အမှတ် ၂ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန မှ ပြည်သူလူထုသို့ မေတ္တာရပ်ခံချက် ထုတ်ပြန်

ရွှေလီ-မန်စံ မဟာဓာတ်အားလိုင်း ဗုံးဖောက်ခွဲ ဖျက်ဆီးခံရမှုကြောင့် ပျက်ဆီးမှုမြင်ကွင်း(ဓါတ်ပုံ-ရန်ကုန်တိုင်းမ်)
လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှု လျော့နည်းခြင်းကြောင့် အလုံ အလောက် ပေးဝေနိုင်ခြင်း မရှိခြင်းကို နားလည်ပေးပါရန် အရပ်သား အစိုးရအဖွဲ့ လက်ထက်တွင် ပထမဆုံးအကြိမ်အဖြစ် ပြည်ထောင်စု အဆင့် ၀န်ကြီးဌာန တစ်ခုမှ ပြည်သူလူထုသို့ မေတ္တာရပ်ခံခဲ့သည့် ကြေငြာချက် တစ်စောင်ကို မေလ ၂၂ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းမီဒီယာ များတွင် ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ပေးနေသော ရေအား လျှပ်စစ်ဓါတ်အားပေး စက်ရုံ ၁၈ ရုံ သဘာဝ ဓါတ်ငွေ့ ဓါတ်အားပေးစက်ရုံ ၁၀ နှင့် ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံ ၁ ရုံ စုစုပေါင်း ၂၉ ရုံမှ လျှပ်စစ်ဓါတ်အား ထုတ်လုပ်နိုင်မှုမှာ မိုးရာသီ ၁၆၁၀ မဂ္ဂါဝတ် ရှိပြီး နွေရာသီ ၁၃၄၀ မဂ္ဂါဝတ်ခန့်သာ ထုတ်လုပ်နိုင်ကြောင်း၊ လျှပ်စစ်ဓါတ်အား သုံးစွဲမှု ပမာဏ မှာ မိုးရာသီ တွင် ၁၅၆၀ မဂ္ဂါဝတ်သာ ရှိသော်လည်း နွေရာသီ ကာလတွင် ၁၈၅၀ မဂ္ဂါဝတ်အထိ သုံးစွဲမှုကြောင့် အများဆုံး ထုတ်လုပ်နိုင်သည့် ၁၃၄၀ မဂ္ဂါဝတ် ထက် ကျော်လွန်နေသဖြင့် အလှည့်ကျစနစ်ဖြင့် ဓါတ်အားဖြန့်ဖြူးနေရပါကြောင်း ထိုကဲ့သို့ အလှည့်ကျစနစ်ဖြင့် ဆောင်ရွက်နေစဉ် အတောအတွင်းမှာပင် ရွှေလီ-မန်းစံ ၂၃၀ ကေဗွီ ဓါတ်အားလိုင်း တိုင်အချို့မိုင်းခွဲ ဖျက်ဆီးခံရမှုကြောင့် ၂၀၀ မဂ္ဂါဝတ် လျော့နည်းသွားသဖြင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်နိုင်မှုမှာ ၁၁၀၀ မဂ္ဂါဝတ်သာ ရှိပါကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဓါတ်အားထုတ်လုပ်နိုင်မှု မလုံလောက်မှုကြောင့် နိုင်ငံပိုင် စက်ရုံများနှင့် မြစ်ရေပြင် စီမံကိန်းများ ၊စက်မှုဇုန်များကို လျှပ်စစ်ဓါတ်အား ဖြတ်တောက် ထားရပြီး အများပြည်သူများကို ဦးစားပေး၍ ဓါတ်အားဖြန့်ဝေ ပေးလျှက်ရှိပြီး ရေရှည်စီမံချက်အနေဖြင့် ရန်ကုန်မြို့တော်တွင် ၆၀၀ မဂ္ဂါဝတ် ထုတ်လုပ်နိုင်မည့် ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံကို ဂျပန်နိုင်ငံ (Jpower) ကုမ္ပဏီ နှင့်လည်းကောင်း ၅၀၀ မဂ္ဂါဝတ် ထုတ်လုပ်နိုင်မည့် ဓါတ်အားပေးစက်ရုံကို တောင်ကိုရီးယား သမ္မတနိုင်ငံ BKB နှင့်လည်းကောင်း ပူးပေါင်း တည်ဆောက်သွားရန် ရှိပါသဖြင့် အလှည့်ကျ ဓါတ်အားပေးနေရသော အခြေအနေကို နားလည်ပေးပါရန် အထူး မေတ္တာရပ်ခံပါကြောင်း အမှတ် (၂) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနက ကြေငြာချက် ထုတ်ပြန်ခဲ့သည်။
The Voice Weekly
အမှတ် ၂ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန မှ ပြည်သူလူထုသို့ မေတ္တာရပ်ခံချက် ထုတ်ပြန် အမှတ် ၂ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန မှ ပြည်သူလူထုသို့ မေတ္တာရပ်ခံချက် ထုတ်ပြန် Reviewed by သစ်ထူးလွင် on 16:24 Rating: 5

41 comments:

goldentiger.mhs said...

တစ်သက်လုံးပဲ
ဒီလိုပဲနားလည်ပေးထားခဲ့ရတာပြည်သူတွေပါ
အစိုးရဆိုတာကတော့
နားလှည့်ပြီး..ပါးရိုက်လုပ်နေကျပဲ
တစ်ကယ့်အရေးကြီးတော့
ဘယ်သူကဖြေရှင်းပေးနိုင်လို့လဲ
နစ်သထက်နစ်
မှောင်သထက်မှောင်နေကြရတာ
နောက်မျိုးဆက်တွေအထိပါ

Information Sharing said...

ကြိုဆိုပါတယ်ဗျာ ပြည်သူနဲ့ အစိုးရကြားမှာ အခုပွင်းလင်းမြင်သာတာ ကောင်းတဲ့ လက္ခဏာတွေပါခင်ဗျာ။ အခုလိုဓာတ်အား မနိုင်တဲ့ တခဏကို ခွင့်လွှတ်ပြီး သည်းခံစေချင်ပါတယ်။ အခုအခက်အခဲကိုလည်း ၀န်ကြီးဌာန အနေနဲ့ ဖြေရှင်းပေးနေကြောင်းသိကြားသိထားရပါတယ်။ ဓာတ်အား မနိုင်တဲ့ အချိန်မှာ ဖေါက်ခွဲဖျက်ဆီးခံရလို့ အခြေအနေက ပိုဆိုးသွားတာလို့ ယူဆပါ တယ်။ ရေရှည်စီမံချက်အနေဖြင့် ရန်ကုန်မြို့တော်တွင် ၆၀၀ မဂ္ဂါဝတ် ထုတ်လုပ်နိုင်မည့် ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံကို ဂျပန်နိုင်ငံ (Jpower) ကုမ္ပဏီ နှင့်လည်းကောင်း ၅၀၀ မဂ္ဂါဝတ် ထုတ်လုပ်နိုင်မည့် ဓါတ်အားပေးစက်ရုံကို တောင်ကိုရီးယား သမ္မတနိုင်ငံ BKB နှင့်လည်းကောင်း ပူးပေါင်း တည်ဆောက်သွားရန်ရှိသည်လို့သိရလို့ ကောင်းမွန်တဲ့ခြေလှမ်းဖြစ်တယ်လို့ယူဆတယ်ခင်ဗျာ့။

252525 said...

