊

Rainbow Worrior said...

ကျွန်တော့်မိန်းမရဲ့ တူနှစ်ယောက်ဆို ဖားကန့် စိုင်းတောင်မှာ နေပါတယ်။ နှစ်စဉ်လိုလို ကေအိုင်အေက ပေါ်တာဆွဲရင် မြစ်ကြီးနားတို့ မိုးကောင်းတို့ တစ်ခါတစ်လေ စစ်ကိုင်းတို့မှာရှိတဲ့ အမျိုးတွေဆီ ရှောင်နေရပါတယ်။ တစ်ယောက်က ဆယ်နှစ်သားဖြစ်ပြီး နောက်တစ်ယောက်က ဆယ့်လေးနှစ်ပါ။ ကေအိုင်အေက သူတို့လုပ်တာကျတော့ စစ်ရေးအခြေအနေအရလုပ်တာတဲ့။ မူဝါဒလဲ တိတိကျကျစာရွက်ပေါ်ရေးထားတာမရှိဘူးတဲ့။ ဒါဆို သူတို့အတွက်လိုအပ်လာရင် ပေါ်တာဆွဲ လူသတ် မိုင်းထောင် ဒါးပြတိုက် ဘိန်း၊ဆေးပြားထုတ် မှောင်ခိုလုပ် အကုန်လုပ်မယ့်သဘောရှိတာပေါ့။ ဒါတွေလုပ်ချင်သလို မလုပ်ရရင် အစိုးရနဲ့ ငြိမ်းချမ်းရေးမယူဘူးပေါ့။ အေးပေါ့လေ၊ စာရွက်ပေါ်ရေးထားလို့မရတာတွေလုပ်ချင်မှတော့ စာရွက်စာချုပ်နဲ့ စည်းကမ်းတကျလုပ်ရမယ့်အလုပ်တွေ မလုပ်ချင်တာမဆန်းပါဘူးလေ။ ကိုသစ်ထူးလွင်ရေ ဒီကွန်မင့်ကိုလည်း မတင်ပေးနဲ့ဦးနော်။ ခင်ဗျားလည်း သတင်းသမားအမှန်ဖြစ်ချင်ရင် ဘက်ပေါင်းစုံကအသံတွေကို နားထောင် တင်ပြပေးသင့်တယ်ဗျ။ စေတနာနဲ့ ပြောတာပါ။

Anonymous said...

ဒီသတင်းကို....ဒီ ထဲမှာ comment ပေးနေတဲ့ ဂျိန်းဖောကရှာ တွေ ဖတ်ဖြစ်အောင် ဖတ်ရမှာ.... စစ်ဖြစ်ရင်တော့ နှစ်ဖက်လုံး စိစိညက်ညက် ကျေတာပဲ.....ပိုကျေတာက မြေစာပင်ဒေသခံပြည်သူတွေပဲ.... ဘာမဟုတ်တဲ့...ကို့နယ်မြေ...ကို့ဒေသလဲမဟုတ်တဲ့.... စစ်ကိုင်းတိုင်း နာဂတောင်တန်းပေါ်ကို သွားပြီးကျူးကျော်လို့.... နာဂရွာတွေလဲပျက်... နာဂတိုင်းရင်းသားတွေလဲသေနဲ့.... ကချင်ဟေ့ KIO/KIA ကွ ငါတို့ အမျိုး ကာကွယ်ရေးမို့ ဒို့ချစ်တယ်..အားပေးတယ် လို့ ဟစ်မနေကြနဲ့တော့... စစ်တပ်က တိုင်းရင်းသားဆို ဖိအားပေးတယ်လို့ ထင်မနေကြနဲ့... ၁၉၉၂ ခုနှစ် နာဂတောင်းတန်းက သက်သေပဲ....အခုဆို နာဂတောင်တန်းပေါ်မှာ.... ကချင်လို လာမပြောနဲ့.....ရေတောင်မတိုက်ဘူး....

