သေမင်းတမန်ရထားလမ်း ပြန်ဖောက်လုပ်မည်ဟုဝန်ကြီးဦးအောင်မင်းပြော

ဒုတိယကမ္ဘာစစ်က ဖေါက်လုပ်ခဲ့သော ဘုရားသုံးဆူ-သံဖြူဇရပ် မီးရထားလမ်းကို ပြန်လည်ဖေါက်လုပ်တော့ မည်ဟု ပြည်ထောင်စု ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း ဘုရားသုံးဆူမြို့သို့ ယနေ့တွင်ရောက်ရှိစဉ် မိန့်ခွန်းတရပ်၌ ထည့်သွင်းပြောကြားခဲ့သည်။
မီးရထား ဝန် ဦးအောင်မင်း
မီးရထား ဝန် ဦးအောင်မင်း

ကရင်အမျိုးသားအစည်းအရုံး KNU ၏ ဘုရားသုံးဆူမြို့၊ ဆက်ဆံရေးရုံးဖွင့်လှစ်ပွဲတွင် စင်မြင့်ပေါ်၌ မိန့်ခွန်းပြောကြားစဉ် လူထုများအား ယင်းကဲ့သို့အတိအလင်း ထုတ်ဖေါ်ပြောကြားခြင်း ဖြစ်သည်။

ဝန်ကြီးဦးအောင်မင်းက “လက်ရှိအသုံးပြုနေတဲ့ကားလမ်းက အရင်မီးရထားလမ်း ဟောင်းဖြစ်တဲ့အတွက် ဒီလမ်းကိုကျနော်ပြန်ယူမယ်၊ မီးရထားလမ်းနဲ့ယှဉ်ပြီး ကားလမ်းသစ်ဖေါက်လုပ်မယ်” ဟု ပြောသည်။

လာမည့် ၃-၄ နှစ်အတွင်း ဘုရားသုံးဆူမြို့သူ/သားများ ရန်ကုန်သို့ မီးရထားဖြင့်သွားလာနိုင်ကြပြီးပြည်တွင်း မှနေထိုင်သည့်ပြည်သူများလည်း မကြာခင်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရထားဖြင့်သွားလာနိုင်တော့ မည်ဟု ဝန်ကြီးဦးအောင်မင်းက ပြောသည်။

ထို့အပြင် ဘုရားသုံးဆူဒေသ၌ စက်မှုဇုံတည်ဆောက်ရန် ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူမွန်ပြည်နယ် ဝန်ကြီးချုပ်ပါ ပူးတွဲတာဝန်ယူဆောင်ရွက်သွားရန် နိုင်ငံတော်မှ စီမံကိန်းများချမှတ် ထားကြောင်း ဝန်ကြီးက ဆက်ပြောသည်။

ဘုရားသုံးဆူမြို့၊ ကရင်အမျိုးသားအစည်းအရုံး KNU ဆက်ဆံရေးရုံးဖွင့်ပွဲအခမ်းအနားသို့ ဝန်ကြီးဦးအောင်မင်း ခေါင်းဆောင်သော အစိုးရအဖွဲ့တွင် စွမ်းအင်ဝန်ကြီး ဦးသန်းဌေးနှင့် လူဝန်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မင်း တို့တက်ရောက်ခဲ့ကြသည်။

ထို့အတူ ကရင်အမျိုးသားအစည်းအရုံးမှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမူးတူးဆေးဖိုးခေါင်းဆောင်သောအဖွဲ့တွင် KNU ထိပ်တန်းခေါင်းဆောင်များဖြစ်ကြသော ဗဒိုဒေးဗစ်ထော၊ ဗဒိုကွယ်ထူးဝင်း၊ ဗဒိုရွှေမောင်း၊ ဗဒိုအောင်မော်အေးနှင့် ဗိုလ်ချုပ်ဂျော်နီတို့ အခမ်းအနားဖွင့်လှစ်ပွဲသို့ တက်ရောက်ခဲ့သည်ကို တွေ့ရှိရသည်။

ဘုရားသုံးဆူမြို့နှင့် သံဖြူဇရပ်မြို့သည် မိုင် ၆၀ ကျော်ရှည်လျှားပြီး တောင်ကြားလမ်းဖြစ်သဖြင့် ဒုတိယကမ္ဘာစစ်ကာလတွင် ဂျပန်တို့က မီရထားလမ်းဖေါက်လုပ်ရာတွင် လူအသေအပျောက်များသဖြင့် သေမင်းတမန်ရထားလမ်းဟု နာမည်ကျော်ကြားခဲ့သည်။

