အဓမ္မခိုင်းစေမှု လုံးဝပပျောက်ဖို့ မြန်မာအစိုးရနဲ့ ILO သဘောတူ

ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံအတွင်း အဓမ္မစေခိုင်းမှုတွေ ပပျောက်အောင် ဆောင်ရွက်ဖို့ တပ်မတော်ကို ညွှန်ကြားမယ်လို့ မြန်မာနိုင်ငံကို ခေတ္တရောက်နေတဲ့ ILO အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ Mr. Greg Vines ကို ကတိပေး ပြောဆိုလိုက်ကြောင်း သတင်းရရှိပါတယ်။
Photo courtesy of ILO
ILO အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ Mr. Greg Vines (ယာ) ဖြစ်ပါသည်။
ဒါ့အပြင် လာမယ့် ၂၀၁၅ ခုနှစ်မှာ မြန်မာနိုင်ငံက အဓမ္မခိုင်းစေမှုတွေ လုံးဝ ပပျောက်အောင် ဆောင်ရွက်ဖို့ မြန်မာအစိုးရနဲ့ ILO ကြားမှာ သဘောတူခဲ့တယ်လို့လည်း သိရပါတယ်။
ဒါကြောင့် အဲဒီသဘောတူညီချက်အတိုင်း အပြည့်အဝ ဖြစ်မလာဘဲ ၂၀၁၅ အလွန်မှာ အဓမ္မခိုင်းစေမှုတွေ ဆက်လက်ရှိနေမယ်ဆိုရင် ILO အနေနဲ့ ဘယ်လိုဆောင်ရွက်မလဲလို့ ဦးသက်ဝေက မေးတဲ့အခါ ILO ရဲ့ လုပ်ထုံးလုပ်နည်း ဥပဒေဘောင်အတိုင်း အရေးယူမယ်လို့ ပြန်လည်ပြောဆိုကြောင်း ဦးသက်ဝေက ပြောပါတယ်။
အလုပ်သမား၊ လယ်သမားအရေး ဆောင်ရွက်သူ မစုစုနွေးကတော့ ILO အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနဲ့ သီးခြားတွေ့ဆုံမှာဖြစ်ပြီး အဲဒီလိုတွေ့ဆုံတဲ့အခါ အဓမ္မခိုင်းစေမှုတွေ ပပျောက်ရေးအတွက် ပညာပေးအစီအစဉ်တွေကို မြန်မာ့ရုပ်မြင်သံကြားနဲ့ နိုင်ငံပိုင် မီဒီယာတွေကနေ အမြဲထုတ်လွှင့်ပေးအောင် ILO က မြန်မာအစိုးရကို တိုက်တွန်းဖို့ တင်ပြမယ်လို့ Mr. Vines နဲ့ မတွေ့ခင် မိနစ်ပိုင်းမှာ RFA ကို ပြောပါတယ်။
ILO အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ Mr. Greg Vines ဟာ မနေ့ကနဲ့ ဒီနေ့ နှစ်ရက်အတွင်း အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့တွေ၊ လူပုဂ္ဂိုလ်တွေကို ရန်ကုန်မြို့ ထရိတ်ဒါးဟော်တယ်မှာ တွေ့ဆုံခဲ့ပါတယ်။
RFA-Burmese
အဓမ္မခိုင်းစေမှု လုံးဝပပျောက်ဖို့ မြန်မာအစိုးရနဲ့ ILO သဘောတူ အဓမ္မခိုင်းစေမှု လုံးဝပပျောက်ဖို့ မြန်မာအစိုးရနဲ့ ILO သဘောတူ Reviewed by သစ်ထူးလွင် on 22:36 Rating: 5

7 comments:

သီဟ ကျော် said...

ကာချုပ်ကြီး အသံ ပြည်သူတွေ သိပ်ကြားချင် နေကြပါတယ်။ စကားများများ ပြောပေးပါအုံး။ ကာချုပ်ကြီး နှုတ်ဖျားကသာ ငါတို့ ပြည်သူ့တပ်မတော်၊ ပြည်သူသာ အမိ၊ ပြည်သူသာ အဖလို့ ပြောလိုက်ယင် ပွဲပြတ်ပြီဗျာ။ သီဟ ကျော်

Anonymous said...

ဒီလိုသတင်းမျိုးတွေဖတ်တိုင်း မြန်မာပြည်သားဖြစ်ရတာ
အတော်ရှက်တယ်ဗျာ ခေါင်းဆောင်ဆိုသူတွေရှက်တက်ပါစေ
ကိုယ့်နိုင်ငံသားတွေကို မတရားခိုင်းစေနေသူတွေက
တခြားနိုင်ငံသားတွေမဟုတ်ပဲ ကိုယ့်နိုင်ငံသားခြင်းဖြစ်နေကြတာ
အုပ်ချုပ်ရေးတာဝန်ရှိသူတွေဆိုတာ မိဘသဖွယ်စောင့်ရှောက်ရမှာ
မတရားမှု့တွေကို မနေနိုင်လို့ တခြားနိုင်ငံသားတွေက
ဝင်ထိန်းရတယ်ဆိုတော့ ခင်ဗျားတို့ စဉ်းစားကြည့်
ရှက်သင့်တာကို ရှက်တက်မှ လူလို့ခေါ်ပါတယ်

098655924 said...