ပထမအကြိမ်ဆိုနားလည်ပေးလို့ရပါတယ်..နောက်ဆိုအရန်အဆင့်သင့်ပေးလို့ရအောင်ကြိုးစားပေးပါ..
ပြည်သူတွေအနေနဲ့လဲခနလေးသည်းခံပေးကျပါ.

pudo said...

အကြောင်းပြချက်တွေရဖို့ ဆန္ဒပြနေတာမဟုတ်ဘူး။
လျှပ်စစ်မီး၇ဖို့ဗျ။ ပိုလျှံနေလို့ ရောင်းထုတ်ထားတဲ့ ဓာတ်အားတွေကနေ ရတဲ့ပိုက်ဆံတွေဘယ်ရောက်ကုန်လဲ။ အဲဒါနဲ့ပြန်ဝယ်ပါ့လား။
ကျုပ်တို့ပြည်သူတွေဟာ ခင်ဗျားတို့လုပ်သမျှခံခဲ့၇.. နားလည်ပေးခဲ့၇ပေါင်း
များနေပြီ...ဒီနေ့လဲ...ဆန္ဒပြမယ့်နေရာမှ.... ရဲတွေကြိုေ၇ာက်နေပြန်ပြီ...
စဉ်းစဉ်းစားစားလုပ်ကြပါဦး...မောင်မောင်ရဲတို့ရယ်...တကယ်ဆိုမင်းတို့ ကတောင် ဦးဆောင်ပြီးလုပ်ကြ၇မယ့်အလုပ်ပါ...ခုတော့.. ဖမ်းလားဆီးလား
နဲ့.....အခြေခံဥပဒေကိုဖတ်ကြည့်ပါဦးဗျာ....
တစ်ခါလာလဲအထက်ကခိုင်းလို့.. အထက်ကခိုင်းလို့နဲ့ ....ခင်ဗျားတို့က.. သူများခိုင်းတိုင်းလုပ်၇အောင် နွားလား....အထက်ကခိုင်းတဲ့...လာဘ်မစားရတို့...ပြည်သူပိုင်ပစ္စ့ည်းအလွဲသုံးစားမပြုရတို့ ဆိုတဲ့ဟာတွေကျတော့ေ၇ာ်... လိုက်လုပ်လို့လားဗျာ....
တလွဲဆံပင်ကောင်းနေကြတဲ့လူတွေ...
္ပ္ကဤမှန်ကန်သောသစ္စာစကားကြောင့်... အကျင့်ပျက်ခြစားအရာရှိကြီးငယ်များ
အပါယ်ငရဲတွင်... ထာဝရ မငြိမ်းတဲ့မီးနဲ့လောင်မြိုက်နေပါစေသား

aung myat said...

ဘာကိုနားလည်ပေးရမှာလဲ၊လျှပ်စစ်ဝန်ကြီးဦးဇော်မင်းကဗမာပြည်မှာလျှပ်စစ်တွေ
ပိုလျှံနေလို့တရုတ်ပြည်တောင်ရောင်းနေရတယ်လို့ပြောဘူးတယ်၊ဘယ်တုန်းက
မှလဲလျှပ်စစ်မီးမလုံလောက်ခဲ့ဖူးဘူး၊နေပြည်တော်မှာကျတော့ထိန်လင်းနေတာ
ဘဲ၊တိုင်းပြည်ကိုဆင်းရဲတွင်းရောက်အောင်လုပ်ပြီးကိုယ်နဲ့မဆိုင်သလိုနေပြည်
တော်မှာသွားပြီးငြိမ့်နေတဲ့ဦးသန်းရွှေ၊နှင့်သူ့လူတစုအတွက်တော့မီးမပျက်
ဘူး။သူတို့ကြောင့်တိုင်းပြည်တပြည်လုံးသူခိုး၊ဂျပိုးတွေဖြစ်သွားခဲ့တာ၊အခုလဲ
ထပ်ပြီးသည်းခံခိုင်းနေတယ်၊ဒီလူတွေအားလုံးဥပဒေနဲ့အညီတရားစွဲပြီး၊တရား
သူကြီးတွေအမှုစီရင်ဖို့ကောင်းတယ်။တိုင်းပြည်ကောင်းချင်ရင်မတရားလုပ်တဲ့သူတွေအရင်ဆုံး တရားစီရင်သင့်တယ်

ဖိုးဖိုးကြီး said...

ကြိုဆိုပါတယ် ၀န်ကြီးခင်ဗျား-အလုပ်ဆိုတာ အဲ့ဒီလိုမှပေါ့။

catman said...

အပေါ်ကgoldentigerဆိုတဲ့ကောင် အစိုးရကိုအပြစ်လျောက်ပြောမနေနဲ့ မင်းအဖေ kio/KIAကချင်ကောင်တွေကိုကျတော့ မင်းအဖေမို့လို့ ထည့်မပြောတာလဲ ဒီကောင်တွေမိုင်းထောင်ဖျက်ဆီးနေလို့ ဓါတ်အားတိုင်တွေ ခဏခဏပျက်ဆီးနေတာ...အဲ့ဒီကောင်တွေကြောင့်မီးပျက် တာတွေကြောင့် ဘာလို့မသိချင်ရောင်ဆောင်နေတာလ..မင်းတို့ရဲ့အဖေတွေမို့လား..ငါဘယ်သူ့ဘက်မှလိုက်ပြောတာမဟုတ်ဘူး..တစ်ခါလာလည်းအစိုးရပုံချ..တစ်ခါလာလည်းအစိုးရပုံချနဲ့..မင်းအမေ/အမတွေ..အိုကွာတစ်ဆွေတစ်မျိုးလုံး အဲ့ဒီကချင်ကောင်တွေနဲ့ပေးစားလိုက်တော့..ဒါပဲငါလိုးမသား

အောင်မြင် said...

ပြုပြင်တာတော့ဟုတ်ပါပြီ၊ဘယ်အချိန်ပြီးမှာလဲကိုဝါးသားသားနဲ့မပြောဘူးနော်။နောက်မသိလို့မေးချင်တယ်၊နေပြည်တော်ကပျက်မဲ့ထဲမပါဘူးလား။သောင်းကျန်းသူတွေကလည်းနေပြည်တော်ကိုချန်ပြီးဖျက်ဆီးလိုက်တာလား၊သိတဲ့သူများရှိရင်ဖြေပေးပါ။တာဝန်ရှိသူတွေကပိုပြီးသိပါလိမ့်မယ်။

နေကြာရိုး said...

ဝန်ကြီးတောင်းပန်ရမှာက အထက်လူကြီးများနဲ့ လူကုန်တန်များခင်ဗျာ။ တိုင်ပြည်ရှိပြည်သူများ အမှောင်ထဲမှာ ဖယောင်းတိုင်ကိုင်နေရပါသဖြင့် ခင်ဗျားကြီးတို့၏ အချိန်ပြည့်ဖွင့်ထားသော အဲယားကွန်းကြီးများ၊ ရှယ်ဆွဲနေသော မီးအားမြှင့်စက်ကြီးများကို ပုံမှန်ထက် လျှော့သုံးပေးကြပါခင်ဗျားလို့ သွားပြီး ကန်တော့ပွဲလေးနဲ့ တောင်းပန်ရမှာ။

မကြေနပ်သူ said...

ကြေငြာချက်ထဲမှာက ရွှေလီ 200 မက်ဂါဝပ် ပျက်တာကို
စက်မှုလုပ်ငန်း 500 မက်ဂါဝပ်ကိုနားပြီး ကျန်တာပြည်သူဦးစားပေးတဲ့
ခု လာချိန်မှာတောင် ခုလာလာ ခုပျက်နဲ့
အလကား အူကြောင်ကျားတွေ

လင်းယုန် said...