ဒုတိယကမ္ဘာစစ်ပြီးချိန်တွင် ဂျပန်များစစ်ရှုံးပြီး ရထားလမ်းသည်လည်း အဖျက်ဆီးခံခဲ့ရကာ ဘုရားသုံးဆူမှ သံဖြူဇရပ်ကားလမ်းအဖြစ် ယခုအခါဆက်လက်အသုံးပြုလျှက်ရှိသည် မွန်အေဂျင်စီ
သေမင်းတမန်ရထားလမ်း ပြန်ဖောက်လုပ်မည်ဟုဝန်ကြီးဦးအောင်မင်းပြော သေမင်းတမန်ရထားလမ်း ပြန်ဖောက်လုပ်မည်ဟုဝန်ကြီးဦးအောင်မင်းပြော Reviewed by သစ်ထူးလွင် on 12:20 Rating: 5

9 comments:

U 2 said...

အရင်ကနာမည်ကြီးခဲ.ပါတယ် ချွေးတပ်ဆွဲ(အတင်းအဓမ္မခိုင်းစေမှု)ပြီးခိုင်းခဲ.
တာသေလိုက်တဲ.လူတွေ အပြန်လမ်းမရှိတဲ.နေရာတွေ အခုလဲချွေးတပ်ဆွဲအုံး
မှာလား မသေရုံကျွေး သေအောင်ခိုင်းတဲ.နေရာ
ထိုင်းနိုင်ငံဘန်ကောက်ကိုရထားနဲ.သွားလို.ရမယ်ဆိုတော.အချိန်မှန်ထွက်
အချိန်မှန်ရောက်မှာလား သိက္ခာကျနေအုံးမယ်

minnwe said...

မီးရထား ဝန် ဦးအောင်မင်းရေငရဲပြည်ထိသာဖေါက်လိုက်ပါတော့
တယောက်ကလည်းဂြိုဟ်တုတယောက်သေမင်းတမန်တော်တော်
အပြောကြီးတဲ့လူကြီးတွေ

minsoeaung said...

သူတော်ကောင်းများ
အနာဂတ်မျိုးဆက်အတွက်ယနေ့လူသားများမှာတာဝန်
ရှိသည်ဟုယုံကြည်ပါသည်။
ဒါကြောင့်ယခုဆောင်ရွက်မှုအားအပြည့်အဝထောက်ခံပါ
သည်။ကျေးဇူးများစွာဖြင့်

nyimoon said...

ရထားလမ်းဖေါက်တာတော့ဖေါက်ပေါ့ ကို့အတွက်ကျန်အောင်တော့ မလုပ်သွားပါနဲ့ တိုင်းပြည်ကောင်းကျိုးပြည်သူလူထုကောင်းကျိုးတွေလုပ်တာတော့ ဒါကောင်းပါတယ်.ပြီးမှ ယခင်လို အတိအလင်းပြောပြီးမှ အခြေအနေအကြောင်းကြောင့်ပျက်ခဲ့တာမျိုးမဖြစ်သင့်ဘူး ပြောတာတွေကတော့ အမှန်တွေပေါ့ လုပ်တာကျမှ တလွဲမလုပ်ပါနဲ့တော့...တကယ်တမ်းနစ်နာမယ့်ဆိုရင်ပြည်သူလူထုကလွဲပြီးတစ်ခြားဘယ်သူမှ မခံစားရဘူး...

aunglay said...

ရန်ကုန်ဘူတာကြီးက ပါဆယ်(၂)ကိုလဲ ပြင်ပေးပါဦး။တခေါက်လောက်လဲလာကြည့်ပါ ကားတွေဘယ်လိုမောင်းနေရတာလဲ ဂိတ်ကြေးတွေဘယ်လိုကောက်နေလဲ။

Tenissary said...

