ကချင် စစ်ရှောင်စခန်းရှိ ကလေးငယ်များ ပညာသင်ရေး အခက်အခဲရှိနေ

ကချင်ပြည်နယ် မန့်ဝိုင်းကြီး စစ်ဘေးရှောင်စခန်း အနီးတစ်ဝိုက်မှလွဲ၍ ဝေးကွာသည့်နေရာများရှိ ကလေးငယ်များမှာ စာသင်ကြားခွင့် အခက်အခဲရှိနေကြသည်ဟု အကူ အညီ သွားရောက်ပေးအပ် နေကြသူအဖွဲ့များထံမှ သိရသည်။
ကချင်ပြည်နယ်တွင်း၌ ပြီးခဲ့သည့်နှစ် ဇွန်လမှစ၍ အစိုးရတပ်နှင့် ကေအိုင်အိုကြား ပဋိပက္ခများကြောင့် စစ်ဘေးရှောင်စခန်းများသို့ ရောက်ရှိနေသော ကလေးငယ် ၁ဝဝဝ ကျော်ထဲမှ အများစုမှာ ထိုကဲ့သို့ အခက်အခဲများရှိနေကြသည်ဟု မန့် ဝိုင်းကြီးစခန်းမှ ပြန်ရောက်လာသူ ဦးဘိုဘိုက ပြောသည်။
”အဓိကကတော့ ကလေးတွ စာသင်ဖို့အတွက်ကို တိကျရေရာတဲ့ အစီအမံတွေ အဲဒီ့နေရာတွေမှာ မရှိကြတာပေါ့၊ ကလေးတွေ မေးကြည့်တော့လည်း မသိသလို၊ လူကြီးတွေကလည်း စီစဉ်တုံးပဲလို့ပဲဖြေကြတယ်” ဟု ၄င်းက ပြောသည်။
မန့်ဝိုင်းကြီး အနီးရှိ ငါနောင်းပါးခန်းတွင် စာသင်ကျောင်းတစ် ကျောင်းရှိသော်လည်း၊ စာသင်ခုံများ ကျောင်းသုံးပစ္စည်းများ အကူအညီ လိုအပ်နေကြကြောင်းလည်း အဖြူရောင်တွဲလက်များ အဖွဲ့မှ သိရသည်။
ရွာပေါင်း ၂၂ ရွာမှ ထွက်ပြေး တိမ်းရှောင်နေကြသော ရန်လုံစခန်းတွင်လည်း မူလတန်းကျောင်းသား ၂ဝဝ ရှိနေရာ စာသင်ကြားရမည့် စာသင်ခန်းများ လိုအပ်နေသည်ဟု ကူညီမှုပြုပေးနေသူမဇင်မာအောင်က ပြောသည်။
မန့်ဝိုင်းကြီးစခန်းမှ ယခုရက်ပိုင်းအတွင်း ပြန်လာသူ ဦးဘိုဘိုက ”ဆရာမတွေတော့ရှိနေပါတယ်၊ ဒါပေမဲ့ လုံလုံလောက်လောက်တော့ မဟုတ်ဘူး၊ တိမ်းရှောင်စခန်း ဆိုတော့ ယာယီတဲတွေဆောက်ပြီး ဖြစ်သလို နေကြရတာဆိုတော့၊ အဓိကက ထပ်ချဲ့ပြီးဆောက်ကြမှ ဖြစ်မှာပါ၊ အဓိကလိုနေတာက ဆောက်ဖို့ပစ္စည်းနဲ့ သင်ထောက် ကူ ကျောင်းသုံးပစ္စည်းတွေပါပဲ”ဟု ပြောသည်။
ကချင်ပြည်နယ်အတွင်း အစိုးရလက်အောက်ခံ စာသင်ကျောင်းများ နှင့် ကေအိုင်အိုလက်အောက်ခံ စာသင်ကျောင်းများဟူ၍ ရှိနေရာ စစ်ဒဏ်ကြောင့် နှစ်ဖက်စာ သင်ကျောင်းများ ပျက်စီးခဲ့မှုအချို့နှင့် စွန့်ခွာမှုများပြု လုပ်ခဲ့ရသည့်အတွက် ကျောင်းသားများအနေဖြင့် စာသင်နှစ်အမီ ထိုကဲ့သို့စာသင်ကျောင်း မလုံလောက် မှု ပြဿနာနှင့် ရင်ဆိုင်နေကြရသည်ဟု သိရသည်။
တရုတ်ပြည်ဘက်ခြမ်း၊ တရုတ်ပြည်နယ်စပ်ရှိ ခရစ်ယာန် သာသနာပြု ဘုန်းတော်ကြီးတစ်ဦးက ကုလသမဂ္ဂအဖွဲ့များမှ အကူအညီများ ရောက်ရှိနေသည့် သတင်းများပါ ပြီးသွားသည့် အချိန်မှစကာ၊ အကူ အညီမလိုတော့ဘူးဟူ၍ ထင်သွားပုံရကာ လာရောက်ကြသူများ မရှိ တော့ကြောင်း လက်ရှိအခြေအနေ ကို ရှင်းပြသည်။
၎င်းက ”အကူအညီတွေက အမှန်တကယ်တော့ အရမ်းကိုလိုအပ်နေဆဲပါ။ အခုစစ်ပွဲတွေ ဖြိုးဖြိုးဖြောက်ဖြောက် ဖြစ်နေတဲ့အချိန်မှာ ဒုက္ခသည်တွေ ထပ်တိုးလာဖို့ပဲ ရှိနေ ပါတယ်”ဟု ဆက်လက်ကာ ပြောသည်။
လက်ရှိစာရင်းများအရ ပြည်နယ်တစ်ခုလုံးတွင် စစ်ဘေးရှောင်ဦးရေ ငါးသောင်းကျော်ရှိပြီး၊ ကလေးငယ်များမှာ လေးပုံတစ်ပုံခန့်ရှိနေရာ ယခုထက်ပိုမိုများလာနိုင်ခြေ လည်း ရှိနေသည်ဟု သွားရောက်ကူညီ ကြသူများထံမှ သိရသည်။
Popular Myanmar News Journal
ကချင် စစ်ရှောင်စခန်းရှိ ကလေးငယ်များ ပညာသင်ရေး အခက်အခဲရှိနေ ကချင် စစ်ရှောင်စခန်းရှိ ကလေးငယ်များ ပညာသင်ရေး အခက်အခဲရှိနေ Reviewed by သစ်ထူးလွင် on 12:14 Rating: 5