ဒီကိစ္စကအရင်ထဲကဖြစ်သင့်တာပါ ဒါဟာကမ္ဘာပေါ်မှာရှိတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ သူသားတွေထဲ ဆိုးဆိုးဝါးဝါးကျုံတွေ့နေရတဲ့ လူတန်းစားတွေကို ကယ်တင်ဖို့ အတွက် အရမ်းအရေးကြီးပါတယ် တပ်မတော်သားတွေနဲ့ မှီခိုရဲမေ သားသမီးတွေရဲ့ လက်ရှိဖြတ်သန်းနေရတဲ့ ဘ၀အမှန်ကိုသိမြင်နိုင်ပါစေဗျာ

098655924 said...

ဘုရားရှင်ရဲ့ကျေးဇူးတော်နဲ့ တပ်မတော်သားတွေနဲ့ မှီခိုသူတွေဘ၀ တွေ့မြင်စာနာနိုင်ကြပါစေ

love said...

နောက်ဆို မြန်မာနိုင်ငံကြီး မှာ မတရားခိုင်း မှု့တွေ ပြောက်အောင် ဝိုင်းဝန်း တောင်းဆိုကြပါဆို့ မတ၇ားခိုင်း တဲံ့သူတွေကို ကောင်းကောင်း အရေး ယူကြပါ...

amtamt said...

အားဓမ္မမှုပပျောက်အောင်လုပ်ပေးပါ
ဖြူးမြို့မှာ အားဓမ္မခိုင်းစေမှုတွေခုတိုင်ရှိနေစဲ။
ဖြူးမြို့ပြည်သူ့ဆေးရုံတွင် ဒေါက်တာဇော်လွင်နှင့် သူနာပြုဆရာမကြီးဒေါ်ခင်စန်း
တို့သည် သန့်ရှင်းရေးဝန်ထမ်းများအား ဂျူတီချိန်ကျော်လွန်ပြီအားဓမ္မခိုင်းစေနေပါသည်။အလုပ်နားရက်များကိုလည်း
လျှော့ချထားပါသည်။ နားရက်တစ်လ(၈)ရက်မှ(၄)ရက်သို့လျှော့ချထားသည်။
ဝန်ထမ်းများမှာ တနေကုန်နားမနေအလုပ်လုပ်ကြရပါသည်။ထမင်းစား ချိန် ရေချိုးချိန်များလည်မနည်းအချိန်လုလုပ်နေကြရသဖြင့် ၀န်ထမ်းများအားလုံးညည်းငွှေ့နေကြပါတယ် အလုပ်မှထွက်တဲ့လူများလည်းထွက်သွားကြပြီး ပြောင်းရွှေ့သွားသူးများလည်းပြောင်းသွားကြပါပြီ ဂျူတီချိန်မဟုတ်ပဲခေါ်ခိုင်းချင်းများ သူနာပြုဆရာမကြီဒေါ်ခင်စန်းမှာ ၀န်ထမ်းများအား လူကြားထဲတွင်ဆဲဆိုချင်းတိုင်းထွာပြောဆိုင်ချင်များလည်းပြောရာဝန်ထမ်းများမှာမခံမရပ်နိုင်ဖြစ်ကြပါသည်။ဒါပေမဲ့ မိသားဆုများအားငှဲ့ညှာထောက်ထားကြသဖြင့် အလုပ်မှမထွက်ကြပဲသည်းညီးခံလုပ်နေကြပါသည်။
ကျွန်တော်ဖြစ်စေချင်းတာကတော့အာဓမ္မမှုပပျောက်ရေးတွေလုပ်နေကြသော်လဲ မြန်မာနိုင်ငံတွင် တကိုယ်ကောင်းစံလူးကြီများ၊အထက်ဖားအောက်ဖိလူကြီများရှိနေသေ၇ွ့ဘယ်တော့မှပျောက်ကွယ်တော့မှာမဘူး။

U-Click said...

မစုစုနွေးကို ကြုံကြိုက်လို.ပြောချင်ပါတယ်။
အလုပ်သမားအတွက် အရေးဆိုပေးတာကိုကြိုဆိုပါတယ်။
တချိန်တည်းမှာဘဲ အလုပ်သမားတွေကို တာဝန်နဲ.၀တ္တရားသိတတ်ဖို.၊ ရိုးသားကြိုးစားပြီးအလုပ်လုပ်ဖို.၊ ကိုယ့်အလုပ်ခွင်ကိုစေတနာထားတတ်ဖို. တွေပါ သင်ကြားပေးစေချင်ပါတယ်။ ရပိုင်ခွင့်တွေရှိသလို လိုက်နာရမဲ့တာဝန်၊၀တ္တရားတွေလဲမနည်းပါဘူး။ အလုပ်ရှင်နဲ.အလုပ်သမားတွေဟာရန်သူမဟုတ်ပါဘူး။

Powered by Blogger.