ဂုဏ်ထူးဆောင်ဘွဲ့တစ်ခု ဒေါ်အောင်ဆန်းစုကြည် ထပ်မံရရှိ

အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်၊ Johns Hopkins တက္ကသိုလ်က ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီ ရရှိရေး ငြိမ်းချမ်းစွာ တိုက်ပွဲဝင်မှုအတွက် ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်လိုက်ပါတယ်။
NLD
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်တွင် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မြစ်ကြီးနားမြို့ဒေသခံ ပြည်သူလူထုနှင့် တွေ့ဆုံနှုတ်ဆက်နေစဉ်။
အခုလို ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ရတာနဲ့ ပတ်သက်ပြီး Johns Hopkins တက္ကသိုလ်ရဲ့ထုတ်ပြန် ကြေညာချက်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ဘ၀တာရဲ့အချိန်ကာလအများစုကို စစ်အစိုးရ ဆန့်ကျင်ရေးအတွက် ပေးဆပ်ခဲ့ကြောင်းနဲ့ အရင်လအတွင်းက ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ သူဦးဆောင်တဲ့ ပါတီဝင်တွေ အနိုင်ရရှိတာကို အစိုးရက အသိအမှတ်ပြုခဲ့ရကြောင်း ဖော်ပြထားပါတယ်။
အဲဒီ ဆုပေးပွဲ အခမ်းအနားကို မေလ ၂၄ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ တက်ရောက်နိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
တချိန်ထဲမှာပဲ နော်ဝေနိုင်ငံကရရှိတဲ့ သတင်းအရ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့်ဇွန်လ ၁၆ ရက်နေ့မှာ ၁၉၉၁ ခုနှစ်မှာ သူရရှိခဲ့တဲ့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ကိုယ်တိုင်လက်ခံရယူပြီး မိန့်ခွန်းပြောကြားမှာ ဖြစ်ကြောင်း နိုဘယ်လ်ဆု ရွေးချယ်ရေးကော်မတီက တနင်္လာနေ့မှာ တရားဝင် ပြောကြားလိုက်ပါတယ်။
ဆုပေးပွဲကို အော်စလိုမြို့တော်ခန်းမမှာ ကျင်းပမှာဖြစ်ပြီး နေ့လည် ၁ နာရီမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားမှာ ဖြစ်တယ်လို့ နိုဘယ်လ်ဆု ရွေးချယ်ရေးကော်မတီက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
RFA-Burmese
ဂုဏ်ထူးဆောင်ဘွဲ့တစ်ခု ဒေါ်အောင်ဆန်းစုကြည် ထပ်မံရရှိ ဂုဏ်ထူးဆောင်ဘွဲ့တစ်ခု ဒေါ်အောင်ဆန်းစုကြည် ထပ်မံရရှိ Reviewed by သစ်ထူးလွင် on 11:38 Rating: 5

11 comments:

Kachin Thar said...

ကြံ့ဖွတ် ကထူထောင်တဲ့ ဝက်ဘ်ဆိုဒ် တခုမှာ အမေစုကို လင်ငယ်နဲ့ ရတဲ့ သမီးတစ်ယောက်အကြောင်း တင်ထားတယ်..ဌေးဦး နဲ့ အောင်သောင်း စံနက်တွေပါ ၂၀၁၅ မှာ ကျဆုံးတော့မဲ့ သူတို့ကြိုးကွင်း တွေကို ရှောင်ချင်လို့ ခွေးကျင့်ခွေးကြံ တွေ ကြံပြီး ရေးနေကြပြီ...ဌေးဦး ကိုယ်တိုင်က အင်တာနက်မှာ နောက်ကျကျန်ခဲ့လို့ သူတို့ ၂၀၁၂ မှာ ရှုံးတာမို့လို့ မီဒီယာ ပိုင်းကို ပိုပြီး လုပ်ရမယ် ပြောတာပဲ..လုပ်တော့လည်း ခွေးကျင့်ခွေးကြံက စလုပ်တာမို့ သတိတော့ထားကြပါ..အမေ့ ကို ဝီုင်းရံကြပါ...ခွေးတွေ ထွက်ပေါက်မရှိတော့ ဝိုင်းဟောင်ကုန်ပါပြီ...ခွေးရိုက်တုတ်တွေ ပြင်ထားကြပါ...

minsoeaung said...