ကျန်တဲ့ တိုင်းနယ်ပြည်နယ်တွေကျ ခွဲတမ်းနဲ့ အလှည့်ကျ
မီးပေးတယ်
အဲဒီခွဲတမ်းချတဲ့ထဲမှာကျ နေပြည်တော်မပါဘူးနော်
နေပြည်တော်ကဟာတွေက လူတွေမဟုတ်ဘူးလား
ဘာတွေလဲလို့ ဖြေပေးကြပါ

သူရ said...

နွေရာသီးမှာ အများဆုံး သုံးစွဲမှဲုက ၁၈၅၀ မဂ္ဂါဝပ်။ ယခုထုတ်လုပ်နိုင်တာက ၁၀၀၀ မဂ္ဂါဝပ်။ အဲလိုဆိုရင် ၁၂နာရီးခြားပေးလိုရတာပေါ့။ လျှပ်စစ်ဌာနကလူတွေ သင်္ချာ မရလိုလား။

Unknown said...

ကြောင်လူဆိုတဲ့ကောင် ရိုင်းလှချည်လား လူကမွေးတာမဟုတ်လောက်ဘူး ဇော်မင်းကပြည်သူကို လျပ်စစ်တွေပိုလျံနေတယ်ပြောထားတယ်လေ နိုင်ငံခြားကုမ်ပဏီတွေတောင်မ၀င်ရသေးဘူး မဟူရာညဖြစ်နေပြီလေ.စက်မှုဇုံအကြီးစားတွေလာရင် လျပ်စစ်ဓတ်အားကအများကြီးထပ်လိုအုံးမှာ ..

တို့ခေတ် said...

ကိုသစ် ကိုသစ်ရဲ့ ပရိတ်သက် ကွန်မင့်တွေထဲမှာ ငါ နဲ့ ကိုင်တုတ်ထားတဲ့ကွန်မင့်တွေ မထည့်ပေးသင့်ဘူးထင်တယ်။ ကျွန်တော်တို့က သတင်းတွေတင် ဖတ်တာ မဟုတ်ပါဘူး။ တခြားသူတွေရဲ့ အသံကို ပါ နားစွင့်ချင်လို့ ကွန်မင့်တွေကိုပါ ဖတ်ပါတယ် ။ ကိုယ်ရဲ့ထင်မြင်ယူဆချက်တွေကို လွတ်လပ်စွာ ဆွေးနွေးနိုင်ပေမယ့် အဲ့လို့သာ ဆဲနေမယ် ဆိုရင် လူတိုင်းဆဲတတ်တယ်။ တယောက်နဲ့တယောက် မြင်ရတာလည်း မဟုတ်ဘူး။ အပေါ်မှာ catman ဆို ဘလိုင်းကြီးဆဲထားတာ။ ကျွန်တော် တို့က အဲ့လို ဆဲတာ ဆိုတာတွေကို လိုက်ဖက်နေရရင် ဒေါက်တာချက်ကြီး ထဲက ကွန်မင့်တွေ ၀င်ဖတ် နေရသလိုဖြစ်မှာပေါ့။ ဆဲချင်တဲ့လူများလည်း အားရအောင် ဆဲချင်ရင် အဲ့လို ၀က်ဆိုဒ် တွေ မှာ သွားဆဲပါဗျာ။ ခင်ဗျားတို့ ဆဲတာထက် အပြန်တရာ သာအောင် ပြန်ဆဲနိုင်တဲ့ သူများရှိပါတယ်။

Unknown said...

မည်သို.ပင်ဆိုစေ ယခုကဲ့သို.ပြည်သူလူထုကိုမေတ္တာရပ်ခံပန်ကြားခြင်းကို ကြိုဆိုပါသည်။ လွန်ခဲ့သည့်နှစ်ပေါင်း ၂၀ အတွင်း တိုင်းပြည်၏ ဘဏ္ဍာငွေအများဆုံးအသုံးပြုကာ တည်ဆောက်ခဲ့သော လျှပ်စစ်စီမံကိန်းကြီးများ၏ ထိရောက်မှု အတိုင်းအတာကို မျက်ဝါးထင်ထင် မြင်တွေ.ရခြင်းဖြစ်ပါသည်။ ဆွေးနွေးလိုသည်မှာ ယခုအချိန် လျှပ်စစ်အသုံးကိုချွေတာရမည်ဆိုလျှင် ညီတူမျှတူဖြစ်ရပါမည်။ မည်သည်.အတွက်ကြောင်. နေပြည်တော် လူမရှိ၊ မလိုအပ်သည်. လမ်းမကြီးများတွင် လျှပ်စစ်ကိုဖြုန်းတီး ထိန်ထိန်ငြီးနေရပါသနည်း။ ထိုအချက်သည် ပြည်သူများ၏ ခံစားချက်ကို ပြက်ရယ်ပြုသကဲ့သို. ဖြစ်ကာ ရုပ်ဆိုးလွန်းလှပါသည်။
၂၁ ရာစု တွင် မြန်မာနိုင်ငံသူ-သားများ လျှပ်စစ်မသုံးနိုင်ရခြင်းမှာ မိမိတို့၏ လူ.အခွင်.အရေးချိုးဖောက်ခံရခြင်းမဟုတ်ပါလော။ လူ.အခွင်.အရေးကော်မရှင်အနေဖြင်.လည်း ပါဝင်တောင်းဆိုသင့်ပါသည်။ အစိုးရအနေဖြင့် မေတ္တာရပ်ခံရုံဖြင့်မပြီးပဲ လက်တွေ.ကျကျ အမြန်ဆုံးဖြေရှင်း ပေးရန် တောင်းဆိုပါသည်။

22.5.2012 said...

catmanကဘာဖြစ်လို့goldentigerကိုဘာဖြစ်လို့အပြစ်တင်ရတာလဲသူကအစိုးရဘက်ကလိုက်ပြောတာမဟုတ်ပါဘူးအစိုးယရရဲ့အသုံးမကျမှုကလည်းအများကြီးပါပါတယ်ခဗျားလည်းအစိုးရဘက်ကပါတယ်ဆိုတော့ကြံ့ခိုင်ရေးကပဲဖြစ်လိမ့်မယ်

ကိုယ်တော်ချော said...

အကြောင်းပြချက်ရသွားတာပါကွာ ပြောတော့ ပိုလို့ ပဲ ရောင်းနေရသလိုလို အခုပဲ နွေရာသီ အသုံးများလို့ မလောက်တော့ပြန်ဘူး ဘာတွေမှန်းကို မသိဘူး ရှုပ်နေတာပဲ ကချင်ကလည်း ဗုံးခွဲရော လက်ညှိုးထိုးစရာ ရသွားတာပေါ့ တိုင်းပြည် အသုံးပြုနေတဲ့ မီးအား ဘယ်လောက်ကုန်မယ်မှန်းမ မတွက်တတ်တဲ့ ၀န်ကြီး ဘာလုပ်မှာတုန်း နောက်တစ်ချက်က မိုက်ရိုင်းတဲ့ စကားအသုံးအနှုန်းတွေပါတဲ့ comment တွေ မတင်ပေးပါနဲ့ လူတိုင်းဆဲတတ်တယ် သဘောပေါက်တယ်နော်

Ko Myo said...