We Are Kachin said...

realism:ရေ ပင်လုံနဲ့ KIA သိတယ်ဘဲပြောနေတာဘဲ။ ကျွန်တော်တို့ကို လည်းပြောပြအုန်းလေ။ ဟိုတစ်ခါမေးတာလည်းမဖြေ ရသေးဘူးနော်။ ကချင်နဲ့အခြားတိုင်းရင်းသားတွေက အင်္ဂလိပ်လက်အောက် မနေချင်တော့လို့ဗမာတွေလက်အောက်မှာဘဲနေချင်ဆိုပြီး လက်မှတ်ထိုးခဲ့ တာလား။ ဗိုလ်ချုပ်ကအင်္ဂလိပ်တွေလက်ထဲကလွတ်လပ်ရေးအတူယူ ရအောင်ဗမာတကျပ်ဆိုရင်ကချင်လည်းတကျပ်ဆိုပြီးပြောလို့လက်မှတ်ထိုးလိုက်တာလား။ KIA လည်းပေးထားကတိအတိုင်း တကျပ်ကိုတောင်းနေ တာပါ။ ကျွန်တော်တို့ကပိုလည်းမလိုချင်ပါဘူး။ ပိုတောင်းရင်မတရား မှန်းတော့သိပါတယ်။
ဖိုးသားလေး ကဘာလို့အမြဲအဲဒီ comment ကိုဘဲပေးနေတာလည်း ဖိုးသားလေးကတယ်ဘဲဗမာစစ်အစိုးရက ကချင်တွေက ဗမာတွေခေါင်းပေါ်တက်မှာကြောက်လို့စစ်တိုက်နေတယ်လို့ယူဆနေတာလား။ ကျွန်တော်က ကချင်ပြည်နယ်မှာမွေးပြီးမန္တလေးရွှေမြို့တော်မှာကြီးလာလို့ ဗမာတွေအကြောင်းကိုယ့်ကိုကိုယ်ဗမာတွေအကြောင်းနည်းနည်းတော့သိတယ်လို့ထင်နေတာ ဗမာတွေမှာအဲဒီလိုအတွေးမျိုးရှိလိပ့်မယ်လို့တစ်ခါမှကိုမစဉ်း စားမိဘူး။ ကျေးဇူးပါအခုလိုပြောပြပေးတာ။
KIA တွေစစ်သားသစ်စုဆောင်းတာတွေရှိမှာဘဲလုံးဝမငြင်းဘူး။ သူတို့ထက် အင်အား ၁၀ ဆ ၁၅ ဆကြီးပါတယ်ဆိုတဲ့ဗမာစစ်အစိုးရတောင်အခုချိန်ထိ (နည်းမျိုးစုံနဲ့)စုဆောင်းမပြီးသေးတာ။ မူဆိုတာလည်းဘယ်ရှိနိုင်အုန်းမလဲ။ ၀န်ခံပါတယ်။
Linn ရေဗမာအစိုးရကတော့ဖြတ်လေးဖြတ်လုပ်လို့ရတယ်ပေါ့နော်။
KIA ကတရုတ်တွေမြှောက်ပေးလို့စစ်တိုက်တယ်ဆိုတာဘာကိုကြည့်ပြီးပြော တာလဲ။ ဓါတ်ငွေ့ပိုက်လိုင်းနဲ့ဧရာဝတီမှာရေတာကာကိစ္စတွေကြောင့် စစ်အစိုးရက ၁၇ နှစ်တာအပစ်ရပ်သဘောတူထားကိုချိုးဖောက်ပြီး ကိုးကန့် ၃ ရက် ကချင် ၁၀ ရက်ဆိုပြီးစစ်စတိုက်တာလူတိုင်းသိတဲ့ကိစ္စ။
Rainbow Warrior ရေ KIA ကတပ်သားလိုက်စုတယ်ဆိုတာကတော့ ကြားဖူးပါတယ်။ ဒါပေမယ့်ပေါ်တာဆွဲတယ်ဆိုတာတော့တကြားဖူးဘူးခင်ဗျာ။ စစ်ကိုင်းထိအောင်ထွက်ပြေးရတယ်ဆိုတော့...။ စစ်ကိုင်းနဲ့မန္တလေးရထား နဲ့သွားရင်တောင်တစ်ညအိပ်ခရီး။ ဖြစ်လည်းဖြစ်နိုင်မှာပါ။ စစ်အစိုးရတွေလို ထောင်သားတွေ၊အကျဉ်းသားတွေခေါ်ဖို့တရားဝင်လိုင်စင် အဲလေယောင်လို့ တရားမ၀င်လိုင်စင်မှမရှိတာ။ ဒါတောင် ရွာသားတွေကိုပေါ်တာဆွဲလို့ KIA ထွက်ပြေးလာတာမပါသေးဘူး။

