ILO ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် မိန့် ခွန်းပြောမည်

ဒေါ်အောင်ဆန်းစုကြည် ထားဝယ်မြို့ ခံလူထုကို မိန့် ခွန်းပြောကြားနေစဉ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဇွန်လ (၁၅) ရက်နေ့ ဆွဇ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ မှာကျင်းပမဲ့ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်-ILO ညီလာခံမှာ မိန့်ခွန်းပြောမဲ့အကြောင်း AFP သတင်းမှာ ရေးထား ပါတယ်။ ILO ညွှန်ကြားရေးမှုးချုပ် Juan Somavia က ဒေါ်အောင်ဆန်းစုကြည် ညီလာခံမှာ စကားပြောပါလိမ့် မယ်၊ ကမ္ဘာ့ခေါင်းဆောင်တွေရှေ့ မှာ နိုင်ငံတကာအဆင့် မိန့်ခွန်းပြောမှာဖြစ်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။ 
ဒီ့နောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နော်ဝေးနိုင်ငံကို ခရိးဆက်မှာဖြစ်ပြီး ဇွန်လ (၁၆) ရက် မွန်းလွဲ (၁)နာရီ အော်စလိုမြို့ တော်ခန်းမမှာ မိန့်ခွန်းပြောဖို့ စီစဉ်ထားပါတယ်။ ဇွန်လ (၁၇) ရက်နေ့မှာတော့ နိုဘယ်ဆုကော်မတီက ကျင်းပမဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆု ပေးအပ်ပွဲအခမ်းအနား ကို တက်ရောက်ဖို့ စီစဉ်ထားပါတယ်။
ဒီဗွီဘီ
ILO ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် မိန့် ခွန်းပြောမည် ILO ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် မိန့် ခွန်းပြောမည် Reviewed by သစ်ထူးလွင် on 16:07 Rating: 5

6 comments:

aungthapyayhtun said...

အမေကိုမြန်မာကတင်မဟုတ်ပါဘူး ကမ္ဘာကပါလက်ခံထားတာသိသာနေပါတယ်..အမေအတွက်ဝမ်းသာပိတိဖြစ်မိပါတယ်အမေကြောင့်သားတို့ ပြည့်ပမှာခေါင်းမောရင်ကောနိုင်ပြီအမေ..မြန်မာနိုင်ငံတွင်းမှာရှိကြတဲ့လေလုံးထွားနေတဲ့ပုဂိုလ်ကြီးများ ..အမေလိုကမ္ဘာကအသိမှတ်ပြုအောင်တော့မလုပ်နိုင်တာသေကြာပါတယ်မြန်မာကအသိမှတ်ပြုအောင်နေထိုင်ပေးကြပါလို့ ....

sekomyo said...

နိုင်ငံတကာအဆင့်မိန့်ခွန်းဆိုပါလား။
ဒီလိုပုဂ္ဂိုလ်မျိုးက ဒီလိုအဆင့်ရှိတယ်။
အဆင့်မရှိတဲ့ပုဂ္ဂိုလ်တွေက ဒီအထဲမှာအများကြီးရှိတယ်။

shein said...

ဒေါ်စုကို တစ်ခုတောင်းဆိုပါရစေ...မြန်မာနိုင်ငံမှာ အလုပ်သမားဥပဒေ ထွက်ပေါ်လာရေးကို မြန်မြန်အကောင်အထည်ဖော်ပေးပါလို့ ။

minkaung said...

?စိစစ်ပြီးဖော်ပြသောမှတ်ချက်များမှာ ဆဲဆိုမှုများ ရိုင်းပျခြင်းများ စာလုံးပေါင်းမမှန်ခြင်းများ
အစရှိသဖြင့်ပါရှိနေခြင်းမှာ မဖြစ်သင့်ဘူးလို့ထင်ပါတယ်။

ohnmar swe said...

တို်င်းပြည်နဲ့လူမျိုးအတွက်အလုပ်လုပ်နေတဲ့အမေ့ကိုအမြဲအားပေးနေမှာပါ....ကမ္ဘာမှာမြန်မာရယ်လို့လက်မထောင်နိုင်အောင်ကြိုးစားနေတဲ့အမေ့ကို ဂုဏ်ယူတယ်အမေ.......

Kyiminhtay said...

အလုပ်သမား ဥပဒေ မကြာခင်ကမှ ထုတ်ပြန်ထားတာရှိပါတယ် ဒီထက်ပိုကောင်းအောင်အကြံပြုချင်တယ်ဆိုရင် ဥပဒေကိုလေ့လာကြည့်ပါ

Powered by Blogger.