ဟုတ်ပါတယ် ဖျက်ဆီးခံရလို့ လျော့နည်းသွားတယ်ဆိုလည်း လက်ခံပါတယ်
မဖွံ့ဖြိုးသေးလို့ ရောင်းပြီး တခြားနေရာတွေမှာ သုံးနေရတယ်ဆိုလည်း အပြစ်မပြောလိုပါဘူး
ဒါပေမဲ့ ကျန်တာလေးကို နေပြည်တော်ရယ် တခြားမြို့တွေရယ် မခွဲခြားဘဲ သာတူညီမျှပေးမယ်ဆိုရင်တော့ ပြည်သူတွေ ဒီလောက်အပြစ်ပြောမယ် မထင်ဘူး

ကိုမျိုး said...

ဒီလိုနဲ့လိမ် နေတာနှစ်တွေဘယ်လောက်ကြာနေပြီလဲ ဘယ်လောက်ထိသီးခံနေရမှာလဲ သူတို့တွေကအမှောင်ထဲမှာမနေကြရတော့တောင်းပန်နေမှာပဲ

KMW said...

သူ့အမြင် ကိုယ့်အမြင်လေးတွေကို တင်နေကြတါပါ အခုလိုတင်ခွင့်ရတာတောင်မကြာသေးပါဘူး တစ်ဦးနှင့်တစ်ဦးအမြင်မတူလျှင်လဲ အေးအေးဆေးဆေးပြေပြေလည်လည်ပြောဆိုထောက်ပြ သင့်ပါတယ်

အာကာထက် said...

လျှပ်စစ်ဝန်ကြီးဇော်မင်း ဘယ်ရောက်သွားလဲထွက်ခဲ့လေကွာ မင်းရှင်းစမ်း
ပိုနေတယ်ဆို မင်းနှတ်ထွက်လိုက်ပါ မတန်မရာ နေရာကို မယူနဲ့ မင်းလောက်သိတဲကောင်မရှိဘူးဆို အခုမင်းဘာပြောမလဲ ပြည်သူကို မလိမ်နဲ့ မညာနဲ့ ပြည်သူထဲမှာ မင်းထက် ပညာတတ်တဲ့ အတွေးအခေါ်ရှိတဲ့သူတွေအများကြီး မင်းတို့ တရုပ်နဲ့ ထိုင်းကိုရောင်းထားတာတွေ ပြန်ရုတ်သိမ်းလိုက်ပါလား မြန်မာပြည် ၂ ခုလောက်မီးလင်းတယ်ကွမှတ်ထား အခုပြည်သူကို မင်းဘာပြောမလဲ မင်းမို့မရှက်တယ် တခြားတိုင်းပြည်က ၀န်ကြီးဆိုရင် သူကိုသူသတ်သေတာကြာပြီကွမှတ်ထား

မန်းလေးသား said...

အမှတ် ၂ လျှပ်စစ်ဌာနဝန်ကြီးခင်ဗျား... ကျွန်တော်က သာမာန်ပြည်သူတစ်ယောက်ပါ.... ကျွန်တော်မရှင်းတာလေးရှိလို့ပါ... လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က ၂၀၁၀ လောက်ကပေါ့ ကချင်ပြည်နယ်က သူဌေးတစ်ဦး ( ဆရာ ) တစ်ယောက်နဲ့ ပေါင်းပြီး လျှပ်စစ်ကို ဆပွားဆင့်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်.... ကျွန်တော်မှတ်မိသလောက်ဆိုရင် သူက မူရင်းလျှပ်စစ်ကို မီးစက် ကနေပဲဖြစ်ဖြစ် တစ်ခြားလျှပ်စစ်ရနိုင်တဲ့နေရာကပဲဖြစ်ဖြစ် ပထမအဆင့်ရယူပါတယ် ပြီးရင် သူတီထွှင်တဲ့ တာဘိုင်တွေ မော်တာတွေကို လည်စေပြီး လိုအပ်တဲ့ အားရပြီဆိုင် ပထမလည်ခဲ့တဲ့ မီးစက်ကို ရပ်ပြစ်လိုက်လို့ရပါတယ်... ၁၀၀ မဂ္ဂါဝပ်ထုတ်ဖို့ ၁ မဂ္ဂါဝပ်ပဲလိုတယ်လို့ ... မဂ္ဂါဝပ် ၁၀၀၀ ထုတ်ဖို့လဲ ပေ ၁၀၀ ဝန်းကျင်သာရှိတဲ့ နေရာလိုအပ်တယ်လို့ မှတ်ခဲ့ ဖတ်ခဲ့ ရဘူးပါတယ်.... သူက ကမ္ဘာ့ မူပိုင်ခွင့်မှတ်ပုံတင်တောင် လုပ်ဖို့အစီစဉ်ရှိခဲ့တယ်လို့သိရပါတယ်.... နောက်ပြီး နိုဘယ်ဆုရဖို့အတွက်လဲ နီးစပ်တယ်လို့ လဲမှတ်ခဲ့ဖူးပါတယ်.... အဲဒါကိုတိကျသေချာအောင်လုပ်ပြီး လျှပ်စစ်ဓတ်အားပေးစက်ရုံတွေတည်ဆောက်ရင် မကောင်းဘူးလားဗျာ... သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းပြီးသားလဲဖြစ်သွားမယ်... အခုဝန်ကြီးစီစဉ်တဲ့ လျှပ်စစ်ဓတ်အားပေးစက်ရုံတွေက သဘာဝပါတ်ဝန်းကျင်ထိခိုက်လာနိုင်ပါတယ်.... နောက်ပိုင်းမှာ ဆဒ္ဒပြမှူ့တွေဖြစ်လာနိုင်ပါသေးတယ်... ရေတိုအတွက်တော့ အဆင်ပြေချင်ပြေမှာပါ.... ရေရှည်မှာအဆင်မပြေနိုင်ပါဘူး..... နောက်ပြီး နိုင်ငံခြားကနေရင်းနှီးမြှုပ်နှံမှူ့တွေ ဝင်ရောက်လာရင် လျှပ်စစ်ဓတ်အားကို ပိုပြီးလိုအပ်မှာပါဘဲ စက်ရုံတွေဆောက် မားကတ်တွေဆောက် အခုလက်ရှိကျွန်တော်တို့ သုံးနေတဲ့ ၁၈၅၀ မဂ္ဂါဝပ်ထက် အဆပေါင်းများစွာလိုအပ်မှာဘဲလေ အဲခါကျရင့်ကျွန်တော်တို့ပြည်သူတွေကပဲ ထပ်ပြီးနားလည်သီးခံပေးရဦးမှာလား...... နိုင်ငံခြားရင်းနှီးမြှုပ်နှံမှူ့ တွေလာရင် ကျွန်တော်တို့နိုင်ငံအတွက် နိုင်ငံသားတွေအတွက် အလုပ်အကိုင် ဝင်ငွေတွေတိုးလာဖို့ပဲရှိတာလေ လျှော့ကျဖို့မှ မရှိတာ... ကျွန်တော်တို့တိုင်းပြည် ထပ်ပြီးတိုးတက်ဖို့ဘဲရှိတယ်.... ကျွန်တော်ရေးခဲတဲ့ လျှပ်စစ်ဆပွားထုတ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးကို ( ဆရာကြီးကို ) လျှပ်စစ်ဝန်ကြီးခန့်ထားရင်ကောင်းမယ်ထင်ပါတယ်... ဝန်ကြီးဦးဇော်မင်းထက် အများကြီးပိုသင့်တော်ပါတယ်ခင်ဗျာ.... ကျွန်တော်ရေးခဲ့တဲ့ လျှပ်စစ်ဓတ်အား ကိန်းဂဏန်းတွေက မှားရင်မှားပါလိမ့်မယ်.... လျှပ်စစ်ဓတ်အားထုတ်ယူပုံ နဲ့ နိုဘယ်လ်ဆု မူပိုင်ခွင့် အဲဒါတွေကတော့အမှန်ပါ.... တစ်နှစ်ကျော်ပြီဖြစ်တဲ့ အတွက် ( ကျွန်တော်ကလည်း မှတ်ညာဏ်မကောင်းတာကြောင့် ) ဖော်ဆောင်ခဲ့ စတင်ထုတ်ခဲ့တဲ့ သူရဲ့နာမည် နေရပ် တွေကို မဖော်ပြနိုင်တာခွင့်လွှတ်ပါခင်ဗျာ...... ကိုသစ်ထူးလွင်ခင်ဗျား... အဲဒီလျှပ်စစ်ထုတ်ခဲ့တဲ့ သတင်းကိုဟောင်းသော်လည်းပဲ အခုချိန်မှာပြန်ပြီးတင်သင့်ပါတယ်ခင်ဗျာ.... အကြံညာဏ်ပေးခြင်းပါ.. ဆရာကြီးလုပ်ခြင်းမဟုတ်ပါ.....