Aung Thu : http://www.yoma3.org/?p=2810

သမ္မတကလည်းထိုးစစ်တွေရပ်ဖို့ပြောပြီးပြီ။ စစ်တပ်ကိုလည်းအင်အားထပ် ပြီးဖြည့်ပြီးပြီ။ လေယာဉ်တွေလည်းထပ်ပြီးပို့ပြီးပြီ။ ဟုတ်ပါ့ဘာလို့ထိုးစစ်တွေ မရပ်နိုင်တာလည်း။ စစ်ပွဲတွေမရပ်နိုင်တာလိမ့်။ လာပစ်တဲ့လူတွေရဲ့အပြစ်ဘဲလား။ ကိုယ့်ကိုကိုယ်ခုခံနေတဲ့ သူကြောင့်ဘဲလား။ မသိတော့ဘူး။

linn said...

စစ်တိုက်တဲ့အခါ နှစ်ဦးနှစ်ဘက် နည်ဗျူဟာတွေသုံးရတာပါပဲ။ စစ်တိုက်တယ်ဆိုတာ အရှင်းဆုံးပြောရရင် မိမိအထိအခိုက်အနဲဆုံးနဲ့ ရန်သူများများအထိနာအောင်လုပ်ရတာပါ။ ဒါပေမဲ့ ကြားက အထိအနာဆုံးကတော့ ပြည်သူတွေပါပဲ။ အာဖဂန်မှာ နေတိုး ၁၁ နှစ်ဝင်တာ နေတိုးတပ်ဖွဲ့ဝင် ၃၀၀၀ ကျော်ကျတဲ့အချိန် အရပ်သားက ၆ သောင်းကျော်သေပါတယ်။ တပ်က KIA ကိုတိုက်နေတာမဟုတ်ပါ။ ထိုးစစ်ဆင်နေတာမဟုတ်ပါ။ ကရင်ပြည်နယ်မှာထိုးစစ်ဆင်ရင် မဲသဝေါ၊ မဲလ၊ မာနယ်ပလော၊ ၀ါးခသစ်၊(ကော့မှုးရာ) ၀ါးခဟောင်း စသည်တိုက်ရင် စခန်းသိမ်းရေးနဲ့ နယ်မြေရှင်းလင်းရေးတွေ လုပ်တာပါ။ ကချင်မှာက တစ်ကယ်မတိုက်သေးပါဘူး။ ဆွေးနွေးပွဲကို ရောက်လာအောင် ဖိအားပေးတဲ့သဘောပဲရှိပါသေးတယ်။ ကျွန်တော်နားမလည်တာက KIA ကဆွေးနွေးရင် ဘာလို့ တရုတ်ပြည်မှာပဲ ဆွေးနွေးတာလဲ။ မြစ်ကြီးနားမှာ ရပ်မိရပ်ဖတွေရှေ့မှာဆွေးနွေးဘို့ခေါ်တော့ ဘာလို့မလာလဲ။ လုံခြုံရေးအကြောင်းပြပေမဲ့ တပ်ကအဲလောက်မမိုက်ရိုင်းပါဘူး။ အစိုးရတစ်ရပ်ဖြစ်တာကြောင့် စစ်ဖြစ်နေသည့်တိုင် သံတမန် ကိုမသတ်ရတာသိပါတယ်။ သိက္ခာလည်းထိမ်းမှာပါ။ ဖြစ်နိုင်တာက ကချင်လူထုရှေ့မှာ မဆွေးနွေးရဲ့တဲ့ ကိစ္စတွေ KIA မှာရှိနေမလားမသိပါ။ အမြန်ငြိမ်းချမ်းစေချင်ပါတယ်။

myo said...