ကမ္ဘာမှာဘွဲ့ ထူး ဂုဏ်ထူး အများဆုံးသောစာရင်းဝင်ဖြစ်
သွားဘီ။ ဂရင်းနစ်စာအုပ်မှာထည့်ပေးပါတော့ဗျို့။
ဒါမှဒို့အမေစုကွ။
တန်တယ်နော်
ကြိုးစားထားအမေစု။
ဂုဏ်ယူပါသည်။
ညောင်သီးလည်းစား လေးသံလည်းနားထောင်သင့်ပါသည် လို့သာ

aung zaw myo tun said...

တော်လိုက်တဲ့အမေဂုဏ်ယူပါတယ်သားတို့အားလုံး

pyisoe said...

မြန်မာနိုင်ငံကရော ဒေါ်စုကို ဘာဖြစ်လို့ ဘွဲ့တံဆိပ်တွေ မပေးသေးတာလဲဗျာ။ ကိုယ့်နိုင်ငံသားတစ်ယောက်ကို သူများနိုင်ငံတွေက အမျိုးမျိုးသော ဘွဲ့တွေ၊ ဆုတွေ ပေးလိုက်ကြတာ၊ မြန်မာတွေမှာ ပေးစရာမရှိကြဘူးနဲ့တူတယ်။ မြန်မာဆိုတာ သူများပေးတာကမ်းတာပဲမျှော်နေကြရရှာတာကို။ အဖြစ်က မကောင်းဘူးဗျာ၊ ဂုဏ်ယူရမှာလိုလို ရှက်ရမှာလိုလို။ ကိုယ့်တိုင်းပြည်က သူများနိုင်ငံသားကို ပေးစရာတွေက ဘာတွေများလဲ။ သယံဇာတတွေလား၊ မြေကွက်တွေလား၊ လူသားအရင်းအမြစ်တွေလား--

66koaungaungtun@gmail.com said...

အမေစုခင်ဗျာအရမ်းကိုဝမ်းမြောက်မိပါတယ်ခင်ဗျာ

Nay Nwaye said...

ဂုဏ်ယူလျှက်ပါ အန်တီစု သရေစည်သူ သရက်စည်သူဆိုတဲ့ဟာတွေထက်စာရင် အန်တီစုရဲ့ဘွဲ့တွေက အရမ်းမြင့်လွန်းပါတယ်။

honey said...

အမေရယ်...
အမေ့ရဲ့အရည်အချင်းတွေအတွက်
ထိုက်တန်လွန်းတဲ့ဆုများစွာတိုင်းကို
နှလုံးသားတွေလှုပ်ရှားလာတဲ့အထိ
နင့်နင့်နဲနဲဝမ်းသာပီတိဖြစ်ရရင်း
ဂုဏ်ယူမိပါတယ်။အမိပြည်ကိုကိုယ်စားပြုတဲ့
ကမ္ဘာကြီးမှာအနှိုင်းမဲ့ခေါင်းဆောင်ကောင်းတစ်ဦး
ဟီးရိုးပါအမေ...
အမေအသက်ရာကျော်ရှည်ပြီးကျန်းမာသုခပြည့်စုံလျှက်
ဘယ်သူနဲ့ပြိုင်ပြိုင်အမေနိုင်ပါစေ..

junethitsar said...