မောင်မောင် said...

goldentiger and puto သို.


ဒီလောက်တောင်းပန်တာကိုပဲ ကျေးဇူးတင်သင့်ပါတယ်..negative thinking တွေနဲ. မပြောပါနဲ့....ဖြစ်သင့်ဖြစ်ထိုက်တာကို ချင့်ချိန်စဉ်းစားပြီးမှ ပြောပါ..

မောင်မောင်(ကိုရီးယား)

tharzaw said...

1850 မဂ္ဂါဝပ်ဆိုတာ ယခုလက်ရှိတည်ဆောက်ထားတဲ့ဓာတ်အားလိုင်းတွေရဲ့
သုံးစွဲနေမှုဝပ်အားကိုဆိုလိုတာလား။
တစ်နိုင်ငံလုံး(စက်မှုလုပ်ငန်းကြီးတွေနဲ့ ကျေးလက်ပါမကျန်)ဆိုလျှင်
18500 မဂ္ဂါဝပ်လောက်လိုမယ်။
တစ်ခြားကိုရောင်းစားဖို့နေနေသာသာ ကိုယ့်တစ်နိုင်ငံတောင်မှလုံလောက်မယ်
မထင်ဘူး။
မန်းလေးသား ပြောတဲ့ ဆရာကြီးဆိုတဲ့သူကရော ဘယ်ရောက်သွားပြီလဲ။
သံတိုင်တွေနောက်ကိုလား။
ထူးချွန်တဲ့သူဆိုလျှင် ကျုပ်တို့စီက သံတိုင်နောက်ကိုပို့တတ်လွန်းလို့။

tharzaw said...

ဗဟုသုတဖြစ်ရာဖြစ်ကြောင်း၊ သိရာသိကြောင်း၊ ဖြစ်နိုင်ခြေရှိရာရှိကြောင်း
ဖြစ်သင့်ဖြစ်ထိုက်တာဖြစ်ရာဖြစ်ကြောင်းတွေကို ကိုယ့်အသိစိတ်တွေနဲ့အတူ
အဆင့်အတန်းရှိတဲ့ မှတ်ချက်လေးတွေနဲ့ အကြောင်းအရာလေးတွေဖတ်ရတာ
အင်မတန်ကောင်းလှပါတယ်။ သို့သော်လည်း အဆင့်မရှိတဲ့ Monster လို
ဆဲဆိုမှုမျိုးတွေကိုဖတ်ရတာတော့ အင်မတန်စိတ်ဆင်းရဲဖို့ကောင်းလှပါတယ်။
(သြော် - Monster ဆိုတာ ကျုပ်သိသလောက်တော့ လူတစ်ပိုင်း တိရစ္ဆာန်တစ်ပိုင်းသတ္တ၀ါဖြစ်ပြီး အင်မတန်မိုက်ရိုင်းကြမ်းတမ်းရက်စက်တယ်လို့
သိရပါတယ်။)

kt said...

မိုင်းခွဲခံရတဲ့ ရွှေလီ-မန်စံ ဓာတ်အားလိုင်းဆိုတာ ရွှေလီရေအားလျှပ်စစ်ကလာ
တဲ့ တာဝါတိုင်လား၊ အဲ့စီမံကိန်းက မဂ္ဂ၀ပ်ဘယ်လောက်ထွက်ပြီး၊ မြန်မာနိုင်ငံ
ကဘယ်လောက်သုံးစွဲခွင့်ရလို့လဲ၊ ကျန်တဲ့ဓာတ်အားတွေဘယ်ကိုပို့လဲ.....
``မြန်မာနိုင်ငံတွင် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ပေးနေသော ရေအား လျှပ်စစ်ဓါတ်အားပေး စက်ရုံ ၁၈ ရုံ သဘာဝ ဓါတ်ငွေ့ ဓါတ်အားပေးစက်ရုံ ၁၀ နှင့် ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံ ၁ ရုံ စုစုပေါင်း ၂၉ ရုံမှ လျှပ်စစ်ဓါတ်အား ထုတ်လုပ်နိုင်မှုမှာ မိုးရာသီ ၁၆၁၀ မဂ္ဂါဝတ် ရှိပြီး နွေရာသီ ၁၃၄၀ မဂ္ဂါဝတ်ခန့်သာ ထုတ်လုပ်နိုင်ကြောင်း၊ လျှပ်စစ်ဓါတ်အား သုံးစွဲမှု ပမာဏ မှာ မိုးရာသီ တွင် ၁၅၆၀ မဂ္ဂါဝတ်သာ ရှိသော်လည်း နွေရာသီ ကာလတွင် ၁၈၅၀ မဂ္ဂါဝတ်အထိ သုံးစွဲမှုကြောင့် အများဆုံး ထုတ်လုပ်နိုင်သည့် ၁၃၄၀ မဂ္ဂါဝတ် ထက် ကျော်လွန်နေသဖြင့် အလှည့်ကျစနစ်ဖြင့် ဓါတ်အားဖြန့်ဖြူးနေရပါကြောင်း´´အဲ့လိုဆိုတော့ တို့တစ်နိုင်ငံလုံးကထုတ်တဲ့
ဓာတ်အားက မဂ္ဂါဝပ် 2000 တောင်မရှိဘူးပေါ့။ အဲ့ဒါကအမှန်ဆိုရင် မှတ်မိသလောက်ပြောကြည့်မယ်ဗျာ...
1။ ပေါင်းလောင်း (အထက်/အောက်)
2။ နန်ချို
3။ ဘီးလူးချောင်း(၁ / ၂ ) ( ၃ ဆာင်ရွက်ဆဲ )
4။ ကျိုင်းတောင်း
5။ ရွှေလီ ( ၁ ၊ ၂ ) ( ၃ ခေတ္တရပ်နားထား )
6။ ရွှေကျင်
6။ ရဲရွာ
7။ ဆည်တော်ကြီး......စသည်ဖြင့်ပေါ့ဗျာ...ဒါတွေက လက်ရှိရေအားလျှပ်စစ်ထုတ်ပေးနေတဲ့နေရာတွေလို့ထင်ပါတယ်။
(ဒါတောင် ဟတ်ကြီးတို့၊ ထမံသီ တို့ထည့်မပြောပါဘူး။သူများနိုင်ငံရောင်းမယ့်ဟာတွေမို့လို့...)
မနေ့က သတင်းစာအတိုင်းဆိုရင်(အမှန်ဆိုရင်ပေါ့)အားလုံးမှတ်ထားနော်
``2000´´မဂ္ဂါဝပ်ဆိုရင် တစ်နိုင်ငံလုံးလောက်တယ်ဆိုတာ......။။။။

Aung said...