ငါက ဗမာနော်......အင်းအားနည်းသူတွေကိုတိုက်တာ မ ၇ှက်ဘူးလား......ဘုန်းကြီးတွေတောင်သတ်လာတာပဲ...စောက်၇ူးတွေ

monmon said...

ရင်လေးတယ်ကွာ...နှစ်ဖက်စလုံးဘဲ

tsidu shane said...

တရုတ်တွေ မြှေက်ပေးတိုင်း၊ ထောက်ပံ့ပေးတိုင်း၊ တရုတ်ထဲမှာ နေစရာပေးတိုင်း ဦးနှောက်မရှိဘဲ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး ဒုတ်ခရောက်အောင်လုပ်နေတဲ့ KIA ကခေါင်းဆောင်တွေ အသိတရားရသင့်ပြီ

မျိုးမင်းထွန်း said...

KIA လူကြီးတွေက ငြိမ်းချမ်းရေး ရမှာကြောက်လို. တောင်ပြးမြောက်ပြေးလုပ်နေတာ ၊ အပေါ်က Linn ပြောသလိုဘဲ ကိုယ်.နိုင်ငံမှာ ဆွေးနွေးရမယ်. ကိစ္စကို စောက်ရှက်မရှိ
သူ.တို.ဖအေ တရုတ်မြေမှာ သွားသွားဆွေးနွေးပြချင်နေတာ ..။
ပိုခက်တာက အဲဒီလူတွေ(KIA လူကြီး) တွေက နိုင်ငံကြီးသားမဆန်ဘူး
သူတို.ပြောတဲ. မိန်.ခွန်းကို နားထောင်ကြည်.တယ် အဆင်.အတန်းမရှိဘူး
စိတ်ဓါတ်က ခလေးသာသာပဲ .. ဒီဟာတွေ ရှိနေသရွေ. ငြိမ်းချမ်းရေးတော. မတွေးရဲသေးပေါင်။

realism said...

we are kachinေ၇...ပင်လုံအကြောင်း၇ှင်းမပြခင်..KIO/KIAဟာကချင်လူမျိုးအားလုံးကိုကိုယ်စားပြုသလား....ကချင်ပြည်နယ်တခုလုံးကိုကိုယ်စားပြုသလားအ၇င်ဖြေပေးပါ.......တကယ်လို့သာကချင်လူမျိုးအားလုံးကKIA/KIOကိုကိုယ်စားပြုပါတယ်...ကချင်ပြည်နယ်တခုလုံးကကိုယ်စားပြုပါတယ်ဆို၇င်....ပြည်ထောင်စုကနေခွဲထွက်တာဘာမှပြောစ၇ာမ၇ှိပါ....ဒါဆိုပင်လုံအကြောင်း၇ှင်းစ၇ာမလိုပ်ထင်တယ်.....KIAအကြောင်းဆိုတာကတော့KIAဟာစပေါ်လာတုန်းကလူမျိုးေ၇းအခြေခံခဲ့ပေမယ့်...တကယ်တမ်းကတော့လူမျိုးကိုကိုယ်စားမပြုပါ.....ကချင်မှာ၅နှစ်ကျော်နေဘူးတယ်...ကချင်လူမျိုးသူငယ်ချင်းတွေအများကြီး၇ှီတယ်....အပစ်၇ပ်ကာလမှာKIAဘာတွေလုပ်နေတယ်ဆိုတာသိခဲ့တယ်.....ကချင်တွေက၇ိုးသားဖြူစင်ပါတယ်.....မ၇ိုးသားတာကခေါင်းဆောင်တွေပါ.....သူတို့ကလက်နက်ကိုင်၇တဲ့အ၇သာကိုသိနေတယ်လေ.....ဘိန်း.ကျောက်စိမ်း...အကုန်လုံးကိုတ၇ုတ်နဲ့ပေါင်းစားနေတာသူတို့ပါပဲ......ဘာလို့အစိုး၇ကတ၇ုတ်ကိုပေါ်ပေါ်တင်တင်အပြစ်မတင်သလဲဆိုတာမသိပေမယ့်..သမ္မတကြီးကတ၇ုတ်အင်္ကြးအကဲပါတီဝင်ကို..ပြောထားဟာအဖြေပါပဲ......တကယ်တော့KIAဟာတ၇ုတ်မှာသင်တန်းတက်တယ်...တ၇ုတ်လက်နက်တပ်ဆင်တယ်.......ကိုယ်ကျိုးစီးပွား၇ှာနေတဲ့...လက်နက်ကိုင်သောင်းကျန်းသူပါပဲ.....တော်ပါပြီ..သိပ်မပြောချင်ဘူး....ဘာလို့လဲဆိုတော့..အားလုံးလဲသဘောပေါက်နေပြီ....KIAဘာလဲဆိုတာ...ကျွန်တော့်အထင်ပြော၇၇င်..ခင်ဗျားကသေချာပေါက်..KIAခါင်းဆောင်ပိုင်းဆွေမျိုးနဲ့..တာဝန်၇ှီသူတယောက်ပဲဖြစ်မယ်....ဒါပေမယ့်..အကယ်လို့များမပတ်သတ်တဲ့သူဖြစ်နေခဲ့၇င်ဆိုတဲ့အတွေးနဲ့၇ှင်းပြနေတာပါ....