3 comments:

san san said...

အစိုးရကကူညီတာငြင်းလိုက်တော့ကုလကလည်းမလိုတော့ဘူးထင်မှာပေါ့။လောလောဆယ်ကချင်းဒေသကလူတွေဘဲဒုက္ခရောက်တယ်။တကယ်ကယ်တင်ချင်ရင် စစ်ပွဲရပ်လိုက်တာကောင်းတယ်။ကလေးတွေနဲ့မိန်းမတွေဒုက္ခရောက်တယ်။KIAလူုကီးပိုင်းတော့တရုတ်ပြည်မှာကောင်းစားနေကြတယ်။တရုတ်သွေးထိုးပြီးကချင်ကိုတရုတ်တွေနေနေကြတာတော့အစိုးရကောKIA ကောုကည့်နေုကတယ်။

nyimoon said...

ကချင်ပြည်နယ်ဆိုတာ မြန်မာနိုင်ငံထဲက ပြည်နယ်တစ်ခုဘဲ.ခုဖြပျက်နေတာတွေကို ဒီအတိုင်းမထားသင့်ဘူး KIA ကလည်းစစ်မတိုက်နဲ့ မြန်မာစစ်အစိုးရတပ်တွေကလည်း စစ်မတိုက်နဲ့ ဒါရှင်းနေတာဘဲ ဘာကြောင့်တိုက်ချင်နေကြတာလဲ ကြားက ပြည်သူတွေဘဲ နောက်ဆုံးတော့ နစ်နာရတာဘဲ စစ်ပြီးသွားတော့ရော ဘာတွေဆက်ဖြစ်လာမှာလဲဘယ်သူတွေအကျိုးအမြတ်ရမှာလဲ ပြည်သူတွေဘဲ သေကြေကြတာဘဲ.ကျွန်တော်တို့ပြည်သူတွေဘဲ ပညာရေးနဲ့ဝေးရတယ် စားဝတ်နေရေးပူပန်ရတယ်.စစ်ကိုမုန်းပါတယ်ဆိုမှ အရမ်းတိုက်ချင်နေကြပါလား.ပြည်သူတွေကိုသနားငဲ့ညှာဖို့ မစဉ်းစားကြတော့ဘူးလား.ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပြီးဆုံးပါစေလို့ ဆုတောာင်းပါတယ်.ကချင်ပြည်နယ် ကစစ်ကြောင့်ဒုက္ခရောက်နေသူများကျန်းမာချမ်းသာကြပါစေ

no said...

စာ မ တတ်ေ တာ့ သူ တောင်း စား ဖြစ် မှာပေါ့ သူ တို့ အာ ဏာ လု တာကအ ရေး မ ကြီးဘူး ကေ လး များ ကို (ကုလက) စည်းစားပေးသင့်သည်

Powered by Blogger.