အခုလို ပြည်သူကို တောင်းပန်၊ပွင့်ပွင့်လင်းလင်း နဲ့ရှင်းပြတာကတော့ ကောင်းပါတယ်။ ကြိုဆိုပါတယ်။ ဒါပေမယ့် ပြည်သူတွေရဲ့ ဆန္ဒဖြစ်တဲ့ ၂၄နာရီ မီးအမြန်ဆုံး ပေးနိုင်အောင်လဲ ကြိုးစားစေချင်ပါတယ်.....

redlight said...

အင်း ... ရန်မဖြစ်ကြပါနဲ့ ဟဲ ဟဲ ...
အမှန်တော့ အစိုးရမှာ တာဝန်ရှိတာ မှန်ပါတယ်ခင်ဗျာ ... တောင်းပန်တာလည်း မှန်ပါတယ် ။ KIA ဗုန်းကြောင့်လည်း မှန်ပါတယ်။ ကျွန်တော်တို့ မီးပြန်လာအောင် ဘယ်လိုလုပ်သင့်လဲ .. ကျွန်တော့် စဉ်းစားမှုလေးပါ ... အစိုးရကို အပြစ်တင်ရမှာထက် နည်းလမ်းပြရင်ပိုကောင်းမလားလို့ပါ ..ဒါမှ အသုံးမကျရင်တော့ ၀န်ကြီးတွေ တာဝန်ယူသင့်ပါတယ် ..လူထု ပွင့်လင်းမြင်သာအောင် လုပ်ရမှာ ၀န်ကြီးဌာနတွေရဲ့တာဝန်ပါ ... ဥပမာ ... ရေအားလျှပ်စစ်အပြည့်အ၀ လုပ်နိုင်တဲ့ မိုးတွင်းမှာ ပြန်ပြီးတော့ ကျန်တဲ့ စက်ရုံတွေ တာဘိုင်တွေကို နွေမှာအပြည့်အ၀လည်နိုင်အောင် လုပ်မှာ လျှပ်စစ်ဝန်ကြီးမှာ တာဝန်ရှိပါတယ်... ပြီးတော့ ပြည်သူလူထုက ဆန္ဒပြရမှာ အစိုးရတင်မကဘူး KIO ကိုပါ ပြသင့်တယ် ... မိမိလည်း အကျိုးမရှိသူတပါးလည်းအကျိုးမရှိတဲ့ အလုပ်ကို မလုပ်ရဘူးလို့ ဘုရားဟောအတိုင်း လျှပ်စစ်တာဝါတိုင်တွေကို လုံးဝမဖျက်ဆီးသင့်ပါဘူး လနန်တို့ ၊ ဂွမ်မော်တို့ နားလည်သင့်တယ် ... ငါတို့ ကချင်ပဲ ... သူတို့ ဗမာ ပဲဆိုတဲ့ ကျဉ်းမြောင်တဲ့အယူအဆ ငါတို့က တောထဲမှာ သူတို့က မြို့ပေါ်မှာဆိုတဲ့အယူအဆ မရှိသင့်တော့ပါဘူး ... ဒါဆိုရင် ငြိမ်းချမ်းရေးနဲ့နီးစပ်မှာပါ ... တော ထက် မြို့ပေါ်က လူတွေက မီးကြောင့်ပိုဒုက္ခရောက်ပါတယ် မစာနာလို့ပြောတာ မဟုတ်ပါဘူး နားလည်စေချင်တယ် ...နောက် မီးအမြဲတမ်းလာနိုင်အောင် ကျောက်မီးသွေးစက်ရုံလည်း တည်ရမှာပါ .. သဘာဝပတ်ဝန်းကျင်မထိခိုက်အောင်တော့ နည်းပညာ အဆင့်မြင့်ဖို့တော့ လိုတယ် ။ နားမလည်တဲ့ အမတ်တွေက နားလည်အောင်လုပ်ပြီး နိုင်ငံလိုအပ်ချက်ကို ထောက်ပံ့သင့်တယ် ... သောက်ရူးတွေပြောစကားနားထောင်ပြီး သဘာဝပတ်ဝန်းကျင်ဘာဖြစ်တယ်ညာဖြစ်တယ်ပြောနေရင်တော့ ဖယောင်တိုင်ပဲသုံးနေရမှပေါ့ . ဒါဟာ မြစ်ဆုံးကို ထောက်ခံတာမဟုတ်ဘူး မြစ်ဆုံလို သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ကြီးကြီးမားမားဖြစ်နိုင်တဲ့ကိစ္စ ဒါမျိုးဆိုကန့်ကွက်သင့်တယ်.. စက်ရုံတစ်ခုတည်ရင်တော့ ဆိုးကျိုးကတော့ရှိမှာပဲ .. အနည်းဆုံးဖြစ်ဖို့လိုတယ်... နူကိစ္စက မဖြစ်နိုင်လို့လေ ... စက်ရုံတွေကို လည်း အမြဲတမ်းစစ်ဆေးသင့်တယ် ၀န်ကြီးရုံးက စာရွက်ပေါ်မှာ အလုပ်လုပ်နေရင်တော့ ... ပညာရှင်တွေရဲ့စကားအလေးမထားရင် ... ပြည်သူစကားအလေးမထားရင်တော့ အိမ်မှာ ပြန်နေတာ အကောင်းဆုံးပါပဲဗျာ ....

redlight said...

လူထုက ဆန္ဒဖော်ထုတ်ဖော်ထုတ်တဲ့အချိန်မှာ ရဲက ဖမ်းရင်တော့ ရဲအမှားပဲ ... အဲ နိုင်ငံရေးသမားတွေကလည်း နိုင်ငံရေးအမြတ်နဲ့ လျှောက်ပြီးတော့ လုပ်နေရင်လည်း အစိုးရအတွက် ဒုက္ခ ... ပြည်သူလူထုကို မှာချင်တာတော့ ငြိမ်းချမ်းစွာ စည်းကမ်းရှိစွာ ဆန္ဒဖော်ထုတ်ပါ ... အစိုးရကလည်း ကိုယ်တိုင်ကိုယ်ကျ တောင်းပန်ပြီး အမြန်ဆုံး အဖြေရှာ ပြေလည်အောင် ဖြေရှင်း .... KIO ကလည်း လူယုတ်မာ မလုပ်နေနဲ့တော့ ... နိုင်ငံရေးသမားတွေကလည်း အမြတ်မထုတ်နဲ့သောက်ရူးမလုပ်နဲ့ ... မီဒီယာကလည်း ပြည်သူကို လမ်းမှန်အောင် လမ်းညွှန်သောက်ရူးမလုပ်နဲ့ ...

garry said...

ဝမ်းသာပါတယ်။အခုလိုအမြန်ဆုံးပြုပြင်ပေးတာကို။ဆက်ပြီးကြိုးစား။

garry said...

သူတို့တတကယ်ကြိုးစားနေတယ်နဲ့တူတယ်။

su said...