greenlover said...

တကယ်တော့ ကလေးစစ်သားတို့၊အဓမလုပ်အားပေးစေခိုင်းမှု၊ပေါ်တာဆွဲတာတို့၊မုဒိန်းကျင့်တာတို့ သာမရှိရင် ILO ရန်ကုန်မှာရုံးထိုင်ဆရာမလိုဘူးထင်တယ်နော် KIA ဘဲအဲလိုလုပ်ရပ်တွေလုပ်တယ်ဆိုရင်တော့ ILO က လိုင်ဇာ မှာလာထိုင်လောက်တယ်နော်
အရွယ်ရောက်ပြီးလူတွေနဲ့အင်အားမလောက်နိုင်လို့ကလေးပါမကျန်၊စစ်သားအမျိုးသမီးတွေမချန်၊တွေ့ကရာလူကိုပေါ်တာဆွဲပြီးစစ်ဝတ်စုံအသင်းကောက်ဝတ်ခိုင်း ရှေ့ဆုံးသွားမိုင်းရှင်းခိုင်းနေတဲ့စောက်ဗမှာတပ်တွေကသိပ်ကောင်းတယ်သေဘို့
တကယ်တော့တရုတ်ဖင်ယှက်နေတာက လက်နက်မဲ့ပြည်သူတွေကိုပြစ်သတ်ရဲတဲ့ တိုက်ရေခိုက်ရေကောင်းသပဆိုတဲ့ဗမာ့တပ်မတော် နိုင်ငံတကာရဲ့ပိတ်ဆို့အရေးယူခံနေရချိန်တစ်ခုတည်းသောထွက်ပေါက်ဖြစ်တဲ့တစ်ရုတ်ကိုဖင်ရက်ပြီးမြန်မာနိုင်ငံဖျက်စီးနေတာ တရုတ်လုပ်တိုက်ဂျက်လေယဉ်တွေတောင်လက်ဆောင်ရတယ်ဆိုကတည်းကဖင်ယှက်ဘယ်ကောင်းတယ်ဆိုတာကြည့်ကြတော့ တရုတ်ဖင်ကချည်းဘယ်လောက်ချိုတယ်ဆိုတာသိချင်လိုရှိရင်ဗမာ့တပ်မတော်ကအကြီးအကဲတွေသွားမေးလိုက်

greenlover said...