သေမင်းတမန်ရထားလမ်း ပြန်ဖောက်လုပ်မည်ဟုဝန်ကြီးဦးအောင်မင်းပြော
ဆိုတာထက်
ဘုရားသုံးဆူ-သံဖြူဇရပ် မီးရထားလမ်းကို ပြန်လည်ဖေါက်လုပ်တော့ မည် ဟုဝန်ကြီးဦးအောင်မင်းပြော ဆိုတာကပိုဖတ်လိုကောင်းပါတယ်။

win said...

ဒီမှာ အလုပ်မရှိ အိမ်ကမကြည်ဖြူလို့ညစ်နေရတဲ့ထဲ
ဟိုဟာလုပ်မလေး ဒီဟာလုပ်မလေးနဲ့
အေးလေ သူတိုံ့က စားဖို့ လုပ်ဖို့မပူရပဲ
သူများမကျိုး တကယ်လိုရင် အခု ကို့လူမျိုးတွေ ဘယ်လိုစားနေ နေနေရသလည်း
ခံနီ ပါရမီကို မဖြည့်ချင်ပဲ ဖြည့် နေရင်း မနက်ဖြန်အတွက်ရင်လေးနေရတယ်ဆိုတာ သိရောသိရဲ့လားပဲ
သိရင်လည်း အော် ၀တ်ကြွေး တယ်ကြောက်စရာကောင်း
ငါမဖြစ်ပါစေနဲ့ မဖြစ်အောင်နေမှဆိုပြီး မမြင်အောင်နေ ဝေးဝေးမှာနေနော်
လိုအပ်မှ ပြည်သူတွေကိုမတ်လုံးပေး ပြီးညာပေါ့ ဟုတ်လား

naughty boy said...

သေမင်းတမံရထားလမ်းလို့ သုံးနှုန်းတာ အမြင်မှာ မတင့်တယ်ပေမယ့်.. ဒီနာမည်ဟာ သမိုင်းဝင်နာမည်ပါ။ ဖြစ်စဉ်ဟာလည်း ကမ္ဘာ့သမိုင်းဝင်ဖြစ်စဉ်ပါ။ ကမ္ဘာ့သမိုင်းမှာလည်း the Death Railway လို့ပဲ ခေါ်ဝေါ် မှတ်တမ်းပြုထားပါတယ်။ အခု သေမင်းတမန်ရထားလမ်း လို့သုံးလိုက်တဲ့အတွက် မသိသေးတဲ့ မျိုးဆက်သစ်တွေလည်း နာမည်ကို စိတ်ဝင်စားပြီး ဒီအကြောင်းကို လေ့လာဖြစ်သွားရင် ကိုယ့်မြန်မာနိုင်ငံမှာ ဖြစ်ပျက်သွားတဲ့ ကမ္ဘာကျော် ဖြစ်စဉ်ကြီးကို ပြန်လည်သိရှိလေ့လာခွင့် ရသွားနိုင်တယ်လို့ မြင်မိပါတယ်။ Death Railway ဆိုတာ မြန်မာနိုင်ငံနဲ့ ပတ်သက်ခဲ့တဲ့ မီးရထားလမ်းဆိုင်ရာ ကမ္ဘာ့မှတ်တမ်းမှာ အထင်ကရရှိနေဆဲမို့ တခြားနာမည်တွေသုံးနှုန်းလိုက်ရင် ဖတ်လို့ တင့်တယ်ကောင်းမွန်ပေမယ့် သမိုင်းမှတ်တမ်းတန်ဖိုး မဲ့သွားနိုင်သလို၊ အရင်အစိုးရ အဆက်ဆက်ရဲ့ အမူအကျင့်တွေအတိုင်း အကျည်းတန်ခဲ့သမျှကို အပေါ်ယံရွှေမှုန်ကျဲပြီး ဖုံးကွယ်သလို ဖြစ်သွားမလားလို့ တွေးမိပါတယ်။

တြိရတနာ said...

U2 ရေ ဘာပဲပြောပြောပျက်တဲ့ မြေအောက်ရထားပဲဖြစ်ဖြစ် မိုးပြန်ရထားပဲဖြစ်ဖြစ် လမ်းကတော့ လိုတယ်မဟုတ်လား။ U2နဲ့ကျနော် လုပ်ပိုင်ခွင့်ရှိလာတော့မှ ခေတ်မှီတဲ့ ရထားဆွဲတာပေါ့ ခုတော့သူတို့ လမ်းဖောက်တာ လုပ်ပါ့စေ။

Powered by Blogger.