လျှစ်စစ်မီး မလင်းလို့ ဆန္ဒပြရတဲ့ ဖြစ်ရပ်မျိုး၊ ငါးထောင်တန်ဟန်းဖုန်းကိစ္စကို လွှတ်တော်ထဲထိ ဆွေးနွေးရတာမျိုးတွေဟာ မြန်မာနိုင်ငံမှာပဲ ရှိတယ် ထင်တယ်။ အစိုးရ လူကြီးမင်းများ ရှက်တတ်ရင်တော့လည်း ရှက်သင့်တယ်။ ခင်ဗျားတို့ အုပ်ချုပ်ခဲ့တဲ့ ကာလေတစ်လျှောက်လုံး မြန်မာပြည်ဟာ ကမ္ဘာကြီးနဲ့ အမြဲတမ်း ဆန့်ကျင်ဘက်တွေချည်း ဖြစ်နေတယ်။

ကိုမြိတ်မောင် said...

အမှတ်(၂)လျှပ်စစ်ဝန်ကြီးခင်ဗျား။ မြန်မာနိုင်ငံမှာမဂ္ဂါဝပ်(၁၅၀၀)တောင်သုံးလိုမကုန်ဘူးဆို ဒါကြောင့်ရောင်းစားရတာဆို အခုတစ်ခါကိန်းဂဏန်းတွေက မဂ္ဂါဝပ်(၁၈၅၀)သုံးနေတယ်လို့ပြောပြန်တယ် အမျိုးမျိုးဘဲ့ပြောနေတာဘဲ့ ၀န်ကြီးကအောက်ကလူရေးပေးတာဖတ်ပြတာလို့ထင်တယ်အောက်ခြေအထိဆင်းလေ့လာပါဦး ပိုတယ်လို့ပြောရအောင် တစ်နိုင်ငံလုံးလျှပ်စစ်မီးရရှိပြီးပြီလား တခြားနေရာတွေမှာ မီးလင်းရေးအဖွဲ့တွေဖွဲ့ပြီးမီးစက်တွေနဲ့မီးရရှိအောင် ဆောင်ရွက်နေရတယ်ဆိုတာ ၀န်ကြီးမသိဘူးလား အောက်ကလူတွေရဲ့အလိမ်အညာတွေမခံပါနဲ့ စာရွက်ပေါ်မှာဘဲ့မီးကိုမလင်းပါစေနဲ့ လက်တွေ့လင်းအောင်ဆောင်ရွက်ပေးပါဦး။ တကယ်ဆိုနိုင်ငံခြားကိုရောင်းတယ်ဆိုတာ ပြည်တွင်းမှာပိုလျှံမှရောင်းရတာလေ နိုင်ငံအတွင်းမလုံလောက်သေးဘဲရောင်းတာဆိုတော့ ပြည်တွေဒုက္ခဖြစ်ပြီပေါ့။ သေသေချာချာအလုပ်ကိုလုပ်ပါ မိမိကိုပြည်သူကရွေးချယ်ထားတယ်ဆိုတာ မမေ့ပါနဲ့ ၅နှစ်ဆိုတာခဏလေးပါ လူတောထဲမ၀င်ရဲတဲ့ဘ၀နဲ့နိဂုံးမချုပ်ပါနဲ့

ရာရာ said...

ရူးကြောင်မူးကြောင်နဲ့လျောက်ပြောတဲ့ သောက်တစ်လွဲဇော်မင်းကို စာရင်းထဲထည့်မနေကြပါနဲ့တော့...အခုပြည်သူတွေ မကျေနပ်ချက်က သဘာဝဓါတ်ငွေ့ရောင်းရငွေတွေ ဘီလီလျံချီရနေတဲ့သတင်းစာမျက်နှာကို ဖယောင်းတိုင်နဲ့ ဖတ်ပြီးမုဒိတာပွားလို့မရနိုင်ခြင်းပါ။ အဲ့ဒီကိစ္စကို ပြည်သူတွေကိုရှင်းသင့်တာပါ။ ဟိုလက်ညိုးထိုး..ဒီလက်ညိုးထိုးနဲ့ ယုတ္တိမတန်တဲ့ အကြောင်းပြချက်တွေလျောက်ပေးနေလို့ ပြည်သူတွေကျေနပ်မှာမဟုတ်ပါဘူး။ အထူးသဖြင့် ပြည်သူလူထုက မှောင်နဲ့မည်းမည်းမှာ ယပ်တောင်ကိုယ်စီနဲ့ ခြင်တွေနဲ့နားပန်းလုံးနေချိန်မှာ ထိန်ထိန်လင်းနေတဲ့အခွင့်ထူးခံတွေကိုလည်း မကျေနပ်ကြပါဘူး..။ စစ်ပြီးကာလ မှာ ရေနံဆီမီးခွက်လေးနဲ့စာဖတ်နေတဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ဘာလို့လျပ်စစ်မီးမသုံးသလဲလို့မေးတဲ့အခါဖြေလိုက်တဲ့ စကားဟာ ကြက်သီးတောင်ထသွားစေပါတယ်..." စစ်ပွဲကြောင့် ပြည်သူတွေဆင်းဆင်းရဲရဲနဲ့ ဒုက္ခရောက်နေချိန်မှာ၊ ငါ ပဲပြုတ်ကိုတောင်ဆီရွှဲရွှဲဆန်းစားဖို့ လိပ်ပြာမသန့်ဘူး"ဆိုတဲ့စကားပါခင်ဗျား..။

yan yan said...

မောင်မောင် အပေါ်ယံတင်မကြည့်နဲ့လေကွာ ခုဖြစ်နေတဲ့ရည်ရွယ်ချက်က ကလေးနဲ့ခွေးကအစ သိတယ်

JP said...

ပင်မ လျှပ်စစ်ရုံးက ဘယ်မှာရှိတာလဲ အခုဗုံးခွဲခံရတဲ့ တာဝါတိုင်က ပင်မလျှပ်စစ် တာဝါတိုင်လား ဘယ်လိုလဲ မရှင်းလို့ပြောပေးပါဦး

Anonymous said...

နည်းနည်းလောက် ဆွေးနွေးပါရစေ...

နောက်ကြောင်းပြန်လှည့်ခြင်း
-------------------
ဒီမိုကရေစီနိုင်ငံဖြစ်ဖြစ် ဘယ်လိုနိုင်ငံဖြစ်ဖြစ် တပ်မတော် (သို့) လက်နက်ကိုင်တွေ ရှိနေရင် ရုပ်ဝါဒဆန်တဲ့ အုပ်ချုပ်မှုဆိုတာ ဖြစ်လာနိုင်တာပါပဲ။ အဲဒါကြောင့် နောက်ကြောင်းပြန်လှည့်တာလို့ မပြောချင်ပါဘူး။ အနီးစပ်ဆုံး ထိုင်းနိုင်ငံကို ကြည့်နိုင်ပါတယ်။ ဒီမိုကရေစီနိုင်ငံဖြစ်ပေမယ့်
ကာကွယ်ရေးဦးစီးချုပ်က အာဏာသိမ်းပြီးမှ ရွေးကောက်ပွဲ ပြန်လုပ်ခဲ့ပါတယ်။ ဒါကြောင့် အဲဒါကြီးကို အလေးထားမနေပဲ သွားစရာရှိတာ လုပ်စရာရှိတာတွေကို လုပ်ဆောင်နေတာပဲ ကောင်းမယ်လို့ထင်ပါတယ်။ ကျွန်တော့်အတွေးကတော့ အားလုံးက အဲဒါကြီးကို အရမ်းအလေးထား အရမ်းဂရုစိုက်နေလို့ တိုးတက်မှု နှေးကွေးနေတယ်လို့ မြင်မိပါတယ်။ ကျွန်တော်ရဲ့ ထင်မြင်ချက်ပါ။