ရွာသားပိုင်ကျွှဲနွားတွေကိုပြစ်သတ်စား၊ စပါးကျီတွေကိုဖျက်စီး၊ ရွာမီးရှို့၊မိန်းမတွေ့ရင်မုဒိန်းကျင့်၊ယောက်ကျားသားတွေ့ရင်ဖမ်းစီးနှိပ်ဆက်၊ သေနတ်ကိုဦးတည်ရာမဲ့ပြစ်၊လက်နက်မပါတဲ့ပြည်သူတွေသေ ဒါလားနိုင်ငံတော်ကိုကာကွယ်မယ့်တပ်မတော် အထက်ကလူကြီးကကိုယ့်ကိုမျက်နတာမပေးမှာကြောက်လို့ ခိုင်းတာလုပ်၊ကျွေးတာစား ဘာမှစဉ်းစားညဏ်မရှိတဲ့ငတုံးတွေရဲလုပ်ရပ်ကရက်ဆက်လွန်းပါတယ်
၈၈ ကျောင်းသားတွေလဲသူတို့ရဲ့သေနတ်ပြောင်းဝမှာသေကုန်တာမနည်းတော့ဘူး ဒီလုပ်ရပ်တွေကိုရပ်တန့်ကရပ်လိုက်ပါတော့
ဗမာဆိုတဲ့စကားလုံးကိုသုံးမိတဲ့အတွက်တော့စိတ်မကောင်းပါဘူးတိုင်းရင်းသားတွေလက်နက်စွဲကိုင်တော်လန်ပုန်ကန်လာတာဘာကြောင့်လဲ၊ဗိုလ်ချုပ်အောင်ဆန်းဗမာ့တပ်မတော်ကိုဖွဲ့စည်းခဲ့တာဘာကြောင့်လဲ၊ဗိုလ်ချုပ်အောင်ဆန်းလက်ထက်တုံးကတိုင်းရင်းသားအားလုံးစည်းလုံးညီညွတ်စွာဘဲနယ်ချဲ့ကိုတော်လန်ခဲ့ကြတယ်၊တန်ဘိုးရှိတဲ့ပြည်ထောင်စုမြန်မာနိုင်ငံဖြစ်ခဲ့ပါတယ်ဒါကိုဘယ်သူဖျက်စီးခဲ့သလဲ
ပြန်အစားထိုးလို့ရတဲ့လမ်းတံတားတွေကိုလုံခြုံရေးအရ ဖျက်ဆီးတာကိုတော့ကဘာပျက်မတတ်ပြစ်တင်ဝေဖန်နေကြတာ
ပြန်အစားထိုးမရတဲ့သက်ရှိလူသား၊တိုင်းရင်းသားလူနည်းစုတွေကိုသတ်ဖြတ်နေကြတာကဘယ်သူလဲ ကောင်းတယ်လို့ပြောကြအုံးမလား

Ngawde said...

အပေါ်က comment ပေးတဲ့သူ ၉၈%သော သူတွေ မင်းတို့ကောင်တွေ ဘယ်လောက်သိလို လျှောက်ရေးနေတာလဲ ငါက ကချင်ဒုက္ခသည်တွေကို ကူညီနေတဲ့သူ KIO ထိန်းချုပ်ရာရော အစိုးရထိန်းချူပ်ရာရော နေရာတကာရောက်ဘူးတယ်..ဒါပေမဲ့ အခုအသက်အရွယ်အထိ KIA ကပေါ်တာဆွဲတာ၊ဆက်ကြေးကောက်တာ ပြည်သူတွေရှိတဲ့နေရာမှာ ဗုန်းခွဲတာတို့ကိုတစ်ခါမှ မကြားဘူးဘူး..ဒါပေမဲ့ စစ်တပ်က သူတို့ကိုးကွယ်တဲ့ ရဟန်းတွေကို ရက်ရက်စက်စက်သတ်တာ...ပြည်သူတွေကိုအပြစ်မရှိဘဲဖမ်း ပေါ်တာဆွဲတာတို့ကိုတော့ မကြားချင်အောင်ကြားနေရတယ် ..အဲ့ဒါတွေလဲ ထဲရေးအုံးမှပေါ့ တစ်ဖက်စောင်းဘဲပြောနေရင် ကိုယ်ကဘယ်လိုလူလဲဆိုတာဖော်ထုတ်နေတလို့ဘဲ....ကချင်လူထုတွေရဲ့စိတ်ထဲမှာ KIO/KIA ကိုဘယ်လောက်ယုံကြည်နေလဲဆိုတာ ...ကိုယ်တိုင်လာပြီမေးကြည့်ပါလား...လက်ပါတိုင်းလျှောက်မရေးကြပါနဲ့ဗျာ........