အမေရယ်...
အမေ့အတွက် နှလုံးသားတွေ တဒိတ်ဒိတ်ခုန်တဲ့အထိ
လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူမိပါတယ်။ ဒီထက်မက ထူးခြားလေးနက်တဲ့ စကားလုံးနဲ့ ထပ်လောင်းပြီး အမေ့အတွက် ဂုဏ်ယူပါတယ် အမေ။
ဒါနဲ့ စကားမစပ် လသာရုံးခန်းဖွင့်ပွဲမှာ အမေလို့ အားရပါးရခေါ်ပြီး စကားတွေပြောလိုက်ရတာ တစ်သက်လုံးစာအတွက် ပီတိဖြစ်လို့မဆုံးဘူး။
ပြန်တွေးလိုက်တိုင်း ကြည်နူးရတယ်။
အခြေအနေပေးရင် အမေ့ကို ထပ်ပြီး တွေ့ခွင့်ရချင်ပါတယ်။
ချစ်ရတဲ့ အမေ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် အသက်ရာကျော်ရှည်ပြီး
ဒီမိုကရေစီနိုင်ငံတော်ကြီး အမြန်ဆုံး တည်ထောင်နိုင်ပါစေ.....

ngapawgi said...

အန်တီစုရေ ဘွဲတွေ ဂုဏ်ထူးတွေ ယူတာလဲ ယူတာပေါ့ဗျာ အန်တီစုက ပြည်သူလူထုနဲ့ တစ်သားတည်း ကိုစားပြု ဖြစ်တယ် ၊ NLD ကို ပြည်သူလူထုရဲ့ ၀ိဥာဉ် တခုအနေနဲ့ ယူဆထားပါတယ်။ ပြည်သူလူထုတွေ နေ့စဉ်နဲ့ အမျှစိတ်ဆင်းရဲနေရတဲ့ လျှပ်စစ်မီး ပြသနာကို လည်း ကြားဝင်ဖြေရှင်းပေးပါဦး ပြည်သူတယောက်အနေနဲ့ ဆန္ဒပြုပါတယ်။ အစိုးရ မယုံကြည်ပါဘူး၊ အန်တီစု ပြောရင် လက်ခံပါတယ် ယုံလည်း ယုံကြည်ပါတယ် အားလည်းကိုးပါတယ် ။

minkaung said...

ဆုတံဆိပ်နဲ့ဘွဲ့တွေအများကြီးထဲကဘာဆုမှမရရှိသေးတဲ့လက်ရှိအစိုးရခေါင်းဆောင်တွေကိုတစ်ခုစီလက်ဆောင်ပေးလိုက်ပါ ပိုနေသေးလျှင်လည်းကြံ့ဖွတ်ခေါင်းဆောင်တွေကို လက်ဆောင်ပေးလိုက်ပါ။သူတို့ဆီမှာဂုဏ်ယူစရာဘာတခုမှမရှိသောကြောင့်ဖြစ်ပါသည်။

Ma Ma Hnin ze said...

ပျော်လိုက်တာအမေရယ်။မြန်မာနိုင်ငံက အဘက်ဘက်မှာနိမ့် ကျနေပေ မဲ့ အမေတို့လို့ လူမျိုးရှိယုံနဲတင် မြန်မာနိုင်ငံမှာ လူဖြစ်ရ တာ တန်နေပါပြီ။သမီးလဲ သမီးအင်အားရှိသမျှကိုသုံးပြီး အမေလို့ပဲသမီးတို့နိုင်ငံအတွက်လုပ်ပေးနေပါတယ်အမေ။သိပ်ချစ်ပါတယ်။အမေရဲကျန်းမာရေကို ဂရုစိုက်နော်။ အမေက သမီးတို့ရဲ အားပါ အမေသာတစ်ခုခုဖြစ်သွားရင် သမီးတို့ရင် ကျိုးမှာ အမေရဲ့သမီးတို့ အင်းနဲအားနဲ လှော်နေတုန်းမှာ တက်ကျိုးလို့ မဖြစ်ဘူးနော် အမေက သမီးကိုဝမ်းနဲလွယ်ပြီးမမွေးပင်မဲ့ သမီးကတော့ အမေသမီးလို့ပဲ ခံယူထားပါတယ်။အမေကသမီးရင်ထဲနှလုံးသာထဲမှာ ဘယ်တော့ မှပျောက်ကွယ်သွားမျာမဟုတ်ပါဘူး။သိပ်ချစ်ပါတယ် မေမေရယ်

Powered by Blogger.