လျှပ်စစ်နဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးပါရစေ။
--------------------------------
နအဖ လက်ထက်တုန်းက လူကြီးတွေဟာ မစားမဟုတ် စားခဲ့မှာပါ။
ခုလည်း သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့ဟာ အရင် နအဖ လက်ထက်တုန်းက လုပ်ခဲ့တာတွေကို ခါးစီးခံနေရတယ်လို့ပဲ မြင်ပါတယ်။
လျှပ်စစ်နဲ့ ပတ်သက်ပြီး ပြောပြချင်ပါတယ်။

ဒီလို အခြေအနေတစ်ရပ် မြင်ကြည့်ပါ။
ကျွန်တော်တို့က လျှပ်စစ် ရရှိရေးအတွက် စက်ရုံတွေ ဆည်တွေ ဆောက်ကြပါတယ်။ ပြည်တွင်းရင်နှီးမြှပ်နှံမှု မလုပ်နိုင်လို့ ပြည်ပကို ခေါ်ရပါတယ်။
ပြည်ပကို ခေါ်မှတော့ ပြည်ပနိုင်ငံကလည်း သူ့အကျိုးအတွက်လည်း ကြည့်မှာပါ။ လျှပ်စစ် (၁)က လျှပ်စစ်ထုတ်လုပ်ရေးအတွက် တာဝန်ယူရတာပါ။ လျှပ်စစ် (၂)က ဖြန့်ဖြူးရေးအတွက် အဓိကပါ။
အဲတော့ ပြည်ပရင်းနှီးမြှပ်နှံမှုအရ ပြည်ပကိုလည်း အကျိုးအမြတ်ခွဲဝေပေးရပါတယ်။ ဆိုလိုတာက လျှပ်စစ် (၁)က လျှပ်စစ်ထုတ်လုပ်မှုအတွက် ပြည်ပကို ခေါ်တယ်။ စလုပ်ကိုင်တည်းက သဘောတူညီချက်တွေ ထားခဲ့ရမှာပါ။ ထုတ်လုပ်မှုအပိုင်းက အများကြီးထုတ်လုပ်နိုင်ပေမယ့် ဖြန့်ဝေမှုအပိုင်းအတွက် လိုအပ်တဲ့ တာဝါတိုင်တွေ၊ transformer တွေဟာ နည်းပါးတာကြောင့် ထုတ်လုပ်မှုမှာ ပိုနေတဲ့ စွမ်းအင်တွေဟာ မသုံးရင် အလဟဿ ဖြစ်နေတော့မှာပါ။ ဦးဇော်မင်း ပြောတာဟာ အဲ့ဒီသဘောလို့ ကျနော်ထင်ပါတယ်။ ခုလည်း လျှပ်စစ် (၂)က မီးမရသေးတဲ့ ကျေးရွာတွေ မီးရနိုင်အောင် တာဝါတိုင်တွေ တည်ဆောက်နေတာကိုတော့ တွေ့ရပါတယ်။ ကျနော်တို့ ပြည်သူတွေအနေနဲ့ စိတ်ဆန္ဒစောနေကြတယ်လို့ မြင်မိပါတယ်။

ဘာပဲပြောပြော စီမံခန့်ခွဲမှုအပိုင်းမှာ လိုအပ်ချက်တွေ ရှိနေတာကတော့ အမှန်ပါပဲ။ ဒါကြောင့်လည်း နေပြည်တော်မှာ မီးလင်းပြီး ရန်ကုန်မှာ မီးမလင်းဘူးလို့ ပြောကြတာပါ။

နည်းနည်းစီလောက် မျှတွေးကြည့်တာပါ။ ကျေးဇူးတင်ပါတယ်။

bobonav said...

ဘာကိုနားလည်ပေးရမှာလဲ၊လျှပ်စစ်ဝန်ကြီးဦးဇော်မင်းကဗမာပြည်မှာလျှပ်စစ်တွေ
ပိုလျှံနေလို့တရုတ်ပြည်တောင်ရောင်းနေရတယ်လို့ပြောဘူးတယ်၊ဘယ်တုန်းက
မှလဲလျှပ်စစ်မီးမလုံလောက်ခဲ့ဖူးဘူး၊နေပြည်တော်မှာကျတော့ထိန်လင်းနေတာ
ဘဲ၊တိုင်းပြည်ကိုဆင်းရဲတွင်းရောက်အောင်လုပ်ပြီးကိုယ်နဲ့မဆိုင်သလိုနေပြည်
တော်မှာသွားပြီးငြိမ့်နေတဲ့ဦးသန်းရွှေ၊နှင့်သူ့လူတစုအတွက်တော့မီးမပျက်
ဘူး။သူတို့ကြောင့်တိုင်းပြည်တပြည်လုံးသူခိုး၊ဂျပိုးတွေဖြစ်သွားခဲ့တာ၊အခုလဲ
ထပ်ပြီးသည်းခံခိုင်းနေတယ်၊ဒီလူတွေအားလုံးဥပဒေနဲ့အညီတရားစွဲပြီး၊တရား
သူကြီးတွေအမှုစီရင်ဖို့ကောင်းတယ်။တိုင်းပြည်ကောင်းချင်ရင်မတရားလုပ်တဲ့သူတွေအရင်ဆုံး တရားစီရင်သင့်တယ်။ ထွက်သမျှGASတွေကိုအများစုရောင်းစား၊commission
လည်းယူ။တိုင်းပြည်အထွက်ဘာတွေများကြည့်ခဲ့ပါသလည်း သန်းရွှေနှင့်အပေါင်းအပါတို့ရေ.

JP said...

ရွှေလီ-မန်းစံ လျှပ်စစ်တာဝါတိုင် က တရုတ်ကိုရောင်းထားတဲ့ လျှပ်စစ်ပေးတဲ့တာဝါတိုင်မဟုတ်ဘူးလား ကျနော်သိသလောက်တော့ ဘယ်ဖြစ်လို့လဲ အဓိက မြန်မာတစ်နိုင်ငံလုံးကိုလျှပ်စစ်ပေးတဲ့ နေရာက သာစည် မှာလို့လည်းသိရတယ် အခုဗုံးခွဲခံရတဲ့လျှပ်စစ်တာဝါတိုင်က မြန်မာနိုင်ငံက နေ တရုတ်ဘက်ကို လျှပ်စစ်ပေးတဲ့လမ်းကြောင်းလားလို့ သိတဲ့လူများရှိရင်ရှင်းပြပေးပါ ဘယ်လိုလဲဆို

Kyiminhtay said...

တနိုင်ငံလုံး အညီအမျှဖြစ်သွားအောင် နေပြည်တော်မှာလည် မီးစဖျက်နေပါပြီ

ကျော်ထူး (စောဌက်) said...

ဖေ့ဘွတ်က မှတ်ချက် တစ်ခုပါ။ ထစ်ဆိုရင် ဗျစ်ဖြစ်တတ်တဲ့ ကေအိုင်အိုင်မုန်း ကိုကိုမမများအတွက်။


ကေအိုင်အိုက သူလုပ်ရင် သူပြောတယ် ၊
အစိုးရက သူလုပ်ရင် ....
အဲ ... တစ်ခါခါ ပြောတယ် ၊
တစ်ခါခါလည်း ... ရောချတယ် ၊
တစ်ခါခါလည်း .... ဟို ..... တီထွင်တယ် ။

တာဝါတိုင်တွေကို ကေအိုင်အေက ခွဲတာ ။
အဲ .. ဟို ... အင်း ... ဟဝှာလေ ........

Powered by Blogger.