We Are Kachin said...

realism ရေရှင်းပြတာကျေးဇူးတင်ပါတယ်။ ကျွန်တော်က KIA ခေါင်းဆောင်ပိုင်းနဲ့ပတ်သက်တဲ့သူတော့မဟုတ်ပါဘူး။ ဒါပေမယ့် KIA နဲ့ပတ်သက်ခဲ့ဘူးသူဆိုရင်တော့မှန်ပါတယ်။ ဘာလို့လည်းဆိုရင်တော့ ကချင်လူမျိုးရဲ့ရာခိုင်နှုန်းအများစုသောအိမ်ထောင်မိသားစုတွေက တစ်ယောက်မဟုတ်တစ်ယောက်က KIA မှာလက်ရှိတာဝန်ထမ်းဆောင်နေ တာမဟုတ်ရင်တောင်တာဝန်ထမ်းဆောင်ခဲ့ဘူးတဲ့သူတွေပါ။ KIA ကသာကချင်အမျိုးသားစုကိုကိုယ်စားပြုတာမဟုတ်ရင်ယနေ့အချိန်ထိအခုလိုအင်အားနဲ့နေနိုင်မှာမဟုတ်ပါဘူး။ KIA ဟာဗုဒဘာသာ (please excuse me for the spelling)ကိုနိုင်ငံတော်ဘာသာအဖြစ်ကြေ
ငြာတာကိုလက်မခံနိုင်တာကစတင်ခဲ့တာဆိုမမှားပါဘူး။ ဘာလို့လဲဆိုတော့ ကချင်အများစုကခရစ်ယာန်ဘာသာဝင်တွေဖြစ်နေကြလို့ပါဘဲ။
realsim ကကချင်ပြည်နယ်ကိုရောက်ဘူးတယ်ဆိုရင်၊ ဘယ်နေရာတွေရောက်ခဲ့လဲ။ မြစ်ဆုံကိုတော့ရောက်ခဲ့ဘူးမယ်ထင်ပါတယ်။ မြစ်ဆုံဟာဟိုးအရင်တုန်းကကြည်လင်တဲ့ရေတွေနဲ့အင်မတန်မှလှပတဲ့နေရာ ပါ။ ငြိမ်းချမ်းရေးယူပြီးနောက်ပိုင်းမှာတိုင်းမှုးကိုရွှေတစ်ဖောင်သိန်းသုံးထောင် နုန်းနဲ့မြစ်အထက်ဘက်မှာရွှေတွေတူးလိုက်တော့ကြည်လင်တဲ့ရေတွေကရွှံရေအဖြစ်ပြောင်းသွားရတာဘဲ။ ဖားကန့်ကဥရုချောင်းကလည်း ဘယ်ကိုစီးရ မယ်မှန်းကိုမသိတော့ရွာတွေထဲဝင်တော့တာဘဲ။ KIA ကလက်နက်ကိုင်ပြီး ဘိန်းကျောက်စိမ်းအရသာသိတယ်ဆိုလို့ပါ။ အရင်တုန်းကတော့ KIA ကလည်းထိန်းချုပ်ထားတော့တရုတ်တွေက၀င်ချင်တိုင်းဝင်လို့မရပါဘူး။ ဘိန်းလည်းဒီအတိုင်းပါဘဲ။ ဗမာ့တပ်မတော်ကလည်းဖက်စစ်ဂျပန်တွေဆီကနေစစ်ပညာတွေသင်ခဲ့တယ် ဆိုတာလည်းမမေ့သေးပါဘူး။ တရုတ်တွေကိုဘယ်သူတွေကအဖေခေါ်နေလည်းဆိုတာကိုမပြောတော့ပါဘူး။ဘယ်သူတွေဘယ်လိုဘဲပြောကြပါစေ KIA ဟာကချင်တွေအတွက်တော့ မျိုးချစ်တော်လှန်ရေးသမားတွေပါဘဲ။ နယ်ချဲ့တွေအတွက်ဗိုလ်ချုပ်အောင် ဆန်းဟာသူပုန်ဘဲ။ ဒါပေမယ့်ဗမာတွေအတွက်ကမျိုးချစ်ခေါင်းဆောင် ဆိုသလိုပေါ့။ ပင်လုံမှာကတိထားခဲ့အတိုင်းတိုင်းရင်းသားအားလုံးတကျပ်စီ ရနိုင်တဲ့နေ့အမြန်ရောက်ပါစေ။

Powered by Blogger.